Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

6/05/2012

၃၈နှစ်မြောက် အလုပ်သမားဇွန်ခြောက်ရက်နေ့ လှုပ်ရှားမှုနှင့် ၇၄၊၇၅၊၇၆အလုပ်သမားကျောင်းသားလှုပ်ရှားမှုအထိမ်းအမှတ်ပွဲသို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပေးပို့ချက်

Felicitation Letter to Memorial Ceremony of 74 Labor Strike


ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့သော.လူအခွင့်အရေးချိုးဖောက်မှုအပေါ် အမြင်

 ကိုကိုကြီး*(၈၈ကျောင်းသား)*
" ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း၊ ဘာသာအချင်းချင်း၊ မျိုးနွယ်စုအချင်းချင်း ဖြစ်တဲ့ပဋိပက္ခတွေကို အတတ်နိုင်ဆုံး မေတ္တာတရား ရှေ့ထားပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းညင်းခံပြီးတော့ ချဉ်းကပ်ကြဖို့ ကျွန်တော်တို့ ဒီလက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေကို ပိုပြီးအရှိန်အဟုန် ကောင်းလာအောင် ကြိုးစားကြဖို့နဲ့ လမ်းကြောင်းလွဲမသွားအောင် ဝိုင်းပြီးကရုစိုက်ကြဖို့ အဲတာကို ကျွန်တော်တို့ အဓိက အလေးအနက်ထားပြီးတော့ တိုက်တွန်းချင်တာပါ။ အဲတော့ ကျွန်တော်တို့ နိုင်ငံသား၊ အရပ်သားချင်းဖြစ်တဲ့ ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရပြီ ဆိုရင်လည်း မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို တာဝန်ရှိတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ခံယူပြီးတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ကြီးထွားမလာအောင် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီကြေညာချက်ကို ကျွန်တော်တို့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်"

 ကိုမင်းကိုနိုင်*(၈၈ကျောင်းသား)*
''ဒီတစ်ခါအရေးဟာစိတ်ပူစရာကိစ္စတစ်ခုဖြစ်ကြောင်း.ဘာသာရေးခေါင်းဆောင်တွေကလဲ ဝင်ရပ်ဖို့ ဝင်ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း လူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေဟာ ဒီမြေမှာမရှိသင့်ဘူး..လူမျိုးဘာသာကွဲတာရှိနေပေ့မယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဒီမြေပေါ်မှာနှစ်ပေါင်းများစွာကြာလှပြီ။
ခုတော့ လူများစုကြောင့် လူနည်းစုမှာစိုးရိမ်ကြောင့်ကြမှုတွေခံစားနေရတယ်။ဘယ်လိုအကြောင်းမျိုးမျိုးကြောင့်ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေထပ်သေဆုံးတာမျိုး မဖြစ်သင့်တော့တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြမယ်။အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့လဲ လုပ်ဆောင်ကြမယ်လို့ပြောခဲ့ပါတယ်။''

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။