Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

5/16/2012

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ

ဖိုင်ဒေါင်းလုပ်ရယူရန်
</iframe>http://www.scribd.com/doc/93614003/Peace-Fomulating-Commetee-Tables-15-5
Peace Fomulating Commetee Tables (15.5

မြောက်ကိုရီယားနဲ့ ယခုအခါ လက်နက်အတွက် ဆက်ဆံခြင်းမရှိကြောင်း....



မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူခြင်းမရှိတော့ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ကို ကတိပေး ပြောကြားလိုက်သည်။
တောင်ကိုရီးယားသမ္မတလီမြောင်ဘက်ကိုသမ္မတဦးသိန်းစိန်က နေပြည်တော်တွင်လက်ခံကြိုဆိုစဉ်

တောင်ကိုရီးယားသမ္မတရုံးထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်း ပူးပေါင်း ဆောင်ရွက်ခြင်း မည်သည့်အခါမှ မရှိကြောင်း၊ သို့ရာတွင် သမားရိုးကျ စစ်လက်နက်များ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ၏ သဘောတူညီချက်ကို လိုက်နာသောအားဖြင့် လက်နက်ဝယ်ယူမှုမပြုတော့ကြောင်း သမ္မတ ဦးသိန်းစိန်က တောင် ကိုရီးယား သမ္မကို ကတိကဝတ်ပြုလိုက်သည်ဟု သိရှိရသည်။
မစ္စတာ လီမြောင်ဘက်၏ ယခုခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် တောင်ကိုရီးယား သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သော တောင်ကိုရီးယား သမ္မတမှာ မစ္စတာ ချန်ဒူးဝမ် ဖြစ်သည်။
၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ မစ္စတာ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် မြောက်ကိုရီးယား သူလျှို ၃ ဦးက ဗုံးခွဲ တိုက်ခိုက် လုပ်ကြံခဲ့ကြသဖြင့် တောင် ကိုရီယား ဒု ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် အစိုးရ ၀န်ကြီးများ၊ အကြံပေးများ၊ လုံခြုံရေးများ၊ မြန်မာ အရာရှိများ စုစု ပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြသည်။
သို့သော် တောင်ကိုရီးယား သမ္မတမှာ နောက်ကျလာခဲ့၍ အသက်ဘေးက ကင်းလွတ်ခဲ့သည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားနိုင်ငံ သံရုံးကို နှင်ထုတ်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ မြန်မာ-မြောက်ကိုရီးယား၂ နိုင်ငံ ဆက်ဆံရေးကို ပြတ်တောက်ခဲ့သည်။
မြန်မာအစိုးရသည် အဏုမြူနှင့် ဒုံးပျံနည်းပညာ၊ စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး လွန်ခဲ့သောနှစ်များအတွင်းက မြောက် ကိုရီးယားနှင့် တိတ်တဆိတ် စစ်ရေးအရ ပြန်လည်ဆက်သွယ်မှုများ လုပ်ခဲ့ကြောင်း အမေရိကန်နှင့် ဒေသတွင်း အစိုးရများက စိုးရိမ်မကင်းဖြစ်လာခဲ့သည်။
ယနေ့ ရန်ကုန်မြို့တွင် တောင်ကိုရီးယား သမ္မတ၏ ခရီးစဉ်အတွက် လုံခြုံရေးတင်းကျပ်စွာ ချထားသည်။
တောင်ကိုရီးယား သမ္မတသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီး မြန်မာနှင့် တောင်ကိုရီးယားတို့သည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ရောက်အောင် ခက်ခဲစွာ ဖြတ်သန်းရမှုမှာ တူညီကြောင်း ပြော ဆိုခဲ့သည်။
ထို့အပြင် ၁၉၈၃ ခုနှစ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော အာဇာနည်ကုန်းသို့လည်း ခေတ္တအလည်သွား၍ အာဇာနည်ခေါင်းဆောင်ကြီး များကို အလေးပြုခဲ့သေးသည်။
တောင်ကိုရီးယား သမ္မတရုံး၏ ကြေညာချက်အရ မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုများနှင့် ချေးငွေများ တိုးမြှင့်ပေးရန် မစ္စတာ လီမြောင်ဘက်က သဘောတူညီခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် မြန်မာကျောင်းသား များကို တောင်ကိုရီးယားသို့ ပညာတော်သင်ပေးမည့် အစီစဉ်များကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံခဲ့သော ဦးသိန်းစိန်

 သမ္မတ ဦးသိန်းစိန် မေ ၁၄၊ ၂၀၁၂ က လက်ခံ တွေ့ဆုံခဲ့တဲ့ တရုတ် ကွန်မြူနစ်ပါတီက ပေါ်လစ်ဗျူရိုအဖွဲ့ဝင် မစ္စတာ ၀မ် ဂမ်းက ဘယ်လိုလူလဲ၊ နှစ်နိုင်ငံကြား အရေးကြီးတဲ့ ပြောဆိုစရာ ဘာအချက်တွေ ရှိနေလဲ၊ တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် မတွေ့သလဲ။ (bbcchinese.com အယ်ဒီတာ မစ္စ ယုဝမ်ရဲ့ သုံးသပ် ပြောဆိုချက်ကို နားဆင်နိုင်ပါတယ်)။ FD76FB50 President TS meets China s Wang Gang by sweetkocho
FD76FB50 President TS meets China s Wang Gang

ဒေါ်စုနဲ့ လီမြောင်ဘတ်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံတဲ့...သဘောကျစရာတွေပဲ

                        အခုအပြောင်းအလဲ အခြေအနေတွေ နဲ့ ဆက်စပ်နေသော ..စာစုလေးပါ..


ထောင်ထမင်း၊ထောင်ဟင်း လွမ်းမည့် သူများအတွက်တဲ့..( အစိုးရရဲ့ ပင်တိုင်ဟင်းလျာ တာလပေါ နဲံတဲ့)

Facebook နှစ်ခြိုက်ရင် ကူးယူဖော်ပြပါသည်။


LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။