Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

2/06/2012

ဒေါ်စုခရီးစဉ်များကိုတက်နိုင်သည့်ဘက်မှ လူထုအင်းအားနည်းပါးအောင် ကြိုးပမ်းနေကြ....


ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင်  ဒေါ်အောင်ဆန်းစုကြည်  ပုသိမ်မြို့သို့ မဲအောင်နိုင်ရေး ခရီးစဉ်တွင် လူထုအင်အားလျော့နည်းစေရန် ကျောင်းများတွင် ပွဲတော်နှင့် စာမေးပွဲများ၊ ဘုရားစေတီတို့တွင် စတုဒီသာကျွေးမွေးခြင်း၊ နှစ်ကာလရှည်စွာထုတ်ပေးခြင်းမရှိခဲ့သည့် အိမ်ဂရန်ထုတ်ပေးရန် အိမ်ရှင်များအား အိမ်များတွင်စောင့်ဆိုင်းနေစေဖို့ နှိုးဆော်ခြင်း စသည့်နည်းများဖြင့် ပြုလုပ်နေကြောင်း ပုသိမ်မြို့ခံများက ပြောသည်။

ပုသိမ်မြို့မှ ၇ တန်းကျောင်းသူတဦးက “ လာမယ့်အင်္ဂါနေ့မှာ ပြည်ထောင်စုနေ့ အကြို အခြေခံပညာ ကျောင်းပေါင်းစုံ ပဒေသာကပွဲလုပ်မယ်၊ အားလုံးလာရမယ်၊ တော်ရုံတန်ရုံ နေမကောင်းလည်း ကျောင်းခန်းထဲလာထိုင်နေပါတဲ့၊ အင်မတန်နေမကောင်းမှ ခွင့်ယူလို့ရမယ်၊ နေမကောင်းတဲ့အကြောင်း ပြန်တက်တဲ့အခါ မိဘကိုပါခေါ်လာပြီး ဆေးစာယူလာရမယ် လို့ပြောထားတယ်” ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

တကောင်း မင်္ဂလာစေတီတော် ဘုရားတွင်လည်း စတုဒီသာ ပွဲကျင်းပမည့်အကြောင်း ကြေညာအသိပေးထားသည်။

အခြေခံပညာ ကျောင်းဆရာမ တဦးကလည်း ဆရာဆရာမများအနေဖြင့်လည်း ထိုနေ့တွင် ခွင့်မယူရ၊ ခွင့်ယူခဲ့ပါက မည်သည့်အကြောင်း၊ မည်သည့်နေရာရောက်ရှိနေခဲ့ကြောင်း ထုခြေလွှာတင်ရမည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။ ကျောင်းဆရာမတဦးက ယင်းနေ့တွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အကြိုပွဲကို ဗီဒီယိုမှတ်တမ်းတင်ထားကာ ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။

အလားတူ ဆယ်စုနှစ် ၃ ခုကျော် ဂရန်ထုတ်မပေးခဲ့သည့် ပုသိမ်မြို့ အမှတ် ၇ နှင့် ၁၂ ရပ်ကွက် (ကွက်သစ်) ရှိလူနေအိမ်များကိုလည်း ဂရန်ထုတ်ပေးမည်ဖြစ်၍ ယင်းနေ့နံနက် မိမိတို့၏ နေအိမ်တွင် စောင့်နေကြရန် ရပ်ကွက်တာဝန်ရှိသူတို့က အကြောင်းကြားထားသည်ဟု ရပ်ကွက်သားတဦးက ၀ိုင်ပီအိုင်သို့ ပြောသည်။

တကောင်းမင်္ဂလာစေတီတော်ကြီး ဘုရားတွင်လည်း ယခင်ကျင်းပလေ့မရှိသည့် ထမနဲထိုးပွဲနှင့် စတုဒီသာပွဲ ယင်းနေ့တွင် နံနက် ၈ နာရီမှ စတင်ကာ ကျင်းပမည်ဟု ကြေညာထားသည်ဟု ပုသိမ်မြို့ခံတဦးက ပြောသည်။ ထို့တူ ပုသိမ်ရပ်ကွက် ရုံးများတွင်လည်း ယင်းနေ့ နံနက် ၉နာရီ တွင်ပင်  မုန့်ဟင်းခါး ပိသာချိန် ၆၀၀ ကျွေးမည့်ဟု ကြေညာထားကြောင်းလည်း ယင်းမြို့ခံကပြောသည်။

ယခုကဲ့သို့ ကျောင်းများ၊ ရပ်ကွက်များတွင် ကပွဲကျင်းပခြင်း စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များ မပေါ်ထွက်မီ ရက်အနည်းငယ်က ပုသိမ်တက္ကသိုလ်မှ ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်လာမည့်နေ့တွင် စာမေးပွဲစစ်မည်ဟု ရုတ်တရက်ကြေညာခဲ့သည့် အဖြစ်လည်းကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သို့ နေ့ချင်းပြန် သွားရောက်မည့် ခရီးစဉ်အတွင်း မြို့လူထုအား စကားပြောဆိုမည့်နေရာအဖြစ် ၉ သိန်းအားကစားကွင်းအား ငှားရမ်းခွင့်ပြုထားပြီဖြစ်သည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီရုံးမှာ တာဝန်ရှိသူက ပြောဆိုသည်။ ယခင်ရက်ပိုင်းက ကျောက်တိုင်ကွင်းအား ငှားရမ်းခွင့်ပြုထားရာမှ နောက်ပိုင်းတွင် ၉ သိန်းအားကစားကွင်းအား ပြောင်းလဲစီစဉ်ထားသည်ဟု အန်အယ်လ်ဒီမှ ထုတ်ပြန်သည့် လက်ကမ်းကြော်ငြာများတွင် တွေ့ရှိရသည်။

ပုသိမ်မြို့ရှိ အထက်တန်းကျောင်း တကျောင်း

ယခင်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မဲအောင်နိုင်ရေး နယ်ခရီးစဉ်ဖြစ်သည့် ထားဝယ်ခရီးစဉ်အတွင်း မြို့ခံ လူပရိတ်သတ် သောင်းနှင့် သိန်းနှင့်ချီစုဝေး အားပေးခဲ့ကြသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဖြစ်သည် ဦးသိန်းအောင် ( နအဖ အစိုးရလက်ထက် သစ်တောရေးရာ ၀န်ကြီးဟောင်း) သည် လက်ရှိ အစိုးရအဖွဲ့ဝင်များအနက် သဘောထားဟောင်းရှိသူ၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူအဖြစ် နေပြည်တော် အစိုးရအရာရှိ အသိုင်းအ၀ိုင်းတွင် သိရှိယူဆထားကြကြောင်း လယ်ဆည် ၀န်ကြီးဋ္ဌာနမှ အရာရှိကြီးတဦးက ပြောသည်။    

Yangon Press International facebook စာမျက်နှာမှကူးယူဖော်ပြသည်။

ဗကသများနှင့်နှင့် လူငယ်အဖွဲ့ GWတို့ ပူးပေါင်းလုပ်ခဲ့ကြသော ''မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲ''

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်နှင့် ဘီဘီစီ အင်တာဗျုး

“နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်ပြီး ရပ်တည်ဖို့ မရပ်တည်ဖို့ ဆိုတဲ့ကိစ္စတွေက အဲဒီလို အခြေအနေ ရောက်ဖို့အထိဆိုလို့ရှိရင်တော့ ကာလတခု၊ အချိန်တခုတော့ ကျနော်တို့ယူကြရဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ထိတွေ့မှု၊ အပြန်အလှန် အကြံပြုမှုတွေ ဆက်ပြီးလုပ်သွားရလိမ့်ဦးမယ် …”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံအဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့် မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ …


ကိုအောင်မိုးဇော်။ ။ အဓိကကတော့ ဒီနေ့က ပထမဆုံးအကြိမ် တွေ့တာလေ။ ဟိုတုန်းကလည်း တွေ့ဖူးတာမဟုတ်ဘူး။ လူတော်တော်များများလည်း သိခဲ့ဖူးတာမဟုတ်ဘူး။ ပထမဦးဆုံးအကြိမ် တွေ့တဲ့အခါကျတော့ ကနေ့ တိုင်းပြည်အပေါ်မှာ ဖြစ်နေတဲ့ အမြင်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အလွတ်သဘောပေါ့၊ အမြင်ချင်းဖလှယ်တဲ့အဆင့် ဖြစ်ပါတယ်။ နောက်တခုက ရင်းနှီးမှုရအောင်၊ ယုံကြည်မှုရအောင် ဆွေးနွေးကြတဲ့သဘောပါပဲ။ တိတိကျကျ ဘာတွေ သဘောတူမယ်၊ ဘာတွေ သဘောမတူဘူး အဲလိုမဟုတ်ပါဘူး။ ကျနော်တို့ ယုံကြည်မှု ရင်းနှီးမှုကို စပြီးတော့ ရောက်ကြတဲ့အဆင့်လို့ ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ဟုတ်ကဲ့ရှင့်၊ အဲတော့ အဲလိုတွေ့တဲ့အခါမှာ ဦးအောင်မင်းတို့ဘက်ကရော ဘယ်လိုကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါသလဲရှင့်။

ကိုအောင်မိုးဇော်။ ။ ဒီနေ့တိုင်းပြည်ဖြစ်နေတဲ့ ကိစ္စတွေအပေါ်မှာ ဘယ်လိုဖြေရှင်းရင် ကောင်းမယ်၊ သူတို့အနေနဲ့ ဘာတွေကြိုးစားဆောင်ရွက်နေတယ်၊ အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်ကြရင်ကောင်းမယ် စသဖြင့်ပေါ့နော်၊ ကနေ့ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အဖြေဝိုင်းရှာကြဖို့ကို ဒါတွေကို တိုက်တွန်းပြောဆိုတဲ့ သဘောဖြစ်ပါတယ်။


LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။