Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/11/2012

အန်အယ်ဒီလ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအထဲတွင် လူငယ်များမှာ သုံးပုံတစ်ပုံခန့် ပါဝင်မည်....

NLD ရဲ့ အမတ်လောင်းများရွေးချယ်ခြင်းအပေါ် ထုတ်ပြန်ကြေငြာချက်


ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
 
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
“အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် အနှံ့၊ ပြောမယ်ဆိုရင် နယ်မြို့တွေက လူတွေ တော်တော် များများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရပ်တည်ကြဖို့ ဆန္ဒ သဘောထား ရှိပါတယ်။ ရန်ကုန်မှာတော့ တချို့က အဖွဲ့ချုပ်ရဲ့ ပြင်ပကနေပြီးတော့ပဲ ဝိုင်းရံမယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အခုကာလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တစ်ရပ်ကို ဆောင်ရွက်နေတဲ့ အခြေအနေမှာ ၂၀၁၀ ကြားဖြတ် ရွေးကောက်ပွဲကို ဒီမိုကရေစီရေး တိုက်ပွဲ အသွင်သဏ္ဌာန်နဲ့ လူထုပါဝင်တဲ့ လူထုလှုပ်ရှားမှုပုံစံ ကျွန်တော်တို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားမယ့် ဒီမိုကရေစီ တိုက်ပွဲ တစ်ခုပါ။” လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်းမှာလည်း ဒီမိုကရေစီရေး အပေါ် သစ္စာစောင့်သိသူတွေ၊ ပညာ အရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့ အန်အယ်လ်ဒီက ကြေညာထားပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကိုတော့ အန်အယ်လ်ဒီ ပါတီကို မနက်ဖြန် နောက်ဆုံး စာရင်း ပေးသွင်းရပါမယ်။ ဒီအတောအတွင်း မနေ့က ကျင်းပတဲ့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ မိမိ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဗဟို အလုပ်အမူဆောင် အဖွဲ့ကလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာအနက် အန်အယ်လ်ဒီ ပါတီက ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းကို ဇန်န၀ါရီ ၁၁ ရက်နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

 ဆက်စပ်သတင်း- NLD ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် စေလွှတ်သူများ ....

နှစ်သစ်တွင် အသစ်မွမ်းမံဖွဲ့စည်းလိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး၏ သဘာပတိနှင့် ဗဟိုလုပ်အမှုဆောင်အဖွဲ့.(ကြေညာချက်)




အမျိုးသား​ဒီမိုက​ရေစီအဖွဲ့​ချုပ်
အမှတ်(၉၇/ခ)၊​ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ရန်ကုန်မြို
၂၀၁၂ ခုနစ်၊ဇန်နဝါရီလ(၁၀)
၁၃၇၃ ခုနစ်ပြာသိုလပြည့်ကျော် (၂)ရက်နေ့
ကြေညာချက်အမှတ်-၂ / ၀၁ / ၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျစ်လစ်ခိုင်မာတောင့်တင်းရန်၊ အဖွဲ့ချုပ်၏နိုင်ငံ​ရေး​ဝါဒ သ​ဘောတရား​နှင့် လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေတို့ အတွက် အောက်ပါ ပုဂ္ဂိုလ်များကိုပါတီစည်းမျဉ်း၊ဖွဲ့စည်းပုံနှင့်အညီ သဘာပတိအဖွဲ့နှင့် ဗဟိုလုပ်အမှုဆောင်များအဖြစ်တာဝန်ပေးအပ်လိုက်ပါသည်။
သဘာပတိအဖွဲ့-
၁။ ဦး​တင်ဦး​    - နာယက
၂။ ဦး​ဝင်းတင်
၃။ ဦး​သန်းထွန်း
၎။ ဦး​လှ​ဖေ
၅။ ဦး​ညွှန့်ဝေ

ဗဟိုလုပ်အမှုဆောင်အဖွဲ့-
၁။ ​ဒေါ်အောင်ဆန်းစုကြည်    - ဥက္ကဌ
၂။ ဦး​ဉာဏ်ဝင်း
၃။ ဦး​ဝင်းမြင့်
၎။ ဦး​အုန်းကြိုင်
၅။ ဦး​ဟံသာမြင့်
၆။ ဦး​ထွန်းထွန်းစိန်
၇။ ​ဒေါက်တာမေဝင်းမြင့်
နောင်တွင်သဘာပတိအဖွဲ့နှင့် အမှုဆောင်အဖွဲ့ကို လိုအပ်သလိုပြင်ဆင်ဆောင်ရွှက်သွားမည်။

၉-၁-၁၂ ရက်နေ့တွင် ကျင်းပသောဗဟိုလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ။
ဗဟိုလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။