Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

4/21/2012

NLD ဘယ်တုန်းကမှ လွှတ်တော်မတက်ဘူးဟုမပြောဆိုခဲ့...

အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော NLD လွှတ်တော်မတက်ဆိုသည့်သတင်းကို ဦးဥာဏ်ဝင်းက ယနေ့ ညနေ ၄နာရီကငြင်းဆိုလိုက်သည်။

“ကျွန်တော်တစ်ခါတည်းပြောမယ် NLD လွှတ်တော်မတက်ဘူးလို့ဘယ်တုန်းကမှမပြောဘူး။ဆုံးဖြတ် ချက်လည်းလုံးဝမရှိဘူး ” ဟု ဦးဥာဏ်ဝင်းကပြောသည်

ဧပြီလ ၂၃ ရက်ခေါ်ယူကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ NLD အနေဖြင့် တက်ရောက်မည် မ ဟုတ်ဟု အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သပ်၍ ပေါ်ပြူလာနယူးဂျာနယ်မှ ယနေ့ညနေတွင် NLD ရုံးချုပ်သို့သွားရောက်ပြီး ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံးမေးမြန်းခဲ့သည့်တွင် ၄င်းကအထက်ပါအတိုင်း ပြန်လည်ပြော ကြားခဲ့ခြင်းဖြစ်သည်။

“၂၃ ရက်နေ့မှာ ကျွန်တော်တို့လွှတ်တော်မတက်ဖြစ်ဖို့များတယ်။ မတက်နိုင်ဘူးလို့ ကျွန်တော်မပြော ဘူး”ဟု ၄င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက် တွင်လွှတ်တော်တက်ရောက်ရန်ဖိတ်ကြားထားပြီး လွှတ်တော်တက်ရန်ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၄င်းတို့အနေဖြင့် လက်မခံနိုင်သည့် စကားစုအချို့အား ပြင်ဆင်ရန်နှောင့်နှေးနေသောကြောင့် ယင်းနေ့တွင် လွှတ်တော်တက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိ သေးကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။
 
Popular Myanmar News Journal မှ
         
                                    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာယမ်စီကို ရွှာလုံးကျွတ် ဆန္ဒပြသခဲ့ကြ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေ ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။


အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများတွေ့ဆုံပွဲ ပြုလုပ်

အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ စက်မှုဇုန်အသီးသီးက အလုပ်သမား တရာကျော်တို့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ ဟိတကာရီ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲမှာရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းစတဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေး ကူညီပေးဖို့ ရှိတယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှာသူများ (Action Labor Rights) က ကိုသူရိန်က ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့ ဆွေးနွေးကြရာမှာ တက်ရောက်လာတဲ့ အလုပ်သမားတွေရဲ့ ဆွေးနွေးချက်တွေကို ကြည့်ပြီး သူသတိပြုမိတဲ့ အချက်ကိုလည်း ကိုသူရိန်က ခုလို ပြောပြပါတယ်။
“အလုပ်သမား အစည်းအရုံး ဥပဒေ ထွက်နေပြီ အသက်တော့ မ၀င်သေးဘူး။ အလုပ်သမားတွေ တကယ့် အခြေအနေ အောက်မှာက အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ရပြီဆိုတာတောင် အလုပ်သမားတွေက မသိဘူး။ စက်ရုံမှာ တာဝန်ရှိတဲ့သူတွေက သူတို့ကို ဘာမှ မပြောဘူးတဲ့။ ဒါဟာ  ဥပဒေက တကယ် ဖွဲ့စေချင်လို့ ထုတ်ပေးထားတဲ့ ဥပဒေပဲ ဖြစ်စေချင်တယ်လေ။ နိုင်ငံရေးအရ ဒီဥပဒေကြီးကို အယောင်ပြပြီး ထုတ်ပေးတဲ့ဟာမျိုးပဲဆိုရင် ဒီဥပဒေက ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ကျနော်တော့ အဲလို ယူဆတယ်။ အဲဒီဟာကို ကျနော် သွားတွေ့တာပေါ့ဗျာ။”
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများဟာ ၂၀၀၇ ခုနှစ် အလုပ်သမားနေ့ အခမ်းအနား ပြုလုပ်ဖို့ စီစဉ်ခဲ့တုန်းက အဖမ်းခံခဲ့ရသူတွေ​ ဖြစ်ပါတယ်။
အလုပ်သမားအရေး​ ကိစ္စတွေကို ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ​ အလုပ်သမားအဖွဲ့ အိုင်အယ်အိုနဲ့​ ချိတ်ဆက်ပြီး ဆက်လက်​ ဆောင်ရွက်သွားဖို့​ ရှိတယ်လို့လည်း သိရပါတယ်။

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။ “ကျမတို့နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားသလဲလို့ မေးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး လုပ်မလဲဆိုတာကို စတင်ပြီးတော့ ကျမတို့ တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

ဝါးခယ်မမြို့နယ်ကျောင်းသားသမဂ္ဂဖွဲ့စည်းပြီးမြောက်ကြောင်း ကြေညာချက်

ဝါးခယ်မမြို့နယ်မှ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်း -
 မူဝါဒ ငါးချက်..(၁)အမျိုးသားနိုင်ငံရေး
                   (၂)ဒီမိုကရေစီရေး
                   (၃) ဒီမိုကရေစီပညာရေး
                   (၄)ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနှင့်
                   (၅)ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ရည်ရွယ်လျက် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
  

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။