Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

8/31/2012

Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများစာရင်း

Black List


Black list စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ဘက်တော်သားများ စာရင်း

http://www.docstoc.com/docs/document-preview.aspx?doc_id=127875409

ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ



ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်အပါအ၀င် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့မွန်လွဲ (၂)နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င် အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ခရီးစဉ်နှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ချက်တွင် "မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက် အများအပြားရဲ့ နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Black List) ပယ်ဖျက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီအချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန် ဖြစ်တဲ့အလျှောက် အစိုရနဲ့ မတူညီတဲ့ မိမိရဲ့ သဘောထားကို ထုတ်ဖေါ်ပြောဆိုတာတွေကြောင့် ပြည်ပမှာရှိနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲ မရှိသင့်သလို အကျဉ်းထောင်ထဲတွေ ရောက်ရှိနေသူတွေ မရှိသင့်တော့ပါ။ "ကျွန်တော်အနေနဲက မြန်မာပြည်မှာ အမည်းစာရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့နေကို မျှော်လင့်နေပြီး အဲ့ဒီနေ့ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်အခုလာတာဟာ တစ်ဦးချင်းဖိတ်လို့ တစ်သီးပုဂလအနေနဲက လာတာ ဖြစ်ပေမယ့် ကျွန်တော်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးအမြင် မူသဘောထားဘောင်အတွင်းကသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲမှု ဖြစ်ဖို့အတွက် ပြည်တွင်းပြည်ပ အင်အားစုအားလုံးပါဝင်တဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး သဘောတူညီချက်တွေ ဖေါ်ထုတ်မယ့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး ဖြစ်စဉ်တစ်ခုကို ၂၀၁၅ မတိုင်ခင်မှာ ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်ချက်အလင်းရောင်တွေ မြင်စပြုလာတဲ့ ဒီအချိန်မှာ ပြည်သူပြည်သား အားလုံး တောင့်တတဲ့ ရေရည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဦးတည် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ နိင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည် ဖေါ်ဆောင်ရွက်သွားမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ အဲ့ဒီလိုဆွေးနွေးမှုကို အဓိပ္ပါယ်ရှိရှိ ယုံယုံကြည်ကြည်ဆောင်ရွက်ရအောင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တိုင်းရင်းသား နယ်မြေမှာ ထိုးစစ်တွေ ရပ်ပေးဖို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ပေးဖို့၊ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် ပြုဖို့၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုများအနေဖြင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ဖို့၊ ပြည်ပရောက်အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့် ရှိစွာဖြင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စိတ်ချလုံခြုံစွာ ဆောင်ရွက်နိုင်ဖို့ သမ္မတနှင့်တကွ အစိုးရအပါအ၀င် နိုင်ငံတော် အဖွဲ့အစည်းအားလုံးကို အလေးအနက် ဆန္ဒပြုပါတယ်။ " ဟု ပါရှိကြောင်း သိရသည်။

ABSDF မြောက်ပိုင်ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းမှုများအပေါ် "တရားဥပဒေစိုးမိုးမှု ပွင့်လင်ထင်သာမြင်သာမှု ဖြစ်တဲ့အခြေအနေရောက်ရင် အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံနေတယ်ဆိုတဲ့ ကိစ္စတွေအပေါ် ကျွန်တော်ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒေါက်တာနိုင်အောင်သည် နိုင်ငံတော်သမ္မတရုံမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Blacklist စာရင်းမှ ပျယ်ဖျက်ခံရသူများ စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်

ကျနော်တို့ရဲ့ ပါတီရပ်တည်ခွင့်ကိစ္စကို အဓိကထားပြီးဆွေးနွေးမယ်


“ ၃ ရက်နေ့ကို ကျနော်သွားမယ်။ အစိုးရပိုင်းနဲ့တွေ့မယ်ဆိုရင် ကျနော်တို့ပါတီ ပြန်ပြီးတော့ရပ်တည်တဲ့ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုမှာရှိတဲ့ လူ့ဘောင်သစ်စည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးမယ်။ တခြား လူ့ဘောင်သစ်တွေနဲ့ တွေ့မယ်။
၈၈ နဲ့တွေ့မယ်။ နောက် တခြားတွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့မယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ပါတီ ပြန်လည်ရပ်တည်ခွင့် ကိစ္စကို အဓိကထားပြီးဆွေးနွေးမယ်။”

ဦးအောင်မိုးဇော်
ဥက္ကဋ္ဌ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ



(၃၀-၈-၂၀၁၂ DVB သတင်းဌာနမှ သတင်းကောက်နှုတ်ချက်)

Black List စာရင်းထဲမှာ အချို့ကို ပြန်လည် ထုတ်ပေးလိုက်

http://www.docstoc.com/docs/
">document-preview.aspx?doc_id=127875409

စစ်အစိုးရရဲ့ .ဝါဒဖြန့်မှု ဖြစ်သော .ဗုံးပေါက်ကွဲမှုများတွင် ပါဝင်သည့်..ဒါမှမဟုတ် တိုင်းပြည်ကို ဆူပူအောင်လုပ်သည် ဆိုပြီး ဝါဒဖြန့်ထားခြင်းခံရသော ဒီမိုကရေစီအင်အားစု အတွင်းမှ သူများကိုမြန်မာပြည်တွင်းသို့ ပြန်လည်ခေါ်ယူလိုက်ပါသည်။Black List ဆိုပြီး အစိုးရရဲ့ နာမည်ပေးကင်ပွန်းတပ်ထားတဲ့ တိုင်းပြည် ပြန်လည်တည်ထောင်ရေးအတွက် အသုံးဝင်မည့်ကို သူတွေကို ပြန်လည်ခေါ်ယူခြင်းကို ဒီမိုကရေစီအင်အားစုများတွင်ပါဝင်ကြသော သူများအဖို့ လူဆိုးစာရင်းတွင် ထည့်သွင်းခံရခြင်းကို မကျေနပ်ခဲ့ကြသလို ထို ထုတ်ပြန်သည့် စာရင်းဆိုလျှင် စာရင်းအတွင်းပါဝင်သူများသည် လူဆိုးများ ပင်ဖြစ်နေသလော ဟု မေးခွန်းများပင်ထွက်လာခဲ့သည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။