Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

11/06/2011

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ဗွီအိုအေ

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ ဒေါ်ခင်စိုးဝင်းတို့ ဘန်ကောက်မြို့တွင်တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ၊ ဗွီအိုအေ၊ နိုဝင်ဘာ ၄ ရက်။၊ ၂၀၁၁) ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက တာဝန်သိမှုနဲ့အတူ စာပေလွတ်လပ်ခွင့်တွေ ရှိလာတာနဲ့အမျှ နောက်ဆုံးမှာ စာပေစိစစ်ရေးအဖွဲ့ဆိုတာ စာပေရေးသားမှုတွေကို စောင့်ကြည့်တဲ့အဖွဲ့ အဖြစ်နဲ့သာ ရှိကောင်းရှိတော့မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးဖို့ရှိမရှိနဲ့ ပတ်သက်လို့ မှတ်ချက်မပေးပေမဲ့ နယ်ဝေးထောင်ရောက် အကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့အရပ်တွေကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေတယ်လို့ ၀န်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဘန်ကောက်ကနေ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဒီကနေ့ သီးသန့်တွေ့ဆုံ မေးမြန်ထားပါတယ်။ ကမ္ဘာပေါ်မှာ စာပေလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံ မပါဝင်တော့အောင် တာဝန်အရှိဆုံး ပြန်ကြားရေးဝန်ကြီးတစ်ယောက် အနေနဲ့ ဘယ်လိုကိုင်တွယ်နေလဲဆိုတာ မေးဖြစ်ခဲ့ပါတယ်။ ဝန်ကြီးဦးကျော်ဆန်းကတော့ သူရဲ့ဆောင်ရွက်ချက်တွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးခဲ့ပြီးတော့ စာပေစိစစ်မှု ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးနေပြီးတော့ သတင်းလွတ်လပ်ခွင့်တွေ ပိုပြီးရှိလာအောင်လည်း ကြိုးပမ်းနေတယ်တဲ့အကြောင်းကို အခုလိုပြောပြပါတယ်။ “နောက်ဆုံးကျရင်တော့ ဒေါ်ခင်စိုးဝင်းပြောတဲ့ သတင်းလွတ်လပ်ခွင့်တို့၊ စာအုပ်စာစောင်ထုတ်ဝေခွင့် ဆိုတာတွေက စောစောက ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့ ဘောင်တွေအတွင်းက လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ဆင်ခြင်တုံတရား ဘောင်အတွင်းက လွတ်လပ်စွာ ရေးသားဆောင်ရွက်ခွင့်တွေ ရသွားမှပဲဖြစ်ပါတယ်။”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား နိုင်ငံတော်သမ္မတမှ အတည်ပြုထုတ်ပြန်



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုဝင်ဘာလ ၄ ရက်နေ့ တွင် လက်မှတ်ရေးထိုးပြီး အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါ သည်။
ပြင်ဆင်မှုပြုလုပ်ခဲ့ပြီးနောက် အတည်ပြု ပြဋ္ဌာန်းလိုက်သော အဆိုပါဥပဒေသည် အောက်တိုဘာလအတွင်း လွှတ်တော် နှစ်ရပ်၌ ဆွေးနွေးပြီး သဘောတူညီ ခဲ့ကြသည့် အချက်များကိုပင် ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။
မူလက ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်ထားပါ သည်။ ထိုပြင်ဆင်ချက်များမှာ ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှု မရှိ ဟုပြင်ဆင်လိုက်သည့် နည်းတူ ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟူသော စကား ရပ်အား “လေးစားလိုက်နာရမည်” ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မကြာမီကျင်းပနိုင်ဖွယ် ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲ အမီ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း သတင်းများထွက်ပေါ် နေသော်လည်း အဆိုပါကိစ္စရပ်ကို  နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြု ပြီးနောက် ထွက်ရှိလာမှသာ အစည်း အဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားခဲ့ပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။