Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/05/2012

လက်ပံတောင်းအရေး KNU ပြောပြီ


Tuesday, December 04, 2012

ဆန္ဒပြသူတွေ မီးလောင်ဒဏ်ရာရသွားတဲ့အထိ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်စခန်း ဖယ်ရှားမှုနဲ့ ပတ်သက်ပြီး
ကရင်လက်နက်ကိုင်အဖွဲ့ KNU ကလည်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

"အကြမ်းဖက် နှိမ်နင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝ မဖြစ်သင့်ပေ" လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားပါတယ်။

ကချင်ဒေသ လုံခြုံရေးအခြေအနေကြောင့်တိမ်းရှောင်နေရသူများ ခိုလုံတဲ့နေရာတွေ မီးရှို့ခံရတဲ့ "ဖြစ်ရပ်ဆိုး" ကြောင့် ငြိမ်းချမ်းရေးအလားအလာက စိုးရိမ်ဖွယ်ဖြစ်နေပြီလို့ ကြေညာချက်မှာ တွေ့ရပါတယ်။

အခုလို ကြေညာချက် ထုတ်တဲ့ KNU အဖွဲ့ရဲ့ ခေါင်းဆောင်များက သူတို့ တပ်စခန်းတခုမှာ ညီလာခံ ကျင်းပနေတာပါ။

လာမယ့် ၄ နှစ်တာ ကာလအတွက် KNU ကို ခေါင်းဆောင်မယ့်သူများကို အဲဒီညီလာခံကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။KIC (Karen Information Center)
 

မြန်မာပြည်တွင်း လတ်တလော အကြမ်းဖက်မှုများအပေါ် ဆိုးရိမ်ကြောင်း KNU သဘောထား ထုတ်ပြန်
ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)


မြန်မာပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးရိမ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ်ရှားမှုကို အစိုးရအာ ဏာပိုင်များက အကြမ်းဖက် နှိမ်နှင်းဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ ထိုးစစ် ဆင် မြှင့် တက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခိုလုံသည့် လူထုနေရာ များ ကိုတောင် မီးရှို့ဖျက်ဆီးခြင်း စသည့်အခြေအနေ များကို ကြေညာချက်၌ ထည့်သွင်းထားသည်။

KNU အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်အတွင်း အကြမ်းဖက် ဖြစ်ပွားမှုကို မလိုလားကြောင်းနှင့် ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားလိုသည့်အတွက် သဘောထား ထုတ်ပြန် ရခြင်းဖြစ်သည်ဟု ကေအိုင်စီသတင်းဌာနကို ပြောသည်။

“တကယ့်လူမြင်ကွင်းမှာ သံဃာတော်တွေတောင် ပါဝင်တဲ့ အနေအထား မှာတောင်မှ အပြောင်းအလဲတွေ လုပ်လိုတယ်လို့၊ ဦးတည် လှုပ်ရှားနေ ပါတယ်လို့ ကတိပေးတဲ့ကြားက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာ တာဟာ ပြည် သူအတွက်ရော၊ အစိုးရအတွက်ရော ကျနော်တို့နဲ့အတူ ငြိမ်းချမ်းရေး တည်ဆောင်နေသူတွေ အတွက် ပါ မေးခွန်း ထုတ်စ ရာတွေ ဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စဟာ အထူးသတိပြုဖို့ လိုတယ်။ ဒါမျိုး ထပ်မဖြစ် ဖို့ အောက်ခြေအထိ ထိန်းဖို့ လိုတယ်ဆိုတာ မီးမောင်း ထိုးပြချင်တာပါ”ဟု ၄င်းက ပြောသည်။

KNU ၏ ကြေညာချက်ထဲတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကြိုးပမ်းဆောင်ရွက်နေသည်ကို KNU မှ ထပ်လောင်း ကြိုဆိုကြောင်း ဖော်ပြ ထားသည်။

ဗိုလ်မှူး စောလှငွေက “ထပ်လောင်း ကြိုဆိုတယ်ဆိုတာက မှန်ကန်တဲ့ လုပ်ရပ်၊ တိုးတက်တဲ့လုပ်ရပ်၊ မွန်မြတ်တဲ့ လုပ်ရပ်တွေဟာ ပိုလုပ် သင့်တဲ့အလုပ် အစကနေအဆုံး အဆက်မပြတ် ရှေ့နောက် ညီညီ ဖြစ်စေ ချင်တာကို နိုးဆော်တဲ့ သဘောဖြစ်ပါတယ်”ဟု ဆက်လက် ပြောဆိုသည်။

ထိုကိစ္စများ ဖြစ်ပွားနေစဉ် နိုဝင်ဘာလ လကုန်းပိုင်းတွင် စတင်ကျင်းပသည့် ၁၅ကြိမ်မြောက် KNU ညီလာခံနှင့် တိုက်ဆိုင်လျက်ရှိရာ ယနေ့အခြေအနေမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းနေစဉ်ကာ လအတွင် ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ငြိမ်းချမ်းရေး ရှေ့ အလား အလာအတွက် ဆိုးရိမ်စရာဖြစ်ကြောင်း KNU ညီလာခံ ကိုယ်စား လှယ်များ က ဆွေးနွေး သဘောတူကာ ဆုံးဖြတ်ခဲ့ကြသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။