Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

11/28/2011

ကာချုပ်နဲ့ တရုတ် (ဒုသမ္မတ) တွေ့


...








ယနေ့ထုတ် ကြေးမုံသတင်းစာပါ သတင်း

တရုတ်ပြည်ရောက်နေတဲ့ ကာချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဒီမနက် တရုတ် ဒုသမ္မတ Xi Jinping နဲ့ တွေ့တယ်လို့ http://english.cri.cn/6909/2011/11/28/2821s669262.htmမှာ ရေးထားပါတယ်။

တရုတ်က မြန်မာကို စည်းလုံးညီညွတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ပြည်သူတွေရဲ့ ဘ၀တိုးတက်မှုများအတွက် အမြဲတမ်း ကူညီခဲ့တယ် ကူညီသွားမယ်လို့ ဒုသမ္မတက ပြောတယ်။

ကာချုပ်ကလည်း ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးအတွက် နှစ်နိုင်ငံ စစ်ရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ ပြောတယ်၊ ထိုင်ဝမ်၊ တိဘက်၊ ရှင်ဂျန်းဒေသ ပြဿနာများမှာ တရုတ်အစိုးရဘက်က ရပ်တည်မယ်လို့ ပြောခဲ့ ဆွေးနွေးခဲ့ပါတယ် တဲ့။

11/27/2011

လမ်းရဲ့ သယ်ဆောင်ရာ



ကိုခင်ဝမ်း
ခင်ဗျားသီချင်းလေး
ကျနော်လွမ်းတယ်။
မြစ်က
လမ်းရွေး မမှားဘူး
ခေတ်က
ကြမ်းတာပါ။
"ရွေးလမ်း"တဲ့
ဘယ်သူတွေရွေးတဲ့လမ်းလဲ။
အောင်ဆန်းစုကြည်လား
သံဒုတ်လား
သံခဲလား
လွဏ်းဆွေလား
အောင်ဝေးလား
နော်အုန်းလှလား။
 
တံတားအောက်မှာ
မြစ်ရေတွေ စီးဆင်းသွားကြပြီ။
ကိုခင်ဝမ်း
ခင်ဗျားသီချင်း
ကျနော် သတိရတယ်။
အဖြစ်က
မနှစ်ကနဲ့ မတူ။
ခေတ်က
စစ်နဲ့ ငြိမ်းချမ်းရေး
အစေးမကပ်။
မှတ်ထား
မြစ်က
ဘယ်တော့မှရေနစ်မခံ။
မင်းကိုနိုင် အစ
မစုစုနွေး အဆုံး
အားလုံးဟာ မြစ်တစင်း။
မကျေနပ်ဘူးလား
လဲသေလိုက်။
မြစ်က
လမ်းကိုရွေးတာမဟုတ်
လမ်းက
မြစ်ကိုရွေးတာ။
တောင်တန်းနဲ့တောအုပ်က
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
ကျောက်ဆောင်နဲ့ချောက်ကမ်းပါးက
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
လွင်ပြင်နဲ့ရာဇ၀င်က
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
ယုံကြည်ချက်နဲ့အိပ်မက်က
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
နာကြည်းမှုနဲ့ သောကက
မြစ်ရဲ့ လမ်းကိုရွေးတယ်။
 
တရားမျှတခြင်းနဲ့လွတ်လပ်ခြင်းက
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
ဗုဒ္ဒံ သရဏံဂန်းစာမိ က
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
နရသိန်နဲ့အိမ်လွမ်းစိတ် က
မြစ်ရဲ့လမ်းကိုရွေးတယ်။
 
တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ဖိနှိပ်သူကရွေးချယ်စမြဲ။
 
အောင်ဆန်းစုကြည်ကမရွေးဘူး
သံဒုတ်က မရွေးဘူး
သံခဲက မရွေးဘူး
လွဏ်းဆွေက မရွေးဘူး
အောင်ဝေးက မရွေးဘူး
နော်အုန်းလှကမရွေးဘူး။
 
ကိုခင်ဝမ်း
ခင်ဗျားလည်းမရွေးဘူး
ရန်သူကပဲ ရွေးတာ။
ညှပ်ရိုးကျဉ်းတဲ့မိန်းမ
မွေးဖွားရ ခက်သတဲ့။
ကျောက်တောင်နဲ့ညှပ်
သေအောင်သတ်လည်း
အနာဂတ်မြစ်က မသေ။
 
ကိုခင်ဝမ်းရေ-
တနေ့ 
ကျနော်တို့ 
ပင်လယ်ကိုရောက်မယ်။
ချစ်သူတို့ 
မြစ်ကို ၀ှမ်းအောင်
လွမ်းကြစို့ ။ ။
 
အောင်ဝေး
နိုဝင်ဘာ၂၂၊ ၂၀၁၁

11/24/2011

လူမချကြေး....


  ကျနော်က ဘောလုံးပွဲမကြည့်တတ်ပါ။
  လူ ဘယ်နှယောက်ကစားသလဲ၊ ဘောလုံးပွဲတပွဲရဲ့ စည်းကမ်းတွေကဘာတွေလဲ ဆိုတာလည်း သိပ်နားမလည်ပါ။      မိတ်ဆွေ သူငယ်ချင်းတွေက ဒါကို ကြားတော့ ဝိုင်းရယ်ကြပါတယ်။ ဒါကလည်း သင်ယူလို့ရတာ မဟုတ်တော့ ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။
ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်
ဒါပေမယ့် ကျနော့်မှာ အဖော်တော့ ရှိပါတယ်။ မြန်မာပြည် အကြောင်း တွေကို ရေးသားခဲ့တဲ့ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာကို ဘောလုံးပွဲ ကြည့်လားလို့ မေးတဲ့အခါမှာ ခေါင်းကို ရမ်းပြီး ဘောလုံးတလုံးကို ကွင်းထဲမှာ လူတွေ လိုက်လုနေမယ့် အစား တယောက်တလုံး ပေးလိုက်ပြီးရောလို့ သူက ဟာသသဘော ပြောတတ်ပါတယ်။ သူလည်း ဘောလုံးဝါသနာ မပါပါဘူး။
ကျနော့်ရဲ့ အဘိုးကတော့ ဘောလုံးဝါသနာ ပါပါတယ်။ သူပြောဖူးတဲ့စကား တခွန်း အခုထိ မှတ်မိနေပါသေးတယ်။
“အဘိုးဘောလုံးကန်ရင် ဘောလုံးကိုပဲကန်တာ၊ လူကိုမကန်ဘူး။ သူများက လာချရင်လည်း ဒီလိုပဲ ခံလိုက်တာပဲ။ ဘောလုံးကိုပဲ ဂရုစိုက်တယ်။ တခါကဆိုရင် ကွင်းထဲကအထွက် ခြေထောက်မှာ အကွဲအပြဲတွေ သွေးသံရဲရဲနဲ့ ထွက်ရတာတောင် ရှိခဲ့တယ်” လို့ ပြောဖူးပါတယ်။ ဒီစကားလေးကို စိတ်ထဲမှာ အခုထိ စွဲနေပါတယ်။
အခု အင်ဒိုနီးရှားနိုင်ငံက Sea Games 2011 ဘောလုံးပြိုင်ပွဲမှာ မြန်မာက တတိယစွဲခဲ့တဲ့သတင်းကတော့ သတင်းကောင်းပါ။ မြန်မာပွဲမှာ လူချတဲ့သတင်း၊ ညစ်ပတ်တဲ့သတင်း၊ ဒိုင်ညစ်တဲ့သတင်းတွေလည်း သိပ်မကြားရတော့ စိတ်ချမ်းသာပါတယ်။ ဘောလုံးသမား မဟုတ်လို့ ဟန်ဆောင်ပြီး ရေးပြ၊ ပြောပြနေတာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဘောလုံးပွဲအကြောင်း ရေးဖို့လည်း မဟုတ်ပါဘူး။
မြန်မာပြည်က လက်ရှိ နိုင်ငံရေးအခြေအနေကို နည်းနည်းရေးပြချင်တာပါ။
၂၀၁၀ ရွေးကောက်ပွဲဟာ ဒိုင်ညစ်တဲ့ပွဲ၊ ကိုယ့်မြန်မာအသင်း အချင်းချင်း ကစားပြီး မတရားအနိုင်ယူတဲ့ပွဲလို့ ပြောရင် မှားမယ် မထင်ပါဘူး။ ဒီပွဲ နောက်ပိုင်း မြန်မာပြည်က ဖြစ်ပေါ်တိုးတက်မှုတွေ ရှိပါတယ်။ ဒိုင်ညစ်ပြီး တက်လာတဲ့ သမ္မတ ကလည်း ဘာပဲပြောပြော တိုးတက် ပြောင်းလဲမှုတချို့ကို လုပ်ပြတယ်ဆိုပြီး အပြင်ကရော၊ အထဲကပါ အကောင်းမြင်သဘော ဝိုင်းပြောတာ ရှိပါတယ်။
ဒီအချိန်မှာ ကွင်းထဲကို ခဲနဲ့ပေါက်၊ ကိုယ့်ဘေးနားမှာ ရှိတာနဲ့ပေါက်၊ ဆဲဆိုတဲ့ပွဲတွေထက် စာရင် အများကြီးသာပါသေးတယ်။ ပရိသတ် အားပေးမှုရှိနေတဲ့ ဘောပွဲလို့ ဆိုလို့ရပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန်က ဘာလီက အာဆီယံ ထိပ်သီးညီလာခံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ ရှိတယ် ဆိုတာ မယုံကြည်ကြောင်း၊ ပြစ်ဒဏ်ကျခံရမယ့် သူတွေသာဖြစ်ကြောင်း အပြင် တိုင်းရင်းသားတွေကို လက်နက်ကိုင် သောင်းကျန်းသူတွေလို့ ခေါ်သွားတာတွေ၊ ဒီမိုကရေစီ ဆိုတာကိုတော့ အဓွန့်ရှည်အောင် ထိန်းသိမ်းရမယ်၊ တခြားနိုင်ငံ တွေနဲ့တော့ ယှဉ်လို့မရဘူး၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရမယ်လို့ ပြောခဲ့တာတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တိုက်ရိုက် သင်ပေးတာတွေကို ပြန်ရွတ်ပြနေသလို ခံစားလိုက်ရပါတယ်။
သမာသမတ်ကျတဲ့ ဘောပွဲဆိုရင်တော့ အနီကတ်တွေ၊ အဝါကတ်တွေ အကြိမ်ကြိမ် ပြရတော့မှာ ဖြစ်ပါတယ်။
လွှတ်ရမယ့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘဲ နေ့ရွှေ့၊ ညရွှေ့နဲ့ ထောင်ပြောင်းတာကလည်း သံသယကို ကြီးထွား စေတဲ့ အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေကို တအုပ်စုလုံး မလွှတ်ဘဲ ခွဲလွှတ်မယ် ဆိုရင်လည်း ဒါဟာ ညစ်တဲ့ သဘောပဲလို့ ပြောချင်ပါတယ်။
ဘောလုံးပွဲတွေမှာ မြန်မာအသင်းက လူချတယ်၊ ညစ်ပတ်တယ်၊ အသက်လိမ်တယ် ဆိုတာတွေ မကြားချင်ပါဘူး။ သန့်သန့်ရှင်းရှင်းနဲ့ ကစားတယ် ဆိုတာပဲ ကြားချင်ပါတယ်။
အခုဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မှတ်ပုံပြန်တင်ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လွတ်နေတဲ့ နေရာအားလုံးကော၊ ၂၀၁၅ ရဲ့ ရွေးကောက်ပွဲပါ ဝင်မယ်လို့လည်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ပွင့်ပွင့်လင်းလင်းပဲ သတင်းထောက်တွေကို ပြောသွားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာ သူမသိသေးပါဘူးတဲ့။
သမ္မတက အဲဒီလိုဖြေတော့ ကျနော်လည်း ကိုယ့်နဖူးပဲ ကိုယ်ရိုက်မိပါတယ်။
မြန်မာလူမျိုးတွေဟာ အချိန်မမှန်တာတင် မဟုတ်ဘူး၊ Plan လည်း မရှိဘူး၊ အားလုံးကို မီးစင်ကြည့်ကတာပဲလို့ ပြောတဲ့ မိတ်ဆွေတွေကို ကျနော်က ပြန်လည်ချေပလေ့ရှိတာပါ။ ဒီတခေါက်တော့ ကျနော် ငြိမ်နေလိုက်ပါပြီ။
ဒါပေမယ့် မေးချင်တာက ရွေးကောက်ပွဲလုပ်ပါပြီတဲ့ အရင်လိုပဲ ကြိုတင်မဲတွေ ရောက်လာမစဲ တဖွဲဖွဲနဲ့ ဒိုင်က ညစ်ဦးမှာလား၊ ပွဲမစခင် ဘယ်အသင်းက နိုင်ရမယ် ဆိုတာကို ဆုံးဖြတ်ပြီးသားလား၊ ဒါမှမဟုတ် သန့်သန့်ရှင်းရှင်းနဲ့ လူမချဘဲ မညစ်ပတ်ဘဲ ဘောလုံးကိုပဲ ကစားကြမှာလား။
ဒီမေးခွန်းတွေကို ဘောလုံးသမားတွေ မဖြေချင်နေပါ သမ္မတ ဦးသိန်းစိန်က ဖြေပေးပါလို့ ပြောချင်ပါတယ်။
ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်ရဲ့ ဆောင်းပါးတစ်ပုဒ်ပါ..

NLD ဦးဆောင် အဖွဲ့ဝင် ၂၁ဦးတွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်နေ




NLD က ရွေးကောက်ပွဲကော်မရှင်သို့ ရက်ပိုင်းအတွင်း ပါတီ မှတ်ပုံတင်ရေးအတွက် လျှောက်လွှာ တင်ရန် ပြင်ဆင်နေပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အသစ်အတွက် လူရွေးချယ်ပြီးဖြစ်သည်ဟု သိရသည်။
CEC အသစ်၂၁ ဦးတွင် ၀ါရင့်ခေါင်းဆောင်အများအပြား ပါဝင်ခြင်းမရှိဟု သိရသည်။ ပါဝင်ခြင်း မရှိသူများမှာ အသက် ၈၀ နှင့် ၉၀ ၀န်းကျင် အသီးသီး ရှိကြသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့ ဖြစ်သည်။

သို့သော်လည်း ၀ါရင့်ခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ CEC အသစ်တွင် ပါဝင်ကြောင်းရန်ကုန်မြို့ NLD သတင်းရပ်ကွက်ထံမှ သိရသည်။
ထိုစာရင်းအရ NLD ၏ အနာဂတ် ခေါင်းဆောင်အဖွဲ့တွင် အမျိုးသမီးပါဝင်မှု ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရသည်။
အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦး အမည်ဖော်ပြထားသော စာရင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
NLD ၏ အနာဂတ် ခေါင်းဆောင်အဖွဲ့
(၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရဖူးသူများ၏ အမည်ကို အပြာရောင်ခြယ်ထားသည်။)
၁။ သူရဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဉာဏ်ဝင်း (မွန်)
၅။ ဦးဟံသာမြင့် (ရန်ကုန်)
၆။ ဦးဝင်းမြင့် (ဧရာဝတီ)
၇။ ဒေါက်တာ ဒေါ်မေဝင်းမြင့် (ရန်ကုန်တိုင်း)
၈။ ဦးမီလာရှီဆိုင်း (ကချင်)
၉။ နန်းခင်ထွေးမြင့် (ကရင်)
၁၀။ ဦးဇော်ပွဲ (ချင်း)
၁၁။ ဒေါ်ခင်သန်းလှိုင် (စစ်ကိုင်း)
၁၂။ ဒေါ်အုန်းကြည် (မန္တလေး)
၁၃။ ဒေါ်ခင်စောဌေး (မကွေး)
၁၄။ ဒေါ်ခင်ဌေးကြွယ် (မွန်)
၁၅။ ဒေါ်သန်းဌေး (ရှမ်း)
၁၆။ ဒေါ်ခင်မိုးမိုး (ရှမ်း)
၁၇။ ဦးကျော်ခင် (ရှမ်း)
၁၈။ ဒေါ်လှလှမိုး (ပဲခူး)
၁၉။ ဦးလှမင်း (တနင်္သာရီ)
၂၀။ ကိုမျိုးညွှန့် (လူငယ်လုပ်ငန်းအဖွဲ့)
၂၁။ ဒေါ်ခင်စောမူ (အမျိုးသမီးလုပ်ငန်းအဖွဲ့)

NLD ၏ နိုဝင်ဘာ ၁၈ ရက် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့် ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ၏ ထုတ်ပြန်ကြေညာချက်များ

Statements of ABMA and ABFSU (FAC) for NLD's Decision

ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဖို့ ၀န်ကြီးကလင်တန် မြန်မာပြည် သွားမည်


အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ထိစပ်ဆက်ဆံရေး မူဝါဒသစ်အရ နိုင်ငံခြားရေး ၀န်ကြီးကလင်တန်ဟာ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်အတွင်းမှာ အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်တွေတင်မကဘဲ လူမှုအခြေပြုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသား လူနည်းစုခေါင်းဆောင်တွေကိုလည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီးတော့ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုရော ရန်ကုန်ကိုပါ သွားရောက်မှာဖြစ်ပါတယ်။ ဒီ ခရီးစဉ်ကို မြန်မာပြည်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုဖြစ်လာအောင် တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

11/23/2011

Nation andPolitics,(နိုင်ငံရေး၊လူမျိုးရေးနှင့်ဆိုင်သော)
วิดีโอMusic Video

วิจารณ์ဆောင်းပါး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များကို လက်ခံတွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်တဲ့ သမ္မတ ဦးသိန်းစိန် က နိုဝင်ဘာလ ၁၉ ရက်နေ့က RFA အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ သတင်းထောက်တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားခဲ့ပါတယ်။
RFA
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်တွင်းပြည်ပ သတင်းထောက် တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေ ပြန်လည် ဖြေကြားနေစဉ်။
အမေရိကန်-မြန်မာဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အရေး၊ လက်ရှိ ပေါ်ထွက်နေတဲ့ အပြောင်းအလဲများ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားစတဲ့ ကိစ္စတွေ နဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ အမေရိကန်-မြန်မာဆက်ဆံရေးမှာ အခုအခါ နားလည်မှုတွေ ပိုမို ရရှိလာပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာမယ် ဆိုတာ မင်္ဂလာသတင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ဆွေးနွေးခွင့်ရလို့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ပိုမို ရရှိလာကြောင်း၊ အခု NLD ပါတီ ပြန်လည် မှတ်ပုံတင်တာကို ကြိုဆိုကြောင်း၊ မိမိတို့ အာဏာရရှိလာတာ ၈-လသာ ရှိသေးလို့ ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်လာဖို့ အများကြီး အချိန်ယူ ကြိုးပမ်းရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရှိတဲ့ အနက် ၇ ဖွဲ့နဲ့ အဆက်အသွယ်ရပြီး ဆွေးနွေးနေကြောင်း၊ သူတို့တွေ အနေနဲ့လည်း သူတို့ အကျိုးစီးပွါး အတွက် အစိုးရက လုပ်ကိုင်ပေးရင် နောက်ဆုံး တနေ့ လက်နက် စွန့်ကြဖို့ လိုအပ်ကြောင်း စသဖြင့် ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေး ကိစ္စ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ် ဆိုတာ အစိုးရ အာဏာပိုင်တွေ အနေနဲ့ လက်မခံကြောင်း၊ ပြစ်မှု တစုံတရာ ကျူးလွန်ခဲ့လို့ ဥပဒေ တခုခုအရ အရေးယူထားတာလို့ ပြန်လည် ဖြေဆိုပါတယ်။ သမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ အပြန်အလှန် မေးမြန်း ပြောဆိုကြတာတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက အသံဖိုင်တွေ ဖမ်းယူုထားပြီး ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

11/14/2011

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ

မနက်ဖြန် တနင်္လာနေ့မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း အေအက်ဖ်ပီ၊ အေပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား အရေအတွက် နဲပါးနေသည့်အပေါ် ဖော်ပြထားသော ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်ထုတ် The Wall Street Journal သတင်းစာ ဖြစ်ပါသည်။
ရန်ကုန်မြို့အပြင်ဘက် နယ်ဝေးထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တချို့ကို လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး အမှန်တကယ် ပေါ်ပေါက်လာဖို့ ဆိုရင် အစိုးရအနေနဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို တကြိမ်တည်းနဲ့ အပြီး လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မသက်သက်အောင်ရဲ့ မိခင် ဒေါ်စုစုကြည်ကတော့… သမ္မတဦးသိန်းစိန် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဓားစားခံလို မလုပ်ဘဲ အားလုံး လွှတ်ပေးမယ်ဆိုရင် အလွန် ဝမ်းမြောက်မိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ အစိုးရထုတ် သတင်းစာတွေမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နိုင်ငံတော်သမ္မတကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တင်ပြထားတဲ့ မေတ္တာရပ်ခံစာကို ဖော်ပြထားပါတယ်။

အရင်တကြိမ်ကလည်း လူ့အခွင့်အရေးကော်မရှင်ရဲ့ အခုလို မေတ္တာရပ်ခံစာ ထွက်ပေါ်လာပြီး နောက်တရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် အခု ထွက်ပေါ်လာတဲ့ မေတ္တာရပ်ခံစာအပေါ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက မျှော်လင့်နေကြပါတယ်။

နိုင်ငံရေ အကျဉ်းသားများနှင့် ပတ်သတ်သော တနင်္ဂနွေ စကားဝိုင်း

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ တိုးပွားလာနေတယ် ဆိုတဲ့သတင်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်လှမ်းမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။
PHOTO: AFP
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးနဲ့ အမေရိကန်အခြေစိုက် Burma Today အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ဖြစ်ပါတယ်။
တနင်္ဂနွေစကားဝိုင်း။  VOAသတင်းဌာနမှ ကူးယူဖော်ပြသည်။                                                                                                                                                                                                                                

ယနေ့ ပြုလုပ်ကျင်းပသော NLDပါတီ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ၏သတင်းစာ ရှင်းလင်းပွဲ ပြောကြားချက်များ

NlD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်မှ လွတ်မြောက်လာသော တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် NLDပါတီဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ Daw Aung San Suu Kyi Speech at today Press Conference Nov 14 2011 by ဒေါင်းမျိုးဆက် Daw Aung San Suu Kyi answered the questions at Press Conference Nov 14 2011 by ဒေါင်းမျိုးဆက် အသံဖိုင်များကိုhttp://niknayman-niknayman.blogspot.com/2011/11/blog-post_14.html မှကူးယူဖော်ပြသည်။။ ဒေါင်းမျိုးဆက်

11/13/2011

နိုင်ငံရေးနှင့် ပတ်သတ်သော စာအုပ်များ

စာအုပ်များရယူရန်

ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်) 
အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့
ပိုမိုအားကောင်းလာသော ပြည်သူ့အင်အား
မဟာဗျူဟာမြောက်အကြမ်းမဖက်လှုပ်ရှားမှု
ပြည်သူတို့၏လွတ်မြောက်ရာလမ်း
လျှို့ဝှက်လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နည်း
လူထုတိုက်ပွဲမြေအောက်လက်စွဲ (မိုးသီးဇွန်)
နာခံမှုကိုစစ်ဆေးခြင်း (မိုးသီးဇွန်)
ပုန်ကန်သူလေး
ဦးနု၏ တာတေစနေသား
အနာဂတ်မြန်မာနိုင်ငံရေး (သခင်မြသန်း)
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ 
ကလေးများ၏ဒေါသမာန်
ရှစ်လေးလုံးပြက္ခဒိန်
သားသတ်သမား
ရုပ်သေး
ရန်ကုန်ကိုကိုင်လှုပ်သော ထို(၇)ရက်
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ (၁၉၈၈-၂၀၀၂)
(၆)တိုက်မှာလောက်ကိုက်တာခံဖူးသလား နှင့် အခြားထောင်ဝတ္ထုတိုများ (၀င်းတင့်ထွန်း)
 လူရှင်သချုင်္ိင်းများအကြောင်း
အရေးတော်ပုံ(၄)စောင်တွဲ
ယမမင်းဥယျာဉ်သို့အလည်ရောက်ခြင်း (ဂါမဏိ)
လှပသောသေနတ်သံ (မောင်စိုးချိန်)
ဒီမိုကရေစီလေ့လာရေးဂျာနယ် (၂၀၀ရ၊ ဖေဖော်ဝါရီလ)
ဒီမိုကရေစီလေ့လာရေးဂျာနယ် (၂၀၀၇၊ မတ်လ)
ဒီမိုကရေစီဂျာနယ် (၂၀၀၆၊ အောက်တိုဘာလ)
ဒီမိုကရေစီဂျာနယ် (၂၀၀၇၊ မေလ)
၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံ
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)
ဦးသန့်အရေးအခင်း
အာဇာနည်နေ့ (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး
အောင်ဆန်း-အက်တလီစာချုပ် (၁၉၄၇)
နု-အက်တလီစာချုပ် (၁၉၄၇)
ဒေါမာန်ဟုန်မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲ (Bertil Lintner)
Collection Of Detailed Basic Principles
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အာဏာရှင်တို့၏ အခြေခံမူ (၁၀၄)ချက်
မာ့စ်ဝါဒ၏ ရေသောက်မြစ်(၃)သွယ်
အိန်ဂယ်လ်၏ပေးစာများ
ကွန်မြူနစ်ဝါဒ၏မူများ (ဖရက်ဒရစ်အိန်ဂယ်လ်)
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြားနည်းလမ်းများ
ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁)
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၂)
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၃)
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၄)
 စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၅)
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၆)
 စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၇)
 စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၈)
 စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၉)
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၀)
စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၁)
 စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၂)
 ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာဘာလဲ
မြန်မာပြည်အရှေ့ပိုင်းကျန်းမာရေးနှင့်လူ့အခွင့်အရေး
 ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း
၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း (သိန်းဖေမြင့်)
 မြန်မာနိုင်ငံနှင့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု
ချစ်သောမေမေ (လှကျော်ဇော)
 ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အကြောင်းသိကောင်းစရာ
  စစ်ဗိုလ်ချုပ်များ၏ရေကာတာ
 မြန်မာနိုင်ငံတွင် ကလေးများကိုစစ်သားများအဖြစ်အသုံးပြုမှုရပ်တန့်ရေး
လွတ်လပ်ရေး၊ အမျိုးသားနိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှု (ဦးခင်မောင်ကြီး - ဗကသခေါင်းဆောင်ဟောင်း)
စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ (တိုက်ပွဲဝင်ရဲဘော်တဦး)
 မြန်မာနိုင်ငံ၏စီးပွားရေးအသွင်ကူပြောင်းမှုအတွက်အသင့်ပြင်ဆင်ခြင်း
 ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား (ရဲဘော်ဖိုးသံချောင်း)
 ယုံကြည်ချက်မိုးကောင်းကင်နှင့် နွေးထွေးသောမနက်ဖြန်
 အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
နိုင်ငံတော် ငြိမ်/ပိ
  ပြည်တွင်းရွေးကောက်ပွဲများစောင့်ကြည့်လေ့လာရေးအတွက်လက်စွဲ
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
လူ့အခွင့်အရေးလက်စွဲ (အောင်မျိုးမင်း)
လူ့အခွင့်အရေးဝေါဟာရများ (အောင်မျိုးမင်း)
ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ
ကလေးစစ်သားပပျောက်ရေး
CWAတွင် ပိုမိုကောင်းမွန်သောလူသားတစ်ယောက်အဖြစ် ရှင်သန်နေခြင်း
လူ့အခွင့်အရေးမေးခွန်းနှင့်အဖြေများ
 ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အကြောင်းသိကောင်းစရာ
လူ့အခွင့်အရေးအချက်အလက်စုဆောင်းမှုလက်စွဲ
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာလမ်းညွှန်ချက်များ
အွန်လိုင်းတွင်ဖတ်ရူရန်
 အောင်ဆန်း-အက်တလီ စာချုပ်
နု-အက်တလီ စာချုပ်
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ /အင်္ဂလိပ်-မြန်မာ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း /မြန်မာ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှိုင်းယှဉ်ချက်များ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်
ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ အကြောင်း သိကောင်းစရာများ
ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း ၊ ညီမျှမှု ဆိတ်သုဉ်းခြင်း - မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း
မြန်မာ့နိုင်ငံရေး လမ်းညွှန်မြေပုံ နှင့် ၁၉၉၃ ခုနှစ် အတုအရောင် အမျိုးသားညီလာခံ နှင့်ပတ်သက်သည့် ကောက်နုတ်ချက်များ
ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ
ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း-၄ -Chin Forum
ပြည်သူတို့၏ လွတ်မြောက်ရာလမ်း -NLD(LA) MALAYSIA
အသွင်ကူးပြောင်းရေးကာလ၊ အမှန်တရားဖော်ထုတ်ရေးနှင် တရားမျှတမှု
အာဏာရှင်၏ ကမ္ဘာအသစ် / မြန်မာနိုင်ငံနှင့် တမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ
ရွှေဂုံတိုင် ကြေငြာစာတမ်း
၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း -ခင်ကျော်ဟန်
မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲ မှတ်တမ်းများ ၁၉၈၈ -၂၀၀၂ -ABSDF
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာဘာလဲ
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ၏ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ ၁၉၉၈-၂၀၀၃ -ခင်ကျော်ဟန်
အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်
ရပ်ရွာ စည်းရုံးရေးသမားများအတွက် လက်စွဲစာအုပ် -The Burma Fund
မြို့ပြပြောက်ကျား စစ်ဆင်နည်းဂါမဏိ
လူထုတိုက်ပွဲ လက်စွဲ
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နည်း
မဟာဗျူဟာမြောက် အကြမ်းဖက်တိုက်ပွဲ အခြေခံအချက်အလက်များကိုသုံးသပ်ခြင်းရောဘတ်၊အယ်လ်၊ဟယ်လ်ဗီ
ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်မြောက်ကာလ လှုပ်ရှားမှုများ နှင့် ထူးခြားဖြစ်စဉ်များ ၂၀၀၂ -၂၀၀၃
ဒီပဲယင်း အရေးအခင်းပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆို ရုံးတင်စစ်ဆေးမှု ဖြစ်စဉ်မှတ်တမ်း - ခင်ကျော်ဟန်(ရေနံချောင်း)
လွတ်လပ်ရေး၊ အမျိုးသားနိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှု - ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)
ဖုန်းမော် အရေးအခင်း (သို့) သွေးစွန်းသော တနင်္ဂနွေနေ့နစ်နေမန်း
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (သို့)ဖုန်းမော် ကျဆုံးသည့်နေ့သမဂ္ဂစာစဉ်
တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း – မတ်လ (၁၆)ရက်
ကလေးများ ၏ ဒေါသမာန်ဘာတီးလ်တင့်တနာ
သားသတ်သမား စိန်လွင်ဘာတီးလ်တင့်တနာ
၁၉၇၄ ခုနှစ် ဦးသန့် ဈာပန အရေးတော်ပုံ သမိုင်းမှတ်တမ်းပျိုပျိုမေ
အမြင့်ပျံခွပ်ဒေါင်း ( သို့ မဟုတ် ) ဆလိုင်းတင်မောင်ဦးယနေ့မြန်မာ
7-July ကျောင်းသား အရေးတော်ပုံ
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း /ကိုဗဟိန်းမှသည် ကျော်ကိုကို အထိအောင်ဝေး
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းအောင်ထွန်း
ကိုဗဟိန်း (သို့) ညီညွတ်ရေး ဗိသုကာ -ဗမာပြည်ကွန်မြူနစ်ပါတီ
အရေးတော်ပုံ ( ၄ ) စောင်တွဲ -
တကသ အပိုင်း-၁
တကသ အပိုင်း-၂
တကသ အပိုင်း-၃
အာဆီယံ ပဋိဥာဉ်စာတမ်း
ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအကျဉ်းNLD(LA)JAPAN
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း
NLD အား နအဖ စစ်အုပ်စု ၏ တိုက်ခိုက်ချေမှုန်းမှုများ အကျဉ်း
NLD ဗဟိုအလုပ်အမှုဆောင် လူကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု အတွေ့အကြုံများ
ကြောက်ရွံ့ခြင်း မှ လွတ်ကင်းရေး နှင့် အခြားစာတမ်းများဒေါ်အောင်ဆန်းစုကြည်
စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (ကိုကိုးကျွန်း ထောင်ဝတ္ထု)တိုက်ပွဲဝင်ရဲဘော်တစ်ဦး
အမြင့်ပျံ ပြည်သူ့လင်းယုန်သို့ ဂုဏ်ပြုခြင်း (ကိုကိုးကျွန်းထောင် မှတ်တမ်း)အဝေးရောက် ကျွန်းပြန်ရဲဘော်(တချို့)
ကျောင်းသားထောင် တော်လှန်ရေးသမား (ကိုကိုးကျွန်း ထောင်မှတ်တမ်း)ရဲဘော် ဖိုးသံချောင်း
လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်းဝင်းနိုင်ဦး
လူရှင်သချိုင်းများ အကြောင်း - နေလင်း(အ.က.သ)
ယမမင်းဥယျာဉ်သို့ အလည်ရောက်ခြင်းဂါမဏိ
မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တဲ့ လင်းယုန် -အဝေးရောက် ကျွန်းပြန်ရဲဘော်တစု
အာဏာရှင်ကြီး(ဗိုလ်နေဝင်း) ၏ အတွင်းရေးများထောက်လှမ်းရေးအရာရှိ(ဒု) ဗိုလ်မှူးကြီးဟောင်းကြည်ဆွေ
မြန်မာ မြောက်ကိုးရီးယား ဆက်ဆံရေး
မြန်မာ့ တပ်မတော် တည်ဆောက်ခြင်း
တပ်မတော်အရာရှိတစ်ဦး၏ တင်ပြချက် ဗိုလ်ထက်မင်း
အမှောင်ကြားက ဗမာပြည်ဝင်းတင့်ထွန်း
ဗမာ့ အကြိုသမိုင်းဒေါက်တာသန်းထွန်း
မြန်မာနိုင်ငံ သမိုင်း မြေပုံများသန်းထွန်း
မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက် နှင့် မဟာဗျူဟာ
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်း
အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ်ခင်မမမျိုး
နိုင်ငံရေး နှင့် ဒီမိုကရေစီ
ဖက်ဒရယ် နှင့် မြန်မာ့နိုင်ငံရေး
ဖက်ဒရယ် အကြောင်းလေ့လာခြင်းABSDF
လစ်ဘရယ် ဒီမိုကရေစီ
ရွှေသဘာဝဓါတ်ငွေ့၏ ပထဝီနိုင်ငံရေး
သွေး နှင့် မြေကြီး
ပဉ္စမ မြန်မာနိုင်ငံတော် တည်ထောင်ခန်း
ဦးဘဂျမ်း ၏ နိုင်ငံရေး အမြင်
ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး ဖွင့်ဆိုချက်များ
ဗိုလ်မိုးကြိုး အပြန်နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း
ဗိုလ်ချုပ်အောင်ဆန်း
ဗမာ့တော်လှန်ရေးဗိုလ်ချုပ်အောင်ဆန်း
ဗမာ့ လွတ်လပ်ရေး ပြဿနာဗိုလ်ချုပ်အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည် ၏ သမိုင်းဝင်မိန့်ခွန်း
ကျွန်ုပ်တို့၏ မြေယာများကိုသိမ်းပိုက်ထားခြင်း
ကမ္ဘာ့နိုင်ငံ အသီးသီး မှ မြန်မာ သံရုံး လိပ်စာများ
ယုံကြည်ချက် ကဗျာများ (၁)
လွတ်လပ်ရေး စိတ်ဓါတ် မျိုးစေ့ချခဲ့သူ ဆရာတော် ဦးဥတ္တမဗမာ့ခေတ် ဦးဘရင်
အမေ့ခံရသော မြန်မာ ကိုယ်စလှယ် အဖွဲ့ဦးသက်ထွန်း(အငြိမ်းစား သံအမတ်ကြီး)
ဗိုလ်ချုပ်အောင်ဆန်း ကို ဘယ်သူ သတ်သလဲဦးခင်အောင်
ဗိုလ်ကြီးအုန်းကျော်မြင့်
ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်တက္ကသိုလ်တင်စိန်
ဗမာ့အောင်ဆန်းမောင်ထင်
မန်းဝင်းမောင် အတ္ထုပ္ပတ္တိမိုးမခ
နောက်ကြည့်မှန် မင်းကိုနိုင်
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းတက္ကသိုလ်တင်စိန်
ယုံကြည်ချက် မိုးကောင်းကင် နှင့်နွေးထွေးသော မနက်ဖြန်ရဲရင့်အောင်
ရွှေဥဒေါင်း စုံထောက်မောင်စံရှား ပေါင်းချုပ် – ဒုတိယတွဲ
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ(၂၀၀၂)လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ
၁၉၃၀ တဝိုက် မြန်မာပြည်နိုင်ငံရေးသမိုင်းသိန်းဖေမြင့်
အမှိုက်ထဲက ရတနာများ
နိုင်ငံရေး ဟာသများ

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။