Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

11/02/2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောက်တိုဘာလအတွင်းလှုပ်ရှားမှုများ

NLD Activities on October, 2011

လေဖြန်းသွားခဲ့သေယ ကင်ဂျုံအီလ်၏ ဘယ်ဘက်လက် ပြန်လည်ကောင်းမွန်လာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်သည် လွန်ခဲ့သော သုံးနှစ်က လေဖြန်းပြီးနောက်ပိုင်း ဘယ်ဘက်လက်နှင့် ခြေထောက်တုံ့ဆိုင်းသွားခဲ့သော်လည်း ယခုအခါဘယ်ဘက်လက်မှာ ပြန်လည် လှုပ်ရှားနိုင်ပြီဖြစ် ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကင်ဂျုံအီလ်သည် တရုတ်ဒုဝန်ကြီးချုပ်လီခယ်ကျင်းနှင့် တွေ့ဆုံခဲ့သည့် ဗီဒီယိုမှတ်တမ်းအစိတ်အပိုင်းတွင် ကင်ဂျုံအီလ်၏ ဘယ်လက်သည် သွက်လက်စွာလှုပ်ရှားနေကြောင်း မြင်တွေ့ခဲ့ကြရပြီး ဘယ်ခြေထောက်မှာမူ တုံ့ဆိုင်းနေဆဲ ဖြစ်သည်။ မေလက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ဘယ်ဘက်လက်ပြန်လည်လှုပ်ရှားနိုင်လာခဲ့ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ကင်ဂျုံအီလ်အား မေလက တရုတ်ခရီးစဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုနှင့် အောက်တိုဘာ ၂၅ ရက်နေ့က ရိုက်ကူးထားသည့် ဗီဒီယိုကို နှိုင်းယှဉ်ကြည့်ရှုခဲ့ရာမှ ကင်ဂျုံအီလ်၏ တိုးတက်လာသောအခြေအနေကို တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း ကိုရီးယားဂျုံအန်နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။  ယခုနောက်ဆုံးဗီဒီယိုတွင် ကင်သည် တရုတ်ဒုဝန်ကြီးချုပ်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်နှုတ်ဆက်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။ မေလက ပေကျင်းတွင် တရုတ်သမ္မတဟူကျင်တောင်နှင့် တွေ့ဆုံခဲ့ရာ ကင်ဂျုံအီလ်သည် စာရွက်စာတမ်း များကိုင်တွယ်ရန် ညာလက်ကိုသာ အသုံးပြုခဲ့သည်။  

အာကာသအတွင်းချိတ်ဆက်မည့်ယာဉ်ကို ပထမဆုံးအကြိမ် တရုတ်လွှတ်တင်

b31_07
အာကာသတွင်း ချိတ်ဆက်မှုပြုလုပ်မည့် လူမဲ့အာကာသယာဉ်တစ်စင်းကို နိုဝင်ဘာလ ၁ ရက်နေ့တွင် တရုတ်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်ရန် ရည်ရွယ်ထားသော တရုတ်သည်  ကမ္ဘာပတ်လမ်းလမ်းကြောင်းအတွင်း စမ်းသပ်စခန်းတစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ရှန်ကျိုး-၈ အာကာသယာဉ်သည် တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းဂို ဘီသဲကန္တာရအတွင်းမှ ထွက်ခွာသွားခဲ့ပြီး ကမ္ဘာမြေပြင်အထက် မိုင် ၁၂၀ အကွာတွင် လွှတ်တင်ဒုံးယာဉ်မှ ခွဲထွက်နိုင်ခဲ့ကြောင်း တရုတ် သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်ပြန်သည်။
အာကာသတွင်း ရောက်ရှိနေပြီးဖြစ်သည့် စမ်းသပ်စခန်းအစိတ်အပိုင်း တျန်ကောင်း-၁(ကောင်းကင်ဘုံ-၁) နှင့် ရှန်ကျိုး-၈သည် နှစ်ရက်အတွင်း ချိတ်ဆက်မည်ဖြစ်သည်။ အောင်မြင်စွာချိတ်ဆက်နိုင်ပါက တရုတ်၏ အာကာသ စူးစမ်းလေ့လာရေးသမိုင်းတွင် မှတ်တမ်းသစ် ရေးနိုင်မည်ဖြစ်သည်။
လက်ရှိနိုင်ငံတကာ အာကာသစခန်းတွင်ကဲ့သို့ ယာဉ်နှင့်စခန်းချိတ်ဆက်ပြီး အာကာသယာဉ်မှူးများ အ၀င်အထွက်လုပ်နိုင်ရေးမှာ အဓိက စိန်ခေါ်မှုဖြစ်လာမည်ဖြစ်သည်။ ယင်းသို့ ချိတ်ဆက်ရန်အတွက် စခန်းနှင့် ပတ်လမ်းတူရန် အာကာသ ယာဉ်ကို လမ်းကြောင်းလိုက်ညှိရမည်ဖြစ်ပြီး ကမ္ဘာကိုပတ်နေသောနှုန်းနှင့်လည်း အမြန်နှုန်းညီရမည်ဖြစ်ပြီး အချင်းချင်း မတိုက်မိစေရန်လည်း ဆောင်ရွက်ရမည်ဖြစ်ရာ ခက်ခဲသော လုပ်ငန်းစဉ်ဖြစ်သည်။
တရုတ်သည် ၁၉၉၀ ပြည့်နှစ်တွင် ရုရှားထံမှ နည်းပညာဝယ်ယူ ကာအာကာသတွင်းသို့ လူစေလွှတ်ရန်ပြင်ဆင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင်မှ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက်အာကာသတွင်း သို့ လူလွှတ်နိုင်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်မှ ရှန်ကျိုး-၇ အာကာသယာဉ်ဖြင့် အာကာသတွင်း သွားရောက်ပြီး လမ်းလျောက်မှု ပြုလုပ်နိုင်ခဲ့သည်။

ကလေးတွေဖမ်းတယ်ဆိုတာ ကောလဟာလလား တကယ်လား



ထိုင်းမြန်မာနယ်စပ် မဲဆောက် အမှိုက်ပုံက မြန်မာကလေးငယ်များ (ဓာတ်ပုံ - ဧရာဝတီ)

အခုတလောမှာ ကလေးပျောက်ဆုံး မှုနဲ့ပတ်သက်လို့ အသံတွေ အမျိုးမျိုး ကြားနေရ ပါတယ်။ အဲဒီထဲမှာ ချဲ့ကားပြောဆိုတဲ့ ကောလာဟလတွေပါသလို မယုံလို့မဖြစ်နိုင်တဲ့ အချက်အလက်တချို့ကိုလည်း တွေ့ရပါတယ်။

အောင်ဇေယျတံတား ဘေးမှာ ဗိုက်ခွဲထားတဲ့ ကလေး အလောင်း တလောင်း တွေ့လို့၊ အင်းစိန်၊ ဂျပန်လမ်းက အမှိုက်ပုံမှာ ကလေး အလောင်း ၃ လောင်းကို တွေ့လို့ စသည်ဖြင့် သတင်းတွေပါ။ ဗိုက်ခွဲထားပြီး အလောင်းတွေ ဖြစ်တယ် ဆိုပြီးတောင် ပြောနေကြပါတယ်။ ပြီးတော့လည်း မြောက်ဒဂုံမှာ လိုလို၊ တောင်ဥက္ကလာမှာ လိုလို၊ ဒေါပုံမှာလိုလို၊ သာကေတမှာလိုလို ကလေးတွေ ဗိုက်ခွဲပြီး ပစ်ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ပြန်တယ်။

“ကျမ ကလေးကို ကျောင်းတက်၊ ကျောင်းဆင်းမှာတောင် သတိထားပြီး သွားကြိုနေရပြီ။ အရင်ကတော့ သူတို့က ကျောင်းကားနဲ့ သွားတာဆိုတော့ သိပ် ဂရုမစိုက်ခဲ့ဘူး။ အခု ကျောင်းကားနောက်မှာ ကားမထွက်ခင် အထိ မိဘတွေက တဖွဖွ မှာနေကြတာ တွေ့ရတယ်။ ကျမလည်း အရင်တုန်းကတော့ အလုပ်များလို့ သွားမကြိုဖြစ်ဘူး။ အခုနောက်ပိုင်း ကလေးပျောက် သတင်းတွေ ကြားနေရတဲ့အတွက် စိတ်မချလို့ သွားကြိုဖြစ်ပါတယ်” လို့ ပုဇွန်တောင် မြို့နယ်မှာနေတဲ့ မူကြိုအရွယ်သမီးနဲ့ ၄ တန်းအရွယ် သားတို့ရဲ့ မိခင်က ပြောပါတယ်။

ABSDFဖွဲ့စည်းခြင်း ၂၃နှစ်မြောက်မွေးနေ့ကို အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့တွင်ကျင်းပခဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဖွဲ့စည်းခဲ့တဲ့ ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အတွက် ဆွမ်းကပ်လှူပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ ABSDF လုပ်ငန်းကော်မတီက ဦးဆောင်ပြီး ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
Photo: RFA
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဖွဲ့စည်းခဲ့တဲ့ ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ ဇေတ၀န်ဝိဟာရ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေစဉ်။
ဖို့ဝိန်းမြို့ဇေတ၀န်ဝိဟာရ ဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်း ကပ်လှူပြီးတော့ ဟောပြောပွဲနဲ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြပြီး ဒီအခမ်းအနား ကနေ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက် ၃ ရပ် ထုတ်ပြန် တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းလုပ်ငန်း အဖွဲ့ အမှုဆောင် ကော်မတီဝင် ကိုအောင်မြတ်ထွန်းက ပြောပါတယ်။ ဒီအခမ်းအနားကို ABSDF ရဲဘော်ဟောင်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အမေရိကန် ဌာနခွဲနဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ လူမှုရေး အဖွဲ့အစည်းက ပုဂ္ဂိုလ်များ စုစုပေါင်း တစ်ရာကျော် တက်ရောက်တယ်လို့ သိရပါတယ်။ ABSDF ကို ၁၉၈၈ခု ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အပြီး နိုဝင်ဘာလ ၁ ရက်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) (ကျောင်းသားတပ်မတော်) ၏ (၂၃) နှစ်မြောက်မွေးနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

DPNS Felicitation Letter for ABSDF 23rd Birthday

ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ပါက အာဆီယံဥက္ကဌနေရာ အတွက်သေချာနေ

မြန်မာနိုင်ငံအား၂၀၁၄ အာဆီယံဥက္ကဋ္ဌရာထူး မပေးမီ နိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း အကဲခတ်များက တိုက်တွန်းလိုက်သည်။
စနေနေ့က ရန်ကုန်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည် နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး (ဓာတ်ပုံ - AP)
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားရောက်ပြီးနောက်တွင် မြန်မာနိုင်ငံ အသင်းဥက္ကဋ္ဌရာထူး ရဖွယ်ရှိသည်ဟု အကဲခတ် အများအပြားက ဧရာဝတီကို ပြောသည်။
ခရီးစဉ်အပြီးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Natalegawa က မြန်မာပြည်အတွင်း ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပွားနေသည်ဟု ယူဆကြောင်း ပြောဆိုခဲ့သည်။ သူက ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အစိုးရက အပြောင်းအလဲများ ထပ်မံပြုလုပ်ပါက မြန်မာပြည်အာဆီယံဥက္ကဋ္ဌဖြစ်ရေးကို ထောက်ခံမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေး၊ တိုင်းရင်းသားဒေသ အပစ်ရပ်စဲရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းရေး တို့ကို သမ္မတ ဦးသိန်းစိန်က မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဟု ထိုင်းအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။