Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/14/2012

၄၀၁ ဆိုတာဘာလဲ ..?!?!?!

 လွတ်မြောက်လာကြသော အကျဉ်းသားများတွင် ထောင်အကြွေးများကျန်ရှိနေတဲ့ ပုဒ်မ(၄၀၁)အကြောင်းကို ရှင်းရှင်းလင်းလင်းသိစေရန်အတွက်-


၎ဝ၁။ (၁) ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၄င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး၊ သို့မဟုတ် အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်။

(၂) မည်သည့်အခါမဆို ပြစ်ဒဏ်တစ်ခုကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပေးရန်အတွက် နိုင်ငံတော် သမ္မတထံ လျှောက်ထားသည့်အခါ ယင်းလျှောက်ထားချက်ကို ခွင့်ပြုသင့်သည်၊ သို့မဟုတ် ငြင်းပယ်သင့်သည်ကို မည်သို့ ထင်မြင်သဘောရကြောင်း၊ မည်သည့်အတွက် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များ ဖော်ပြရန်အပြင် အဆိုပါထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း၏ တာဝန်ခံမိတ္တူ၊ သို့မဟုတ် အဆိုပါ အမှုတွဲကို ပေးပို့စေရန် ၄င်းပြစ်မှု ထင်ရှားစီရင်သည့်၊ သို့မဟုတ် အတည်ပြုသည့် တရားရုံး၏ ရုံးထိုင်တရားသူကြီးအား နိုင်ငံတော် သမ္မတက ညွှန်ကြားနိုင်သည်။

(၃) ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော်သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့်အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့ဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲ့အရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ်မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။

(၄) ဤပုဒ်မအရ၊ ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပြုရာတွင် ထားရှိသည့်စည်းကမ်းချက်သည် ထိုသို့ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပြုခြင်းခံရသူက ပြည့်စုံစွာ ဆောင်ရွက်ရမည့် စည်းကမ်းချက်ဖြစ်နိုင်သည်၊ သို့မဟုတ် ၄င်း၏သဘောဆန္ဒနှင့် လွတ်ကင်းသည့် စည်းကမ်းချက် ဖြစ်နိုင်သည်။
(၄ က) အထက်ပါ ပုဒ်မခွဲများတွင်ပါရှိသော ပြဌာန်းချက်များမှာ တစ်ဦးတစ်ယောက်အား လွတ်လပ်မှုကို ကန့်သတ် စေသည့်၊ သို့မဟုတ် ၄င်း၏ပစ္စည်းအပေါ် တာဝန်တစ်စုံတစ်ရာ သက်ရောက်စေသည့် ဤကျင့်ထုံးဥပဒေ၊ သို့မဟုတ် အခြားဥပဒေတစ်ရပ်ရပ်အရ ရာဇဝတ်တရားရုံး တစ်ရုံးရုံးက ချမှတ်သည့် အမိန့်တစ်စုံတစ်ရာနှင့်လည်း သက်ဆိုင်စေရမည်။

(၅) နိုင်ငံတော်သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခွင့်၊ ဆိုင်းငံ့ခွင့် လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည့်အခွင့်ကို ဤပုဒ်မပါ မည်သည့်အချက်အရမျှ စွက်ဖက်သည်ဟု မမှတ်ယူရ။
(၅ က) နိုင်ငံတော်သမ္မတက စည်းကမ်းချက်တစ်ရပ်ထား၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် သတ်မှတ်ထားသည့် မည်သည့်စည်းကမ်းချက်မျိုးမဆို ဤကျင့်ထုံးဥပဒေအရ အခွင့်အာဏာရ တရားရုံးတစ်ရုံး၏ ပြစ်ဒဏ်တစ်ရပ်အရ သတ်မှတ်ကြောင်းမှတ်ယူရမည့်အပြင် ယင်းသို့ မှတ်ယူသည့် အတိုင်းလည်း အတည်ပြုလုပ်စေရမည်။

(၆) နိုင်ငံတော်သမ္မတသည် ယေဘုယျ နည်းဥပဒေများ၊ သို့မဟုတ် အထူးအမိန့်များအရ ပြစ်ဒဏ် ဆိုင်းငံ့ထားရန်နှင့် လျှောက်လွှာများ တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များ ပေးနိုင်သည်။

AAPP ရဲ့ဝက်ဆိုဒ်စာမျက်နှာမှ ကူးယူဖော်ပြသည်။
http://www.aappb.org

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ယနေ့လွှတ်မြောက်လာသော**နိုင်ငံရေးအကျဉ်းသားများအပေါ်ကြိုဆိုကြောင်း** ကြေညာချက်

letter-head
လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်အရ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ (၆၅၁) ဦးထဲတွင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်အပါအ၀င်အရေးကြီးသော နိုင်ငံရေး အကျဉ်းသား များ ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရပါသည်။ မိမိတို့ပါတီအနေဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လိုက်ပါသည်။
ယနေ့လွတ်မြောက်လာကြသော ကိုဇေယျ၊ ကိုဂျင်မီ၊ ကိုဇော်သက်ထွေး၊ ကိုသက်နိုင်အောင်အပါအ၀င် ပါတီခေါင်းဆောင်များ နှင့် ပါတီဝင်များကိုလည်း ၀မ်းမြောက်စွာကြိုဆိုနှုတ်ဆက်ကြောင်းနှင့် ၎င်းတို့၏ ပေးဆပ်တိုက်ပွဲဝင်ခဲ့မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ဖေါ်ပြအပ်ပါသည်။
ဦးသိန်းစိန်၏ ကြေညာချက်တွင် လွှတ်ပေးရခြင်း၏ ရည်ရွယ်ချက်များအဖြစ်
- နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေးအတွက်လည်းကောင်း၊
- အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊
- နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိရေးအတွက်လည်းကောင်း၊
- လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊
- နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှအထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်
လည်းကောင်းစသည်ဖြင့် ဖေါ်ပြထားပါသည်။ဦးသိန်းစိန်အစိုးရအနေဖြင့် ယခုလွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များကို နိုင်ငံရေးအရ အပြည့်အ၀တန်ဖိုးထားရန် လိုအပ်ပါသည်။ ကြေညာချက်တွင်ပါသည့်အတိုင်း နိုင်ငံရေးလှုပ်ရှားမှုကြီးအတွင်းတွင် လွတ်လပ်စွာအပြည့်အ၀ ပါဝင်လှုပ်ရှားခွင့် ရရှိရန် လိုအပ်ပါသည်။ ဆရာဦးဝင်းတင် ထောက်ပြခဲ့သကဲ့သို့ “ ထောင်အကျဉ်းထဲမှ ထောင်အကျယ်ထဲသို့ ရွှေ့လိုက်ခြင်း” မဖြစ်ရန် လိုအပ် ကြောင်း ဦးသိန်းစိန် အစိုးရအား တိုက်တွန်းအပ်ပါသည်။
ယနေ့အချိန်သည်တိုင်းပြည်အတွက်အလွန်အရေးကြီးသောအချိန်အခါဖြစ်ပါသည်။ 
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကိုလူမျိုးတိုင်း၊အင်အားစုတိုင်းအားလုံးပါဝင်ပြီး ဖြေရှင်းကြရမည်ဖြစ်သည်။
လွတ်မြောက်လာသော ခေါင်းဆောင်များသည် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ရေး အပါအ၀င် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အဓိကကျသောအင်အားများဖြစ်သည်ဟု မိမိတို့ ပါတီမှ အလေးအနက် ယုံကြည်ပါသည်။
ယနေ့နံနက် သရက်ထောင်မှ ထွက်ထွက်ခြင်း ပြည်သူလူထုအား ကိုမင်းကိုနိုင်ပြောကြားခဲ့သော “ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံတွေ ကိုင်ပြီးတော့ ကျနော်တို့အားလုံး ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီ့ ဒေါင်းအလံ ခေါင်းစီးအောက်မှာ ဒေါင်းမာန်၊ ဒေါင်းစိတ် မပျောက်ဘဲ ဆက်လက်ပြီးတော့ ဒေါင်းအိုးဝေအသံကို ဆက်ပြီး တွန်ကျူးကြပါလို့ ပြောချင်ပါ တယ်” ဆိုသည့် မိန့်ခွန်းအတိုင်း မပြီးဆုံးသေးသော တိုက်ပွဲကိုဆက်ကြရလိမ့်မည်ဖြစ်ကြောင်း မိမိတို့ပါတီမှ အလေးအနက် တိုက်တွန်း အပ်ပါသည်။
                                                                                              ဗဟိုဦးဆောင်ကော်မတီ
                                                                           လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
                                                                                  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်

စစ်သဘောတူငြိမ်းချမ်းရေးရယူခဲ့ရာတွင် ကေအင်ယူရ် ဘက်မှ တောင်းဆိုအချက်များ

11_Points_For_Cease_Fire

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။