Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

6/16/2012

ကွန်မြူနစ်ဆိုတာ....



ဒီတခါ “အတွေးအမြင်များကဏ္ဍ” မှာ “ကွန်မြူနစ်ဆိုတာ” လို့် ဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လူတိုင်းနားလည်အောင် ရှင်းထားတဲ့ စာလေးကို တင်ပေးထားပါတယ်။
ဒီစာကိုတော့ ကျနော် www.cpburma.org ဆိုတဲ့ စာမျက်နှာကို သွားလည်းရင်းနဲ့ အဲဒီနေရာကို သွားမလည်ဖြစ်သော သူငယ်ချင်းများအတွက် လေ့လာနိုင်အောင် ကူးယူ ဖော်ပြပေးလိုက်တာပါ။ ဗမာပြည် ကွန်မြူနစ်ပါတီဟာ တခေတ် တချိန်က ဗမာ့လူငယ် နိုင်ငံရေးသမားအပေါ်တွင် အတော်ကို သြဇာလွမ်းမိုးနိုင်ခဲ့တဲ့၊ ရေးပန်းစားခဲ့တဲ့ ပါတီတခု ဖြစ်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီအပြင် သုံးနှစ်တာ ကာလ (၁၉၄၅ မှ ၁၉၄၈ထိ) မှလွဲ၍ ပါတီတည်ထောင်ချိန် ၁၉၃၅ သြဂုတ်လ ၁၅ရက်မှ ယနေ့အချိန်အထိ မြေအောက်နိုင်ငံရေး ပါတီအဖြစ် ရပ်တည်လာခဲ့သော မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး နိုင်ငံရေးပါတီများထဲတွင် တခုအပါ အ၀င်လည်း ဖြစ်ပါတယ်။ မိမိတို့ ယုံကြည်ချက်ကို ခိုင်မာစွာ တည်ဆောက်ပြီး၊ ပန်းတိုင်ကို မဆုတ်မနစ် ကြံ့ကြံ့ခံ ချီတက်နေသော ပါတီလည်းဖြစ်ပါတယ်။
ဒါကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ “ကွန်မြူနစ်ဆိုတာ” ဆိုတဲ့ ရှင်းလင်းစာကို စာဖတ်သူများ မြည်းစမ်းရအောင် တင်ပေးလိုက်ပါတယ်။

“ကွန်မြူနစ်ဆိုတာ”

လေးနက်တဲ့ နိုင်ငံရေး အကြောင်းတွေ၊ နက်ရှိုင်းတဲ့ သဘောတရားရေး အကြောင်းအရာတွေ ပါတဲ့ သခင်သန်းထွန်းရဲ့ မိန့်ခွန်းတွေ၊ ဆောင်းပါးတွေ၊ အများအပြား ရှိပါတယ်။

လေ့လာဖူးကြ၊ ဖတ်မှတ် ဖူးကြသူတွေလဲ ရှိပါလိမ့်မယ်။ သခင်သန်းထွန်း မိန့်ခွန်းများထဲက တခုဖြစ်တဲ့ ‘ကွန်မြူနစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် သဘာပတိ မိန့်ခွန်း’ ထဲမှာ သခင်သန်းထွန်းက ‘ကွန်မြူနစ်’ တို့ အကြောင်းကို လူထု နားလည်းလွယ်အောင် ရိုးရိုးရှင်းရှင်း တင်ပြထားတာ တွေ့ရပါတယ်။

အဲဒီတင်ပြ ပြောဆိုချက်မှာ ဒီကနေ့အထိ မှန်ကန်နေဆဲ အချက်အလက်တွေနဲ့ ဒီကနေ့ ပြည်သူလူထုကြီး သိရှိ နားလည်ဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင် နေတယ်လို့ ယူဆလို့ အဲဒီ မိန့်ခွန်းထဲက ‘ကွန်မြူနစ် ဆိုတာ’ ခေါင်းစီးပါ နိဂုံးပိုင်ကို ပြည်လည်ဖေါ်ပြလိုက်ပါတယ်။

“ကွန်မြူနစ်ဆိုတာ”

ကွန်မြူနစ်တွေဟာ အခုအခါမှာ တာဝန်ကြီး။
အရင်တုန်းကလို အဖျက်သမား၊ အတင်း ပြောသမား၊ ဆန့်ကျင်ရေးသမားတွေ မဟုတ်တော့။ ဗမာပြည်ဟာ နိုင်ငံရေး သေနေပြီ။ အသက် ပြန်သွင်းနေတာ ကွန်မြူနစ်ပါတီပဲ။ အသက်သွင်းတဲ့အခါ ဂျပန်သူလျှိုတွေကို အသက် ပြန်မသွင်းမိဖို့ သတိထားရမယ်။ ဒီဟာ ကာကွယ်ဖို့ဟာ လူထုလုပ်ငန်းဘဲ။ ဒါကြောင့် ကွန်မြူနစ်တွေဟာ လူထုလုပ်ငန်း ကိုယ်စီ လုပ်ရမယ်။ လူထုလုပ်ငန်းကို ရိုးရိုးသားသား လုပ်တဲ့လူတွေကို ရဲရဲ တင်းတင်း ဆွဲသွင်းရမယ်။ ငါတို့ဟာ တိုင်းပြည်ကို ခေါင်းဆောင်နေပါလား ဆိုပြီး သိရမယ်။ ဂိုဏ်းခွဲကလေး မဟုတ်တော့ဘူဆိုတာ သိရမယ်။ လူထုရဲ့ တကယ်ပါတီကြီး ဖြစ်ရမယ်။ ဗမာပြည် နိုင်ငံရေးမှာ ကွန်မြူနစ်ပါတီဟာ လွတ်လွတ်လပ်လပ် ပေါ်လာတယ်။ အမှန်ကတော့ ဂျပန်လက်အောက် ဘယ်လောက် လုပ်ခဲ့ရတယ်ဆိုတာ သိကြမှာ မဟုတ်ဘူး။ ခုမှ ပေါ်တဲ့ ပါတီအသစ်လို့ ထင်တယ်။ ကွန်မြူနစ်နဲ့ ပတ်သတ်ပြီး အယူအဆ မှားနေတာတွေ ရှိချင်ရှိမယ်။ ဒါကြောင့် တိုင်းပြည်က ကွန်မြူနစ်တွေဟာ ဘယ်လိုလူတွေလဲ ဆိုတာ သိဖို့ လိုတယ်။ ကျုပ် အတိအလင်း ပြောမယ်။

ကွန်မြူနစ်တွေဟာ ဘာသာတရားကို ဖျက်ဆီးသူ ပုတ်ခတ်သူများ မဟုတ်၊ လူတိုင်းမှာ ကြိုက်တဲ့ ဘာသာ အယူဝါဒ ရှိနိုင်လို့သာ ကိုယ်ကြိုက်တဲ့ အယူ ယူခြင်းသာ ဖြစ်တယ်။ သူများ အယူဝါဒကို မနှောင့်ရှက်။
ကွန် မြူ နစ် တို့ သည် သူ များ ဆဲ၊ အ တင်း ပြော သူ များ မ ဟု တ်၊ သူ များ ၏ အ လုပ် ကို ဝေ ဖန် ၍ ကိုယ့်ကိုကိုယ်လည်း ဝေဖန်သူများ ဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ သပိတ်မှောက်ဖို့ မလုပ်၊ စီးပွားတိုးတက်ဖို့သာ လုပ်တယ်။
ကွန်မြူနစ်တို့ဟာ ကိုယ်ကြီးစိုးဖို့ မလိုလား၊ ပြည်သူအကျိုးကိုသာ အဓိကထား၍ လုပ်တယ်။
ကွန်မြူနစ်တို့ဟာ စိတ်နောက်ကိုယ်ပါ လုပ်သူများ မဟုတ်၊ အကျိုး အကြောင်းနှင့် လုပ်သူများ ဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ အလွန်အကျွံ ၀ါဒသမားများ မဟုတ်၊ တကယ့်အခြေအနေနှင့် ဖြစ်နိုင်သည်ကိုသာ လုပ်သူဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ စိတ်မနိုင်သူများမဟုတ်၊ ငလျင်တွေ မုန်တိုင်းတွေ အကြားမှာပင် ရပ်တည်နိုင်သူတို့ ဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ အဖျက်သမားများ မဟုတ်၊ ပြာထဲ အမှိုက်ပုံထဲက နေပြီး အသစ် ထူထောင်နေသူများ ဖြစ်တယ်။
ကွန်မြူနစ်တွေဟာ သွေးစိမ်း သောက်ချင်တဲ့ လူတွေ မဟုတ်၊ ညီရင်းအစ်ကို ချစ်ခင်မှုကို လိုလားတယ်။
ကွန်မြူနစ်တို့ဟာ သည်းညည်းမခံ၊ ဆတ်ဆတ်ကြဲများ မဟုတ်၊ လိုက်လိုက် လျောလျောနဲ့ ဇွဲရှိသူများ ဖြစ်တယ်။
ကွန်မြူနစ်တို့သည် စာအုပ်ကြီးအတိုင်း လုပ်သူများမဟုတ်၊ အခြေအနေနှင့် ဆီလျော်အောင် လုပ်သူများဖြစ်တယ်။
“တော်လှန်ရေးကို ကလေး ကစားစရာလို သဘောထား၊ လက်ဖက်ရည်ကြမ်းဝိုင်း တောင်စဉ်ရေးမရ ပြောသလိုမလုပ်၊ တော်လှန်ရေးကို လုပ်သင့်မှလုပ်မယ်။ မလုပ်သင့်ရင် လုပ်ကို မလုပ်ဘူး။ ပြောကိုမပြောဘူး။ တိုင်းပြည် အကျိုးသာ အဓိကပဲ။
ရဲဘော်တို့ …
ငါတို့လုပ်ငန်းဟာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေးလို့ ပြောပြီးပြီ။
ငါတို့ လက်ငင်း လိုလားချက်ဟာ အမျိုးသား အစိုးရဖြစ်တယ်။

ကမ္ဘာအရပ်ရပ်ရှိ ကွန်မြူနစ်တို့ ဘယ်ကဲ့သို့ သဘောထားတယ်၊ ငါတို့ ဘယ်ကဲ့သို့ သဘော ထားအပ်တယ်ကိုလဲ ပြောပြီးပြီ။ အရင်က ကွန်မြူနစ်များ လမ်းမှန်လိုက်လို့ ပြည်သူပြည်သားများ အောင်ပွဲဝင်ခဲ့ပြီ။ ငါတို့ ပြည်သူ ပြည်သားများ အောင်ပွဲဝင်ရန် ကွန်မြူနစ်တွေ လမ်းမှန်ကို ထပ်ကြအုံး … ။
၂၀၊ ၇၊ ၁၉၄၅
ᨊᨊᨊᨊᨊᨊ

6/15/2012

ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် ကျန်းမာရေးထိခိုက်မှုဖြစ်



ဆွစ်ဇာလန် နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ကျန်းမာရေး ထိခိုက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။ ဆွစ်ဇာလန် နိုင်ငံခြားရေး ၀န်ကြီး Didier Burkhalter နှင့် ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ အတွင်း မူးဝေပြီး နေထိုင်မကောင်းဖြစ်၍ ယင်းပွဲကိုရပ်ဆိုင်းလိုက်ရကြောင်း သတင်းများက ဆိုသည်။ ထို့ကြောင့် ဆွစ် ဇာလန် သမ္မတ Eveline Widmier-Schlumpf က ဖိတ်ကြားထားသော ညစာ စားပွဲ တက်ရောက်ရန် အစီအစဉ်ကိုလည်း ဖျက် လိုက်ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဂျနီဗာ မြို့တွင် ကျင်းပသည့် ILO ညီလာခံတွင်လည်း မိန့်ခွန်း ပြောကြား သေးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်က စတင်ပြီး ဥရောပ ခရီးစဉ်ထွက်ခွာလာခြင်း ဖြစ်သည်။

ယခု အခြေအနေနဲ့ ပတ်သတ်ပြီးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ ထုတ်ပြန်ကြေညာချက်


6/10/2012

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသောပဋိပက္ခများအပေါ် ထုတ်ပြန်ကြေညာချက်


DPNS Statement on Recent Conflicts in Arakan State

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂
၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

အရေးပေါ်အခြေအနေကြေငြာခြင်း။

၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။

၂။ သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

၃။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

၎။ ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ

မဟာမြိုင်ဗော်ဓိဆရာတော်ရဲ့ အမျိုးသားရေး ကဗျာနှစ်ပုဒ်



6/07/2012

မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ငွေကြေးသုံးစွဲမှုနှင့် ထုတ်ဝေပုံ

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။

နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊  ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။

ငါးထောင်ကျပ်တန် ထုတ်ဝေစဉ်က သတင်းထုတ်ပြန်ပြီး တစ်ရက်တာ အချိန်အတွင်း၌သာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ကာလတို ဈေးကွက်မှာ တစ်ရက်အလွန်ကာလ၌ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်ခဲ့ကြောင်း၊ ရေရှည်ဈေးကွက် အလားအလာနှင့် အချို့ဈေးကစားသူများ၏ နည်းစနစ်များကို ခန့်မှန်းတတ်သည့်နောက် ထင်သလို မဖြစ်ခဲ့ပဲ ဈေးကွက်လှုပ်ရှားမှုမှာ တစ်ရက်သာ ခံခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။

မြန်မာငွေကျပ် ရာဇ၀င်အချို့

မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။


histofkyat

လူမျိုးရေး ပြဿနာကို စုံစမ်းမည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ(အမှတ်၊ ၄၃/၂၀၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ရက်
(၂၀၁၂ ခုနှစ်၊ ဇွန်လ ရက်)
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း
၁။      နိုင်ငံတော် အနေဖြင့် ဒီမိုကရေစီ လူ့ဘောင်သစ်သို့ ရောက်ရှိစေရန် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် ပေးနေသကဲ့သို့ နိုင်ငံသားများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်ကို လေးစား လိုက်နာရေး အတွက်ကိုလည်း အဆင့်ဆင့် လေ့ကျင့်ပေးလျက် ရှိပါသည်။
၂။      ရခိုင်ပြည်နယ် အတွင်း၌ ၂၀၁၂ ခုနှစ်၊ မေလနှင့် ဇွန်လအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေသည့် လူစုလူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပ​ဒေမဲ့ ပြုမူ ဆောင်ရွက်မှုများ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များ အပေါ် ဖြစ်ရပ်အမှန် ဖော်ထုတ် နိုင်ရေးနှင့် ဥပဒေနှင့် အညီ အရေးယူနိုင်ရေး တို့အတွက် အောက်ဖော်ပြပါ အဖွဲ့ဝင်များ ပါဝင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်လိုက်သည်-

(က)
ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဥက္ကဌ


ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန


()
ရဲမှူးချုပ်ဇော်ဝင်း
ဒုတိယဥက္ကဌ


ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့


()
ဦးစံရွှေမောင်
အဖွဲ့ဝင်


ပြည်နယ်ဥပဒေအရာရှိ၊ ရခိုင်ပြည်နယ်


()
ရဲမှူးကြီး မျိုးဆွေဝင်း
အဖွဲ့ဝင်


ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်


()
ဦးကျော်ခင်
အဖွဲ့ဝင်


ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ်ထောင်အုပ်စုမှူး


()
ဦးအောင်မျိုးကျော်
အဖွဲ့ဝင်


ဒုတိယညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန


()
ဦးလင်းကိုကို
အဖွဲ့ဝင်


ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင်


()
ဦးရန်လင်းအောင်
အဖွဲ့ဝင်


ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ဖြူခရိုင်


()
ဦးဦးထွန်းဝေ
အဖွဲ့ဝင်


ခရိုင်အုပ်ချုပ်ရေးမှူး၊ သံတွဲခရိုင်


()
ဒုတိယရဲမှူးကြီးဆန်းလွင်
အဖွဲ့ဝင်


ခရိုင်ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင်


()
ဒုတိယရဲမှူးကြီးစံရွှေမောင်
အဖွဲ့ဝင်


ခရိုင်ရဲတပ်ဖွဲ့မှူး၊ ကျောက်ဖြူခရိုင်


()
ဒုတိယရဲမှူးကြီးကျော်တင့်
အဖွဲ့ဝင်


ခရိုင်ရဲတပ်ဖွဲ့မှူး၊ သံတွဲခရိုင်


()
ဦးခင်မောင်လှ
အဖွဲ့ဝင်


ခရိုင်ဥပဒေအရာရှိ၊ စစ်တွေခရိုင်


()
ဦးစောမြ
အဖွဲ့ဝင်


ခရိုင်ဥပဒေအရာရှိ၊ ကျောက်ဖြူခရိုင်


()
ဒေါ်လှကြည်
အဖွဲ့ဝင်


ခရိုင်ဥပဒေအရာရှိ၊ သံတွဲခရိုင်


()
ဦးဇော်သိန်း
အတွင်းရေးမှူး


ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ်

၃။        စုံစမ်းစစ်ဆေးရေး အဖွဲ့သည် အောက်ဖော်ပြပါ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အဖြစ်မှန် စုံစမ်း ဖော်ထုတ်ရန် ဖြစ်သည်-

(က)
မှုခင်းဖြစ်ပွားရသည့်အကြောင်းရင်း၊

()
အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊

()
အုပ်စုဖွဲ့ကျူးလွန်သူများအား ဦးဆောင်သူများ၊

()
ပြစ်မှုကျူးလွန်သူများ၊

()
အခင်းမဖြစ်ပွားမီနှင့် ဖြစ်ပွား​ပြီးနောက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေ၊

()
စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ထင်မြင်ယူဆချက်၊

()
စုံစမ်းစစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်နှင့် အကြံပြုချက်။
၄။      စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး အတွက် လိုအပ်သော စုံစမ်း စစ်ဆေး မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေ တို့နှင်အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ခုနှစ်၊ ဇွန်လ (၃၀) ရက် နောက်ဆုံးထား၍ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်တင်ပြ အစီရင်ခံရမည်။



အမိန့်အရ





(တင်မျိုးကြည်)




အတွင်းရေးမှူး




ပြည်ထောင်စုအစိုးရအဖွဲ့

ဝန်ကြီးနှစ်ဦး ကိုယ့်သဘောနဲ့ ကိုယ်နှုတ်ထွက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၄/၂၀၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ရက်
(၂၀၁၂ ခုနှစ်၊ ဇွန်လ ရက်)
ဒုတိယ၀န်ကြီးအဖွဲ့၀င်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ () နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆၈၊ ပုဒ်မခွဲ () တို့အရ အောက်ပါ ဒုတိယ ၀န်ကြီးများအား မိမိ သဘော ဆန္ဒ အလျောက် ဒုတိယ၀န်ကြီး ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။
()       ဦးတင့်လွင်         ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း၀န်ကြီးဌာန
()       ဦးစိုးအောင်        စွမ်းအင်၀န်ကြီးဌာန
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



သတင်းအစစ်အမှန်က ဒီနေရာ မှာပါ။

ငွေတွေ ပလူပျံအောင် သုံးစွဲရတော့မှာပါလား....

                                                     မျက်နှာဘက်

ကျောဘက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ရက်
သတင်းကြေညာချက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်​ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။
ငွေစက္ကူ အသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
တစ်သောင်းကျပ်တန် ငွေစက္ကူ
အရွယ်အစား
၁၅× စင်တီမီတာ
ပေါ်လွင်သောအရောင်
အပြာရောင်
မျက်နှာစာဘက်
ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ် ထားပါသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။
ကျောဘက်
ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားပါသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ15x7စင်တီမီတာရှိပြီးလက်ရှိ
သုံးစွဲနေသောကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစား
တူညီသည်။
  

6/06/2012

ရိုဟင်ဂျာအရေး ကိုမြအေးနှင့်တွေ့ဆုံခြင်း...



မြို့တော်ခမ်းမရှေ့ မွတ်ဆလင်တချို့ဆန္ဒပြနေစဉ် ကိုမြအေး ရောက်ရှိခိုက်

Messenger Journal က ၈၈မျိုးဆက်ကျောင်းသားကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။

မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။

6/05/2012

၃၈နှစ်မြောက် အလုပ်သမားဇွန်ခြောက်ရက်နေ့ လှုပ်ရှားမှုနှင့် ၇၄၊၇၅၊၇၆အလုပ်သမားကျောင်းသားလှုပ်ရှားမှုအထိမ်းအမှတ်ပွဲသို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပေးပို့ချက်

Felicitation Letter to Memorial Ceremony of 74 Labor Strike


ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့သော.လူအခွင့်အရေးချိုးဖောက်မှုအပေါ် အမြင်

 ကိုကိုကြီး*(၈၈ကျောင်းသား)*
" ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း၊ ဘာသာအချင်းချင်း၊ မျိုးနွယ်စုအချင်းချင်း ဖြစ်တဲ့ပဋိပက္ခတွေကို အတတ်နိုင်ဆုံး မေတ္တာတရား ရှေ့ထားပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းညင်းခံပြီးတော့ ချဉ်းကပ်ကြဖို့ ကျွန်တော်တို့ ဒီလက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေကို ပိုပြီးအရှိန်အဟုန် ကောင်းလာအောင် ကြိုးစားကြဖို့နဲ့ လမ်းကြောင်းလွဲမသွားအောင် ဝိုင်းပြီးကရုစိုက်ကြဖို့ အဲတာကို ကျွန်တော်တို့ အဓိက အလေးအနက်ထားပြီးတော့ တိုက်တွန်းချင်တာပါ။ အဲတော့ ကျွန်တော်တို့ နိုင်ငံသား၊ အရပ်သားချင်းဖြစ်တဲ့ ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရပြီ ဆိုရင်လည်း မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို တာဝန်ရှိတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ခံယူပြီးတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ကြီးထွားမလာအောင် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီကြေညာချက်ကို ကျွန်တော်တို့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်"

 ကိုမင်းကိုနိုင်*(၈၈ကျောင်းသား)*
''ဒီတစ်ခါအရေးဟာစိတ်ပူစရာကိစ္စတစ်ခုဖြစ်ကြောင်း.ဘာသာရေးခေါင်းဆောင်တွေကလဲ ဝင်ရပ်ဖို့ ဝင်ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း လူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေဟာ ဒီမြေမှာမရှိသင့်ဘူး..လူမျိုးဘာသာကွဲတာရှိနေပေ့မယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဒီမြေပေါ်မှာနှစ်ပေါင်းများစွာကြာလှပြီ။
ခုတော့ လူများစုကြောင့် လူနည်းစုမှာစိုးရိမ်ကြောင့်ကြမှုတွေခံစားနေရတယ်။ဘယ်လိုအကြောင်းမျိုးမျိုးကြောင့်ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေထပ်သေဆုံးတာမျိုး မဖြစ်သင့်တော့တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြမယ်။အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့လဲ လုပ်ဆောင်ကြမယ်လို့ပြောခဲ့ပါတယ်။''

6/04/2012

၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)


စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသောပဋိပက္ခများနှင့်ပတ်သက်၍၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

                                                                           ၈၈ မျိုးဆက်ကျောင်းသားများ

ဒေါ်စုကိုတော့ အထင်မလွှဲကြပါနဲ့....အစိုးရလှည့်ကွက်တွေပါ....

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို..
 World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သိရှိရသည်...။ 
အဆိုပါ သတိပေး အကြောင်းကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ၃၁ရက်နေ့က မဟာချိုင်သို့ ဒုတိယအကြိမ် သွားရောက်အပြီး ယခုကဲ့သို့ ဖိအားပေး အကြောင်းကြား ခဲ့တာဖြစ်တယ်လို့ ဆိုပါသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှ သွားရောက် တွေ့ဆုံခဲ့ခြင်း၊ ထိုင်း ဒုတိယဝန်ကြီးချုပ်မှ လက်ခံတွေ့ဆုံခဲ့ခြင်း၊ မဟာချိုင်သို့ ဒုတိယနေ့ သွားရောက်စဉ် ထိုင်းအလုပ်သမားရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ခြင်း စသည်တို့၏ နောက်ဆက်တွဲအဖြစ် မြန်မာအစိုးရမှ မေလ(၃၁)ရက်နေ့က ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံသို့ သတိပေး အကြောင်းကြား ခဲ့သည်ဟု သိရှိရသည်..။ 
မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနအား နိုင်ငံတော်အဆင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် မဟုတ်သည့်အတွက် လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်..။ ကနဦး အစီအစဉ်များထဲ၌ ထိုင်းဝန်ကြီးချုပ် ယင်လတ်မှ ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် အစီအစဉ် ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
 ယနေ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆောက် ခရီးစဉ်၌ မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်အပြင် ကနဦး စီစဉ်ထားသည့် မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ၊ နယ်စပ်ရှိ တိုင်းရင်းသား အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ရခြင်းမှာ အထက်ပါ အကြောင်းအရာများနဲ့ ဆက်စပ်နေမလားပဲ။ 
ယနေ့ မဲဆောက် ခရီးစဉ်ဟာ ကျတော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ချက် ဘောင်အတွင်းမှ လှုပ်ရှား သွားလာခဲ့ရသည့် အနေအထားမျိုး ဖြစ်နေကြောင်း သုံးသပ်မိသည်.. 
ဒီမိုဝေယံ ဘလော့မှ ကူးယူဖော်ပြသည်။

နွားမင်းဆွေရဲ့ နောက်ခံအကြောင်း

<a title="View နွားမင်းဆွေ on Scribd" href="http://www.scribd.com/doc/44480418" style="margin: 12px auto 6px auto; font-family: Helvetica,Arial,Sans-serif; font-style: normal; font-variant: normal; font-weight: normal; font-size: 14px; line-height: normal; font-size-adjust: none; font-stretch: normal; -x-system-font: none; display: block; text-decoration: underline;">နွားမင်းဆွေ</a><iframe class="scribd_iframe_embed" src="http://www.scribd.com/embeds/44480418/content?start_page=1&view_mode=list" data-auto-height="true" data-aspect-ratio="" scrolling="no" id="doc_12169" width="100%" height="600" frameborder="0"></iframe>

ဖားမင်းဆွေခေါ် နွားမင်းဆွေရဲ့ အရူးတစ်ယောက်လိုလုပ်ကွက်

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာသည့် ပေးစာ တစောင်မှာ (၃.၆.၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်းမီးပွိုင့်တွင် ဖားပြုတ်မျက်နှာနှင့် လူတစ်ယောက် စာများ လိုက်ဝေနေပါသည်။ ယခုစာအား ပေးပို့လာသူမှာ ထိုစာကို ဖတ်ပြီးသည့် အချိန်မှ စပြီး ခုချိန်ထိအောင် စာအဆိပ်သင့် ဖြစ်နေရတယ်လို့ ရေးသားလာပါတယ်..) ထိုစာသည် ငါးမင်းဆွေ (ဒေ၀ဒတ်လက်သစ်) ရေးသားထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စိန်ခေါ် ပုတ်ခတ်ထားသည့် စာဖြစ်တယ်လို့ ဆိုပါတယ်..။

စာပါ အကြောင်းအရတွေ ကတော့  ပြီးခဲ့တဲ့ World Economic Forumမှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များအား ဝေဖန် ပြောဆိုချက်များ ပါဝင်ပြီး။ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံဆွေးနွေးလိုကြောင်း ရေးသားဖော်ပြ ထားပြီး ဇူလိုင်လ(၂၁)ရက်နေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိပါက အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြမယ်လို့ ဆိုပါတယ်..။

ငါးမင်းဆွေ(ခ) နွားမင်းဆွေရဲ့ အထက်ပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အသရေ ဖျက်စာများ လူထုကြားထဲမှာ လိုက်လံ ဝေငှနေမှုများအား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူခြင်း မသိကျိုးကျွန် လျစ်လျှူရှု ပြုနေခြင်းဟာ စဉ်းစားစရာ အချက်ဖြစ်နေပြီး နောက်ကွယ်မှ အဖွဲ့အစည်းတခုခုမှ  ထောက်ခံအားပေး နေသည်အလား ထင်မှတ်ရပေသည်။ ယခုကဲ့သို့ ငါးမင်းဆွေ၏ လုပ်ရပ်သည်  ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နေပါသည်ဆိုသည့် လက်ရှိအစိုးရအားလည်း ထင်ယောင်ထင်မှား ဖြစ်စေမည့် သိက္ခာကျစရာ လုပ်ရပ် ဖြစ်နေပေသည်..။ ပြီးခဲ့တဲ့ နှစ်များကလည်း ဂျာနယ်တစောင်မှ ၎င်းအား တုံ့ပြန်ရေးသားမှုနှင့် ပတ်သက်ပြီး တောင်းပန်ခြင်း မရှိပါက အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေငြာချက် ထုတ်ခဲ့ဘူးသည်...။

ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ သရုပ်မှန်အား ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2010/12/blog-post_9141.html


LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။