Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/01/2011

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် သမ္မတဦး(ဗိုလ်) သိန်းစိန် တွေ့ဆုံခဲ့

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ ယနေ့နံနက် ၁၀ နာရီခန့်က သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြောင်း သတင်းရသည်။

သမ္မတ ဦးသိန်းစိန်၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအပါအ၀င် ၀န်ကြီးများတက်ရောက်ခဲ့ ကြပြီး ဟီလာရီကလင်တန်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်နှင့် အမေရိကန် လက်ထောနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပိုစနာ အပါအ၀င် ကိုယ်စားလှယ်များ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ယနေ့ နေ့လည် ၂ နာရီတွင် မစ္စ ဟီလာရီကလင်တန်သည် ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို သင်္ဂဟဟိုတယ် တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

မစ္စ ဟီလာရီကလင်တန်သည် သမ္မတ အိမ်တော်၌ နေ့လယ်စာစားပြီး မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် နာယက
ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံမည် ဖြစ်သည်။

ထို့နောက် ယနေ့ညနေတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည် ဖြစ်ကာ ပထမဆုံး ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ပြီးမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ညစာစားမည်ဖြစ်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် မစ္စ ဟီလာရီကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပိုင်းနှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းတလျှောက် အစိုးရ၏ လုံခြုံရေးတပ်များ ထူထပ်စွာ ချထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောသည်။

“ဓာတ်တိုင်တတိုင်ခြားစီမှာ စစ်သားတွေ နှစ်ယောက်တတွဲ ချထားတယ်၊ ကင်းပုန်းတွေလည်း အများကြီးပဲ” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့် ဘေးချင်းကပ်ခြံဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနပိုင် အမှတ် ၅၀ အိမ်ခြံဝန်း အတွင်းတွင်လည်း လုံခြုံရေး အပြည့်ချထားကြောင်း NLD အဖွဲ့ဝင်ကဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝန်းအတွင်း မစ္စဟီလာရီ ကလင်တန်၏ လုံခြုံရေးကို အမေရိကန်မရိန်းတပ်သားများက တာဝန် ယူထားကြောင်း သူက ဆိုသည်။

မစ္စ ကလင်တန်သည် တခြားသောနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ အဆက်ဆက် အသုံးပြုလာတဲ့ အလံများ

အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။နောက်ပိုင်းအိန္ဒိယလူမျိုးတွေရောက်လာတော့မှပဲသူတို့စကားတွေလဲ မြန်မာစာထဲ ရောလို့ ၀င်လာတော့ မဆလာ၊ အာလူး၊ ဂေါ်ဖီ၊ ပလာတာ စတာတွေနဲ့အတူ အလံဆိုတာလဲ အသုံးတွင်ကျယ်လာပါတယ်။  အစောဆုံး အလံ အနေနဲ့ ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ ကိုတွေ့မိပါတယ်။အစိမ်းရောင်အောက်ခံမှာ အဝါရောင် ဟသာင်္ရုပ်နဲ့အလံဟာ ဟံသာဝတီမင်းတွေလက်ထက်က အသုံးပြုခဲ့တယ်လို့ထင်ရပါတယ်။

ကုန်းဘောင်မင်းဆက်မှာ အသုံးပြုခဲ့တယ်လို့ သေသေချာချာ ပြောနိုင်တဲ့ အလံတစ်ခုကတော့ ဒေါင်းအလံပဲဖြစ်ပါတယ်။ ဒေါင်းအလံကို ပုံစံ အတော်များများနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခု ဒေါင်းအလံကတော့ မင်းခမ်းမင်းနားများမှာသုံးတဲ့ အဖြူရောင် ပိုးသားအောက်ခံမှာ အနီရောင် ချည်ထိုးဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။ တံခွန်ပုံစံ ကြက်လျှာ အနားသတ်မဟုတ်ပဲနဲ့ လေးထောင့်ပုံစံ အလံဖြစ်ပါတယ်။

အဲဒီကတည်းက စလို့ အမြီးဖြန့်ပြီးကနေတဲ့ ဒေါင်းဟာ မြန်မာ့အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဒေါင်းဟာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒေါင်းတံဆိပ် ဒင်္ဂါး၊ ဒေါင်းအလံ စသည်ဖြင့် ဘုရင်တို့ရဲ့ အမှတ်အသားကိုပြတဲ့နေရာမှာ ဒေါင်းရုပ်ကို အသုံးပြုလာပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလံဟာ ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ်ထားတဲ့ အလံ ဖြစ်လာခဲ့ပါတယ်။

ဒီ အပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ်နဲ့ ယူနီယံဂျက် အလံဟာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတဲ့အချိန်က စလို့ မြန်မာအစိုးရရဲ့ အလံအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ကလည်း ၃ ရောင်ချယ် ဒေါင်းအလံကိုပဲ အသုံးပြုခဲ့ပြန်ပါတယ်။

ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အနီအောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့်ပါတဲ့ တော်လှန်ရေးအလံကို အသုံးပြုလာပါတယ်။

ဂျပန် တော်လှန်ရေးပြီိးလို့ အင်္ဂလိပ် အစိုးရ ပြန်လာတဲ့အချိန်မှာတော့ ယူနီယံဂျက် ဒေါင်းအလံကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံတစ်ခု တီထွင် အသုံးပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပြည်နယ် ၅ ခုနဲ့ ပြည်မ၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ကြယ်ဖြူ ၆ ပွင့်နဲ့ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။

သမ္မတရဲ့ အမှတ်တံဆိပ် အနေနဲ့ကျတော့ လိမ္မော်ရောင် အောက်ခံမှာ ဒေါင်းတံဆိပ်ပါတဲ့ အလံကို အသုံးပြုတယ်လို့ တွေ့ရပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အလုပ်သမား၊ လယ်သမား အင်အားစု၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံဟာ အနီအောက်ခံနဲ့၊ ဘယ်ဖက် အပေါ်ထောင့်မှာ အပြာရောင်အောက်ခံ၊ စက်သွား၊ စပါးနှံနဲ့ အရွယ်အစားညီ ကြယ်ဖြူ ၁၄လုံးပုံစံ အဖြစ် ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။
အခုတော့ မြန်မာနိုင်ငံရဲ့ အလံအသစ်ဖြစ်တဲ့ သုံးရောင်ခြယ်ကြယ်အုပ်ထားတဲ့ အလံကို စတင်လွင့်တင်လိုက်ပါတယ်။
ကွန်မြူနစ်အကျဉ်းသားကြီး တစ်ယောက်ကတော့ သူထောင်ထဲမှာနေတုန်းက ဆိုရှယ်လစ်အလံဟာ သူနဲ့ အယူအဆတူတဲ့ အလံမဟုတ်တဲ့အတွက် အလေးမပြုနိုင်ဘူးလို့ပြောခဲ့ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဘယ်အလံကိုအလေးပြုရမှာလဲ။ ပြောကြပါဦး……….။

ဟီလာရီ ကလင်တန် လူဖြစ်ကျိုးနပ်ပြီ........ကုန်အောင်စားအုံးနော်......

နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်၏  ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအသောက်များကို ဖေါ်ပြလိုက်သည်။

တရုတ်အစားအစာ အများစုဖြစ်သော “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး ဟင်းချို၊ ထိုင်ဝမ် မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊ ပင်လယ်ခရုနှင့် ခရုဆီ၊ ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲကြော်၊ ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်
ကော်ဖီ” တို့ ဖြစ်သည်။

အထူးလေယာဉ်ဖြင့် ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို ဧဒင်စီးပွားရေး အုပ်စု ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ ဟိုတယ်မှ ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ
ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော် ဟိုတည်ဇုန်အတွင်း တည်ရှိ သည်။

အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ ဟိုတယ် စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။