Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

11/23/2011

Nation andPolitics,(နိုင်ငံရေး၊လူမျိုးရေးနှင့်ဆိုင်သော)
วิดีโอMusic Video

วิจารณ์ဆောင်းပါး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များကို လက်ခံတွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်တဲ့ သမ္မတ ဦးသိန်းစိန် က နိုဝင်ဘာလ ၁၉ ရက်နေ့က RFA အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ သတင်းထောက်တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားခဲ့ပါတယ်။
RFA
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်တွင်းပြည်ပ သတင်းထောက် တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေ ပြန်လည် ဖြေကြားနေစဉ်။
အမေရိကန်-မြန်မာဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အရေး၊ လက်ရှိ ပေါ်ထွက်နေတဲ့ အပြောင်းအလဲများ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားစတဲ့ ကိစ္စတွေ နဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ အမေရိကန်-မြန်မာဆက်ဆံရေးမှာ အခုအခါ နားလည်မှုတွေ ပိုမို ရရှိလာပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာမယ် ဆိုတာ မင်္ဂလာသတင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ဆွေးနွေးခွင့်ရလို့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ပိုမို ရရှိလာကြောင်း၊ အခု NLD ပါတီ ပြန်လည် မှတ်ပုံတင်တာကို ကြိုဆိုကြောင်း၊ မိမိတို့ အာဏာရရှိလာတာ ၈-လသာ ရှိသေးလို့ ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်လာဖို့ အများကြီး အချိန်ယူ ကြိုးပမ်းရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရှိတဲ့ အနက် ၇ ဖွဲ့နဲ့ အဆက်အသွယ်ရပြီး ဆွေးနွေးနေကြောင်း၊ သူတို့တွေ အနေနဲ့လည်း သူတို့ အကျိုးစီးပွါး အတွက် အစိုးရက လုပ်ကိုင်ပေးရင် နောက်ဆုံး တနေ့ လက်နက် စွန့်ကြဖို့ လိုအပ်ကြောင်း စသဖြင့် ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေး ကိစ္စ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ် ဆိုတာ အစိုးရ အာဏာပိုင်တွေ အနေနဲ့ လက်မခံကြောင်း၊ ပြစ်မှု တစုံတရာ ကျူးလွန်ခဲ့လို့ ဥပဒေ တခုခုအရ အရေးယူထားတာလို့ ပြန်လည် ဖြေဆိုပါတယ်။ သမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ အပြန်အလှန် မေးမြန်း ပြောဆိုကြတာတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက အသံဖိုင်တွေ ဖမ်းယူုထားပြီး ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။