Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/05/2011

နိုင်ငံရေးအကျဉ်းသား(၅)ဦး အညတရဆု ချီးမြင့်ခံရ

 2011,10,4

ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မြန်မာပြည်ဆိုင်ရာ အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီက ဒုတိယ အကြိမ်အဖြစ် သူရဲကောင်း(၅)ဦး အမည်စာရင်းကို ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
Photo: RFA
ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မြန်မာပြည်ဆိုင်ရာ အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီက ချီးမြှင့်ပေးအပ်မည့် ဆုတံဆိပ်။
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက သူတို့ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဆုပေးရေးကော်မတီက ပြောပါတယ်။ ဒီ အညတရ သူရဲကောင်း(၅)ဦး အမည်စာရင်းကို NLDခေါင်းဆောင်တွေပါဝင်တဲ့ ကော်မတီက ရွေးချယ် ပေးခဲ့တယ်လို့ တိုကျိုမြို့က အညတရ သူရဲကောင်းဆု ပေးရေးကော်မတီ အဖွဲ့ဝင် ဒေါ်လေးလေးက ပြောပါတယ်။ “ဒုတိယအကြိမ် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ဖို့အတွက် NLD က ဘဘ ဦးဝင်းတင်နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ရွေးချယ်ရေး ကော်မတီ ဖွဲ့ပြီး ကျမတို့ကို ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ အခုရွေးချယ်လိုက်တဲ့ ၅ ယောက်ကို ကျမတို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ မကြာမီအချိန်အတွင်းမှာ ဆုချီးမြှင့် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့ ပထမအကြိမ်တုန်းကလိုပါပဲ တစ်ဦးကို ကျပ် ၁၀ သိန်းချီးမြှင့်မှာ ဖြစ်ပါတယ်၊ ဒီတခါတော့ ဆုတံဆိပ် ပါပါတယ်” အညတရ သူရဲကောင်း ဆုရှင်တွေဖြစ်တဲ့ ဦးဝိရသူနဲ့ ကိုဇေယျာအောင်ကတော့ မြစ်ကြီးနားထောင်၊ ကိုသန့်ဇော်က သရက်ထောင်၊ ဦးစွမ်းလှအောင်က ကျောက်ဖြူထောင်နဲ့ မမာမာဦးက ဗန်မော်ထောင် အသီးသီးက ဖြစ်ကြပါတယ်။ ဒုတိယ အကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်ပွဲကို NLD ရုံးချုပ်မှာ ကျင်းပသွားဖို့ရှိပြီး အောက်တိုဘာ လလယ်လောက်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီကို ၂၀၁၁နှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံမှာ စတင် ဖွဲ့စည်းခဲ့တာပြီး ပထမအကြိမ် ဆုကို ပြီးခဲ့တဲ့ ဧပြီလ မြန်မာနှစ်ဆန်း(၁) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် NLD ရုံးချုပ်မှာ ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဇွန်လထဲမှာ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၈ - အမှတ် ၉၊ အောက်တိုဘာလ - ၂၀၁၁)

8888 People Power - Vol 8 No 9 - October 2011

နိုင်ငံခြား စီမံကိန်းတခု အတွက် ကျောက်ဖြူမှ နေအိမ်တချို့ ကို အတင်း ရွှေ့ခိုင်းနေ

 october4,2011  နိရဉ္စရာသတင်းဌာန
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားမှ တည်ဆောက်မည့် စီမံကိန်း တစ်ခု အတွက် လူနေ အိမ်များကို လျှော်ကြေးငွေ အနည်းငယ်ပေးပြီး အတင်း ပြောင်းရွှေ့ခိုင်းနေသည်ဟု သတင်း ရရှိသည်။


ကျောက်ဖြူမြို့မှ လုပ်ငန်းခွင် တစ်ခု ( ဓါတ်ပုံ နိရဉ္စရာ)

" အိမ်တစ်ဆောင်ကို ကျပ်တစ်သိန်းစီ လျှော်ကြေးပေးမယ်ဆိုပြီး အတင်း ပြောင်းရွှေ့ခိုင်းနေပါတယ်။ အခုလို ရွှေ့ခိုင်းတာကို မကျေနပ်တဲ့ ကျွန်တော်တို့ရွာသားတွေက ပြည်နယ် ၀န်ကြီးချုပ်ကိုရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုရော၊ နိုင်ငံရေး ပါတီတွေကိုရော တိုင်ကြားထားပါတယ်" ဟု အိမ်များ ပြောင်းရွှေ့ခံရမည့် စဉ်ခုန်မော် ကျေးရွာသား တစ်ဦးက ပြောသည်။

အာဏာပိုင်များ အတင်းပြောင်းရွေ့ရန် ဖိအားပေးခံနေရသည့်ကျေးရွာမှာ စဉ်ခုံမော်ရွာ ဖြစ်ပြီး ကျောက်ဖြူမြို့ အရှေ့ ဘက် မြို့နှင့်တမိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။ အဆိုပါ ကျေးရွာမှ လူနေအိမ် ၂၅ ဆောင်ကို အာဏာပိုင်များမှ အတင်းပြောင်းရွှေ့ စီစဉ်နေကြောင်း သိရသည်။

" မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ယောက်လုံး လွန်ခဲ့တဲ့ အပတ်ကလာပြီး ဒီနေရာကမြေတွေကို အိန္ဒိယကုမ္ပဏီ တခုက ၀ယ်ထားတယ်။ ဒါကြောင့် ဒီနေရာကဖယ်ပေးရမယ်။ တအိမ်ကို ငွေတသိန်း ပေးမယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူ မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စဉ်ခုန်မော် ကျေးရွာမှ အိမ် ၂၅ ဆောင်ကို ပြောင်းရွှေ့ရန် စီစဉ်နေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ရွာသားများမှ မကျေနပ်သဖြင့် ကျောက်ဖြူရုံးသို့ထိ လာရောက် တိုင်ကြားခဲ့ကြောင်း ပြောကြားသည်။

" ရွာက မိန်းမတွေရော၊ ကလေးတွေ ပါအ၀င် လူတွေက ဆိုက်ကားတွေနဲ့ ရတပ ရုံးကို လာရောက် တိုင်ကြားထားပါတယ်။ အခု ကျွန်တော်တို့ကလည်း ဒီကိစ္စကို ပြည်နယ် ၀န်ကြီးချုပ်ထိ စာရေးပြီး အကြောင်းကြားထားပါတယ်။ အကြောင်း ပြန်ကြားတာတော့ တစုံတရာ မရှိသေးပါဘူး" ဟု ပြောသည်။

ကျေးရွာသားများ လာရောက်တိုင်တန်းကြားပြီးနောက်ပိုင်း ကျောက်ဖြူ မြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စား လှယ် ဦးတင်ဖေကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ဖုန်းဆက် အကြောင်းကြား တင်ပြ ထားသော်လည်း ယနေ့တိုင် တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

" ပြောင်းရွေ့ပေးရမယ့် နေအိမ် တစ်လုံး အတွက် ငွေတသိန်းဆိုတာက မုန့်ဖိုးလောက်လဲ ရှိပါတယ်။ ဒီဒေသမှာ ဓနိ၊ ၀ါးနဲ့ သစ်တွေ အရမ်းဈေးကြီးတော့ ပိုက်ဆံ တစ်သိန်းနဲ့ ဘယ်လိုမှ အိမ်ဆောက်လို့ မရနိုင်ပါဘူး။ ဆင်းရဲ မိသားစုတွေဆိုတော့ သူတို့က ပိုက်ဆံ တစ်သိန်းပေးပြီး ထင်သလို လုပ်တဲ့ သဘောပါ" ဟု သူက ဆက်ပြောသည်။

ယခု ကျောက်ဖြူတွင် နိုင်ငံခြား စီမံကိန်းများကြောင့် အိမ်ရာ ဈေးများ မြင့်တက်နေသဖြင့် အနည်းဆုံး အိမ်တစ်လုံးကို သိန်း ၁၀၀ ခန့် ပေးသင့်သည်ဟု သူက ပြောသည်။ ယခု အိမ်များကို ပြောင်းရွှေ့ခိုင်းနေသည်မှာ အဆိုပါ နေရာတွင် အိန္ဒိယ ကုမ္ပဏီ တစ်ခုမှ စီမံကိန်းရှိ နေ၍ ဖြစ်ကြောင်း သိရသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။