Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/29/2011

မင်္ဂလာတောင်ညွှန်မြို့နယ် ပုဇွန်တောင်ချောင်းအနီးတွင် ဂိုထောင်မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့

မီးလောင်ကျွမ်းနေချိန်တွင်ရိုက်ကူးထားသော ရုပ်သံအပိုင်းအစ
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း ၊ ပုဇွန်တောင် ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။ ၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၄င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ် အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲ လွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ ပုဇွန်တောင်ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့်မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက်ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ ''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။ ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ နံနက်(9)ထိသတင်းများအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ အထိုပါမီးလောင်ကျွမ်းမူသည် အလွန်အင်အားပြင်းထန်သောယမ်းမှုန့်များကြောင့်အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းခြင်းဖြစ်သည်။မီးသတ်ကားများကလဲ မီးမလောင်ကျွမ်းခင်ကတည်းကရောက်ရှိနေပြီး..အဆိုပါ မီးလောင်ကျွမ်းရာနေရာသည် အစိုးရ၏မျက်စိကျနေသော နေရာတစ်ခု ဖြစ်သည်.တိုကြောင့်ထိုမီးသည် ရှို့မီးဟု ယူဆမိသည်။
သေဆုံးသွားသူ တစ်ဦး
အသက်စွန့် ကူညီကြသော မီးသတ်တပ်ဖွဲ့ဝင်များ
မီးလောင်ကျွမ်းနေပုံ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။