Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

7/11/2012

ဆိုရှယ်လစ် ဆိုတာ....


ဆိုရှယ်လစ်စနစ်သည် ၂၀ ရာစု၏ မဟာဝါဒ၊ မဟာဘဝကြီးတစ်ခု ဖြစ်ခဲ့သည်။ ဆိုရှယ်လစ်စနစ်က ပြည်သူတွေကို မည်သည့် ကတိများ ပေးခဲ့သနည်း။ ချမ်းသာရမည်၊ ညီမျှရမည်၊ ဆင်းရဲခြင်း ကင်းရမည်၊ ဒုက္ခတွေ ကင်းဝေးရမည်၊ ဖိနှိပ်မှုတွေ ကင်းရမည် စသည်ဖြင့် အမျိုးမျိုးသော ဟောပြောချက်များကြားတွင် ပြည်သူတွေက ဘဝသစ်တစ်ခုကို မျှော်မှန်းရင်း စိတ်ကူးတွေ ယဉ်ခဲ့ကြသည်။ အခြားဘာကိုမျှ နားမယောင် ချင်နေပါစေ၊ ‘သာတူညီမျှ’ ဆိုသည့် စကားသည် စိတ်ချမ်းသာမှု အပေးနိုင်ဆုံး စကားလုံးလေးတစ်လုံး ဖြစ် မည်ထင်သည်။
          ဆိုရှယ်လစ်စနစ် အစတွင် လူတွေက အရင်းအနှီး စုဆောင်း၊ ဘုံဝါဒကို တည်ဆောက်ကာ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရင်း အောင်မြင်မှုလေးတွေ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဗဟိုဦးစီး ချုပ်ကိုင်မှုစနစ်က ကြီးစိုးလာသည့်အခါ အောက်ခြေနှင့် ကင်းကွာပြီး ကျဆုံးခန်းများနှင့် ရင်ဆိုင်လာရသည်။ အစပိုင်းတွင် ရရှိခဲ့ သည့် အောင်မြင်မှုများသည် အစိုးရ ကြားဝင်လိုက်မှ ပျက်စီးရကိန်း ဖြစ်လာခဲ့ရသည်။ မက်လုံးပေးထားသည့် အသားတုံးကြီးသည် စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဖြစ်လာရသည်။ ရေရှည် ကျင့်သုံးကြည့်လိုက်မှ ဆိုရှယ်လစ်စနစ်သည် နိုင်လိုမင်းထက် ပြုကျင့်မှုများ၊ မလွတ်လပ်မှုများ၊ ချုပ်ကိုင်မှုများ၊ အလုပ်မဖြစ်မှုများနှင့် ရင်ဆိုင်လာရသည်။
          ဆိုရှယ်လစ်စနစ် အခြေခံ သဘောတရားသည် ပိရမစ် ရင်းနှီးမြုပ်နှံမှုကို မူလက အခြေခံသည်။ ထိုသဘောတရားကလည်း မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စကတည်းက မှားနေသောကြောင့်ဟု ထောက်ပြကြသည်။ အလားတူ ပြည်သူပိုင် ပြုလုပ်ခြင်းဖြင့် ကုစားကြသော်လည်း ပျော့ကွက် အားနည်းချက် တွေ များသဖြင့် အနာနှင့်ဆေး တည့်အောင် မပေးနိုင်သေးပဲ နာတာရှည် ဖြစ်လာရသည်။ ဆိုရှယ်လစ်စနစ် မအောင်မြင်ရခြင်းသည် တရားသေ သဘောတရားများကို ဆုပ်ကိုင်လွန်းခြင်းကြောင့် ဖြစ်သည်။ လူ့သဘော နှင့် လူ့မနောသည် ရပ်တန့်နေသည့်အသွင် မဆောင်ကြောင်း ဆိုရှယ်လစ်ဝါဒီတွေက မမြင်နိုင်ခြင်းသည် ကျဆုံးခန်းသို့ ဖန်လာစေသည့် အကြောင်းတရားများ ဖြစ်လာခဲ့ရသည်။ ကမ္ဘာတွင် ဤစနစ်ကျင့်သုံးသည့် နိုင်ငံများအတွင်း ကျဆုံးရခြင်းသည် ‘လူတွေကို မက်လုံး ကောင်းကောင်း မည်သို့ ပေးသင့်ကြောင်းကို နားမလည်ကြသောကြောင့်’ ဟူ၍လည်း သုံးသပ်ကြသည်။
          အရင်းရှင်စီးပွားရေးစနစ်တွင် ‘မက်လုံး’ သည် အဓိက ကျင့်သုံးရသည့် သဘောတရား ဖြစ်သည်။ ဈေးနှုန်းတန်ဖိုး၊ အရှုံး အမြတ်၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ ရောင်းသူ ဝယ်သူ သဘောတူလျှင် အပြန်အလှန် လွတ်လပ်စွာ လုပ်ကိုင်ခွင့် စသည့် တိုက်ရိုက် စီးပွား ကုန်သွယ်ခွင့်တို့သည် အရင်းရှင်စနစ်၏ မက်လုံးများ ဖြစ်သည်။
          ဆိုရှယ်လစ်စနစ်တွင် မက်လုံးသည် သာမန်မျှသာ ဖြစ်သည်။ ဗဟိုဦးစီး ချုပ်ကိုင်မှုဖြင့် ဈေးကွက် စီးပွားရေးစနစ်ကို ထိန်းချုပ်ထားသဖြင့် ဈေးကွက်တန်ဖိုးနှင့် အကျိုးအမြတ်များ ပျောက်ကွယ်နေရသည်။ နိုင်ငံတော်က ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ချုပ်ကိုင်ထားပြီး အရာရာတွင် နိုင်ငံတော်ပိုင် ဖြစ်နေသဖြင့် စီးပွားရေး လုပ်ဆောင်နိုင်မှုကို တိုက်ရိုက် သက်ရောက်နိုင်စွမ်း မရှိပေ။ မက်လုံးပေးမှုကို မလိုအပ်ဟု ထင်ခြင်း၊ လူ့သဘော လူ့သဘာဝကို လျစ်လျူရှုခဲ့ခြင်းတို့သည် ဆိုရှယ်လစ်စနစ် ကျဆုံးခဲ့ရခြင်း၏ အခြေခံ အကြောင်းတရားများ ဖြစ်ခဲ့ရပါသည်။
          လက်ရှိ အနေအထားတွင် မာ့က်စ်ဝါဒီတွေကလည်း ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ သူတို့ ကျဆုံးခန်း ရောက် နေပြီ ဖြစ်ကြောင်းကို လက်ခံကြပါသည်။ လက်တွေ့မဆန်သည့် သဘောတရားကြောင့် ကျဆုံးရကြောင်း သူတို့ ကိုယ်တိုင် ဝန်ခံခဲ့ကြသည်။ စစ်မှန်သည့် ဆိုရှယ်လစ်ဝါဒကို မကျင့်သုံးနိုင်ခြင်းကြောင့်ဟု ဝေဖန် ပြောဆိုကြ သည်။ စစ်မှန်သည့် ဆိုရှယ်လစ်သဘောတရားကို မာ့က်စ်က သဘောတရားနှင့် လက်တွေ့ ပေါင်းစပ် ကျင့်သုံး ရန် လမ်းညွှန်ပေးခဲ့ပြီးသား ဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင် ဆိုရှယ်လစ်စနစ်ကို အကောင်အထည် ဖော်ကြရာ၌ ကိုယ်လိုရာ ဆွဲပြီး အကောင်အထည် ဖော်ကြသောကြောင့် အရင်းရှင်စနစ်ကို လွှမ်းမိုးနိုင်ရမည် ဟူ၍ ကြွေးကြော်ခဲ့ရာမှ အရင်းရှင်စနစ် ကျောက်ဆောင်ကို ခေါင်းနှင့် သွားတိုက်သလို ဖြစ်သွားခဲ့ရသည်။
          မပြည့်ဝသည့် ဆိုရှယ်လစ်စနစ်ဖြင့် အကောင်အထည်ဖော်ကြရာတွင် စီးပွားရေးသာ မဟုတ်၊ နိုင်ငံရေး အရလည်း ကျဆုံးမှုတွေ များလှသည်။ နိုင်ငံရေးစနစ်များဖြစ်သည့် ဆိုရှယ်လစ်စနစ်၊ အရင်းရှင်စနစ်၊ ဖက်ဆစ် စနစ်၊ ကွန်မြူနစ်စနစ် စသည်တို့တွင် သူ့စနစ်နှင့်သူ ခိုင်မာသည့် မူဝါဒ သဘောတရား၊ လမ်းစဉ်နှင့် ကျင့်သုံးမှု များ ရှိပြီးသား ဖြစ်သည်။
          ထိုဝါဒ သဘောတရားများကို လိုက်နာ ကျင့်သုံးသည် ဆိုရာတွင် အတိုင်းအတာတစ်ခုအတွင်း ကန့်သတ်ချက် တစ်စုံတစ်ရာနှင့် ရင်ဆိုင်ကြရသည်။ လူကြောင့် လည်းကောင်း၊ မူကြောင့် လည်းကောင်း၊ သယံဇာတ ရင်းမြစ်များကြောင့် လည်းကောင်း မတူညီသည့် ခံယူကျင့်သုံးမှုများ ဖြစ်နိုင်ပါသည်။ သယံဇာတ ရှားပါးသည့် နိုင်ငံများ၊ ဆင်းရဲသည့် နိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မက်လုံး မည်သို့ ပေးနိုင်မည် နည်း။ သို့ဖြစ်ရာ နှစ်ပိုင်း တစ်ပိုင်း ဆိုရှယ်လစ်၊ သုံးပိုင်း တစ်ပိုင်း အရင်းရှင်စနစ်များကို ကျင့်သုံးလာကြရတော့ သည်။ တင်းပြည့် ကျပ်ပြည့် မရသည်ချင်းအတူတူ အရင်းရှင်စနစ်က စီးပွားရေးထွက်ပေါက်ကို အမြန်ဆုံး ရှာပေးနိုင်သည့်အတွက်လည်း အရင်းရှင်စနစ် ဆက်လက် အောင်ပွဲခံနေရသည်ဟု ဆိုနိုင်သည်။
          အရင်းရှင်စနစ် အောင်ပွဲခံနိုင်ခြင်းသည် အောက်ပါတို့အပေါ်တွင် အခြေခံနေသောကြောင့် ဖြစ်သည်။
၁။  ဈေးနှုန်း၊ ဈေးကွက်တွန်းအားဖြင့် ဆုံးဖြတ်ခြင်း၊
၂။  အရှုံးအမြတ်ကို တွက်ချက်နိုင်ခြင်း၊
၃။  ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် တို့ ဖြစ်သည်။
          ဆိုရှယ်လစ်စနစ် ကျဆုံးရခြင်းသည် အထက်ပါအတိုင်း မက်လုံးအဖြစ် မကျင့်သုံးနိုင်ခြင်းကြောင့် ဖြစ်ပါ သည်။
          ဈေးနှုန်း ဆိုသည့် မက်လုံး မရှိလျှင် အရှုံးအမြတ် မတွက်နိုင်၊ အရှုံးအမြတ် မရှိလျှင် ပုဂ္ဂလိက ပိုင်ဆိုင် ခွင့်လည်း မရှိနိုင်ပေ။ ထိုအကျိုးတရား မက်လုံး မရှိသည့် ဆိုရှယ်လစ် စီးပွားရေးစနစ်သည်လည်း ထင်တိုင်း ခရီးမပေါက်၊ မြင်တိုင်း မပြီးမြောက်ခဲ့ပေ။ ဆိုရှယ်လစ် စီးပွားရေးစနစ်အောက်တွင် အရေးပါသည့် စီးပွားရေး လုပ်ငန်းသည် မထွန်းကားသဖြင့် ပြည်သူတို့ကို မက်လုံးတစ်ခု အနေဖြင့် ဆွဲဆောင်နိုင်စွမ်းလည်း မရှိခဲ့ပေ။
          မည်သည့်နိုင်ငံတွင်မဆို တစ်ဖက်က လစ်ဟာချက်များကို တစ်ဖက်မှ သဘာဝရင်းမြစ်များဖြင့် အစားထိုးကာ ထိန်းလေ့ရှိကြသည်။ ဥပမာ ရုရှားနိုင်ငံသည် သဘာဝရင်းမြစ် အကြွယ်ဝဆုံး နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စိန်၊ ရွှေတို့သည် သုံးမကုန်အောင် ပေါကြွယ်လှသည်။ စိုက်ပျိုးမြေလည်း အလုံအလောက် ရှိသည်။ လယ်ယာ၊ ချောင်းမြောင်း၊ သစ်တော၊ ရေတွင်း ရေကန် ပေါကြွယ်လှသော်လည်း ရုရှားသည် ထင်သလောက် မချမ်းသာ။ သဘာဝအရင်းအမြစ်များ မည်မျှပေါများသည် ဆိုစေ အမှန်တကယ် မူလရင်းမြစ်သည် လူသားရင်းမြစ် ဖြစ်သည်။
          ပြည်သူကို မြှင့်တင်ခြင်းသည် သဘာဝတရားကို မြှင့်တင်ပေးခြင်းဖြစ်ပြီး ပိတ်ပင်ခြင်းသည် စိတ်ဓာတ် အရရော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပိတ်ပင် တားဆီးရာ ရောက်သည်ဟု ဆိုရှယ်လစ်စနစ်က မမြင်ဘဲ အရာရာတွင် စီမံကိန်းများ ချမှတ်ပြီး လွတ်လပ်စွာ အကောင်အထည် မဖော်နိုင်သည့်မူကြောင့် အောင်မြင် တိုးတက်မှုများနှင့် အလှမ်းကွာဝေးနေရသည်။ ဆိုရှယ်လစ်စနစ် ကျဆုံးရခြင်းသည် လူတို့၏ စိတ်ဓာတ်ကို သတ်ပစ်တတ်သည့် ဉာဉ်ဆိုးများကြောင့်ဟု ဆိုသည်။
          စီးပွားရေးစနစ်သည် ဗဟိုဦးစီးချုပ်ကိုင်မှုမှသည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်၊ အရင်းရှင် စီးပွားရေးစနစ်၊ ဒီမိုကရေစီသို့ အဆင့်ဆင့် ကူးပြောင်း တောင်းဆိုလာကြသည်။ အမေရိကန်ကို အသွင်ကူး ပြောင်းရေးအတွက် စံအဖြစ် နိုင်ငံတိုင်း ရှုမြင်သုံးသပ်လာကြသည်။ အမေရိကန်ဆိုသည့် နိုင်ငံကလည်း နှစ်ပေါင်း ၂၅၀ ခန့် ကန့်သတ်ထားသည့် အစိုးရအောက်တွင် ပွင်းလင်းသည့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသဖြင့် တိုးတက်မှုအရှိန်မကျသည့် စံပြနိုင်ငံ ဖြစ်နေသည်။ ‘လွတ်လပ်ခြင်း’ နှင့် ‘လုပ်ပိုင်ခွင့် ရှိခြင်း’ တို့သည် ထွက်ပေါက်လားဟု လူတိုင်း စိတ်ဝင်စားလာကြသည်။
          နိုင်ငံနှင့် ပြည်သူတို့ကို ဈေးကွက်စီးပွားရေးစနစ်ဖြင့် လမ်းဖွင့်ပေးရန်၊ လွတ်လပ်ခြင်းနှင့် လုပ်ပိုင်ခွင့် အတွက် ဒီမိုကရေစီကို ဖော်ဆောင်ပေးရန် ဆိုသည်မှာ လူတိုင်း၏ မျှော်လင့်ချက်များ၊ နိုင်ငံအစိုးရတို့၏ တာဝန်ဝတ္တရားများ ဖြစ်လာခဲ့ရသည်။ ဗဟိုချုပ်ကိုင်မှုသည် ပြည်သူတို့ ချမ်းသာမှု မဟုတ်၊ အစိုးရ လက်တစ်ဆုပ်စာ ချမ်းသာမှုသာ ဖြစ်သည်ဟု အတွေးအမြင်တွေ ထုတ်ဖော်လာကြသည်။
          ဆိုရှယ်လစ်စနစ်က ပြည်သူများအား ‘လွတ်လပ်မှု နည်းနည်းလေး အဆုံးရှုံးခံလိုက်ပါ၊ ငါတို့က လုံခြုံမှု ပေးပါမည်’ ဟု အာမခံထားသည်။ သို့သော် ရာစုနှစ်ပေါင်းများစွာ ‘ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ’ ဖြစ်လာသည့်အခါတွင် ပြည်သူတွေက သံသယ ဖြစ်လာကြသည်။ သံသယသည် လွတ်လပ်မှုရော၊ လုံခြုံမှုကိုပါ ဆုံးရှုံးစေတော့သည်။
          ဆိုရှယ်လစ်စနစ်တွင် ဆေးဝါးကုသပိုင်ခွင့်၊ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ သာတူညီမျှ လုပ်ခ စသည်ဖြင့် မက်လုံးများရှိသော်လည်း ‘အပေါ်ယံ ရွှေမှုန်ကြဲ၊ အတွင်းက နောက်ချေးခံ’ ဆိုသလိုမျိုး ဖြစ်နေသည် ကများသည်။ ဆိုရှယ်လစ်စနစ် ကျဆုံးရခြင်းသည် အပေါ်ယံကိုသာ ကြည့်ပြီး အတွင်းကို မရှုမြင်နိုင်ကြသဖြင့်၊ ရှုမြင်ခွင့် မရစေရန် ဖုံးကွယ်ထားတတ်ကြသဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်သည် ဟူ၍လည်း ဆိုနိုင်သည်။ ပြည်သူကို မည်သို့ မက်လုံးပေးပြီး ဆွဲဆောင်ရမည်ကို လျစ်လျူရှုကာ ‘မဟာလိမ်လည်မှုများ’ အောက်တွင် စီမံကိန်းများကို အကောင်အထည် ဖော်ပြီးရင်း ဖော်ကာ နှစ်တို၊ နှစ်ရှည်များဖြင့် အချိန်ကုန်နေကြရသည်။ သို့သော် ဆိုရှယ်လစ် စနစ် ပျောက်ကွယ်သွားမည်လောဟု စောကြောစရာရှိသည်။ ကမ္ဘာမြေမှ လုံးဝ ကွယ်ပျောက်သွားရန်ကား မဖြစ်နိုင်သေးပေ။
          ဆိုရှယ်လစ်စနစ် ချုပ်ငြိမ်းသည်ဖြစ်စေ၊ မချုပ်ငြိမ်းသည်ဖြစ်စေ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်တို့ကို လူသားတိုင်း ခံစားခွင့်ရရှိရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ သမိုင်းတွင် လွတ်လပ်စွာအသက်ရှူခွင့်ရသည့် ကမ္ဘာနှင့် ပိတ်လှောင်ခံထားရသည့်ကမ္ဘာတို့အပေါ် ပြည်သူတို့ သုံးသပ် ဆုံးဖြတ်နိုင်ကြပြီ ဖြစ်သည်။ အရင်းရှင် စနစ် တိုးတက်ရခြင်းသည် ပြည်သူတို့စိတ်ဓာတ်ကိုဖွင့်ပေးပြီး လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်ခြင်းဖြင့် လူသားထံမှ ပြန်လည်ရယူခံစားခြင်း ဖြစ်သည်။ ချွေတာမှ ဖြစ်မည်၊ အလုပ်လုပ်မှ ဖြစ်မည်၊ ကျွမ်းကျင်မှ ဖြစ်မည် ဆိုသည့် အသိများဖြင့် အရင်းရှင်စနစ်က ဓနအင်အားကို ရှာဖွေစုဆောင်းသည်။ ဆိုရှယ်လစ်စနစ်က လုပ်လုပ် မလုပ်လုပ် ထမင်းတစ်လုတ်ကို ရှာဖွေကျွေးရမှာ အစိုးရအလုပ်ဟု ယူဆနေသဖြင့် ပြည်သူတွေ ငုတ်တုတ် ဖြစ်နေကြရသည်။

          ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ ကွာခြားချက်မှာ အရင်းရှင်စနစ်က ဆက်လက် အလုပ်ဖြစ်နေပြီး ဆိုရှယ်လစ်တွေ တဖြည်းဖြည်း ကွယ်ပျောက်ကုန်ခြင်း ဖြစ်သည်။


တင်ညွန့်
ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရေစီနိုင်ငံသား
/

အရင်းရှင်စနစ် ဆိုတာ.......



အရင်းရှင်စနစ်ကို တကယ်ကျင့်သုံးချင်ရင် သနားတာတခုတည်းကို ကြည့်နေလို့ မရတာတွေရှိတယ်။  ဥပမာ လူငါးယောက်ရှိတဲ့ ဌာနအုပ်စုတခုမှာ လူတယောက်က အချောင်ခိုတယ်။ ဒါမှမဟုတ် ကျန်တဲ့သူတွေကို လိုက်မမီဘဲ အလုပ်မပြီး ဘူးဆိုပါတော့။
ကျန်တဲ့ လူလေးယောက်က ပိုအလုပ်လုပ်ရတော့မယ်။ မလုပ်ရင် အလုပ်မပြီးရင် အားလုံးအလုပ် ပြုတ်ကြမှာကိုး။ ကြာတော့လည်း ကျန်တဲ့သူတွေပါ စိတ်ဓာတ်ကျဆင်း လာနိုင်တယ်။ ဒီတော့ အလုပ်မတွင်တဲ့သူကို ဖြုတ်ပြစ်ရမှာပဲ။ Individualism ဆိုတာဒါပဲ။ လူတိုင်း ကိုယ့်အတွက် ကိုယ်တာဝန် ယူကြရမှာပဲ။
ထိုနည်းတူစွာပဲ တိုင်းပြည်နဲ့ ဆိုင်တဲ့ မက်ကရို စီးပွားရေးမှာလည်း ပြဿနာဖြစ်ရင် ပိုနေတာတွေကို လျော့ချ၊ ခြိုးခြံ
ကြ၊ ပြီးရင်တခါပြန်ထ ရုန်းကန်လှုပ်ရှားပြီး နလန်ထူလာကြပြီး စီးပွးရေး ကျန်းမာလာတော့ ထပြေးကြပြန်တာပေါ့။ သဘာဝတောမီးလောင် သလိုပေါ့။ ခြောက်နေတဲ့ ရွက်အိုသစ်ပင်အိုတွေ လောင်ပြီးသွားရင်၊ ရွက်နုတွေ ပေါက်လာပြီး သစ်စိမ်းတွေနဲ့ နုပျိုလန်းဆန်းတဲ့ သစ်တောတခု ပြန်ပေါ်လာသလိုပဲပေါ့။
ရောနယ်ရီဂင် လက်ထက်မှာ အဆောက်အဦး Real Estate Boom ပူဖေါင်းလို တရှိန်ထိုး တိုးတက်မှု (Boom)
ဖြစ်တယ်။ တချိန်တည်းမှာ သမဝါယမလို အသေးစား ငွေချေးဌာန Savings and Loans တွေ Boom ဖြစ်တယ်။ ထုံးစံအတိုင်း Boom ဖြစ်တော့ အလွန်အကျွံတွေ၊ ပြုန်းတီးမှုတွေ ပါလာတာပေါ့။ Boom ဖြစ်ရင် ပူဖေါင်းကွဲသလို Bust ဆိုတာ လာတာပဲ။ သမ္မတ ရီကင်ပြီးတော့ ပထမ ဂျော့ဘုရှ် (၄၁) က သမ္မတဖြစ်တော့ ရီပတ်ဘလီကင် ဆိုတော့ အရင်းရှင်ဆန်ဆန် ငွေချေးဌာနတွေကို ကိုင်တွယ်တာပေါ့။
Resolution Trust Corporation (RTC) ဆိုပြီး ကွန်ကရက်က ငွေမတည်ပြီး ထောင်ပေးလိုက်တယ်။ အသေးစိပ် ကတော့ အတော် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လွယ်လွယ်ပြောရရင် မှန်မှန်ကန်ကန်လုပ်ပြီး ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတွေကို ထားခဲ့တယ်။ မနိုင်မနင်း ပြဿနာတက်နေတဲ့ အဖွဲ့အစည်းတွေကို ရွေးပြီး ဘဏ်ကြီးတွေကို
ရောင်းပစ်လိုက်တယ်။ အစိုးရက အစိုးရ အာဏာနဲ့ မကောင်းသူပယ်၊ ကောင်းသူကယ် လုပ်ပစ်လိုက်တာပဲ။ အဲရီဇိုးနားပြည်နယ်က နာမည်ကျော် ကီးတင် (Keating) ဆိုရင် ထောင်ကျသွားတယ်။ ဒီကဏ္ဍမှာရှိနေတဲ့ သူတွေ ကတော့ (ငရဲ) ပေါ့။ အလုပ်ပြုတ်သူပြုတ်၊ ဘဝပျက်သူပျက်ကြပေါ့။ ဒါပေမယ့် ပြဿနာက ဒီလို မလုပ်ရင်လည်း တခြားစီးပွားရေး ကဏ္ဍတွေကို ကူးစက်တော့မှာကိုး။ ပြီးတော့ (RTC) ကိုဖျက်ပြီး တခြား အစိုးရဌာနက ဆက်တာဝန် ယူသွားရတယ်။ ဒါကြောင့် ကလင်တန်တက်ကာစမှာ  စီးပွားရေးပြန် ဦးမော့လာတာ။
အဆောက်အဦး ကဏ္ဍ (Real Estate) မှာလည်း Bust ဖြစ်တော့ ဈေးတွေကျ။ ဆောက်လုပ်သူတွေ ဒုက္ခရောက်၊ ဘဏ်တွေ အကျပ်အတည်း ဖြစ်ကြပေါ့၊ ထုံးစံအတိုင်း ဗဟိုဘဏ်က အတိုးလျော့၊ အစိုးရက အခွန်လျော့ပြီး ဈေးကွက် မှာ ငွေလည်ပတ်မှု Liquidity ရှိအောင် အစိုးရက ဝင်ထိန်းပေးပြီး ဈေးကွက်ကပဲ အပိုအလျှံတွေကို ရှင်းထုတ်ပြီး တခါရွက်သစ်တွေပေါက်၊ ရွက်ဟောင်းတွေကြွေပေါ့။ ဒီဒုက္ခ ပင်လယ်ထဲမှာ နဖူးကွဲသူကွဲ၊ ထိပ်ပေါက်သူပေါက်ပေါ့။
မရက်စက်ရင် ဘာဖြစ်မှာလဲ
အမေရိကားမှာ အဆောက်အဦး တိုးပွားမှု Real Estate Boom ဖြစ်တဲ့အချိန် ၁၉၈ဝ ခုနှစ်တွေမှာ ဂျပန်မှာလည်း အဆောက်အဦတိုးပွားမှု Real Estate Boom ဖြစ်တယ်။ ဂျပန်စနစ်က အပြင်လူ မဝင်ရအောင် အချင်းချင်းရဲ့စတော့ (Stocks) တွေကို ပိုင်ဆိုင်ထားကြတယ်။ Cross Ownership လို့ ခေါ်ပါတယ်။ အာရှသားတွေရဲ့ အကျင့်အရ  အားနာတာ ၊ မျက်နှာနာတာ ပါတယ်။ ဂျပန်စနစ်က ဘဏ်ကိုမှီပြီး အုပ်စုလိုက် တည်ဆောက်ကြတယ်။

ပြည်သူတွေတောင်းဆိုနေသော ဒီမိုကရေစီ စနစ်ဆိုတာ..


ယနေ့ကမ္ဘာကြီးတွင် လွန်ခဲ့သောရာစုနှစ်များစွာက ကျင့်သုံးခဲ့သော ပဒေသရာဇ် စနစ်များ မှေးမှိန် ပျောက်ကွယ် ပြီးနောက် ပြည်သူအများစုက အုပ်ချုပ်သည့် ဒီမိုရေစီ စနစ်ကျင့်သုံးသောနိုင်ငံများအဖြစ်တဖြည်းဖြည်းပြောင်းလဲ ကျင့်သုံးမှုများတိုးတက်များပြား လာခြင်းနှင့်အတူ ယင်းဒီမိုရေစီစနစ်(သို့မဟုတ်) ဒီမိုကရေစီ ဝေါဟာရ စကားလုံး သည် ပြည်သူလူထုအကြားအသုံးများသောစကား လုံးများအဖြစ် လူသိများထင်ပေါ်လာခဲ့သည်။
ကမ္ဘာကြီးတွင် ရာစုနှစ်ပေါင်းများစွာ ပဒေသရာဇ်စနစ်များ လွှမ်းခြုံကြီးစိုးခဲ့ပြီးနောက် ဒီမိုကရေစီစနစ်၊ ကွန်မြူနစ် စနစ်၊ ဆိုရှယ်လစ်စနစ် စသည့်ဝါဒစနစ်များ လူသိများထင်ရှားလာပြီး ယနေ့ခေတ်တွင် ဒီမိုကရေစီစနစ် သည် အကျယ်ပြန့်ဆုံးသော စနစ်ဖြစ်လာကာ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်နေသောနိုင်ငံများ၊ ခြေလှမ်းပြင်ဆင် နေ သောနိုင်ငံများသည်ပင်ရှိလာပြီဖြစ်ရာ မြန်မာနိုင်ငံသည်ပင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆီသို့ ဦးတည် လျှောက်လှမ်းနေသောနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေ ပေသည်။
မြန်မာနိုင်ငံသည်လည်း ရှေးယခင်ရာစုနှစ်များက သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်များ ဖြန့်ကြက်ကြီးစိုးခဲ့ပြီးနောက် ၁၈၈၅ခုနှစ် တွင်အင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့ပြီး ကိုလိုနီစနစ်အောက်ရောက်ရှိခဲ့ရသည်။ ၁၉၄၈ အင်္ဂလိပ် ခေတ် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း ပီပြင်သော၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံအဖြစ် ပီပြင် စွာဖော်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲမှေးမှိန်ပျောက်ကွယ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီဆိုသောဝေါဟာရကို ပြည်သူများပိုမို သိရှိလာပြီးနောက် ယနေ့နိုင်ငံတော် အစိုးရ လက်ထက်တွင် အများပြည်သူက လက်ခံကျင့်သုံးသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သို့ ပြောင်းလဲရန် ခြေဦးပြင်ဆင်နေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ဒီမိုကရေစီစနစ်(သို့မဟုတ်) ဒီမိုကရေစီဝါဒကို ပြည်သူများအနေဖြင့် ပိုမိုသိရှိရန် လိုအပ်လာပေပြီဖြစ်သည်။
ဒီမိုကရေစီစနစ်သည် ဂရိနိုင်ငံမှစတင် မွေးဖွားပေါ်ပေါက်လာပြီး ဂရိလို Demo Kratia ဟု ခေါ်ဆိုပြီး Demo သည် (People) ပြည်သူ Kratos သည် (Rule or Power) စည်းမျဉ်းဥပဒေ (သို့မဟုတ်) အုပ်ချုပ်ရေးအာဏာဟု အဓိပ္ပာယ် သတ်မှတ်နိုင်ပြီး ပြည်သူက အုပ်ချုပ်ခြင်း၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့အစိုးရဟုခေါ်ဆိုနိုင်သည်။ မည်သည့်ကိစ္စမဆို အများနှင့်သက်ဆိုင်သောကိစ္စဖြစ် သည်ကိုလည်းကောင်း၊ယင်းကိစ္စမျိုးကို မည်သို့ဆောင်ရွက် ထိုက်သည်ကိုလည်းကောင်း အဆုံးအဖြတ်ပြုနိုင်သောလုပ်ပိုင်ခွင့်သည် ပြည်သူအားလုံး၌ တည်ရှိနေသဖြင့် ပြည်သူလူထုကသာလျှင် ပြည်သူလူထုကို အစိုးရသောအုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ရှေးဂရိနိုင်ငံရေးနှင့် အတွေးအခေါ်ပညာရပ်မှ စတင်ပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည်။ “Democracy is the Gover-nment of the people, by the people and for the people” ဒီမိုကရေစီသည် ပြည်သူက အုပ်ချုပ်ခြင်းဖြစ်ပြီး ပြည်သူက ပြည်သူကို အုပ်ချုပ်ခြင်းဟု အေပရာဟင်လင်ကွန်းကဆိုခဲ့တာ။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။