Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/31/2011

မြို့တော်ခန်းမ အနီးတွင် ဗုံးတစ်လုံးတွေ့ရှိ

ရန်ကုန်မြို့၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမအဆောက်အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင်အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံးတွေ့ရှိခဲ့သည်။

ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းမကြီးကို ဆူးလေဘုရားထောင့်မှ စတင်၍ ယာဉ်သွားလာခွင့် ရပ်ဆိုင်းပြီး ယူနီဖောင်းဝတ် ရဲများက နေရာယူ ပိတ်ဆို့ထားခဲ့သည်။

ဗုံးတွေ့ရှိသည့် သတင်းနှင့် လမ်းပိတ်ဆို့ထားသည့် သတင်းကြောင့် သွားရောက်သတင်းယူသည့်
ပြည်တွင်းဂျာနယ်များမှ သတင်းသမားများကို ရဲအရာရှိအချို့က ဓါတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။“ဓါတ်ပုံမရိုက်ဖို့ လာပြောတယ်။ လုံခြုံရေးကိစ္စဖြစ်လို့ နားလည်ပေးဖို့ ဘာညာ ကောင်းကောင်းမွန်မွန်ပြောတာပါ။ နောက်ပိုင်းသတင်းထောက်တွေ တော်တော်လေးများလာတော့ အုပ်စုလိုက် ခပ်လှမ်းလှမ်းက ဓါတ်ပုံရိုက်တော့ လာမပြောတော့ဘူး။ ”ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ဗုံးတွေ့ရှိသည့် နေရာသည် သီးသန့် ယာဉ်ရပ်နားခွင့် ကတ်ထုတ်ပေးထားသည့် အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်ရပ်နားရာ နေရာအနီး ဖြစ်ပြီး ယူနီဖောင်းဝတ်ရဲများ အမြဲတစေ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။


သီးခြား တရားဝင် အတည်ပြုချက် မရသော်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် သတင်းထောက်များ၏ ပြောဆိုချက်အရ အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။
“ ၇ နာရီ ၅ မိနစ်လောက်မှာ “ဘုန်း” ဆိုပြီး အဲ့ဒီနေရာကပဲ အသံထွက်လာတယ်။ စောင့်နေတဲ့ လူတွေကော ရဲတွေကော အားလုံးဝိုင်းကြည့်ကြတယ်။ အထဲနဲ့ အဆက်အသွယ်ရှိတဲ့ တယောက်က လှမ်းမေးတော့ ဗုံးကို ဖောက်ခွဲပစ်မှ ရမှာမို့ ခွဲပစ်လိုက်ရတယ်ပြောတယ်။ အသံက တော်တော်လေးတော့ ကျယ်တယ်။ အဲ့အသံကြားပြီး သိပ်မကြာဘူး မြို့တော်ဝန်လဲ ပြန်သွားပြီလို့ သိရတယ်။” ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက်က ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အခြေစိုက်ရာ မြို့တော်ခန်းမအတွင်းသို့ ကိစ္စအသီးသီးဖြင့် ဝင်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) အထောက်အထားကတ်တခု ပြသရန်လိုပြီး အမျိုးသမီးလက်ကိုင်အိတ်အပါအဝင် မည်သည့် အိတ်မျိုးမှ ယူဆောင်ခွင့် မရှိသလို ရှာဖွေရေးစက်များကိုလဲ
ဖြတ်သန်းရသည်။
နောက်ဆက်တွဲ ထပ်မံကြားသိရသည့် သတင်းများအရ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် မြို့တော်ခန်းမအနီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံတခု ထပ်မံထွက်ပေါ်လာကြောင်း သိရပြီး မဟာဗန္ဓုလ လမ်းမအား ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေဝန်ကြီးတွေ့ဆုံ

ဒေါ်အောင်ဆန်ုးစုကြည်နဲ့ ဦးအောင်ကြည် ထပ်မံတွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာဧည့်ဂေဟာမှာ တစ်နာရီ နီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံပြန်တင်ရေးကိစ္စကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြန်ထွက်လာပြီးမှပဲ NLD အနေနဲ့ ဆုံးဖြတ်မယ်လို့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမတိုင်ခင်က ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အခု ပြန်ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြန်ပြင်ဆင်ပြီးတော့ ဥပဒေကြမ်းအဖြစ် အတည်ပြုထား ပြီးပါပြီ။ သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ ဥပဒေဖြစ်လာမှာပါ။
တွေ့ဆုံပွဲပြီးတဲ့နောက် ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ အရင်က ဆွေးနွေးခဲ့မှုတွေအပေါ် အစိုးရဘက်က ကူညီ ဆောင်ရွက်နေတဲ့ အခြေအနေ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ် ခွင့် ရရှိရေးနဲ့ ငွေကြေးလည်ပတ်သုံးစွဲခွင့်ရရှိရေး စတာတွေရဲ့ အရေးကြီးမှုအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြတယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ တိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေရဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် လို့ ဒီသတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နောက်ထပ်လည်း တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်ပြီးပြုလုပ်သွားကြဖို့ သဘောတူခဲ့ကြောင်းလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အရင် စစ်အစိုးရအချိန်အခါ၊ ဦးအောင်ကြည် ဆက်ဆံရေးဝန်ကြီး တာဝန်ယူချိန်က စပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ယခုအကြိမ်နဲ့ဆိုရင် ၁၃ ကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီးတော့ အခု အစိုးရသစ်လက်ထက်မှာ လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

10/28/2011

NLD ပါတီ မှတ်ပုံတင်ရေး မကြာမီ ဆုံးဖြတ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စကို လာမည့် သီတင်းပတ်အတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း NLD ခေါင်းဆောင်ဦးဝင်းတင်က ပြောသည်။

NLD ခေါင်းဆောင်တချို့ကို နိုင်ငံရေးအကျဉ်းသား များ၏ သားသမီးများအား ပညာရေးထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ဥပဒေက အတည်ပြုလိုက်ပြီ ဆိုပေမယ့် စီအီးစီ အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးမှ အဖြေထွက်လာမှာပါ။ NLD မှတ်ပုံတင်ရေး ကိစ္စဟာ အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သေချာ ဆွေးနွေးကြရဦးမှာပါ။ နောက်တပတ်အတွင်း အစည်းအဝေး အပြီးမှာ ဆုံးဖြတ်ချက်တခု ထွက်လာနိုင်ပါမှာ” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ယမန်နေ့က ကျင်းပခဲ့သော  ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုပေးခဲ့သည်။ ထိုဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲထားခြင်းကို ပြန်လည်ပြင်ဆင် ရေးဆွဲကာ လွှတ်တော် အသီးသီးမှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ကဗျာ ဆရာ ရဲ့ အိမ် အပြန်



စနေနေ့ ညကတဲ့

လှသန်း၊ ကြည်မောင်သန်း

နိမိတ်ထွန်းသန်း၊ စံသိုက်

လိပ်ပြာသန့်သန့်၊ ရန်မခ

မောင်သီးသန့် အားလုံးပြန်သွားပြီ...

ကြည့်မြင်တိုင်ကဆိုင်ကို မလာတော့ဘူး။

လေထန်ကုန်းကို ခြေဆုံကန်ပြီ။

ကျုပ်သိလိုက်တုန်းက

ဝါးဓနိတွေနဲ့ သားအမိတွေဆိုတာ

အဲဒါခင်ဗျား ခင်ဗျား

"စောက်ရမ်း စောက်ရမ်း" ခဏခဏပြောတဲ့လူ

ဆံရှည်ကိုယ်တော်

အဖေ့ဆီလာတုန်းတော့ ဆုံဖူးတာ ခဏခဏ

ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတက်တဲ့လူ..

ခင်ဗျားပြန်သွားပြီလား။

ကဗျာတွေကို ရေလည်ရေးရင်း

လ္ဘက်ရည်ဆိုင်က

မုဆိုးမ စစ်တမ်းထဲ

ခင်ဗျားထပ်တိုးလိုက်ပြန်ပေါ့။

ဖိုးရှုပ်လေး (ကြည်မောင်သန်းကွယ်လွန်ခြင်းအတွက်)

10/27/2011

မိုးသက်လေပြင်းများကြောင့်ပျက်ဆီးသွားသော ပုဂံဒေသရှိ စေတီပုထိုးများ ပြန်လည်ပြုပြင်ဖို့ စီစဉ်နေကြ

b30_19
မိုးကြောင့်ပျက်စီးသွားသော ဘုရား အမှတ် ၁၉၅၅ အား ပြုပြင်ရန် ရှင်းလင်းဆောင်ရွက်နေစဉ်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အောက်တိုဘာလ ၂၀ ရက်နေ့က စံချိန်တင် ရွာသွန်းခဲ့သောမိုးကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုးအဆောက်အအုံများ တံတိုင်းမြို့ရိုးများ ပျက်စီးမှုတချို့ရှိခဲ့ရာ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရန် ရှေးဟောင်းသုတေသနဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 ''ပုဂံဘုရားတွေက အုတ်တွေနဲ့ တည်ဆောက်ထားပြီး နှစ်ကလည်း ထောင်ချီကြာတော့ မိုးများတဲ့ဒဏ်ကို မခံနိုင်ဘူး။ ပြန်ပြီးပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့နေရာမှာလည်း အလွန်အရေးကြီးပါတယ်'' ဟု ရှေးဟောင်းဘုရားများ ပြုပြင်ထိန်းသိမ်းတည် ဆောက်ရေး လုပ်ငန်းများတွင် အတွေ့အကြုံရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ထိုနေ့ကရွာသွန်းခဲ့သော မိုးကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ အဆောက်အအုံအချို့ ပျက်စီးသကဲ့သို့ ညောင်ဦးမြို့ရှိ ဆပဒ(ဘုရားနီ) ဘုရားအရှေ့ဘက်တံတိုင်း အစိတ်အပိုင်း တချို့သည်လည်းကောင်း၊ ပုဂံသရပါတံခါး မြောက်ဘက်ရှိ မြို့ ရိုး အစိတ်အပိုင်းအချို့သည်လည်းကောင်း၊ ဓမ္မရာဇိကဘုရား၏ အနောက်မြောက်ဘက်တံတိုင်း အစိတ်အပိုင်းအချို့သည်လည်းကောင်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စေတီ၊ ပုထိုး၊ အဆောက်အအုံများ၊ ဗိသုကာအနုလက်ရာများသည် သဘာဝဘေးဒဏ်များကြောင့် အများအပြား ပျက်စီးဆုံးရှုံးရလေ့ရှိရာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ငလျင်နှင့် ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ ငလျင်များကြောင့်လည်း အများအပြားဆုံးရှုံး ပျက်စီးခဲ့ရကြောင်းလည်း စုံစမ်းသိရှိရပါသည်။    

ဖွံဖြိုးရေးအတွက် အခြေခံလိုအပ်ချက်တော်တော်များများလိုအပ်နေ


ဖွံဖြိုးတိုးတက်မှုလို့ ဆိုတဲ့နေရာမှာ လွတ်လပ်မှုတွေ ချုပ်ခြယ်မှုတွေမရှိမှသာ တိုးတက်ဖွံဖြိုးမှု ရှိနိုင်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တရားမဲ့မှု၊ မမျှတမှု၊ အာဏာရှင်ဆန်မှု၊ လူထုအပေါ် တာဝန်ယူလိုစိတ်ကင်းမဲ့မှု ဒါတွေကို ဖယ်ထုတ်ရေးဟာ ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးတယ်လို့ ပြောဆိုသွားတာပါ။ ဒါနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဖွံဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ အခြေခံလွတ်လပ်မှုတွေကို ချန်ထားလို့မရဘူးလို့ အမေရိကန် ပြည်ထောင်စု၊ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ မစ်ချီကန်တက္ကသိုလ်ကနေ Wallenberg ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားတာပါ။ စီးပွားရေးနိုဗယ်ဆုရှင် ဒေါက်တာ Amartya sen ရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှု ဒွန်တွဲနေတယ် ဆိုတဲ့အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်တရပ်၊ လူ့အဖွဲ့အစည်းတရပ် ဖွံဖြိုးတိုးတက်လာရေးအတွက် ချုပ်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်နိုင်ငံသား ၀န်ထမ်းအများစု နေရပ်သို့ပြန်

 မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်နိုင်ငံသား ၀န်ထမ်းအများစုသည် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံအချို့ထံမှ သတင်းရရှိပါသည်။
မစ်ဆုံရေအားလျှပ်စစ်စီမံကိန်း သည် မြစ်ကြီးနားမြို့နှင့် မြစ်ဆုံဒေသအကြားတွင် တည်ရှိပြီး အဆိုပါစီမံကိန်းကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူးထင်တယ်။ နည်းနည်း လောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝရပ်သွားပြီ။

အဆိုပါစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးသက်ရောက်မှု များစွာဖြစ်ပေါ်နိုင်သည့်အတွက် ယခုနှစ်အတွင်းမီဒီယာများ၊ အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပြည်သူလူထုတို့ ကကန့်ကွက်မှုများ၊ အကြံပြုချက်များ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။   ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။
''လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူး ထင်တယ်။ နည်းနည်းလောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝ ရပ်သွားပြီ။ ရုံးတွေဘာတွေကိုတော့ ဘယ်လိုလုပ်မလဲမပြောတတ်ဘူး''ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ၂၀၁၁ ခုနှစ် အောက် တိုဘာလ ၂၄ ရက်နေ့က ပြောပြခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၏ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော ရွာငါးရွာကို ပြောင်းရွှေ့နေရာချထားခဲ့ကာ ယင်းရွာများမှာ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/အောင်ဂျာယန်၊ ဒေါင်ပန်ရွာတို့ဖြစ်ပြီး လက်ရှိတွင် ဒေသခံတိုင်းရင်းသားတို့သည်ပြောင်း ရွှေ့ပေးထားသော စံပြကျေးရွာသစ်များတွင် နေထိုင်လျက်ရှိကြသည်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် တရုတ်နိုင်ငံသား ၀န်ထမ်းများ အဓိကပါဝင်လျှက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် အတွင်းရှိ မြစ်ဆုံဒေသမှ အစပြုစီးဆင်းလာသော ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ရှည်လျားပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ကို အဆင့်ဆင့် ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ် အတွင်းသို့ စီးဝင်နေသည်။ မြစ်ဖြတ်သန်းရာ တစ်လျှောက်တွင် လူနေထူထပ်သော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့ကြီးများစွာ တည်ရှိနေကြသည်။

ပခုက္ကူ ရေဘေး NLD က ဆန် နဲ့ ငွေလှူ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်းက ရေဘေးသင့် ဒုက္ခသည်တွေကို ဒီကနေ့ ဆန် နဲ့ အလှူငွေတွေ ထောက်ပံ့နေပါတယ်။
AFP
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ပခုက္ကူ ရေလွှမ်းမိုးမှုကြောင့် ကျိုးကျခဲ့ရသော မြစ်ကူးတံတားကို တွေ့မြင်ရစဉ်။ AFP PHOTO
NLD အဖွဲ့ချုပ် နဲ့ ဒေသခံ NLD အဖွဲ့ဝင်တွေ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီငွေတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ နေထိုင်နေတဲ့ ပခုက္ကူမြို့က ရေဘေးဒုက္ခသည် အိမ်ထောင်စု ငါးရာကျော်ကို ဒီကနေ့ ထောက်ပံ့ အကူအညီပေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။ “ဒီမှာ လူဦးရေ ၁၄၀၀ ကျော် နဲ့ မိသားစု ၅၅၁ စုက ဒီက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်။ အထွေထွေ အတွင်းရေးမှူး လှူဒါန်းလိုက်တဲ့ငွေရယ်၊ ဒီမှာ ကြိုတင်ပြီးတော့ လှူဒါန်းထားတဲ့ငွေတွေရယ် အားလုံးပေါင်း သိန်းငါးဆယ်လောက်ရတော့၊ ပခုက္ကူမှာတော့ တစ်အိမ်ထောင်ကို ဆန်လေးပြည် နဲ့ ငွေကျပ် သုံးထောင်ပေါ့ ရေးဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းတွေကို လှည့်ပြီးတော့ အကူအညီပေးနေပါတယ်။” ပခုက္ကူမြို့မှာ ရေဘေးကြောင့် သေဆုံးသူ တစ်ရာကျော်ရှိနေပြီး အိုးအိမ်မဲ့ ဒုက္ခသည် ထောင်ချီ ရှိနေပါတယ်။ ဒုက္ခသည်တွေအတွက် မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း နဲ့ တခြား လူမှု အဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့ ပေးနေကြောင်း သိရပါတယ်။ ပခုက္ကူမြို့က ရေဘေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေကို အဲဒီကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့က ဦးအုံးကြိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။

ကမ္ဘာ့လူဦးရေ သန်း ၇ထောင် ပြည့်မည်


လာမယ့်တနင်္လာနေ့ကျရင် ကမ္ဘာ့လူဦးရေဟာ ၇ ဘီလျှံ၊ (သန်းပေါင်း ၇ ထောင်) အထိ ရှိလာလိမ့်မယ် လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

အနာဂတ်မှာ လူတွေ ကျန်းမာရေး ကောင်းကောင်းနဲ့ ရေရှည်ရပ်တည်နိုင်ကြမလား- ချမ်းသာကြွယ်ဝမှုတွေ ရှိလာမလား ဆိုတာတွေကတော့ သဘာဝ ပတ်ဝန်းကျင် ကျဆင်းနေတာတွေ၊ ကမ္ဘာ့စီးပွား ကျဆင်းနေတာတွေ အပေါ်မှာ လူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့လူဦးရေဆိုင်ရာ အစီရင်ခံစာထဲမှာ ရှင်သန် မွေးဖွားဖို့နဲ့ အသက်ရှည်ရှည်နေနိုင်မှုတွေကို ပိုပြီး ရှိလာနေတာတွေကို ရောင်ပြန်ဟပ်တဲ့ အပြုသဘောဆောင်တဲ့ အချက်တွေကိုလည်း မြင်ရလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေအကြားမှာတော့ တိုးပွားလာတဲ့ လူဦးရေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့နေရာမှာ ကွာဟမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အာရှမှာရှိနေပြီး ၁၅ ရာခိုင်နှုန်းကတော့ အာဖရိကမှာ ရှိပါတယ်။
အစိုးရတွေအနေနဲ့လည်း ကျန်းမာရေး၊ ပညာရေးနဲ့ လူငယ်တွေကို ပိုပြီးပြုစုပျိုးထောင်ပေးကြဖို့ ကိုလည်း ကုလသမဂ္ဂ အစီရင်ခံစာက တိုက်တွန်းပါတယ်။

နိုင်ငံ ၉ ခုမှာ လူဦးရေက သိသိသာသာ တိုးလာနေတဲ့အကြောင်း အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဖင်လန်၊ အိန္ဒိယ၊ မက္ကစီကို၊ မိုဇမ်ဘစ်၊ နိုင်ဂျာနဲ့ မက်ဆီဒိုးနီးယားနိုင်ငံတွေပဲ ဖြစ်ပါတယ်။

10/24/2011

လက်မရွံကဗျာဆရာ ကိုလှသန်းခေါ် ကိုကြည်မောင်သန်း၏ ကဗျာနှစ်ပုဒ်




ဒီပရင်္ဂဆိုတာ ဒီပဲယင်းမြို့ရဲ့ အမည်ဟောင်းပါ။ ဒီကဗျာက ဆင်ဆာလွတ်သွားတယ်။ စာပေကင်ပေတိုင်က မသိလိုက်ဘူး။ နောက်တော့မှသိပြီး ပြဿနာတက်တဲ့ ကဗျာပါ။ အောက်ဆုံးက ကဗျာကတော့ ကဗျာဆရာ လှသန်း ခေါ် ကြည်မောင်သန်းရဲ့ နောက်ဆုံးလက်ရာတွေထဲက တပုဒ်ပါ။ ဖောဝပ်မေးလ်တွေထဲကနေ ယူသုံးပါတယ်။


 
ဧရာဝတီဘလော့မှကူးယူ ဖော်ပြသည်။

ပိုစတာကိုင်ဆောင်မှုနဲ့ အဖမ်းခံရသူများ နောက်ဆက်တွဲ






ဥသျှစ်ပင်မြို့နေ ကိုသူရ (ခ) ပန်းတောင်း၊ အုတ်ဖို့မြို့နေ ကိုဝေဖြိုး (၁၈) နှစ် (သမိုင်းကျောင်းသား၊ စာပေးစာယူ ဒုတိယနှစ်) နဲ့ ပြည်မြို့နေ ကိုဇာနည်ထွန်း (၂၃) နှစ် တို့ဟာ နိုင်ငံရေး ပိုစတာများ ကိုင်ဆောင်မှုဖြင့် သြဂုတ်လက အဖမ်းခံခဲ့ရပြီး လာမယ့် ၂၇ ရက်နေ့မှာ ရုံးချိန်း ထပ်ရှိကြောင်း သိရပါတယ်။

သူတို့ဟာ အလျား ၄ပေ၊ အနံ ၆ ပေရှိ ပိုစတာမှာ “မြန်မာပြည်သူများဘက်တွင် ကမ္ဘာ့ပြည်သူများ ရပ်တည်နေသည်။ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေအကျဉ်သားများ ချက်ချင်းလွှတ်” စာတန်း၊ ရဟန်းသံဃာ ၈၄ ပါးနဲ့ နှိင်ငံရေးအကျဉ်းသား ၅၁၃ ပုံပါ FREE BURMA ပိုစတာ၊ စုစုပေါင်း ၇ ခု ကပ်မှု၊ ဆိုင်ကယ်လိုင်စင်မဲ့ မောင်းနှင်းမှုတို့နဲ့ သြဂုတ်လ ၁၂ နေ့ ညနေမှာ သဲကုန်းမြို့နယ် အင်းမမှာ အဖမ်းခံခဲ့ရတာပါ။

ကိုသူရ (ခ) ပန်းတောင်းဟာ သဲကုန်းမြို့နယ် အင်းမရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့မှာ သဲကုန်းမြို့နယ် တရားရုံးမှာ ရုံးတင်ခဲ့ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့မှာ ပြည်မြို့ထောင်ကို ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို ပို့ခဲ့ပြီး သြဂုတ် ၁၇ ရက်နေ့မှာ ပြည်မြို့တရားရုံးမှာ ရုံးတင်ခဲ့ပါတယ်။

FREE BURMA ဗီနိုင်းပိုစတာ ၇ ခုကို CID က စစ်ဆေးပါတယ်။

သဲကုန်းမြို့နယ်တရားရုံးက ကိုသူရ (ထွက်ပြေး)၊ ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့က ၁၉၆၂ ခုနှစ် ပုဒ်မ ၁၇ (၁) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနဲ့ အရေးယူဆောင်ရွက်ရန် အကြံပြုသဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။

ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို ၁၉၄၇ ခုနှစ် ပုဒ်မ ၅ (၁)၊ ၅ (၃) သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး ယာယီဥပဒေနဲ့ ၁၉၆၂ ခုနှစ် ပုဒ်မ ၁၇ (၁) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေဖြင့် ပြည်မြို့ပဲခူးတိုင်းဒေသကြီး တရားရုံးမှာ ရုံးတင်ထားပါတယ်။ ခဏခဏ ရုံးချိန်းနေပါတယ်။ လာမယ့် ၂၇ ရက်နေ့မှာ ပြည်မြို့ တရားရုံးမှာ ရုံးချိန်းထပ်ရှိပါတယ်။

HRDP လူ့အခွင့်အရေး တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ NLD ဥပဒေ အထောက်အကူပြုရှေ့နေ မဇင်မိုးထိုက်တို့ လိုက်ပါဆောင်ရွက်နေပါတယ်။

ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို ဖမ်းဆီးခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးပါ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအပိုဒ် (၁၉) ကို ချိုးဖေါက်ခြင်းဖြစ်ပါတယ်။


ပြည်မြို့မှ ပေးပို့သည်။

မြန်မာနိုင်ငံ အထက်ပိုင်း တွင် ရေကြီင်္းမှုဖြစ်ပွား

NLD ဗဟိုအစည်းအဝေးခမ်းမတွင် ပန်းချီပြပွဲကျင်းပ





အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေးဌာနနဲ့ ပြင်ပပန်းချီပညာရှင်တွေ ပူးပေါင်းပြသတဲ့ The Portraits of Myanmar People Art Show ဖွင့်ပွဲ အခမ်းအနားကို NLD ဗဟိုအစည်းအဝေးခမ်းမမှာ ဒီနေ့ မနက်က ကျင်းပပါတယ်။

ပန်းချီပြခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးပါတယ်။ NLD အဖွဲ့ဝင်များ၊ ပန်းချီပညာရှင်များ ပြည်တွင်းမီဒီယာများ အပါအ၀င် ပရိတ်သတ် ၁၅၀ ကျော် တက်ရောက်ပါတယ်။ ပြခန်းမှာ ပန်းချီ ၅၉ ကား ပြသထားပါတယ်။

ဒါ့အပြင် ဘူးသီးတောင် အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနရတဲ့ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရေးဆွဲပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီကားကိုလည်း ပြသထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆော့ပါဝါရှာပုံတော်


 အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ၃၀၀ ကျော် ပေကျင်းမြို့မှာ အစည်းအဝေးလုပ်ခဲ့ကြသည်။
သူတို့ အဓိက ဆွေးနွေးတဲ့ အကြောင်းက တရုတ်ပြည်ရဲ့ 'ယဉ်ကျေးမှု ပါဝါအပျော့' (cultural soft power) ကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ရှာဖို့ ဖြစ်သည်။ တစ်နည်းအားဖြင့် တရုတ် စီးပွားရေး တိုးတက်ကြီးထွား လာပေမဲ့၊ လူအချင်းချင်း ရိုင်းပင်းကူညီလိုမှု၊ စာရိတ္တမဏ္ဍိုင် ချွတ်ခြုံကျမှုတွေကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပေကျင်းမှာ အသက် နှစ်နှစ်အရွယ် ကလေးမလေး ကားတိုက်ခံရတဲ့မြင်ကွင်းကို ဖြတ်သွားဖြတ်လာ အားလုံးက ကိုယ်နဲ့မဆိုင်သလို အကြင်နာမဲ့စွာ ရှောင်ကွင်းသွားခဲ့ပြီး၊ နောက်ဆုံး အမှိုက်ကောက်သူက ဆေးရုံပို့ပေးခဲ့ပေမဲ့၊ ကလေး သေဆုံးသွားခဲ့ရသည်။ အဲဒီဖြစ်ရပ်အပေါ် ပြည်တွင်းပြည်ပ သတင်းစာတွေက ဝေဖန်ပြစ်တင်ကြပြီး၊ တရုတ် လူထုရဲ့ စိတ်ဓာတ် ချွတ်ခြုံကျမှုကို ပါတီ အစည်းအဝေးမှာ အဓိက ဆွေးနွေးရတဲ့ အကြောင်းအရာ ဖြစ်လာသည်။
ငွေကြေးနဲ့ ရုပ်ဝတ္ထုမှလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတဲ့ တရုတ်လူထုအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ နှုန်းစံတန်ဖိုးတွေ (moral soft power) ပြန်ရှာဖွေ မြှင့်တင်ဖို့ လိုအပ်နေပြီ။ ယခု ပါတီ ဗဟိုကော်မတီက အမေရိကန် ပညာရှင် ဂျိုးဇက် အက်စ် နိုင်း (Joseph S. Nye) ပြောတဲ့ ဆော့ဖ်ပါဝါကို တရုတ်မှာ အရေးပေါ် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့သည်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ဂျိုးဇက်နိုင်း က တိုင်းပြည်တစ်ပြည်မှာ ဆော့ဖ်ပါဝါဆိုတဲ့ သံလိုက်ဓာတ်စွမ်းအား အရေးကြီးတဲ့အကြောင်းကို ပြောခဲ့သည်။ နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုက လက်နက် အင်အား၊ ဓနအင်အား ဆိုတဲ့ ပါဝါအမာတွေပေါ်မှာချည်း မတည်။ အခြေခံဥပဒေ ခိုင်ခံ့မှု၊ လူအချင်းချင်း လေးစားတန်ဖိုးထားမှု၊ စာရိတ္တမဏ္ဍိုင် အားကောင်းမှု စတဲ့ ပါဝါ အပျော့တွေနဲ့ ပါဝါအမာတွေ ပေါင်းစပ်မှသာ ပြည်တွင်းအင်အား ကြံခိုင်မှုနဲ့ အခြားနိုင်ငံတွေရဲ့ အထင်ကြီး လေးစားခံရမှု ရမည်ဟု ဆိုခဲ့သည်။
ပါတီ ထိပ်တန်းခေါင်းဆောင်တွေက တရုတ် စီးပွားရေး တိုးတက်မှု အရှိန်အဟုန် မြင့်နေပေမဲ့၊ ကျင့်ဝတ်နီတိ ကျဆင်းမှု အပါအ၀င်၊ ဆော့ဖ်ပါဝါ ဖွံ့ဖြိုးမှု နောက်ကျခဲ့တာကို ၀န်ခံပြောဆိုမှုတွေလည်း လုပ်ခဲ့သည်။
ဒါပေမဲ့ တရုတ်ရဲ့ ပင်ကိုယ် ဆော့ဖ်ပါဝါတွေက ဘာတွေလဲ၊ ဘယ်လိုမြှင့်တင်မလဲဆိုတာတော့ ယခုမှ ရှာပုံတော်ဖွင့် (soul-searching) ကြရဦးမည် ဖြစ်သည်။

10/23/2011

ကဗျာ ဆရာ ကိုကြည်မောင်သန်း ကွယ်လွန်



 
ကိုကြည်မောင်သန်း၏ကဗျာတို နှစ်ပုဒ်

      ဒေါင်းနဲ့စု 
    အကြောင်းဖွဲ့ပြုလို့ 
   ကောင်းတဲ့အမှု
  တည်စေသောဝ်။
                                     ကြည်မောင်သန်း

                   အိမ်
ဓနိပင်တွေက 
မိခင်ဆိုရင် 
ဝါးပင်တွေက သားပေါ့
ဝါးဓနိတွေနဲ့ 
သားအမိတွေ
အိမ်လေးတစ်လုံးဆောက်ကြမယ် 
                                       ကြည်မောင်သန်း
 
မော်ဒန်ကဗျာဆရာကိုကြည်မောင်သန်းခေါ်ကိုလှသန်းသည် ရန်ကုန်ဆေးရုံကြီးတွင် ကျာက်ကပ် ဝေဒနာနှင့် ယနေ့ညကိုးနာရီမိနစ် ၂၀ခန့်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သိရသည်။
ကိုကြည်မောင်သန်းသည်“ဆူးလေလမ်း၏ရာဇ၀င်”ကဗျာနှင့်စာပေလောကကိုရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး
နောက်တက်ကြွလှုပ်ရှားသူကဗျာဆရာတစ်ဦးလဲ ဖြစ်သည်။ကိုကြည်မောင်သန်း၏ကဗျာဖြစ်သည့်“ဒီပရင်္ဂ”ကဗျာကို
ဇွန်လ၂၀၀၈ခုနှစ်ချယ်ရီမဂ္ဂဇင်းတွင်ထည့်သွင်းခဲ့သဖြင့် အယ်ဒီတာကိုဌေးအောင်အား အလုပ်မှ ထုတ်ပစ်ရန်စာပေစီစစ်ရေးက ဖိအားပေးခဲ့သည်။ စစ်အာဏာရှင်တို့၏ လက်အောက်တွင် ကဗျာဆရာ၏ကလောင်အမည်အမျိုးမျိုးတို့ကိုလည်း ပိတ်ပင်ခံခဲ့ရသူ ဖြစ်သည်။ထို့အပြင် ၂၀၁၀ဒီဇင်ဘာလ၁ရက်နေ့တွင်အန်အယ်ဒီရုံးတွင်ပြုလုပ်သောHIV/AIDS ဝေဒနာရှင်များအား တွေ့ဆုံအားပေးကာ
 “လူအတွက်လူ”ဟုသောကဗျာ ရေးဖွဲ့ ပေးခဲ့သည်။မိုးမခမီဒီယာကကဗျာဆရာကြည်မောင်သန်း(လှသန်း)ကွယ်လွန်သည့်အတွက်
ချစ်ခင်သူမိသားစုများ၊မိတ်ဆွေများနှင့်အတူထပ်တူဝမ်းနည်းကြောင်းမှတ်တမ်းပြုပါသည်။“ကဗျာတွေရှင်ချင်ရင်ကဗျာဆရာတွေသေဖို့သာပြင်လို့ အရင်ကရေးခဲ့ဖူးပါတယ်။ခုတော့သေဖို့အသင့်ပြင်ထားရင်းရှင်မဲ့ကဗျာတွေကို ရေးဖြစ်ပါတယ် လှသန်း၊ မတ်လ ၁၄၊ ၂၀၁၁” လို့ ရေးခဲ့တဲ့ ကြည်မောင်သန်းကွယ်လွန်ခဲ့ပြီ။ကြည်မောင်သန်းနဲ့ သူ့ကဗျာတွေ အသက်ရာကျော် ရှည်ပါစေ။
 သူဟာအဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုသဘာဝရှိပြီးသူ့ကဗျာတွေကလည်းအဆိပ်ပြင်းလှတယ်လို့
သူနဲ့ခေတ်ပြိုင် မော်ဒန်ကဗျာတွေကို ရေးသားခဲ့တဲ့ကဗျာဆရာခင်အောင်အေးကမှတ်ချက်ချပါတယ်။ “မြန်မာပြည်မှာ ကိုယ်တွေ့ဖူးတဲ့ ကဗျာဆရာတွေထဲမှာတော့ ပြင်းထန်တဲ့စရိုက်ရှိတဲ့ ကဗျာဆရာ။ သူ တခုခုပြောပြီဆိုရင် တော်တော်ပြင်းပြင်းထန်ထန် ပြောတတ်တဲ့ကဗျာ ဆရာတစ်ယောက်ပေါ့။ ကျနော်တို့ကတော့ သူ့ကို ပါးစပ်ကြီးတစ်လုံးနဲ့ အသားပဲ့အောင် ပြောနိုင်တဲ့အကောင်ပေါ့။ အဲဒီလို သတ်မှတ်ပြီးတော့သူ့ရဲ့စရိုက်သဘာဝကတော့တကယ့်ကိုပြင်းထန်တဲ့၊ အဆိပ်ပြင်းတဲ့ မြွေဟောက် မြွေပွေးတစ်ကောင်လို ပြင်းထန်တဲ့စရိုက်က ကဗျာတွေမှာ ထင်ဟပ်နေပြီးတော့ သူ့ကဗျာတွေက မြွေပွေး မြွေဟောက်တွေလို အဆိပ်ပြင်းတဲ့ကဗျာတွေလို့ ပြောချင်ပါတယ်။”
“ကိုလှသန်းဟာသူ့ကဗျာတွေမှာလည်းသူ့ရဲ့နိုင်ငံရေးခံယူချက်တွေကိုအထင်းသားကြီး တွေ့ရတယ်။ နောက်တစ်ခုက သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုထဲမှာလည်း သူက ကဗျာဆရာတွေနဲ့ရော သူ့ကဗျာတွေကိုလည်း ထည့်ဝင်ပြီးတော့ သူကိုယ်တိုင်ရော ပတ်သက်ခဲ့တာ အထင်အရှားပါပဲ။ သူ့သမိုင်းကြောင်းက အဲဒီလိုဟာမျိုးတွေ ကောင်းတယ်။ အထူးသဖြင့် NLD လူငယ်အဖွဲ့လုပ်တဲ့ ကဗျာစာအုပ်မှာ သူ့ရဲ့ကဗျာတွေ ပါဝင်ခွင့်ပေးပြီးတော့ ဖော်ပြခဲ့တဲ့အတွက် လှသန်းဆိုတဲ့ သူ့ကလောင် အပိတ်ခံရတယ်ပေါ့ဗျာ။ ဒါကတော့ အားလုံးသိတဲ့အတိုင်း။ အဲဒီလို အပိတ်ခံရတဲ့အချိန်မှာ နောက်မဆုတ်ဘဲနဲ့ အဲဒီကာလအတွင်းထဲမှာ ကဗျာ ၁၆ ပုဒ်ကို ကိုယ့်ဟာကိုယ် လက်မရွံ့ ကဗျာဆရာဆိုပြီးတော့ သူ့ဟာသူ လက်ရေးနဲ့ရေးပြီးတော့၊ အဲဒါတွေကိုကော်ပီကူးစက်နဲ့ကူးပြီးတော့မြေအောက်ကဗျာတွေအနေနဲ့ထုတ်ဝေပစ်တာ။ အဲဒါဟာက မြန်မာခေတ်ပေါ် ကဗျာသမိုင်းမှာ တော်တော်ကို ဂယက်ရိုက်သွားတယ်။ လက်မရွံ့ကဗျာဆရာ ဆိုပြီးထွက်လာတယ်။ ကျနော်မှတ်မိတဲ့ စာသားတချို့ဆိုရင် ဈေးကွက်စီးပွားရေးခေတ် ရောက်ခါမှ ပဲပြုတ်နဲ့လည်း ဝေးခဲ့ရ၊ ပဲပင်ပေါက်နဲ့လည်း ဝေးခဲ့ရ၊ နောက်ဆုံး ဈေးနဲ့ပါ ဝေးခဲ့ရပါပြီ ဆိုတဲ့စာသားမျို။ အဲဒါဟာ ခေတ်ကို အနက်ရှိုင်းဆုံး မျက်စောင်းထိုးပြတာ။” ဟုဗြိတိန်နိုင်ငံမှာရောက်နေတဲ့ ပန်းချီထိန်လင်းကလည်း ကဗျာဆရာလှသန်းနဲ့ ရင်းနှီးသူတစ်ဦးပါ။ ကဗျာဆရာလှသန်းရဲ့ အနုပညာနဲ့နိုင်ငံရေး အဆက်အစပ်တချို့ကို ကိုထိန်လင်းက ရှင်းပြပါတယ်။
 

10/22/2011

ပြန်လည်လွှတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်စုတွေဆုံကာ 'ယုံကြည်ချက်ခိုင်မာကြဖို့'' ပြောကြားခဲ့

ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး သမားတွေကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနား တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
NLD
ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD
ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က မိမိတို့ရဲ့ ယုံကြည်ချက် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် ကြဖို့လိုကြောင်း အလေးအနက်ထား ပြောဆို သွားပါတယ်။ “ကျမကတော့ အဓိကထား ပြောချင်တာ ယုံကြည်ချက် ဆိုတာ ဘာလဲ၊ လွတ်မြောက်တယ် ဆိုတာ ဘာလဲ ဒီနှစ်ခုကို မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ ကျမတို့ဟာ နိုင်ငံရေး လုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့ ယုံကြည်ချက်နဲ့ ခံစားချက် မတူဘူးဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ ယုံကြည်ချက်ဆိုတာ ကိုယ်မှန်တယ်လို့ ထင်ထားတာကို စွဲစွဲမြဲမြဲ ကိုင်ထားတာဟာ ဒါ ယုံကြည်ချက်ပါပဲ” အဲဒီ အခမ်းအနားမှာ ဝါရင့်နိုင်ငံရေး သမားကြီးတွေ ဖြစ်တဲ့၊ ဦးနိုင်ငွေသိမ်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုံး (ရွှေတောင်)၊ ဦးကျော်စိန် နဲ့ ဦးထွေးမြင့်တို့ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တက်ရောက်လာသူတွေက လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။ ဝါရင့်နိုင်ငံရေး သမားကြီးများကိုယ်စား ဦးနိုင်ငွေသိမ်း နဲ့ သခင်လှကွန်း တို့က ဆုပေးစကား ပြန်လည် ပြောကြား ခဲ့ပါတယ်။

ဆလုံလူမျိုးတို့၏ပုံရိပ်ကိုထင်ဟပ်စေခဲ့သည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲ

b29_17
ပင်လယ်ပျော်ဆလုံလူမျိုး သုံးထောင်ကျော်တို့၏ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ရှင်သန်နေထိုင်ကြပုံ သမိုင်းကြောင်းပုံရိပ်များကို ထင်ဟပ်စေသည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်လျှက်ရှိပါသည်။။ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ဆလုံလူမျိုးတို့ရဲ့သမိုင်းကြောင်းကို ထင်ဟပ်စေမည့်ဓာတ်ပုံ များ၊ကလေးငယ်များ၏ပန်းချီလက်ရာ များ၊ ဆလုံလူမျိုးများအသုံးပြုသည့် ကိရိယာတန်ဆာပလာများကို ပြသထားသည့်အပြင် ပြခန်းတွင်လည်း ဆလုံလူမျိုးများကို ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ပြသထားပေးပါသည်။

ပြခန်းအတွင်းသို့ဝင်လိုက်လျှင် ဆလုံလူမျိုးများ၏ နတ်ကိုးကွယ် ယုံကြည်မှု၊ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသည့်ပုံစံ၊ ငါးဖမ်းဓလေ့၊ လက်ရှိဆလုံလူမျိုးများ၏ နေထိုင်ကြသည့်ပုံစံများကို ဓာတ်ပုံလက်ရာများ အနေဖြင့် တွေ့မြင်ခွင့်ရနိုင်သည့်အပြင် ဆလုံတို့၏လှေငယ်ပုံစံကိုလည်း ပြသထားပါသည်။ ဆလုံလူမျိုးတို့၏ မျက်နှာသွင်ပြင်ကို အနီးကပ်ပုံဖော်ထားသည့် ဓာတ်ပုံလက်ရာမှာ အသက်ဝင်သည့်အပြင် ဆလုံလူမျိုးတို့ယုံကြည်ရာ၊ရှင်သန်နေထိုင်ရာဘ၀အဓိပ္ပာယ်ကို ပုံဖော်စဉ်းစားမိစေပါသည်။ ပြခန်း၏အ၀င်ဝတွင် ဆလုံလူမျိုးများနှင့် ပတ်သက်တဲ့အချက်အလက်များကို ရေးသားပြုစုထားသည့် စာအုပ်များလည်း ဖတ်ရှုနိုင်ရန် ထားပေးထားသည်ကို တွေ့မြင်နိုင်ပါသည်။

'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနမှ IRASEC ၊ CNRS ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု ဖလှယ်ရေးဌာန၊ SEAMEO Chat တို့နှင့် ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး 'လူမျိုးစုနဲ့သဘာဝပတ်ဝန်းကျင်' ခေါင်း စဉ်နှင့် ဟောပြောပွဲများကို အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၃ ရက်အထိ ဆက်လက် ပြသသွားမည်ဖြစ်ပြီး မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့က ''ဗုဒ္ဓဘာသာပြည်သူများထံသို့ နှိုးဆော်ချက်''

ထိုင်းနိုင်ငံမဲဆောက်မြို့တွင်နှစ်ပေါင်း(109)နှစ်ကျော်ကြာမြင့်အောင်တည်ရှိနေ
ခဲ့သောမြန်မာဗုဒ္ဓဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်သည့် (ဘာဝနာနိရာမ)တောရကျောင်းဟောင်းသည် ဆရာတော် ဦးမဟိန္ဒအားအမှူးထား၍ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော စုစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကို(20.10.2011)နေ့တွင် ကျင်းပရာမလိုလားအပ်သော နှောင့်ယှက်ဟန့်တားခြင်းခံလိုက်ရပါသည်။
ဤကိစ္စသည် လွန်ခဲ့သော ငါးနှစ်လောက်က ကျောင်းထိုင်နေရာလုခဲ့ဘူးသော ထိုင်းရဟန်းတစ်ပါးသည် ကထိန်အလှူပွဲကို ပျက်ပြားစေရုံသာမက ဆရာတော်ဘုရားကြီးနှင့်တကွ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းအဖြစ် ဆက်လက်တည်ရှိမှုကိုပါ အကွက်ချထိုးနှက်လာမှုဖြစ်သည်။ဤပြဿနာကို(25.10.2011)ရက်နေ့တွင် တာဝန်ရှိ ဆရာတော် သံဃာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ဖြေရှင်းပေးမည့်ဖြစ်ပါသောကြောင့်  မဲဆောက်မြို့ တောရကျောင်း ဟောင်းသည် ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းအဖြစ်ဆက်လက်တည်ရှိရေးအတွက် ဗုဒ္ဓဘာသာမြန်မာ ဘုန်းကြီးကျောင်းအဖြစ် ဆက်လက်တည်ရှိရေးအတွက် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများ အနေနဲ့ (25.10.2011)နေ့နံနက် (11)နာရီတွင် ဤ တောရကျောင်းဟောင်းသို့ လာရောက်ပြီး တက်ရောက် ကြားနာပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော် အပ်ပါသည်။
                                                                                       ဒါယိကာ၊ဒါယိကာမများ 
ဘာဝနာနိရာမတောရကျောင်းဟောင်း
 မဲဆောက်မြို့

ဆက်သွယ်ရန်
ဦးသိမ်းဆန်း(၀၈၄ ၃၁၉၅၇၁၁)
ကိုအရှည်ကြီး(၀၈၆ ၉၃၃၆၄၇၀)
ကိုကျော်သူ(၀၈၆ ၂၁၂ ၈၉၈၃)
ကိုမြပဒိုင် (၀၈၁ ၆၀၅၄၂၇၈)
ဦးကျော်ထက်(၀၈၈ ၉၀၄၁ ၆၆၉)

ရေဘေးကြောင့် အိမ်ပြန်သူများ အဓမ္မ ငွေတောင်းမှုနှင့်ကြုံ

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင်လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှ င့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံ မှုများပြုလုပ်နေသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု အလုပ်သမားများက ပြောဆိုသည်။
နေရပ်ပြန်မည့် မြန်မာအလုပ်သမားတချို့ကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံဘက် ချစ်ကြည်ရေး တံတားထိပ်တွင်တွေ့ရစဉ် (ဓာတ်ပုံ- ဧရာဝတီ)
ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ နှင့် န၀ပ်နခေါ စက်မှုဇုန်ကြီးများတွင် လုပ် ငန်းများရပ်ဆိုင်းလိုက်ရသည်အထိ ရေကြီးမှုများကြောင့် မြန်မာအလုပ်သမားများ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ်လူ၂၀၀ ခန့်နေရပ် ပြန်လာနေကြခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထိုင်း စက်လှေဂိတ် ပိုင်ရှင်များက ပြောပြသည်။
အယုဒ္ဓယ ခရိုင်ရှိ အုတ်ဖုတ်လုပ်ငန်းမှ ပြန်လာသည့် ကိုဝကြီးက“၁၆ ရက်နေ့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတာပါ၊  မဲဆောက်ကို လိုင်းကား စီးပြီးပြန်လာကြတယ်။ မဲဆောက်အ၀င်မှာ ထိုင်းလ၀ကရဲ့ဖမ်းတာကိုခံရပြီးတဲ့နောက် မြ၀တီဘက်ကမ်း ၉၉၉ ဂိတ်မှာ သွားသွန်တယ်၊ မြ၀တီဘက်ရောက်မှ လူပွဲစားတွေက ကျနော်တို့ကို ခေါ်ထားပြီး တယောက်ကို ထိုင်းဘတ် ၂၅၀၀ တောင်းတယ်၊ မပေးလို့မရဘူး၊ ပိုက်ဆံမရှိတဲ့လူတွေကို ဘယ်မှ ပေးမသွားဘဲ၊ ထိုင်းနဲ့ မြန်မာပြည်မှာရှိတဲ့ ဆွေမျိုးသားချင်း တွေကို မရမက အဆက်အသွယ် လုပ်ခိုင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အုတ်လုပ်ငန်း၌ မြန်မာအလုပ်သမား ထောင်ဂဏန်းအထက်ရှီပြီး အများစုမှာ မည်သည့် အထောက်အထား လက်မှတ်မှ မရှိကြောင်း သိရသည်။
ပထုံဌာနီ ခရိုင်ရှိ ခေါင်းစောင် ပလတ်စတစ်စက်ရုံမှ ကိုတကော်က ယမန်နေ့နံနက်က မြ၀တီ ၉၉၉ ဂိတ်သို့အရောက်တွင် ၎င်းနှင့် အတူပါလာသူ ၁၀ ဦးမှာ လူပွဲစားများထံသို့ တဦးလျှင် ဘတ်၂၅၀၀ နှုန်းနှင့် ဘတ်၂၅၀၀၀ ပေးခဲ့ရ ကြောင်း ပြောဆိုသည်။
ဘန်ကောက်မြို့မှ ပြန်လာသည့် မစန်းစန်းနွယ်ကလည်း ၎င်း အပါအ၀င် မိန်းကလေး ၃ ဦးသည် ယင်း လူပွဲစားများကို ငွေပေး ခဲ့ရသည့်အပြင် ခြိမ်းခြောက်ခံရခြင်းများလည်း ရှိသည်ဟု ပြောသည်။
“ကျမတို့ ၃ ယောက် ပိုက်ဆံ၂၀၀၀ ကျော်ပဲပါတယ်၊ ဘယ်လိုမှပြောလို့ မရဘူး၊ အဲဒီဂိတ်မှာ၂ ညအိပ်နေခဲ့ရတယ်၊ ဘန်ကောက် မှာ ရှိတဲ့ အစ်မတွေဆီကို လူပွဲစားတွေရဲ့ လက်ကိုင်ဖုံးနဲ့ အဆက်အသွယ်လုပ်ပြီး သူတို့ဘဏ်စာရင်းထဲကို ငွေလွှဲပြီးမှ ကျမတို့ကိုပြန်လွတ်ပေးတာ၊ ဒါတောင်မှ ထမင်းဖိုးက တရက်ဘတ် ၁၀၀ နှုန်းနဲ့ သတ်သတ်ပေးရသေးတယ်”ဟု မစန်းစန်းနွယ်က ပြောပြ သည်။
မြ၀တီမှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့သွားသည့်ကားစရိတ်မှာ လူတဦးလျှင်ကျပ် ၁၀၀၀၀ ခန့် ပေးရသည်ဟုလည်း သိရသည်။

10/21/2011

ဂဒါဖီ အသက်မသေခင် ဖမ်းဆီးလာပုံ

ကဒါဖီတော့ သေပြီ

လစ်ဗျားနိုင်ငံမှာ ယာယီအစိုးရတပ်တွေက ခေါင်းဆောင်ဟောင်း မိုမာ ကဒါဖီကို သုတ်သင်ခဲ့တယ်လို့ ယာယီအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကဒါဖီအပေါ်သစ္စာခံတဲ့တပ်တွေ ခုခံနေရာ Sirte မြို့ကို ဒီကနေ့ ကြာသပတေးနေ့ ဝင်သိမ်းချိန်မှာ ယာယီအစိုးရ အသွင်ကူးပြောင်းရေး ကောင်စီ NTC တပ်တွေက ကဒါဖီကို ပစ်သတ်ပြီး သူ့ရဲ့အလောင်းကို ယူခဲ့တာလို့ NTC တာဝန်ရှိသူ တော်တော်များများက ပြောပါတယ်။
ဒါပေမဲ့ ကဒါဖီကို ဘယ်လိုပုံစံမျိုး ပစ်ခတ် သတ်ဖြတ်ခဲ့တာလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကဒါဖီနဲ့ တော်တော်တူတဲ့လူတယောက်ရဲ့ သွေးတွေ ပေကျံနေတဲ့ ပုံတွေကို နိုင်ငံတကာ ရုပ်မြင်သံကြားလိုင်းတွေက ပြသနေပါတယ်။ NTC ဥက္ကဋ္ဌ Mustafa Abdel Jalil ဟာ မကြာခင်မှာ နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းရပါတယ်။
Sirte မြို့ကို လုံးဝ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုရင် လစ်ဗျားနိုင်ငံ လွတ်မြောက်ပြီလို့ ကြေညာမှာဖြစ်တယ်လို့ NTC တာဝန်ရှိသူတွေက ပြောပါတယ်။
Tripoli မြို့တော်ရဲ့ အရှေ့ဘက် မိုင်ပေါင်း ၂၂၃ မိုင်လောက်မှာရှိတဲ့ Sirte မြို့ဟာ ကဒါဖီရဲ့ မွေးရပ်မြို့ဖြစ်သလို ကဒါဖီကို ထောက်ခံသူတွေ အဓိကနဲ့ နောက်ဆုံး ခြေကုပ်ယူထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ အခုတော့ NTC ဘက်က တိုက်ခိုက်သူတွေက မြို့ထဲမှာ အလံသစ်ကို လွှင့်ထူပြီး အောင်ပွဲခံတဲ့အနေနဲ့ သေနတ်တွေကို လေပေါ်ကို ပစ်ဖေါက်နေကြတာကို ရုပ်မြင်သံကြားတွေပေါ်မှာ ပြသနေကြပါတယ်

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ဥက္ကဋ္ဌထံ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ကြားဖြတ်အဆိုကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။

ဦးသိန်ညွှန့်သည် NDFပါတီမှ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ယခင်က NLD ပါတီဝင်ဖြစ်ပြီး နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲကြောင့် ပါတီနှစ်ခြမ်းကွဲကာ NDF ပါတီဘက်သို့ရောက်ရှိသွားခြင်းဖြစ်သည်။ နောက်ပိုင်းNDF ပါတီနှင့်ပါ သဘောထား မတိုက်ဆိုင် ၍ ယခုလက်ရှိတွင်တော့ တစ်သီးပုဂ္ဂလ အဖြစ် လွှတ်တော်ထဲတွင် ပြောရေးဆိုခွင့်ရှိနေသော သူတစ်ယောက်ဖြစ်နေသည်။

အဆိုပါအဆိုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကျောက်ဆည်က ရေဘေးကြောင့် လူအယောက်ပေါင်၁၀၀၀ကျော်လောက် ရွေ့ပြောင်းနေထိုင်ရ

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီရက်ပိုင်း အတွင်း မိုးသည်းထန်နေပြီး ဆည်ရေ ဖေါက်ချလိုက်တာကြောင့် တမြို့လုံးနီးပါး ရေလွှမ်းကာ မြို့ခံ (၁၃၀၀) ကျော် အိုးအိမ်စွန့်ပြီး ရှောင်တိမ်းခဲ့ရကြောင်း လူမှုကူညီရေး ဆောင်ရွက်နေတဲ့ မြို့ခံတဦးက RFA ကို ပြောပါတယ်။
(Photo: RFA Listener)
မိုးအဆက်မပြတ် ရွာသွန်းကာ ဆည်ရေမထိန်းနိုင်တော့ပဲ ဖောက်လွှတ်ပစ်လိုက်၍ မန္တလေးတိုင်း အချို့ဒေသများတွင် ရေလျှံနေပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
အတည်မပြုနိုင်သေးတဲ့ နောက်ဆုံးရ သတင်းတွေအရ လူအသေအပျောက် ရှိတယ်လို့ သိရပါတယ်။ အောက်တိုဘာ လဆန်းပိုင်းကလည်း ဇော်ဂျီမြစ်နဲ့ မြစ်ငယ်မြစ် ရေကြီးလာတာကြောင့် ကျောက်ဆည်မြို့ ရေလွှမ်းသွားခဲ့ရပြီး သောက်သုံးရေ အပါအ၀င်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်ခဲ့ ပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ ကျောက်ဆည် ရေဘေးသင့် ပြည်သူတွေ အတွက် မန္တလေးမြို့ခံတွေက တတ်နိုင်တဲ့ အကူအညီတွေ ပေးပို့နေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းများကို ဓါးခံစာမလုပ်ဖို့ မြန်မာအစိုးရကို ကင်တားနားပြော


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီနှစ်မကုန်ခင်မှာ ကျင်းပဖို့ မျှော်လင့်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ပြန်ပြီးတော့ လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်၊ အိုဟေး ကင်တားနားက တောင်းဆိုလိုက်ပါတယ်။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေတဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာတောင်းဆိုမှုတွေအတွက် အပေးအယူလုပ်ဖို့ ဓားစာခံတွေလို မထားသင့်ဘူးလို့လည်း ကြာသာပတေးနေ့မှာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။

မြန်မာစတော့အိပ်ချိန်းကို ၂၀၁၅ ခုနှစ်မကုန်ဆုံးမီ တည်ထောင်နိုင်ရန် ပြင်ဆင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် ရှယ်ယာများထုတ်ရောင်းရန် စီစဉ်ထား

b29_03
ဂျကာတာမြို့တွင် အင်ဒိုနီးရှားစတော့အိပ်ချိန်းကို တီဗွီဖန်သားပြင်ပေါ်၌ ဖော်ပြနေမှုအား သြဂုတ်လ ၈ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်းကို ၂၀၁၅ခုနှစ်မကုန်ဆုံးမီ တည်ထောင်နိုင်ရန်ပြင်ဆင်လျှက်ရှိပြီး နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအပါအ၀င် စီးပွားရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် အများပြည်သူသို့  အစုရှယ်ယာများ ထုတ်ဝေရောင်းချရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။
''ငွေရေးကြေးရေး ဈေးကွက်မှာ ငွေကြေးဈေးကွက်နဲ့ အရင်းအနှီးဈေး ကွက်ဆိုပြီး နှစ်ပိုင်း  ပါဝင်ပါတယ်။ ငွေကြေးဈေးကွက်ဆိုတာ တစ်နှစ်အောက် ကာလတိုချေးငွေတွေကို ဆောင်ရွက်တဲ့ဈေးကွက်ဖြစ်ပါတယ်။
အရင်းအနှီး ဈေးကွက်ဆိုတာက တစ်နှစ်အထက် ကာလရှည်ချေးငွေတွေကို ဆောင်ရွက်တဲ့ဈေးကွက်ပါ။ မြန်မာနိုင်ငံမှာ ငွေကြေးဈေးကွက်ရှိပေမယ့် အရင်းအနှီးဈေးကွက် မဖြစ်ထွန်းသေးဘူး။ ဒါကြောင့် အရင်းအနှီးဈေးကွက်ကို တည်ထောင်နိုင်ဖို့ ပြင်ဆင်နေပါ တယ်။ လုပ်ငန်းစဉ်တွေကို အပိုင်း သုံးပိုင်းနဲ့ ဆောင်ရွက်နေတယ်။၂၀၁၅ ခုနှစ် မကုန်ဆုံးမီ စတော့အိပ်ချိန်းကို တည်ထောင်သွားမှာပါ'' ဟု အရင်းအနှီး ဈေးကွက်တည်ထောင်ရန် ပြင်ဆင်နေသည့်တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် တည်ထောင် မည့်အရင်းအနှီးဈေးကွက်တွင် အစိုးရနှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလရှည် ချေးငွေများကိုဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များအပါအ၀င် ဘဏ်များ၊ စည်ပင် သာယာရေးအဖွဲ့အစည်းများ၊ အများပိုင်ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေချေးသက်သေခံလက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့် ငွေရေးကြေးရေး ရရန်ပိုင်ခွင့်များအပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ် ပြုလုပ်ကြမည်ဖြစ်သည်။
''ကာလရှည် ရင်းနှီးမြှုပ်နှံရမယ့် လုပ်ငန်းတွေအတွက် အရင်းအနှီးဈေးကွက် လိုအပ်ပါတယ်။ ဒါကြောင့်အများနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းတွေဖွဲ့စည်းပြီး ရှယ်ယာတွေ ထုတ်ဝေရောင်းချတာ၊ ငွေချေးစာချုပ် တွေထုတ်ဝေရောင်းချတာတွေ ပြုလုပ်မယ်ဆိုရင်  ဘဏ်ကချေးငွေရယူသလို အာမခံအပေါင်တင်သွင်းရတာ၊ သတ်မှတ်တဲ့ကာလအတွင်း ချေးငွေပြန်ဆပ်ရတာမျိုး အနေအထားတွေမရှိတော့ဘဲ ကာလရှည် အရင်းအနှီးရရှိမှုပေါ်မူတည်ပြီး လုပ်ငန်းဖွံ့ဖြိုးဖို့ စီမံခန့်ခွဲနိုင်တဲ့ အခြေအနေကို ရရှိနိုင်မှာပါ'' ဟု ငွေရေးကြေးရေး ပညာရှင်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။

10/20/2011

သမ္မတ အနေနဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အခုတစ်ကြိမ် အစီရင်ခံစာဟာ အရင်ကထက် ပိုပြီး အပြုသဘော ဆောင်လာတယ်လို့ မြန်မာ အစိုးရ ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။
(Photo: AFP)
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမႝာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ခေတ်သစ်ကို ရောက်နေပြီလို့ မြန်မာ ကိုယ်စားလှယ်က ဆိုပါတယ်။ ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ခေတ်မမီတော့တဲ့ ဥပဒေတွေကို ပြောင်းလဲ ပြင်ဆင်နိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို ခြောက်လ အတွင်း နှစ်ကြိမ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက် အရ နောက်ထပ်လည်း လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်၊ သမ္မတမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ မြန်မာ ကိုယ်စားလှယ်က ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံက ပြောင်းလဲနေတဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အကောင်းမြင်ဖို့ မြန်မာ ကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။

ဆက်စပ်သတင်းများ

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားများ 

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး မဟာမိတ် ၅ ပါတီ တိုက်တွန်းမယ်

 လွတ်ငြိမ်းချမ်းသာခွင့် နောက်ထပ် ထုတ်ပြန်ဖို့ရှိ


ကျောက်တော်မြို့နယ်ရှိ အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုခြင်းများနှင့် ရင်ဆိုင်နေရ

b29_10
အပေါက်ဝဈေး ကမ်းပါးမြင်ကွင်းအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ အပေါက်ဝကျေးရွာတွင် ဈေး၊ လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းအနီးတွင် ကမ်းပါးပြို ခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါကျေးရွာသည်ကျောက် တော်မြို့တောင်ဘက် ရေမိုင် ၁၀ မိုင်ခန့်တွင်တည်ရှိပြီး အိမ်ခြေ ၁၃၆၇၊ လူဦးရေ ၇၇၀၀ ကျော်နှင့် မူလတန်းကျောင်း ငါးကျောင်းရှိသော ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ကမ်းပါးပြိုမှုမှာ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ နေရာတစ်ခုမှ တစ်ကြိမ်ပြိုကျလျှင် ပေ ၂၀ မှ ၂၅ ပေအထိရှိတတ်ကြောင်း၊ ကမ်းပါးပြိုကျရာတွင် ပါသွားသူ အမြောက်အမြားရှိခဲ့သော်လည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

''မနှစ်က ကမ်းပြိုကျသွားတော့ ခြောက်နှစ်အရွယ် ကလေးမလေးက ငါးလအရွယ် ကလေးကိုချီပြီး ပါသွားတယ်။ သူ့အဖေက ရေထဲလိုက်ဆင်း ပြီးကယ်တင်ခဲ့ရတယ်။ ပြီးတော့ အသက် ၅၀၊ ၅၆ နှစ်နဲ့ ၄၅ နှစ်အ ရွယ်အမျိုးသမီးသုံးဦးလည်း ပါသွား တယ်။ ရေကူးတတ်လို့ ဘာမှမဖြစ်တာပါ။ ကမ်းပါးက ရုတ်တရက်ပြို ကျသွားတာလေ'' ဟု ကမ်းပါးပြိုကျခံမှုကို မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပြသည်။
''ဒီရွာတည်ခါစက ကမ်းပါးက အဝေးကြီးမှာပါ။ရွာနဲ့ တစ်မိုင်လောက် ဝေးတယ်။ မြစ်နဲ့ရွာကြားမှာ ဘောလုံးကွင်းတွေ၊လယ်ကွင်းတွေ အများကြီးရှိခဲ့တယ်။ အခုဆို ကမ်းပါးပြိုတာကြောင့် အိမ်ခြေ ၁၀၀ မက ရွှေ့ပြောင်းလိုက်ရတယ်။ နေအိမ်အဆောက်အဦတွေကို ထိခိုက်လာတာ ၁၀ နှစ်နီးပါးလောက်ရှိပြီ။ ကျွန်တော်ဆို တစ်နှစ်ကိုပေ ၂၀ လောက်ရွှေ့ပြီး ဆောက်တာ ခြောက်ခါတောင် ရှိနေပြီ။ ဒီနှစ်လည်းရွှေ့ရတော့မယ်။ အိမ်အောက်ဘက်မှာ မြေသားတွေ ကွဲအက်လာပြီလေ။ အထူးသဖြင့် မြစ်ရေနည်းချိန် အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ အဖြစ်များတယ်'' ဟု ကမ်းစပ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

''ကျောင်းမှာရှိတဲ့ ဘုရား၊ သိမ်နဲ့ဆို ကမ်းပါးနဲ့ လေးငါးပေလောက်ပဲ ဝေးတော့တယ်။ မကြာခင် သိမ်တော်ပါသွားမှာစိုးရသလို ကျောင်းတောင်ပါသွားမှာ စိုးရိမ်နေရပြီ'' ဟု ချောင်းဝဘုန်းတော်ကြီးကျောင်းမှဆရာတော်က မိန့်ကြားခဲ့ပါသည်။
ကုလားတန်မြစ် ၀ဲဘက်ခြမ်းတွင်ရှိသော အဆိုပါအပေါက်ဝကျေးရွာသည် တိုက်နယ်အဆင့်ရှိသော ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ လက်ရှိတွင် လူနေအိမ်များနှင့် ဈေးအပါအ၀င် ချောင်းဝဘုန်းတော် ကြီးကျောင်းသည် ကမ်းပါးပြိုရာတွင် ပါသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဂရိမှာ ၂ ရက်ကြာ အထွေထွေသပိတ်မှောက်

ဂရိအစိုးရရဲ့ခြိုးခြံချွေတာရေး စီမံကိန်းကို မကျေနပ်လို့ ဆန္ဒပြကြတဲ့သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ မနေ့တုန်းက အေသင်မြို့မှာ ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။ ထောင်နဲ့သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ၂ ရက်ကြာ အထွေထွေသပိတ်မှောက် ဖို့ ဂရိလမ်းမတွေပေါ်ထွက်ခဲ့ကြပါတယ်။ ဂရိလွှတ်တော်အပြင်ဘက်က ရင်ပြင်မှာရှိနေတဲ့ရဲတွေကို အေသင်မြို့က ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ခဲ့ကြသလို ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ မီးခိုးဗုံးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ လွှတ်တော်ရှေ့ကရင်ပြင်မှာ ဆန္ဒပြသူတွေ အနည်းဆုံး ၁၀၀,၀၀၀ လောက်ရှိပါတယ်။ တော်တော် များများက အစိုးရကိုနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားကြပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်မှာ အများစုဖြစ်တဲ့ ဆိုရှယ်လစ် လွှတ်တော်အမတ်တွေကတော့ ခြိုးခြံချွေတာရေး စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒီစီမံကိန်းကြောင့် အခွန်ကောက်တာတွေ တိုးမြှင့်မယ့်အပြင် အစိုးရအလုပ်တွေကိုလည်းလျှော့ချမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဒီကနေ့မှာ နောက်ဆုံးအဆင့် မဲပေးကြမှာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့အနေနဲ့ သီစာလို နကီ (Thessaloniki၊ ပါထရပ်စ် ( Patras) နဲ့  ဟီရာကလီယွန် (Heraklion) မြို့တွေမှာလည်း ဆန္ဒပြသူ ၅၀,၀၀၀ လောက်က လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ အပြင် မုန့်ဖုတ်သမားတွေ၊ အငှားယာဉ်ပိုင်ရှင်တွေ၊ ဓာတ်ဆီဆိုင်အလုပ်သမားတွေပါမကျန် ၄၈ နာရီ ဆန္ဒပြပွဲကို ဆင်နွဲနေကြပါတယ်။ ဂရိနိုင်ငံရဲ့အကြွေးတွေ အကြီးအကျယ်တင်နေတဲ့ အကြပ်အတည်းကိုဖြေရှင်းဖို့ ပြင်သစ် သမ္မတ နီကိုလိုင်ဆာကိုဇီနဲ့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာမာကဲလ်တို့ ဆွေးနွေးကြဖို့ ဂျာမဏီနိုင်ငံ Frankfurt ဖရန်ခ်ဖာ့တ်မြို့ကို လာနေကြပါပြီ။

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က သူရဲ့ အစီရင်ခံစာကို မနေ့က တင်သွင်းခဲ့ပါတယ်။
UN Photo/Eskinder Debebe
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် စာရင် အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုတာကို ကြိုဆိုပေမဲ့၊ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ မကြာသေးခင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာဟာ ကြိုဆိုစရာ ကိစ္စ ဖြစ်ပေမဲ့၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် အမြောက်အမြား ကျန်ရှိနေသေးတာကို သူအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေတယ်လို့ ပြောသွားပါတယ်။ ဒါကြောင့် ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မစ္စတာ ကင်တားနား က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ အစိုးရ အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ ဆိုတဲ့အချက် အရေးကြီးပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းထားတယ် ဆိုတာ လုံးဝ မဖြစ်သင့်တော့ပါဘူးလို့ မစ္စတာကင်တားနားက ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၀ ခန့်သာရှိရာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထက်ဝက် ခန့် လွတ်မြောက်လာပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံပိုင်  ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အောက်တိုဘာ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာမည့်သူများကို လာရောက် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်များ (ဓာတ်ပုံ - AP)
နိုင်ငံရေးအကျဉ်းသား၂၀၀၀ ခန့်ရှိသည် ဆိုခြင်းသည် ချဲ့ကားပြောဆိုမှုများသာဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဦးရေ ၃၀၀ ခန့် လွှတ်ပေးပြီး ဖြစ်သည့်အတွက် လွှတ်ပေးမှုနှုန်းမှာ နည်းပါးသည်ဟု မဆိုနိုင်ကြောင်း၊ မကြာမီကာလအတွင်း ထပ်မံလွတ် မြောက် လာဦးမည်ဟု ထင်ကြောင်း ပြောဆိုခဲ့သည်။
သို့ရာတွင် ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကမူ အစိုးရနှင့် နိုင်ငံရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ စာရင်းကွဲလွဲနေသည်ဟု ပြောသည်။
၎င်းတို့ အဖွဲ့ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား ဦးရေမှာ လက်ရှိ ၁၂၀၀ နီးပါး ကျန်ရှိမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
အဆိုပါ စာရင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက လွတ်မြောက်လာသည့် ဦးရေကို ထုတ်နုတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“စာရင်းကွာခြားနေတယ်ဆိုတာ အစိုးရက နိုင်ငံရေးသီးသန့် ပုဒ်မတပ်ထားတဲ့သူတွေ စာရင်းကို ကိုင်ပြောနေလို့ဖြစ်လိမ့်မယ်”ဟု ကိုတိုးကျော်လှိုင် က ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပုဒ်မ ၅(ည)၊ ပုဒ်မ ၅၀၅(ခ) စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးခြင်း မပြုဘဲ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င်နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ပုံနှိပ် အက်ဥပဒေ စသည့် ဥပဒေပုဒ်မ များဖြင့် စွဲဆိုကြောင်း၊ ထို့ကြောင့် စာရင်းကွာဟမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ကြောင်း ကိုတိုးကျော်လှိုင်က ပြောဆိုသည်။

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း၊ ကျန်ရှိနေသေးသည့် အကျဉ်းကျခံသူများအား အချိန်ကာလနှင့် အခြေအနေပေါ် မူတည်ကာ ဖြစ်နိုင်သမျှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးသွားရန် အစီအစဉ်ရှိကြောင်း သူရဦးရွှေမန်း ပြန်လည်ဖြေကြား
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ဥက္ကဋ္ဌထံ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ကြားဖြတ်အဆိုကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဆိုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အီရတ်မြောက်ပိုင်းကို တူရကီ ထိုးစစ်ဆင်

အီရတ်နိုင်ငံ မြောက်ပိုင်းက ကဒ် Kurd သူပုန်တွေက တူရကီ အရှေ့တောင်ပိုင်း ဒေသမှာရှိတဲ့ တူရကီ စစ်တပ် အစောင့်တပ်စခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တူရကီစစ်သား ၂၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တာမို့ ဒီ ကဒ်သူပုန်တွေကို တိုက်ခိုက်ဖို့ တူရကီက စစ်ဆင်ရေးတရပ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
တူရကီစစ်သားတွေ ရဟတ်ယာဉ်နဲ့ လာနေချိန်မှာပဲ အီရတ်မှာရှိတဲ့ ကဒ်သူပုန်တွေကို ပစ်မှတ်ထားပြီး တူရကီလေတပ် ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တူရကီသတင်းကရေးပါတယ်။ ဒီလက်စားခြေ တိုက်ခိုက်မှုကနေ ကဒ်သူပုန် ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးသယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ

မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ယမန်နေ့က မူးယစ်ဆေးဝါး ၂ ကီလိုခန့် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုမူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုမည်ဟု မဲဆောက်မြို့ ရဲမှူးကြီးက ပြောသည်။
ရာဇ၀တ်မှုထူပြောသော မြ၀တီ-မဲဆောက် တံတားအောက်ကို လုံခြုံရေးတင်းကျပ်ရန် ထိုင်းအာဏာပိုင်တို့က စက်တင်ဘာ ၂၅ ရက်နေ့တွင် သံဆူးကြိုးကာရံလိုက်သည် (ဓာတ်ပုံ- ဧရာဝတီ)

စောအနိုး အသက် ၃၃ နှစ်နှင့် နန်းယဉ် အသက်၂၄ နှစ်တို့ကို ၎င်းတို့သယ်ယူလာသော စိတ်ကြွဆေးပြား(ရာဘ)ပြုလုပ်ရာတွင် အသုံးပြုသည့် မက်သာအဖက်တမင်း အမှုန့်၂ ကီလိုခန့်နှင့်အတူ ထိုင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးအဖွဲ့က နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီးတွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်း မူးယစ်ဆေးဝါးအမှုန့်များကို မဲဆောက်ရှိ ၀ယ်လက်များထံသို့ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ထိုင်း အာဏာပိုင်များထံတွင် အဖမ်းခံရသူများက ထွက်ဆိုခဲ့ကြသည်။
မဲဆောက် ရဲမှူးကြီး ဒေချာဝထနဖနုံ က“သူတို့ကို မနေ့က ထိုင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းလိုက်တာဖြစ်တယ်၊ အခု မဲဆောက် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်၊ စစ်ဆေးမှုတွေ လုပ်ပြီးတာနဲ့ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်တဲ့ ဥပဒေနဲ့ အရေးယူ စွဲချက်တင်မှာဖြစ်တယ်”ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား၂ ဦး၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးမည့်သူများမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရာဇ၀တ်မှုများ တားဆီးနိုင်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တံတား အနီးရှိ မြန်မာဘက်မှ အလွယ်တကူဝင်ရောက်နိုင်သည့် မလွယ်ပေါက်များကို ထိုင်း အာဏာပိုင်များက စက်တင်ဘာ၂၅ရက်နေ့ကစ၍ သံဆူးကြိုးများဖြင့် ကာရံလိုက်ပြီး ၂၄ နာရီ လုံခြုံရေး ချထားခဲ့သည်။
ထိုင်းဘက်မှ သံဆူးကြိုးကာရံ၍ လုံခြုံရေးတိုးမြှင့်လိုက်သော်လည်း မြန်မာဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုမှာ နည်းပါးသွားခြင်းမရှိဟု ထိုင်းနိုင်ငံဘက် ချစ်ကြည်ရေးတံတားမှ တာဝန်ရှိ ထိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောဆိုသည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ဘေး ၀ဲယာအနီးဝန်းကျင်သည် မြန်မာဘက်မှနည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် မူးယစ်ဆေးဝါးမျိုးစုံကို ထိုင်းဘက်မှ မကြာခဏ ဖမ်းဆီးရမိသည့် နေရာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ် ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးမိခဲ့သေးသည်။

တိုးတက်ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို သီတဂူဆရာတော် တိုက်တွန်း

မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်ရေး တို့အတွက် အစိုးရပိုင်းကရော၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ ပြည်သူတွေရဲ့ လိုလားချက်တွေကို အားမြှင့်ဖြည့်ဆည်း ဆောင်ရွက်သွားဖို့ ထင်ရှားတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရက ဒီကနေ့ တိုက်တွန်း မိန့်ကြား လိုက်ပါတယ်။
nldburma.org
ရန်ကုန်တိုင်း မြောက်-ဒဂုံမြို့နယ်တွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓသာသာနာ့ တက္ကသိုလ် ဖွင့်လှစ်ရန် ပြင်ဆင်နေသာ သီတဂူ ဆရာတော် ဦးဉာဏိဿရအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖူးမျှော်စဉ် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မှတ်တမ်းပုံ ဖြစ်ပါသည်။ (nldburma.org)
“ပြည်သူတွေရဲ့ လိုလားချက်တွေ တောင့်တချက်တွေကို ခပ်များများ ဖြည့်စွက် ပေးနိုင်စွမ်းရင် ဒီမန်း(Demand) နဲ့ ဆပ်ပလိုင်း (Supply) ဆိုတာလိုပေါ့၊ ဆပ်ပလိုင်း သိပ်နည်းရင် ဒီဥစ္စာက မကောင်းတဲ့ အကျိုးဆက် ရှိတာပဲ၊ နိုင်ငံရေးဆိုတာ အဲဒါ ပါပဲ။ ဒီမန်းတွေ သိပ်များလာရင် ဆပ်ပလိုင်း ခပ်များများလုပ်ပေးလိုက်ရင် ငြိမ်သွားကြမှာပါ။ သို့သော်လည်းပဲ ပညာတတ် ပုဂ္ဂိုလ်တွေ စိတ်ထားနှလုံးထား ပျော့ပျောင်းတဲ့ သူတွေရဲ့အပိုင်းမှာ အမြဲတမ်း သက်ရောက်စရာ အကြောင်း ရှိပါတယ်၊ အဂရက်စစ်(Aggressive) ဖြစ်ပြီးတော့ စိတ်ဓါတ် ခက်မာတဲ့ ပုဂ္ဂိုလ်တွေ ပညာနည်းတဲ့ ပုဂ္ဂိုလ်တွေ အပိုင်းကြတော့ လုပ်ရကိုင်ရတာ အတော် ခက်လိမ့်မယ်” လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် အခုနှစ် ဇွန်လ ၁၄ ရက်နေ့က တစ်ကြိမ်၊ ပြီးခဲ့တဲ့ရက်ပိုင်း သီတင်းကျွတ်လပြည့်နေ့က တစ်ကြိမ်၊ သီတဂူဆရာတော်ကို သွားရောက် ဖူးမြော် ဂါဝရ ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ရှေ့ရေးအတွက် သည်းခံ ခွင့်လွှတ်ပြီး၊ စိတ်ရှည်ရှည်နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အလေးထား မှာကြားခဲ့တယ်လို့ ဆရာတော်က RFA ကို မိန့်ကြားပါတယ်။ ဆရာတော်ဟာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့တကွ အစိုးရ ခေါင်းဆောင်တွေကိုလည်း ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးတရား ဟောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွန့်လွှတ်စွန့်စားစိတ်၊ သည်းခံ ခွင့်လွှတ်စိတ်တွေနဲ့ ကြိုးပမ်းနေတာကြောင့် ဒီမိုကရေစီ ရရှိအောင် မုချ ဆောင်ရွက်နိုင်မှာ မှန်ပေမယ့် အချိန်တော့ ယူရလိမ့်မယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။

10/19/2011

IMF နှင့် မြန်မာနိုင်ငံ


အမျိုးမျိုးကွဲပြားနေတဲ့ မြန်မာ့ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တစုတစည်းထဲ ဖြစ်စေဖို့အတွက် အကြံပေးပါရန် သမ္မတ ဦးသိန်းစိန်အစိုးရက IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကို အကူအညီတောင်းခံချက်အရ၊ ဒီနေ့ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ IMF ကိုယ်စားလှယ် အဖွဲ့အနေနဲ့  ဒီခရီးစဉ်အတွင်း ဘယ်လို အကြံပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းရဲ့ သုံးသပ်ချက်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ့ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တမျိုးထဲ၊ တစ်စု တစ်စည်းထဲဖြစ်အောင် လုပ်နိုင်မယ့် အခြေအနေရှိပါသလား ဆရာ။

"Exchange Rate Unification ဆိုတာကလဲ အစကတည်းကိုက ကျနော်တို့က FEC ထုတ်ထားတယ်။ FEC ကို ကြေငြာတာကတော့ Green Bag လိုဘဲ FEC သည် တူညီရမယ်လို့ ပြောပြီးတော့ တကယ် လက်တွေ့ကျတော့ FEC နဲ့ အစိမ်းရဲ့ အခွင့်အရေးခြင်း မတူဘူးဆိုရင်တော့ နှုန်းက အမျိုးမျိုး ရှိမှာဘဲ။
တန်းတူ ညီမျှ Operable မဖြစ်ဘူး၊ ကန့်သတ်ချက် ရှိနေတယ်ဆိုရင်တော့ Unification (ပေါင်းစည်းခြင်း) ဆိုတာလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။"
အစိုးရအနေနဲ့ကတော့ FEC တွေ ပြန်ဝယ်မယ်၊ တဖြည်းဖြည်းနဲ့ FEC တွေ ပြန်သိမ်းမယ့် သဘောရှိတယ်လို့ တရားဝင် ပြောထားတာတော့ ရှိပါတယ် ဆရာ။ အခု IMF ကိုယ်စားလှယ်အဖွဲ့က ငွေလဲလှယ်နှုန်းကို တစု တစည်းထဲ သတ်မှတ်တဲ့ ကိစ္စအပြင် IMF အဖွဲ့ဝင်တွေ လိုက်နာရမယ့် Article 8၊ ပြန်ဌာန်းချက် ၈ မှာပါတဲ့
အချက်အလက်တွေအရ နိုင်ငံတကာနဲ့ ငွေပေးချေတာတွေ၊ ငွေပြောင်း ငွေလွဲ လုပ်တဲ့နေရာတွေမှာ ကန့်သတ်ချက်တွေကို အစိုးရက ရုပ်သိမ်းပေးဖို့ အတွက်ကိုလည်း တိုက်တွန်းမယ်လို့ သိရပါတယ် ဆရာ။


ရခိုင်ကို မုန်တိုင်းငယ်တခု ၀င်ရောက်နေ

ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့နှင့်ရခိုင်ပြည်နယ် မောင်းတောမြို့ကြားမှ ကုန်းတွင်းပိုင်းကို ၀င်ရောက်နေပြီဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်၏ ရာသီဥတုဆိုင်ရာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းမုန်တိုင်းသည် သိသိသာသာအားကောင်းလာခြင်းမရှိဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကို စစ်တွေမြို့အနီးမှ ယနေ့ညပိုင်းတွင် ဆက်လက် ဖြတ်ကျော်သွားမည်ဖြစ်သည်ဟုလည်း ဦးထွန်းလွင်၏ ယနေ့ ညနေ ၄ နာရီခန့် ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါမုန်တိုင်းကို အ၀ါရောင်အဆင့်သတ်မှတ်ထားပြီး တနာရီလျှင် မိုင် ၅၀ မှ ၆၀ နှုန်းအထိ လေပြင်းများတိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်း ဒီရေ ၆ ပေမှ ၈ ပေအထိ တက်နိုင်ကြောင်း နေပြည်တော် မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနကလည်း ယနေ့ နေ့လယ် ၁၂ နာရီ ခွဲတွင် ထုတ်ပြန်ထားသည်။

ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီအခြေစိုက် Oxi Day အဖွဲ့ကြီးကနေပြီးတော့ ပထမဦးဆုံး Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်လိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာနဲ့ မူဆိုလိုနီတို့လို အင်အားကြီးတဲ့ အာဏာရှင်တွေကို ဂရိနိုင်ငံငယ်ကလေးက No လို့ အဓိပ္ဗာယ်ရတဲ့ Oxi ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့ အာခံခဲ့ကြတာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဒီဆုက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်မှုအတွက် သတ္တိရှင် အမျိုးသမီးတဦး အနေနဲ့ အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အစိုးရက KIA ကို ဆက်၍ ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လတ်တလော ထိုးစစ်ဆင်နေမှုများသည် ၎င်းတို့ အမာခံနယ်မြေများကို သိမ်းယူရန် အတွက် ဖြစ်သည်ဟု KIA ကပြောသည်။
လိုင်ဇာဌာနချုပ်မှ ရှေ့တန်း စစ်မြေပြင်သို့ ထွက်ခွာသွားနေသော KIA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - Jinghpaw Kasa Blog)
ပြီးခဲ့သည့် ကြာသပတေးနေ့ကစတင်သည့် တိုက်ပွဲများအတွင်း KIA စစ်ဌာနချုပ် လိုင်ဇာနှင့် ပါဂျောင်သို့သွားရာ လမ်းတလျှောက်ရှိ KIA ခြေကုတ် စခန်းများကို အစိုးရတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပါဂျောင်သို့ သွားရာလမ်းရှိ ၀ိုင်းမော်မြို့နယ်အနီး Lung Zep Kong တောင်ကုန်း၊ နမ်ဆန်ရန်ရွာနှင့် ရှမ်းပြည်နယ် ကွတ် ခိုင်မြို့နယ်အနီး တာမိုးညဲဒေသများတွင်လည်း တိုက်ပွဲများကြိုးကြား ကြိုးကြား ဖြစ်နေသည်ဟု KIA ကပြောသည်။
“အစိုးရတပ်တွေက သောကြာနေ့ကတည်းက အဓိက နေရာ သုံးခုကို သဲသဲမဲမဲတိုက်နေတာ၊ တပ် အင်အား ၆၀၀
လောက်ထပ်ပြီး ပို့နေတယ်လို့လည်း အခုနောက်ဆုံး သိရတယ်”ဟု KIA မှ ဗိုလ်မှူးကြီး ဇောရော် က ဧရာဝတီ သို့ ပြော သည်။

ကချင်ပြည်နယ်မှာ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကြီးမား




ကချင်ပြည်နယ်မှာ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကြီးမား
HRW ရဲ့ ခန့်မှန်းချက်အရ ကချင်အရပ်သား ၃၀,၀၀၀ ခန့်မှန်းခြေဟာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ လှည့်လည် ပုန်းအောင်နေရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဒီနှစ်ထဲ တိုက်ပွဲတွေပြန်ဖြစ်လာတာမှာ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့ကြတယ်ဆိုပြီး နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က အပြစ်တင်လိုက်ပါတယ်။ သူတို့ သတင်းသွားရောက်ရယူခဲ့တဲ့ မှတ်တမ်းတွေအရ အပြစ်မဲ့အရပ်သား အချို့ အထူုးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေပါ ရှိခဲ့တယ်လို့ HRW က ပြောပါတယ်။ HRW ပြောခွင့်ရသူကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်အတွင်း ဒီနှစ် ဇွန်လကစခဲ့တဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲတွေအကြား ကချင်လူမျိုး ဒေသခံ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်းကို ကိုယ်တိုင်ဆင်းပြီး အခြေအနေတွေကို လေ့လာခဲ့တယ်လို့ HRW က ပြောပါတယ်။
ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်းမှာ HRW စုံစမ်းရေးအဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းက အရပ်သားတွေ စွန့်ပစ်ခဲ့တဲ့ ကျေးရွာဟောင်းတွေနဲ့ တောထဲမှာလှည့်လည်ပုန်းအောင်နေထိုင်နေကြတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေ အသေအချာ မှတ်တမ်းပြုပြီး တွေ့ရှိချက်တွေအရ မြန်မာအစိုးရတပ်ဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ကောက်ချက်ဆွဲခဲ့တာလို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Elaine Pearson က ဗွီအိုအေကို ပြောပါတယ်။
“တိုက်ပွဲတွေပြန်ဖြစ်တဲ့ လွန်ခဲ့တဲ့ ငါးလကတည်းက အဲဒီဒေသတွင်းမှာ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေရ ပါတယ်။ HRW လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့အနေနဲ့ ဒါတွေ တကယ်ဖြစ်ခဲ့သလား အတည်ပြုဖို့လိုလာပါတယ်။ ဒါကြောင့် အဲဒီကို သွားရောက်ပြီး မြန်မာစစ်တပ်ကနေ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ ကျေးရွာတွေ ဖျက်ဆီးခံရမှုတွေကို အသေအချာ လေ့လာ မှတ်တမ်းပြုစုခဲ့ပါတယ်။”

10/18/2011

နိုင်ငံခြားဧည့်သည်များ ၀င်ရောက်မှု တိုးတက်စေရန် ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး ယင်းကော်မတီက နိုင်ငံတော်၏ လုံခြုံရေးအတွက် Black List စာရင်းဝင် နိုင်ငံခြားသားများ ၀င်ရောက်မှု မရှိစေရေး ဆောင်ရွက်မည် ဖြစ်ကြောင်းသိရ

နိုင်ငံခြားဧည့်သည်များ ၀င်ရောက်မှု တိုးတက်စေရန်နှင့် ၎င်းတို့၏နေထိုင်သွားလာမှု အဆင်ပြေ လွယ်ကူစေရန်အတွက် နိုင်ငံခြား ဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီကို ဖွဲ့စည်းထားပြီး ယင်းကော်မတီ၏ လုပ်ငန်း တာဝန်များထဲတွင် နိုင်ငံတော် လုံခြုံရေးအတွက် Black List  စာရင်းဝင် နိုင်ငံခြားသားများ ၀င်ရောက်မှု မရှိစေရေးအတွက် တားဆီးကာကွယ် ပူးပေါင်း ဆောင်ရွက်သွားရန် ဟူသည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံခြားဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊

သိန်းစိန်ရဲ့  လက်ထက်မှာ ဆင်ဖြူတစ်ကောင်တွေ့ တယ်ဆိုပြီး ပြောပြန်ပြီ။































ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၁) ရက်နေ့  မနက် (၉) နာရီလောက်က ရခိုင်ပြည်နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ တောတွင်းမှာ ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက် အရပ် ၅ ပေ ၅ လက်မရှိတဲ့ ဆင်ဖြူ တစ်ကောင် တွေ့ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း သိရပါတယ်။

သိန်းစိန်လက်ထက်အစမှာ တွေ့ ရလို့  ဆိုပြီး - သိန်းစိန် စတင်တာဝန်ယူချိန် အပြောင်းအလဲများ ပြုလုပ်နေချိန်တွင် အခုလို ဆင်ဖြူတစ်ကောင်တွေ့ရတဲ့အတွက် ထူးခြားပြီး ရှေးသမိုင်းအစဉ်အလာ မြင့်မြတ်သောမင်္ဂလာ တစ်ပါးဖြစ်ပြီး သိန်းစိန်တို့ အတွက် များစွာ အားတက်ဂုဏ်ယူဖွယ်ရာ ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

၁၉၆၂ ခုနှစ်က စတင်ခဲ့တဲ့ နေ၀င်းလက်ထက်ရော၊ သန်းရွှေလက်ထက်ရော အခု သိန်းစိန်လက်ထက်ရော တွေ့ လိုက်ကြတဲ့ ဆင်ဖြူတွေ မနည်းလှပါဖူး။

ဆင်ဖြူဆိုတာကြောင့် အုပ်ချူပ်သူ မင်းကောင်းတာလားဆိုတာနဲ့  တိုင်းပြည်ကို မင်းကောင်းမင်းမြတ် ပီသစွာနဲ့  မင်းကျင့်တရား (၁၀) ပါးအပြည့်နဲ့  အုပ်ချူပ်ဖို့ က အဓိကဆိုတာလားဆိုတာ ခွဲခြားတတ်ကြဖို့  လိုပါတယ်။

အာဏာရူးတွေရဲ့  ဆင်ဖြူအကြောင်း ယခင်ရေးသားချက်များကို ဖတ်ရှူ လိုပါက -

“ဆင်လှူသော ဆင်ဖြူရှင်ဘွဲ့ ခံ မင်းတရားကြီး ဖြစ်ချင်လို့  ဆင်ဖြူတော်ပုံရိပ်ကို အဓိက ထည့်တဲ့ ဘုရင်ရူးကြီး သန်းရွှေရဲ့  ကျပ် ၅၀၀၀ တန် ငွေစက္ကူ - http://niknayman-niknayman.blogspot.com/2009/10/blog-post.html

“ဆင်ပေါ် လင်းတ (လဒ) နဲ့  လိပ် ထိုင် ၅၀၀၀ တန် - http://niknayman-niknayman.blogspot.com/2009/10/blog-post_04.html

“ဆင်ဖြူရှင်ရူး ရူးသူနဲ့ ဆင်ဖြူမရှင်ရူး ရူးသူအတွက် ပန်းနုရောင်နဲ့  ဆင်ဖြူတော်တဲ့ - http://niknayman-niknayman.blogspot.com/2010/06/blog-post_29.html

“နိုဝင်ဘာ (၇) ရက်နေ့ က ထုတ်ခဲ့တဲ့ နအဖရဲ့  ဆင် ၅ ကောင်နဲ့  ရွေးကောက်ပွဲ အမှတ်တရ တံဆိပ်ခေါင်းတဲ့။ တံဆိပ်ခေါင်းလား ကြော်ငြာ ကပ်ခွာ စတစ်ကာ (sticker) လား - http://niknayman-niknayman.blogspot.com/2010/11/sticker.html

“ဆင်ဖြူတော် ဖမ်းဆီးထပ်ရတယ်ဆိုပြီး နအဖတွေ ပြောနေချိန်မှာဘဲ ငါးထောင်ကျပ်တန် ဆင်ဖြူတော်လည်းအတု ဖြစ်နေပြန်ပြီ - http://http://www.blogger.com/img/blank.gifniknayman-niknayman.blogspot.com/2010/10/blog-post_1208.html

“ဆင်နူရှင် သန်းရွှေနဲ့  ဆင်နူမရှင် ကြိုင်ကြိုင်တို့  ရူးသွပ်လေသမျှ - http://niknayman-niknayman.blogspot.com/2010/08/blog-

 ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ရှိ သမိုင်းမြို့မဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ခေါ်) ဇာဂနာအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့်အတူ ရဟန်းရှင်လူ ပြည်သူ အများအပြားတက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲအခမ်းအနားကို သမိုင်းမြို့မဘုန်းတော်ကြီးကျောင်းရှိ အသောကဖောင်ဒေးရှင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ အစီအစဉ်များကို အောက်တိုဘာလ ၁၈ရက်နေ့ နံနက်ကိုးနာရီ အချိန်ကပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။

ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် သမိုင်းမြို့မကျောင်းဆရာတော်ထံသို့ သွားရောက်ဖူးမျှော်ကာ ကထိန်သင်္ကန်း ဆပ်ကပ်လှူးဒါန်းခြင်း၊ အခမ်းအနားအဖွင့် မိုးပျံပူဖောင်းများ လွှတ်တင်ပေးခြင်း၊ ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်များလွှတ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကာ ကိုမင်းကိုနိုင်အတွက် အမှတ်တရ စကားကိုလည်း ပြောကြားပေးခဲ့ပါသည်။

ိကိုမင်းကိုနိုင် ကိုယ်တိုင်ရေးဖွဲ့ခဲ့သော ကဗျာများနှင့် ကိုယ်ရေးအကျဉ်း

Poems for Ko Min Ko Naing

ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်အပေါ် ဒေါ်စု စွဲဆိုထားသည့်အမှု လက်ခံရေး ကြားနာတော့မည်

ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုထားတဲ့ အမှုကို လာမယ့် အောက်တိုဘာလ ၂၇ ရက်၊ ကြာသပတေးနေ့မှာ အမှုလက်ခံမခံ ကြားနာမှာဖြစ်ပါတယ်။ အမွေဆိုင်အိမ် အမှုရဲ့ အဓိက ငြင်းချက်တွေမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက် မချရသေးဘဲ အနိုင်ရထားပြီးပြီလို့  ဦးအောင်ဆန်းဦးရဲ့ ကြိုတင်ပြောဆိုတဲ့ အချက်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြစ်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
နေအိမ်နဲ့ခြံ ပိုင်ဆိုင်လိုမှုနဲ့ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ပေါ် တရားစွဲဆိုထားတဲ့ အမှုမှာ ရုံးတော်ရဲ့ ဆုံးဖြတ်ချက် တစ်စုံတရာမရှိသေးဘဲ အဓိက စွဲဆိုချက်တွေမှာ အနိုင်ရထားပြီးပြီလို့ ပြောခဲ့တဲ့ ဦးအောင်ဆန်းဦးကိုရော၊ ဖော်ပြတဲ့ မော်နီတာ ဂျာနယ်ကိုပါ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ တရားပြန်ဆွဲထားတာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်မတိုင်ခင် အမှုအခြေအနေကို ကြိုတင်ပြောဆိုတာဟာ တရားရုံးကို မထီမဲ့မြင်ပြုတာဖြစ်ပြီး ဒီကိစ္စကို

နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

ပီးခဲ့တဲ့ ၅ ရက်ကမှ မြစ်ကြီးနား အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဟာသပညာရှင် ဦးသူရ ခေါ် (ကို)ဇာဂနာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေအိမ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
RFA
နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟာသပညာရှင် ဦးသူရ ခေါ် ဇာဂနာ တို့ ဖြစ်ပါသည်။ 

ဦးသူရကို ဒီကနေ့မနက်ပိုင်း နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားတာပါလို့ ခယ်မဖြစ်သူ မငြိမ်းက RFA ကို အတည်ပြု ပြောဆိုပါတယ်။ မနက်ပိုင်း ဆယ်နာရီ လေးဆယ့်ငါးမှာ ကိုသူရကို လာခေါ်သွားပြီး ဆယ့်နှစ်နာရီ တစ်နာရီလောက်မှပြန်ရောက်လာတဲ့အကြောင်း မငြိမ်းက RFA ကိုပြောပါတယ်။ အသေးစိတ်ကိုတော့ မငြိမ်းက ပြောဆိုခြင်း မရှိပါဘူး။ ဟာသပညာရှင် ဇာဂနာဟာ ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့တောင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ဖို့ စီစဉ်ထားတဲ့အကြောင်း အကျဉ်းထောင်ကလွတ်လာပြီးနောက် RFA ပြောဆိုခဲ့ပါတယ်။

10/17/2011

ပွင့်လင်းရာသီ ကာလ ရန်ကုန်မြို့၏ လမ်းခင်းခြင်းလုပ်ငန်းများ စတင်၊ ပျက်စီးမှုများပြားသော လမ်းများနှင့် ယာဉ်သွားလာမှု များပြားသော လမ်းများကို ဦးစားပေး ခင်းကျင်းသွားမည် ဟုဆို

AddThis Social Bookmark Button
733
ရန်ကုန်မြို့တွင်း တစ်နေရာတွင် ကွန်ကရစ်လမ်း ခင်းနေစဉ်
ပွင့်လင်းရာသီကာလ ရန်ကုန်မြို့၏ လမ်းခြင်းခြင်း လုပ်ငန်းများ  စတင်နေပြီဖြစ်ကြောင်း၊ လမ်းများ ခင်းကျင်းတွင်လည်း ပျက်စီးမှု များပြားသော လမ်းများနှင့် ယာဉ်သွားလာမှုများပြားသော လမ်းများအား ဦးစားပေး ခင်းကျင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မိုးပြတ်သည့် အောက်တိုဘာ လဆန်းပိုင်းမှစတင်၍ လမ်းပျက် စီးမှုများပြားနေသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ သံသုမာလမ်း (သွားဆေးတက္ကသိုလ်ရှေ့)နှင့် လေးထောင့်ကန်လမ်းမကြီး (ဇ၀နကား မှတ်တိုင်မှ ဘီအိုစီကားမှတ်တိုင် အကျော်အထိ)၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အုပ်ပုံဆိပ်လမ်း(မြောက် ဥက္ကလာပ ခုံးကျော်တံတားမှ မယ်လမုဘုရားအထိ)တို့အား အပိုင်းလိုက် ပြန်လည်ခင်းကျင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
733a “မိုးပြတ်တဲ့ အခုအချိန်ကစပြီး လမ်းခင်းတဲ့လုပ်ငန်းတွေကို ဆက်တိုင်လုပ်သွားမှာပါ။

စော်ဘွားကြီးစပ်ရွှေသိုက် ရဲ့ သားတစ်ဦးဖြစ်တဲ့ ဦးဟန်ညောင်ဝေ နဲ့ အင်တာဗျူး

ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးလည်းဖြစ်၊ ညောင်ရွှေ စော်ဘွားဆက်၏ နောက်ဆုံး စော်ဘွားလည်းဖြစ်သော စော်ဘွားကြီးစပ်ရွှေသိုက်၏ သားတဦးဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ကြေငြာပြီး ၄ လ အကြာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဦးဟန်ညောင်ဝေကို မွေးဖွားခဲ့သည်။ အခြေခံပညာရေးကို မြန်မာနိုင်ငံတွင် သင်ယူဆည်းပူးခဲ့ပြီး ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ပညာ ဆက်လက်ဆည်းပူးကာ ဘွဲ့ရရှိသည်။ ထို့နောက် ကနေဒါနိုင်ငံ McGill University မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကို ရရှိခဲ့သည်။
ဦးဟန်ညောင်ဝေ (ဓာတ်ပုံ - Shan Herald Agency for News)
ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာပင် ဆောင်ရွက်လာခဲ့သည်။ သူသည် Burma Alert လစဉ်သတင်းစာစောင်၏ အယ်ဒီတာ၊ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးချုပ် ဦးစိန်ဝင်း၏ အကြံပေး၊ မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် မြန်မာဘာသာအပြင် တိုင်းရင်းသား (၇) ဘာသာဖြင့် သတင်းထုတ်လွှင့်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး စသည့် တာဝန်များ ယူခဲ့သည်။
၁၉၉၇ ဖေဖော်ဝါရီလတွင် ဦးဟန်ညောင်ဝေသည် ဥရောပ မြန်မာရုံး၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရတရပ်သို့ အသွင်းကူးပြောင်းရာတွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအား ကူညီထောက်ပံ့ပေးရန် ဥရောပသမဂ္ဂနှင့် ဂျာမန် Friedrich Ebert ဖောင်ဒေးရှင်းတို့က ပူးတွဲအကောင်အထည်ဖော်သော စီမံကိန်းတခုဖြစ်သည်။
လက်ရှိမြန်မာ့နိုင်ငံရေးဝန်းကျင်၊ ပြုပြင်ပြောင်းလဲမှုများ၏ လက်ရှိအနေအထား၊ တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ဆောင်ရွက်ချက်၊ သက်ဆိုင်ရာ ပါဝင်ဆောင်ရွက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်ချက်များနှင့် ပတ်သက်၍  ဧရာဝတီမဂ္ဂဇင်းက ဦးဟန်ညောင်ရွှေကို ဆက်သွယ်မေးမြန်းထားပါသည်။

မြန်မာကို ဂျပန် ဖွံ့ဖြိုးမှု အကူအညီ ပြန်ပေးတော့မည်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရပ်ဆိုင်းထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ Oversea Development Assistance (ODA) ကို မြန်မာအစိုးရကို ပြန်ပေးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းလိုက်တဲ့ ၂၀၀၃ ခုနှစ်ကနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကို မြန်မာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်း ပြီးတဲ့နောက်မှာ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတာကို ဂျပန်ဘက်က ရပ်ဆိုင်းခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ဒီအချိန်မှာ ပြန်ပေးဖို့အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေက တိုးတက် ကောင်းမွန်လာပြီလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။
မြန်မာ အစိုးရသစ် လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ ထူးထူးခြားခြား တိုးတက်လာတာ မရှိသေးတဲ့အတွက် ဂျပန် အစိုးရအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို ပေးဖို့ အချိန်စောလွန်းတယ်ဆိုပြီး ကန့်ကွက်မှုတွေ ရှိသလို တဘက်ကလည်း မြန်မာအစိုးရသစ်ဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်လာပြီ ဖြစ်လို့ အကူအညီတွေ ပြန်ပေးဖို့

ဥပဒေသစ်အရ အလုပ်သမား ရပိုင်ခွင့်ထိခိုက်ဟု ပြည်ပရောက်ရှေ့နေ့အဖွဲ့ ဝေဖန်

မကြာခင်က မြန်မာအစိုးရသမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေဟာ အလုပ်သမား အခွင့်အရေးတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေသာဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ အလုပ်သမား အဖွဲ့အစည်းဥပဒေဟာ အခြား တည်ဆဲဥပဒေတွေရဲ့ လွှမ်းမိုးမှုကြောင့် အကောင်အထည်ဖော် အသက်သွင်းဖို့ ခက်ခဲလိမ့်မယ်လို့ ဥပဒေရှုဒေါင့်ကနေ ဝေဖန်သွားပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့အထိ တည်ဆဲဥပဒေဖြစ်ခဲ့တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေဟာ အခုအစိုးရက ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေထက် အဆများစွာ အလုပ်သမား အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ပါတယ်။ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အခု အလုပ်သမားအဖွဲ့အစည်း ဥပဒေထဲမှာတော့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေကို ရုပ်သိမ်းလိုက်ပြီလို့ ဖော်ပြပါတယ်။ တကယ်တော့ အခု ဖျက်သိမ်းလိုက်တဲ့ ဥပဒေကို ၁၉၆၂ ခုနှစ်ကစတဲ့ စစ်အစိုးရကာလတွေ တလျှောက်လုံး အလုပ်သမားတွေ မခံစားခဲ့ရပါဘူး။ ဒါကတော့ စစ်အစိုးရကာလတွေမှာ ဥပဒေစိုးမိုးမှု

10/16/2011

လွတ်ငြိမ်းချမ်းသာခွင့် နောက်ထပ် ထုတ်ပြန်ဖို့ရှိ

မြန်မာအစိုးရအနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်ပါတယ်။
AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့်သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင် အနည်းငယ်သာ ပါဝင်တာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာပါ။

“အခု လွတ်ငြိမ်းချမ်းသာခွင့်က နောက်ဆုံးအကြိမ် ဟုတ်မှာ မဟုတ်ပါဘူး။ နောက်လည်း ထပ်လာအုံးမှာပေါ့နော်။ နောက် ဆက်ပြီးတော့လည်း ဒါမျိုးတွေ ပေါ်လာလိမ့်မယ်လို့တော့ ကျနော် ထင်ပါတယ်။ အဲဒီတော့ ဒီတခါ မပါပေမယ့်လည်း နောက်အခါ နောက်အခါတွေမှာ ပါလာနိုင်မယ်လို့တော့ ကျနော် ထင်ပါတယ်”

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ၆ ထောင့် ၃ ရာ ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ ရာကျော်သာ ပါဝင်ခဲ့ပါတယ်။ ‘အခုလကုန်ပိုင်းမှာ ကိုမင်းကိုနိုင် လွတ်မြောက်လိမ့်မယ်၊ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိတယ်’ ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အခြေအနေအပေါ် မူတည်ပြီး နောက်ထပ် အမိန့်ထုတ်ပြန်လိမ့်မယ်လို့ ယူဆကြောင်း ဦးကိုကိုလှိုင်က ပြောပါတယ်။

အကျဉ်းသားလဲလှယ်ရေး အစ္စရေး ပါလက်စတိုင်း ပြင်ဆင်

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ အများအပြားကို လာမယ့်အင်္ဂါနေ့မှာ လဲလှယ်သွားမယ်လို့ နှစ်ဘက် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဗွီအိုအေ ရုံးစိုက်ရာ ဂျေရုစလင်မြို့ကနေ ဗွီအိုအေသတင်းထောက် Robert Berger သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ဟာ သူ့တို့ဖမ်းဆီးထားတဲ့ အစ္စရေးစစ်သား ဂီလားရှလစ်ကို အစ္စရေးကို ပြန်လွှဲပြောင်းပေးရေးကိစ္စ ဆွေးနွေးဖို့အတွက် အီဂျစ်ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ ရှလစ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဟားမက်စ် တပ်ဖွဲ့တွေရဲ့  နယ်စပ်ဖြတ်ကျော် သိမ်းယူမှုအတွင်း အဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက သူဟာ ဂါဇာဒေသမှာ အထိန်းသိမ်းခံထားရတာပါ။
အားလုံး အစီအစဉ်တကျနဲ့ ချောချောမွေ့မွေ့ ဖြစ်ခဲ့မယ်ဆိုရင် ရှလစ်ကို အင်္ဂါနေ့ကျရင် အီဂျစ်နိုင်ငံဘက်ကို လွှတ်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် အစ္စရေးဘက်ကို လွှဲပြောင်းပေးမှာပါ။ အပြန်အလှန်အနေနဲ့ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၄၇၇ ယောက်ကို လွှတ်ပေးမှာပါ။ အဲဒီထဲမှာ လူတွေသေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေမှာ ပါဝင်ခဲ့တဲ့ ထိပ်တန်း စစ်သွေးကြွအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နောက်ထပ် ပါလက်စတိုင်းအကျဉ်းသား ၅၅၀ ကိုတော့ လာမယ့် ၂ လအတွင်းမှာ လွှတ်ပေးသွားမှာဖြစ်ပါတယ်။

ထိုင်းရေဘေးကူညီဖို့ အမေရိကန် မရိမ်းတပ်တွေ ရောက်ရှိ

ရေကြီးတဲ့ဒဏ်ကိုခံနေရတဲ့ ထိုင်းနိုင်ငံကို အကူအညီပေးဖို့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ မနေ့ကပဲ ကူညီကယ်ဆယ်ရေး ကိရိယာတွေနဲ့ ဘန်ကောက်မြို့တော်ကို ရောက်လာခဲ့ကြပါတယ်။ သဲအိပ်တွေနဲ့ တခြား အကူအညီပေးရေး ပစ္စည်းတွေလည်း သယ်လာခဲ့ကြတာပါ။
ထိုင်းနိုင်ငံမှာ ၇၆ ခရိုင်ရှိတဲ့အထဲက ၆၁ ခရိုင်မှာ ရေကြီးတဲ့ဒဏ်ကို ခံနေကြရပြီး အဲဒီမှာ အကူအညီပေးနေတဲ့ ထိုင်းစစ်တပ်နဲ့အတူ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေက ပူးပေါင်း လုပ်ကိုင်ကြလိမ့်မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခရစ္စတီး ကင်နီက ပြောပါတယ်။
ရေကြီးတဲ့ဒဏ်ကြောင့် သေဆုံးသူပေါင်း ၃၀၀ လောက်ရှိနေပြီလို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ သေဆုံးသူ အများစုဟာ ဘန်ကောက်မြို့တော် မြောက်ပိုင်းနဲ့ ရှေးဟောင်းမြို့တော် အယုဒ္ဓယက လူတွေပါ။ မနေ့ကအထိ အယုဒ္ဓယမြို့ နေရာတော်တော်များများက ရေမြှုပ်နေတုန်းပါ။ မြို့နေလူတချို့နဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေက အိမ်ခေါင်မိုးတွေပေါ် တက်နေကြပါတယ်။ ရေသိပ်မကြီးတဲ့နေရာမှာကို လူရဲ့ခါးလောက်အထိ ရေရှိနေတာပါ။
ကူညီကယ်ဆယ်ရေးသမားတွေက လှေတွေ၊ မော်တော်တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လိုက်ပြီး ဝေငှပေးနေပါတယ်။ အယုဒ္ဓယမြို့က လူအတော်များများဟာ လျှပ်စစ်မီးလည်းမရ၊ အစားအစာနဲ့ ရေတွေလည်း မရနိုင်ကြဘဲဖြစ်နေတယ်လို့ ဒါ့ခ်ျ လူမျိုး ကူညီရေးသမားတစ်ဦးက ပြောပါတယ်။
ဘန်းပလို့ခေါ်တဲ့ အယုဒ္ဓယခရိုင်က စက်မှုဇုံမှာ အလုပ်သမားတွေက ရေကြီးတာကို ကြိုးစားပြီးကာကွယ်ခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ မတတ်နိုင်တော့လို့ မနေ့ကပဲ စက်ရုံတွေကို ပစ်ထားခဲ့ရပြီဖြစ်ပါတယ်။

နယူးယောက်ကစတဲ့ Occupy လှုပ်ရှားမှု ကမ္ဘာ့နိုင်ငံတွေကို ပျံ့နှံ့

Occupy Wall Street လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ စတင်ခဲ့တဲ့ စီးပွားရေး မညီမျှမှုကို တောင်းဆိုတဲ့ ဆန္ဒပြမှုဟာ နိုင်ငံတကာအထိပါ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေပါပြီ။ အီတလီနိုင်ငံ ရောမမြို့မှာ မနေ့တုန်းက ရာနဲ့ချီတဲ့ဆန္ဒပြသူတွေ ရောမမြို့ရဲ့လမ်းမတွေပေါ်မှာ ပြည့်နေခဲ့ကြပြီး အဲဒီအထဲက တချို့ဟာ အဆောက်အဦးတွေမှာရှိတဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲတာတွေနဲ့ မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်။ ရောမမြို့မှာ ရဲအင်အားကလည်း ကြီးကြီးမားမား ချထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ အဲဒီမှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စိန့်ပေါလ် ဘုရားရှိခိုးကျောင်းနားမှာ လာပြီးစုရုန်းခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ သြစတေးလျ၊ နယူးဇီလန်၊ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေမှာပါ ဖြစ်ပွားနေတာပါ။
ပြင်သစ်နိုင်ငံမှာ G-20 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ၂၀ ရဲ့ အစည်းအဝေးကို ကျင်းပနေတာပါ။ အဲဒီမှာ အဓိကဆွေးနွေးနေတာကလည်း ဥရောပက စီးပွားရေး အကျပ်အတည်းကိစ္စပါပဲ။ အမေရိကန် ပြည်ထောင်စုမှာလည်း မြို့တော်ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့ အပါအ၀င် တခြားစီးပွားရေး အချက်အခြာကျတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်ပြီးဖြစ်ပွားနေတုန်းပါပဲ။
ဝါရှင်တန်ဒီစီမြို့တော်မှာ ဆန္ဒပြသူအင်အား ၅၀၀လောက်က မြို့တွင်းကို လှည့်ပြီးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ မကျေမနပ်ဖြစ်နေတာက ဆင်းရဲသူနဲ့ ချမ်းသာသူတွေအကြား မညီမမျှ ဖြစ်လွန်းနေတဲ့ အချက်ကိုပါပဲ။ ဆန္ဒပြသူတွေက သူတို့ကိုယ်သူတို့ ၉၉ ရာခိုင်နှုန်းလို့ ခေါ်ကြပါတယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းက ကမ္ဘာ့လူချမ်းသာတွေလို့ ပြောနေကြတာဖြစ်ပါတယ်။

မြ၀တီမြို့ စက်သုံးဆီသိုလှောင်နေရာ မီးလောင်


ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် စက်သုံးဆီများ သိုလှောင်ရာ ကရင်ပြည်နယ် မြ၀တီမြို့အမှတ် ၅ ရပ်ကွက် ကမ်းနားတွင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူတဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရရှိသဖြင့် ထိုင်းနိုင်ငံ မဲဆောက် မြို့ဘက်ရှိ ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။
မီးသတ်ကားများဖြင့် ငြှိမ်းသတ်ပြီးနောက် တွေ့ရသည့် မြ၀တီအမှတ် ၅ ရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားသော စက်သုံးဆီ သိုလှောင်သည့်နေရာ(ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့မှ မျက်မြင်သက်သေတဦးက“ဒီနေ့မွန်းလွဲ ၁ နာရီခွဲမှာ ထိုင်းဘက်ကလာတဲ့ ဆီတွေကို ပြောင်းတင်တဲ့အချိန်မှာမီး စ လောင်တာ၊ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်၊ အလုပ်သမားတဦးကတော့ ဒဏ်ရာရလို့ ထိုင်းဘက်ပို့လိုက်တယ်”ဟုပြော သည်။
မီးလောင်မှု ဖြစ်ပွားသည့်နေရာသည် ထိုင်းနိုင်ငံဘက် အမှတ် ၁၀ လှေဆိပ်မှတဆင့် တရားမ၀င်နည်းဖြင့် တင်သွင်းလာသည့် စက်သုံးဆီမျိုးစုံကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် အခြားဒေသများသို့ လက္ကားဖြန့်ဖြူးပေးသည့်နေရာဖြစ်ပြီး ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်၏ မြန်မာဘက်ကမ်းနဖူးတွင် တည်ရှိသည်။
မီးလောင်ရာသို့ မြ၀တီခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား၂ စီးက လာရောက်ငြိမ်းသတ်ပေးခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုပမာဏ ကို သိရှိရခြင်းမရှိသေးဟု မြန်မာဘက် စက်သုံးဆီတင်ပို့သည့် ထိုင်းလုပ်ငန်းရှင်တဦးက ပြောသည်။
ထိုင်း လုပ်ငန်းရှင်များက ထိုစက်သုံးဆီများကို မလေးရှားနိုင်ငံမှတဆင့် ၁၈ ဘီးတပ်ယာဉ်များဖြင့် ထိုင်းနိုင်ငံသို့တင်သွင်းလာပြီး မြန်မာ နိုင်ငံသို့ ပြန်လည်ရောင်းချရာ တလ လျှင် စက်သုံးဆီပမာဏ လီတာ ၄ သိန်း နီးပါးခန့်ရှိကြောင်း သိရသည်။
ယင်း စက်သုံးဆီများမှာ ထိုင်းနိုင်ငံအတွင်း လုံးဝရောင်းချခွင့်မရှိကြောင်း လုပ်ငန်းလိုင်စင်တွင် ဖော်ပြထားသည်။
ထိုင်းဘက်က စက်သုံးဆီများကို တရားဝင်ရောင်းချခြင်းဖြစ်သော်လည်း မြန်မာဘက်ရောက်ရှိသွားပါက တရားမ၀င်စက်သုံးဆီ များဖြစ်သွားကာ မြန်မာကုန်သည်များက အာဏာပိုင်အဆင့်ဆင့်နှင့် နားလည်မှုယူကာ လုပ်ကိုင်ကြရသည်ဟု မြန်မာ ကုန် သည် တဦးက ပြောသည်။
မလေးရှား စက်သုံးဆီများကို မြန်မာဘက်တင်သွင်းကြခြင်းမှာ လက်ရှိထိုင်းနိုင်ငံတွင် ရောင်းချနေသည့် စက်သုံးဆီ ဈေးနှုန်း ထက် အဆများစွာ သက်သာခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုစက်သုံးဆီများကို ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ရှိ အမှတ် ၁၀ လှေဆိပ်မှတဆင့် စက်လှေကြီးများဖြင့် မြန်မာနိုင်ငံ ဘက်သို့ တင်ပို့ကြခြင်းဖြစ်သည်။
 

မဟာမိတ် (၅)ပါတီ က နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး တောင်းဆို

အစိုးရက လွှတ်ပေးဖို့ ကျန်နေသေးတဲ့ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ညီနောင် တိုင်းရင်းသား ၅ ပါတီက လာမယ့်ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းသွား မယ်လို့ သိရပါတယ်။
Nationalties Brotherhood Forum ခေါ် ညီနောင်တိုင်းရင်းသား မဟာမိတ် (၅) ပါတီ အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ ဒီကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဟာမိတ် (၅) ပါတီအနေနဲ့ အရင်က တောင်းဆိုခဲ့ပေမယ့် အစိုးရဘက်က အပြည့်အဝ အကောင်အထည် ဖော်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို RFA က ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

သမိုင်းအစဉ်အလာ ကြီးမားပြီး သက်တမ်းနှစ်ပေါင်း ၁၂၁ နှစ် ရှိပြီဖြစ်သော ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အား စီးပွားရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဟုသိရ


736a
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံး(အတွင်းဝန်ရုံး)ကို ပါလီမန်ခေတ်က တွေ့ရစဉ်
မြန်မာနိုင်ငံ သမိုင်းကြောင်းတွင် သမိုင်းအစဉ်အလာ၊ သမိုင်းကြောင်း ကြီးမားခဲ့သော ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အား ပုဂ္ဂလိကသို့ စီးပွားရေးဆိုင်ရာလုပ်ငန်း လုပ်ကိုင် နိုင်ရန် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း အာဆီယံ-ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဥက္ကဋ္ဌ နှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ် အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခင်ရွှေ မှ အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။
ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အား မည်သူမဆိုငှားရမ်းကာ စီးပွားရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ကြောင်း၊ လုပ်ကိုင်မည့် အဖွဲ့ များအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့(Myanmar Tourism Board)နှင့် လာရောက် ဆွေးနွေးနိုင်ပြီး အဆိုပါဘုတ်အဖွဲ့မှတစ်ဆင့် တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်၊ အလံပြ ဘုရားလမ်းရှိ စစ်ရုံးချုပ်ကိုလည်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် စီစဉ် ထားကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှုများပြားမည်ဟု ခန့်မှန်းထားပြီး ပြည်ပခရီးသွားများ လာရောက်မည့် ပမာဏအတွက် လုံလောက်သည့် ဟိုတယ်၊ ရုံးခန်းများ မရှိသည့် အတွက်လည်း ယခုကဲ့သို့လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည် ဟုလည်း သိရသည်။

ဒီလိုပဲ အထင်ကရသမိုင်းတွေ နောင်လာနောက်သား သိသင့်တဲ့ သမိုင်းတွေနဲ့ ပြည့်နေတဲ့ အဆောက်အအုံကြီးကိုတော့ ဘယ်လို စည်းကမ်းချက်နဲ့ပဲ ဖြစ်ဖြစ် ငှားရမ်းလုပ်ကိုင်ဖို့ လုံးဝမသင့်ပါဘူး။

“ပန်းဆိုးတန်းနားမှာရှိတဲ့ ၀န်ကြီးများရုံးကို ငှားမယ်။ ငှားတဲ့အခါမှာ ၀န်ကြီးများရုံးမှာရှိတဲ့ ရှေးဟောင်းတွေကို လုံးဝပြုပြင်လို့ ထိလို့မရဘူး။ အထဲမှာတော့ ပြင်ဆင် လုပ်ကိုင်နိုင်တယ်။ ငှားပြီးလုပ်မယ့်သူတွေ MTB ကိုဆက်သွယ်လို့ရတယ်။ MTB နဲ့ အသေးစိတ်အချက်တွေ လာဆွေးနွေး နိုင်ပါတယ်။ အဖွဲ့ကတစ်ဆင့် တင်ပြပေးမယ်။ အာဆီယံ-ဂျပန် ဆွေးနွေးပွဲမှာလလည်း ဂျပန်လုပ်ငန်းရှင်တွေကို ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ် ခေါ်မယ်၊ အဲဒီအခါမှာ စက်မှုလုပ်ငန်း ကဏ္ဍတင်မကပဲ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းအတွက်ပါ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်သွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား ခရီးသွားတွေ အခုထက်ပိုဝင်လာမယ့် အနေအထားရှိသလို ၀င်လာရင် လည်း ဟိုတယ်၊ ရုံးခန်းတွေ အများ ကြီးလိုမှာဖြစ်တဲ့အတွက် ဖိတ်ခေါ်သွားမှာပါ။ ရန်ကုန်က စစ်ရုံးချုပ်ကိုလည်း ကျယ်ဝန်းတဲ့အတွက် ဟိုတယ် လုပ်ငန်း လုပ်ကိုင်ဖို့ စီစဉ်ထားတယ်” ဟု ဒေါက်တာခင်ရွှေက အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြား ခဲ့သည်။
736 စစ်ရုံးချုပ်အား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းမှာ အကျိုး ရှိနိုင်သော်လည်း သမိုင်းအစဉ်အလာ ကြီးမားပြီး နောင်လာနောင်သားများအတွက် အမှတ်တရထား ရှိသင့်သည့် ၀န်ကြီးများရုံးကိုမူ ပြတိုက် အဖြစ်ဖြင့်သာ ထိန်းသိမ်းထားရှိသင့်ကြောင်း၊ စီးပွားရေး အလို့ငှာ အသုံးပြုမှုအတွက်မူ စဉ်းစားချင့်ချိန်သင့်ကြောင်း သုံးသပ်ကြပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။