Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/10/2011

နေရှင်နယ် ဦးမြင့်၏အကြောင်းတစေ့တစောင်း

ဆရာလွန်း(ဆရာမှိုင်း)နှင့် နေရှင်နယ်ဦးမြင့်တို့သည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားစဉ်က အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ ဆရာလွန်းကို ဇာတိမာန်စာဆို၊
အမျိုးသားစာဆို၊ အဖြစ်သိရှိကြသော်လည်း နေရှင်နယ်ဦးမြင့်ကို သိတဲ့လူ နည်းပါသည်။ နေရှင်နယ်ဦးမြင့်သည် နေရှင်နယ်ဒေးခေါ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာအောင် ပထမဦးဆုံးစည်းရုံးလှုံ့ ဆော်ခဲ့သူဖြစ်သည်။ ဆရာလွန်းက အမျိုးသား ကောလိပ်ပါ မောက္ခဖြစ်သည်။ ဦးမြင့်က ပထမကောလိပ် သပိတ်ခေါင်းဆောင်ဖြစ်သည်။

မြန်မာနှစ် ၁၂၈၂ခု၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်( ခရစ်နှစ် ၁၉၂၀ပြည့် ဒီဇင်ဘာ ၅ရက်)နေ့တွင်ပထမကောလိပ်သပိတ်ကြီးပေါ်ပေါက်သည်။ ယင်းသပိတ်ကြီးသည် ကျောင်းသားများ ဗွေဇော်ဦး ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလိုက်သော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး  တိုက်ပွဲဖြစ်သည်။ ထိုစဉ်က ဦးမြင့်သည် ဘီအေ (BA) အထက်တန်း (အင်္ဂလိပ်စာဂုဏ်ထူးတန်း)တက်နေသူဖြစ်သည်။ သပိတ်မှောက်ရာတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သည့် သပိတ်မှောက်ကောင်စီ ၂၆ ဦး တွင် ဦးဘဦး၊ ဦးဘတင်၊ ဦးဖိုးကျား၊ ဦးဖိုးလတ်၊ ဦးလူဖေ၀င်း၊ ဦးထွန်းဖေ၊ ဦးမြ(နောင်သခင်မြ)၊ ဦးမြင့် တို့ပါဝင်သည်။ ဦးမြင့်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုတွင် များစွာ စိတ်အားထက်သန်သူ ဖြစ်သည်။ မည်သူကချော့ချော့။ မည်သူကခြောက်ခြောက် ပျော့မည့်သူ၊ ကြောက်မည့်သူမဟုတ်ပေ။ ယုံကြည်ချက်ခိုင်မာသူ၊ ဇွဲသတ္တိရှိသူဖြစ်သည်။ သာဓက ပြရလျှင် သပိတ်မှောက်သည့် ညနေက သပိတ်စခန်းရှိရာ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်အနီးရှိ ရှင်အရိယကျောင်းသို့ အင်္ဂလိပ်လူမျိုး ကောင်းလိပ်ကျောင်းအုပ်ကြီး နှင့် ဆရာဘတို့ ရောက်လာသည်။ ကျောင်းသားများကျောင်းပြန်တက်ရန်နှင့် စာကြိုးစားရန် ပြောလေသည်။ ထိုအခါ သပိတ်မှောက်ကျောင်းသားတစ်ဦးက “ အင်္ဂလိပ်တို့ဟာ ပရိယာယ်များတယ်။ ခင်ဗျားတို့သွေးဆောင်ရာသို့ မလိုက်ဘူး ” ဟု အော်ပြော လိုက်သည်။ ဦးမြင့်ကလည်း “ ကျွန်တော်တို့ထွက်လာတာ ရည်ရွယ်ချက်ရှိပါတယ်။ ဆရာတို့ခေါ်ပေမယ့် အလကားပဲ။ သွေးဆောင်ခေါ်မနေပါနဲ့တော့၊ ဆရာကြီး အခုချက်ချင်းထွက်သွား။ မကြည့်ချင်ဘူး “ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ၁၉၂၀ ပထမ ကော်လိပ်သပိတ်ကြီးသည် များစွာအောင်မြင်သည်။ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသော နယ်ပယ်များတွင် မြန်မာတို့နိုးကြားလာခဲ့သည်။ ရန်ကုန်မြို့တွင် အမျိုးသား ကောလိပ် ကောလိပ်ကျောင်းတစ်ကျောင်းနှင့် အနယ်နယ် အရပ်ရပ်တို့တွင် အမျိုးသား ကျောင်းပေါင်း ကိုးဆယ်ကျော် ပေါ်ပေါက်လာသည်။ ၁၉၂၁ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး န၀မအကြိမ်မြောက် ကွန်ဖရင့် ကျင်းပသည်။ သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်အဖြစ် ဦးမြင့်တက်ရောက်သည်။ သခင်ကိုယ်တော်မှိုင်းလည်း တက်ရောက်သည်။ ယင်းကွန်ဖရင့်ကြီးတွင် အမျိုးသားနေ့ သတ်မှတ်ရန် အကြိတ်အနယ် ဆွေးနွေးကြသည်။ သူရိယသတင်းစာ ဆရာတစ်ဦးက သီပေါမင်းပါတော်မူသည့်နေ့ကို အဆိုပြုသည်။ ပျဉ်းမနား (အေလာ)မှ ကိုယ်စားလှယ် တစ်ဦးကမူ ဆရာတော်ဦးဥတ္တမ ထောင်ကျသောနေ့ကိုသတ်မှတ်ရန် အကြံပေးသည်။ သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်ဦးမြင့်က ပါတော်မူနေ့၊ ထောင်ကျသောနေ့ များသည် မင်္ဂလာမရှိပါ၊ အမင်္ဂလာဖြစ်သည်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းသြဘာနိမိတ်ထွန်းဆိုသည့်ရှေးသူဟောင်းတို့ဆိုသည့်အတိုင်း မင်္ဂလာရှိသောနေ့ကို ရွေးချယ်ရန် တင်ပြသည်။ တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သည့်ကိစ္စသည် အင်္ဂလိပ်လက်ထက် တွင် အင်္ဂလိပ်ဥပဒေကို ပထမဦးဆုံး တော်လှန်သည့်ကိစ္စဖြစ်သည်။ အကျမဟုတ် အတက် ဖြစ်သည်။ အစုန်မဟုတ် အဆန်ဖြစ်သည်။ တစ်နိုင်ငံလုံး နိုးကြားတက်ကြွပြီး ၀ံသာနု ရက္ခိတတရား  ထွန်းကားလာသည့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့ကို သတ်မှတ်ရန် တင်ပြသည်။ ဂျီစီဘီအေ ကွန်ဖရင့်ကြီးက ဦးမြင့်၏ အဆိုကို လက်ခံသည်။ အတည်ပြုခဲ့သည်။ ထို့ကြောင့် ကျောင်းသာများ သပိတ်မှောက်သည့်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ကြောင်း ကြေငြာလိုက်လေသည် ။ထိုနေ့သည် နယ်ချဲ့တို့အပေါ် အောင်ပွဲခံသည့်နေ့ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ဟု ခေါ်ကြသည်။ ထိုအချန်မှစ၍ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း အမျိုးသား အောင်ပွဲနေ့ ကျင်းပခဲ့ကြလေသည်။ (အမျိုးသားရေးအသွင် မြန်မာသက္ကရာဇ်ကို ယူပါသည်။) အမျိုးသားအောင်ပွဲနေ့ (နေရှင်နယ်ဒေး) ပေါ်ပေါက်လာအောင် ပထမဦးဆုံး စည်းရုံးလှုံ့ဆော်ခဲ့ သူဦးမြင့်ကိုလည်း နေရှင်နယ်ဦးမြင့်ဟု ခေါ်တွင်ခဲ့လေသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။