Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

11/14/2011

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ

မနက်ဖြန် တနင်္လာနေ့မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း အေအက်ဖ်ပီ၊ အေပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား အရေအတွက် နဲပါးနေသည့်အပေါ် ဖော်ပြထားသော ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်ထုတ် The Wall Street Journal သတင်းစာ ဖြစ်ပါသည်။
ရန်ကုန်မြို့အပြင်ဘက် နယ်ဝေးထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တချို့ကို လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး အမှန်တကယ် ပေါ်ပေါက်လာဖို့ ဆိုရင် အစိုးရအနေနဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို တကြိမ်တည်းနဲ့ အပြီး လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မသက်သက်အောင်ရဲ့ မိခင် ဒေါ်စုစုကြည်ကတော့… သမ္မတဦးသိန်းစိန် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဓားစားခံလို မလုပ်ဘဲ အားလုံး လွှတ်ပေးမယ်ဆိုရင် အလွန် ဝမ်းမြောက်မိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ အစိုးရထုတ် သတင်းစာတွေမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နိုင်ငံတော်သမ္မတကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တင်ပြထားတဲ့ မေတ္တာရပ်ခံစာကို ဖော်ပြထားပါတယ်။

အရင်တကြိမ်ကလည်း လူ့အခွင့်အရေးကော်မရှင်ရဲ့ အခုလို မေတ္တာရပ်ခံစာ ထွက်ပေါ်လာပြီး နောက်တရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် အခု ထွက်ပေါ်လာတဲ့ မေတ္တာရပ်ခံစာအပေါ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက မျှော်လင့်နေကြပါတယ်။

နိုင်ငံရေ အကျဉ်းသားများနှင့် ပတ်သတ်သော တနင်္ဂနွေ စကားဝိုင်း

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ တိုးပွားလာနေတယ် ဆိုတဲ့သတင်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်လှမ်းမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။
PHOTO: AFP
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးနဲ့ အမေရိကန်အခြေစိုက် Burma Today အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ဖြစ်ပါတယ်။
တနင်္ဂနွေစကားဝိုင်း။  VOAသတင်းဌာနမှ ကူးယူဖော်ပြသည်။                                                                                                                                                                                                                                

ယနေ့ ပြုလုပ်ကျင်းပသော NLDပါတီ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ၏သတင်းစာ ရှင်းလင်းပွဲ ပြောကြားချက်များ

NlD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်မှ လွတ်မြောက်လာသော တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် NLDပါတီဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ Daw Aung San Suu Kyi Speech at today Press Conference Nov 14 2011 by ဒေါင်းမျိုးဆက် Daw Aung San Suu Kyi answered the questions at Press Conference Nov 14 2011 by ဒေါင်းမျိုးဆက် အသံဖိုင်များကိုhttp://niknayman-niknayman.blogspot.com/2011/11/blog-post_14.html မှကူးယူဖော်ပြသည်။။ ဒေါင်းမျိုးဆက်

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။