Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/21/2012

မြောက်ကိုရီးယားမှဟက်ကာ 3000ကျော်မွေးထုတ်ခဲ့

မြောက်ကိုရီးယား နိုင်ငံ က ကွန်ပျူတော တွေ ကို ဖောက်ထွင်း ၀င်ရောက် မွှေနှောက် ပြီး အချက်
အလက် တွေ ယူကာ ဖျက် ဆီး သွား တတ်တဲ့ ကွန်ပျူတာ ဟက် ကာတွေ ကို မွေးထုတ် နေပြီး
အခုဆို ရင် ကမ္ဘာ့ အဆင့် မှီ ဟက်ကာ ၃၀၀၀ လောက် ရှိတယ် လို့  မြောက်ကိုရီးယား ကနေ တောင်
ကိုရီးယား နိုင်ငံ ကို  ဘက်ပြောင်း ခိုလှုံ လာတဲ့ ကွန်ပျုတာ စောရ သမား နှစ်ဦး က အယ်(လ) ဂျာဇီး
ယား သတင်း ဌာန ကို ပြောပါတယ်။
နိုင်ငံ ရဲ့  ပညာ ရေး စနစ် က တော့ ဓားမ နောက် ပိတ် ခွေ ဖြစ်နေပေမယ့် ကွန်ပျူ တာ ထူး ချွန်သူ
တွေ ကို တော့ ငယ်ငယ် ကတည်း ကျောင်း တွေ ကနေ လေ့ လာ စုံစမ်း ပြီး ငယ်စဉ် ကတည်းက
သင်ကြား ပေး ခဲ့တာ လို့  ဆိုပါတယ်။
တောင်ကိုရီးယား သို့ ထွက် ပြေးလာသူများ အနက် ကင်ဟွမ်ကောင်း သည် မြောက်ကိုရီးယား အ
စိုးရ၏ လှို့ ဝှက် ဆိုင် ဘာ တိုက် ခိုက် ရေး အထူး ယူနစ် ဖြစ် သည့် Unit 121 တွင် တာဝန်ထမ်းဆောင်
မည့် သူများ ကို လေ့ကျင့် သင်ကြားပေး ရသည့် တက္ကသိုလ် ပါမောက္ခ တစ်ဦး ဖြစ်ပြီး ကိုယ်တိုင် လည်း
ဆိုင် ဘာ တိုက် ခဲ့ ရေး သမား တစ်ဦး ဖြစ်သည်။
ကင်က မြောက် ကို ရီးယား အစိုး ရ ၏ ဟက် ကာ စုဆောင်း ပုံ ကို ပြောပြရာတွင် နိုင်ငံ တ၀ှမ်း ရှိ
အထက်တန်း ၊ အလယ်တန်း ကျောင်း များ မှ ကွန်ပျူတာ၊သင်္ချာ နှင့် စနစ်စီမံ မှု ဆိုင်ရာ  ထူးချွန်
သည့် ကျောင်းသား များ ကို စုဆောင်း ပြီး Kim Il Sung University, Kim Chaek University of
Technology နှင့်Hamheung College စသည့် မြောက် ကို ရီးယား ရှိ ထင် ရှား သော ကျောင်းများ
တွင် အစိုးရ စရိတ် ဖြင့် ပညာ သင်ကြားပေး ပြီး ထူးချွန်မှု ရှိသည့် ကျောင်းသား များ ကို တရုတ် နှင့်
ရုရှား တို့  တွင် ပညာ သင်ယူစေသည် ဟု ထုတ် ဖော်ပြောကြား ခဲ့သည်။
Unit 121 သည် မြောက် ကို ရီးယား အစိုး ရက အထူး အခွင့် ရေး ပေး ခံထား ရသည့် အဖွဲ့ ဖြစ် ပြီး
လတ် တလော ဆိုင် ဘာ တိုက် ခိုက် မှု များ အတွက် တာဝန် ရှိ သည် ဟု သူက ထုတ် ဖော် ပြော
ကြား ခဲ့သည်။
မြောက်ကိုရီးယား မှ ဆိုင် ဘာ တိုက် ခိုက်မှု ကျွမ်းကျင် သူများ သည့် အခြား နိုင်ငံများ သို့  နှစ်စဉ်
ထွက်ပြေး ခို လှုံကြပြီး  အသက် ၆၂ နှစ် ရှိ ကင် သည် လည်း ထွက် ဘက် ပြောင်း ခိုလှုံ သူများ ထဲ
မှ အဆင့် မြင့် ဆုံး သူ တစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံအပေါ်sanctionအရေး လျော့ချပေးရန်နိုင်ငံတော်သမ္မတ ဦး(ဗိုလ်)သိန်းစိန်ပြော

အင်္ဂါနေ့.17.1.2012

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က အမေရိကန်အခြေစိုက်ဝါရှင်တန်ပိုစ့်သတင်းစာနှင့် မေးမြန်းခန်းမှာ ပြောဆိုခဲ့.အဲ့ဒီသတင်းကလဲ ဦးသိန်းစိန်အနေနဲ့ ပထမဆုံးဖြစ်ပါတယ်

အစိုးရသစ်အနေနဲ့ အကျဉ်းသားလွှတ်ပေးတာ .ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအပြောင်းအလဲမှာပါဝင်ခွင့်ပြုတာ၊ ရွေးကောက်ပွဲကတဆင့် လွှတ်တော်ခေါ်ယူကျင်းပခြင်းများဟာ အနောက်နိုင်ငံများက တောင်းဆိုထားသော အချက်များဖြစ်ပြီး sanction များကိုလဲ ရုတ်သိမ်းပေးဖို့ ပဲလိုအပ်တော့ကြောင်းပြောသွားခဲ့ပါတယ်.

ဒီအပြောင်းအလဲတွေဘာကြောင့်ခပ်မြန်မြန်လုပ်ရသလဲလို့သတင်းထောက် လယ်လီဝေးမောက်စ် က
မေးရာတွင် သူအနေနဲ့တော့တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်ဖို့ စီးပွားရေး ဖွံဖြိုးတိုးတက်ဖို့ အဓိကရည်ရွယ်တယ် နောက်ပြီးတော့ပြည်သူတွေဘာလိုချင်တယ်ဆိုတာကိုနားထောင်ပြီးဆောင်ရွက်တာလို့လဲ သမ္မတက ပြောပါတယ်. ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲမှာ ဝင်ဖို့ လုပ်နေပြီးသူအရွေးခံရရင်တော့ လွှတ်တော်ထဲကနေကြိုဆိုကြလိမ့်မယ်၊တကယ်လို့ လွှတ်တော်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရတာဝန်ပေးဖို့ဆုံးဖြတ်ထားရင်လည်း သူဘက်က လက်ခံရမှာပါပဲလို့လဲပြောသွားပါသည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သတ်၍လည်းအခုအခါမှာ အဖွဲ့ ၁၁ဖွဲ့လုံးနှင့်ညှိုနိုင်းမှတွေဆက်လုပ်နေပြီး ပထမအဆင့်ယုံကြည်မှုကို တည်ဆောက်နေတဲ့ အကြောင်းလက်မှတ်ရေးထိုးပြီးရင် တော့လက်နက်စွန့်ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်ဝင်ဖို့ လိုအပ်ကြောင်း ပြောပါသည်။
နောက်ပြီး မြောက်ကိုရီးယားနှင့်သံတမန်အဆက်အသွယ်ရှိပေ့မယ် အများစွပ်စွဲသလိုစစ်ရေးပူးပေါင်းမှနျှူကလီးယားအစီအစဉ်တွေမရှိဘူးလို့ ပြောပါသည်။ အခုတိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီးဒီမိုကရေစီ လမ်းမှာတော့ နောက်ကြောင်းပြန်လှည့်ဖို့ အစီအစဉ်မရှိကြောင်း၊ပြောကြားသွားပါတယ်။
ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုတော့ အနောက်နိုင်ငံများက ကြိုဆိုကြပေ့မယ် သူတို့လိုချင်တဲ့အခြေအနေတစ်ခုတော့ မရောက်သေးကြောင်း၊ အခုလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လွတ်လပ်မျှတဖို့ နဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်ပြသနိုင်တဲ့အခါမှသာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားမယ်လို့ မြင်ကြောင်း မဇ္ဈိမ သတင်းဌာနက စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက သုံးသပ်ပါသည်။

 အမေရိကန် အထက်လွှတ်တော် အမတ် Mr. John McCain   -   ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမှု ရှိမယ်ဆိုရင် မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှု အဆင့်တွေ ပြန်လည် စဉ်းစားနိုင်တယ်.

အမေရိကန် သမ္မတ Mr. Barack Obama -  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို အရေးပါတဲ့ ခြေလှမ်းတွေ အနေနဲ့ ပြောဆိုလိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ အစိုးရတို့ သံတမန်ရေး အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၈၈ကျောင်းသားများထုတ်ပြန်ကြေညာချက်(၉)ချက်ပါဝင်သည်။

နေ့စွဲ 21.1.2012
ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။


၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။
၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။
၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။
                                                                    ၈၈ မျိုးဆက်ကျောင်းသားများ

 သတင်းသုံးသပ်ချက်- ၈၈ကျောင်းသားများအနေနဲ့ အသက်က 50ဝန်းကျင်ခန့်ရောက်ရှိလာပြီးတော့ ကျောင်းသားအဖြစ် ခံယူဖို့ဆိုတာ ခက်ခဲနေတယ်. ပါတီတည်ထောင်မူဆိုတာကလဲ  သူတို့အနေနဲ့ အောင်မြင်မှုဆိုတာကို တွေ့မှာပဲ ဒါပေ့မယ် ပါတီတည်ထောင်မှုဆိုတာအချိန်ယူပြီးမှ လုပ်ဆောင်ရမည့် အတွက်  1990 ရွေးကောက်ပွဲ တုန်းကလိုပဲ NLDပါတီဝိုင်းရံရေးကို အဓိကထားလုပ်ဆောင် သွားမည်။ ဗကသ ကိုလဲ ကိုကျော်ကိုကို ကပဲ ဆက်လက်ဥက္ကဌ အဖြစ်တည်ရှိပြီး ၂၀၀၇ မျိုးဆက်က ဦးဆောင်ကာ ၈၈မျိုးဆက်များအနေနဲ့ တော့ နာယကများအနေဖြင့်သာတည်ရှိနေအုံးမည်။

http://peacemanlay.blogspot.com/

http://peacemanlay.blogspot.com/

၁၉၈၈ကျေုာင်းသားများ၏သတင်းစာရှင်းလင်းပွဲ အစီအစဉ်

၈၈မျိုးသစ်ကျောင်းသားဟောင်းများ၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် အစီအစဉ်ကို 21.1.2012ရက်နေ့ တော်ဝင်စင်တာတွင်ပြုလုပ်ကျင်းပမည့်ဖြစ်ကြောင်း သိရှိရပါသည်။

ရွှေညဝါ ဆရာတော် ကျောင်းတိုက်မှ ငြိမ်းချမ်းစွာ ထွက်ခွာရတော့မယ်။...

ရွှေညဝါ ဆရာတော် အရှင် ပညာသီဟသည် သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါမည်ဟု ယနေ့ နေ့လယ် ၂ နာရီကျော်က၀န်ခံလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ်ထိုးအပြီး ရွှေညဝါ ဆရာတော်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“အခုလေးတင် တိုင်း သံဃမဟာနယက (မဟန) အဖွဲ့က ပင့်ဖိတ်လို့ ကြွပြီး ၁ နာရီမှာ ဆွေးနွေးဖြစ်တယ်။ ကျုပ်အနေနဲ့ မဟာနာယက ဆရာတော် ဘုရားကြီးတွေနဲ့ အကျိတ်အခဲတွေ ပြေစေချင်တယ်လေ။ အဲဒါကြောင့်လည်း ထွက်ပေးမယ် ဆိုပြီးတော့ အေးအေးဆေးဆေးပဲ ၀န်ခံ လက်မှတ်ထိုးခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ် နတ်စင်လမ်းရှိ သာဓု ကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေည၀ါ ဆရာတော်က ဧရာဝတီ ကို မိန့်ကြားသည်။
ယခုကဲ့သို့ ၀န်ခံလက်မှတ် ရေးထိုးပေးလိုက်ခြင်းသည် ငြိမ်းချမ်းရေးအကျိုးကို လိုလား၍ ဖြစ်ကြောင်း၊ သတ္တိရှိရှိနှင့် သာသနာ အကျိုး၊ တိုင်းပြည်အကျိုး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သို့မျှ မခံစားရကြောင်း၊ ဘ၀ အခြေ အနည်းငယ် ထိခိုက်သွားမည် ဖြစ်သော်လည်း အကောင်းဆုံး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်ကတည်းက ပေးဆပ် စွန့်လွှတ်နေကြဖြစ်ကြောင်း ဆရာတော်က ဆိုသည်။
ကျောင်းတိုက်မှ ထွက်ခွာပေးပြီးနောက် မည်သည့်နေရာတွင် သတင်းသုံး နေထိုင်မည်ကိုမူ မသိရသေးကြောင်း ဆရာတော်က မိန့်သည်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျုပ်တို့ တိုင်းသူပြည်သားတွေကို ပြောချင်တယ်။ နှုတ်က ငြိမ်းချမ်းရေးကို တဖွဖွအော်နေ၊ ပြောနေ၊ စိတ်ဆောင်နေကြတာ မျိုးထက် လက်တွေ့ကျကျ တိတိလင်းလင်း ပြောရမယ်ဆိုရင် ကိုယ်တိုင် ပါဝင်ဖို့ လိုအပ်တယ် ဆိုတာ ပြောချင်ပါတယ်” ဟု ရွှေည၀ါ ဆရာတော်က ဆိုသည်။
ဆရာတော် အနေဖြင့် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်း တာဝန်ခံ ဆရာတော် များ၊ ဒေသအာဏာပိုင်များ ရှေ့မှောက် တွင် ကျောင်းတိုက်မှ မထွက်ခွာမီ မတည်ငြိမ်မှု ပြဿနာ တစုံတရာ မဖြစ်ပေါ်ရန် တာဝန်ယူပါမည်ဟုလည်း လက်မှတ် ရေးထိုးခဲ့ရကြောင်း ဆရာတော်အား ကူညီ ရပ်တည်နေသူ နိုင်ငံရေး အကျဉ်း သားဟောင်း ကိုဇော်ရဲဝင်းကပြောသည်။
မဟန အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အကြောင်းကြားစာတွင် ရွှေည၀ါ ဆရာတော်ကို သာဓုကျောင်း တိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် (သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ) အဖြစ် သတ်မှတ်ရန်နှင့် မဟန ၏ ခွင့်ပြုချက် မရဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့် သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်ပြီး အဆိုပါ အကြောင်းကြားစာအတွက် ရွှေည၀ါ ဆရာတော်သည် အသနားခံစာ နှစ်ကြိမ် တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင် ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး၌ သြဝါဒ ပေးခဲ့ခြင်းကြောင့် မဟန အဖွဲ့က ဆရာတော်အား ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ဆရာတော်လို သာသနာအတွက်၊ အမိမြန်မာပြည်အတွက်၊ အနာဂတ်အတွက် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မျိုးအတွက် ဘယ်ဘ၀ပဲ ရောက်ရောက် ထာဝရ ရပ်တည်သွားမှာပါ။ နောက်ဆုံး ဆရာတော်ရဲ့ ကျောင်းမှာ မနေရတော့ ရင်တောင် တပည့်တော်တို့ လမ်းဘေးမှာ အလှူခံပေးပြီး ဆရာတော်အတွက် လုပ်ဆောင်ပေးသွားမှာပါ” ဟု ကိုမင်းကိုနိုင်က ရွှေည၀ါ ဆရာတော်ထံ ယမန်နေ့ ညနေက သွားရောက်စဉ် လျှောက်ထားခဲ့သည်။
ယနေ့ နေ့လယ်တွင် မဟန က ရွှေညဝါ ဆရာတော်နှင့် ပတ်သက်၍ ကြားနာခဲ့စဉ် တိုင်း မဟန ကျောင်းတိုက်ဝန်း အတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း အရှင် ဂမ္ဘီရ အပါအ၀င် သံဃာတချို့နှင့် စိတ်ဝင်စားသူ လူ ၅၀၀ ကျော်တို့က ရောက်ရှိ စောင့်စားခဲ့သည်။
ရွှေည၀ါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ရွှေည၀ါ သံဃာ့တက္ကသိုလ်များ စတင်ဖွင့်လှစ် ခဲ့သည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။