Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

5/14/2012

ဦးမြင့်ဆွေရဲ့ ရှေ့တစ်လှမ်းတိုး ပြဇာတ်ခုံ....

ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ပြီး ရာထူးနေရာကို အစားထိုးခန့်အပ်ဖို့ ထိပ်ဆုံးက ထင်ကြေးပေးခံရသူများစာရင်းမှာ  လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကြည်းရေလေ ညှိုနှိုင်းရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့အပြင် အခုနောက်ဆုံး ရှေ့တန်းကို ထွက်လာသူက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေပါ။
ဧပြီ ၂၈ ရက် ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကက်သရင်း အက်ရှတန်တို့နှင့် အတူတွေ့ရတဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)
နေပြည်တော်အစိုးရ သတင်းရပ်ကွက်အဆိုအရ ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောတူညီမှု ရရှိသူ ဖြစ်ဖို့ အလားအလာကောင်းနေတယ်လို့ သိရပါတယ်။
“သူ့နောက်ကြောင်းက သန့်ရှင်းတယ်။ လူတွေနဲ့ ပြေလည်အောင် ဆက်ဆံတတ်တယ်။ တရင်းတနှီးလည်း ပေါင်းသင်းတတ်တော့ သူ ဖြစ်ဖို့များတယ်” လို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိကြီးတဦးက ဧရာဝတီကို ပြောပါတယ်။
ဦးမြင့်ဆွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတဦးကလည်း ဦးမြင့်ဆွေဟာ သမ္မတ ဦးသိန်းစိန်လို လာဘ်စားမှုအနည်းဆုံး စစ်အရာရှိကြီးတွေထဲက တယောက်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့လည်း မျက်ခြေမပြတ်ဘူးလို့လည်း ပြောပါတယ်။ “ဒါပေမယ့် သူက လူလုံးမပြဘူး။ ခပ်လျှိုလျှို ချည်းကပ်တတ်တာ သူ့သဘာဝပဲ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဦးမြင့်ဆွေကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာမှူး ကက်သရင်းအက်ရှတန်တို့နဲ့အတူ ရန်ကုန်မှာ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးတာ အများက မြင်တွေ့ခဲ့ရပါတယ်။
ဦးမြင့်ဆွေဟာ မွန်လူမျိုး ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၅ က ဆင်းလာခဲ့ပြီး ရာထူးအဆင့်ဆင့်တိုးလာကာ ၁၉၈၈ နောက်ပိုင်း ရန်ကုန်လုံခြုံရေးအတွက်ဖွဲ့တဲ့ တပ်မ ၁၁ ကို ကိုင်ရတယ်။
ဦးသိန်းစိန်ကို တြိဂံတိုင်းမှူး ခန့်လို့ စစ်ရုံးချုပ်မှာ လစ်လပ်သွားတဲ့ရာထူး (General Staff Officer) စစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်ကို ဦးမြင့်ဆွေကို ခန့်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်ရတာပါ။
နောက်ပိုင်းရာထူးအဆင့်ဆင့် တက်လာပြီး အရှေ့တောင်တိုင်းမှူး၊ အယုံကြည်ရဆုံးနဲ့ အထက်မြက်ဆုံး အရာရှိတွေကိုသာ ခန့်လေ့ရှိတဲ့ ရန်ကုန်တိုင်းမှူးထိ ရောက်လာခဲ့တယ်။  (Bureau of Special Operations 5 ) အမှတ် ၅ အထူးစစ်ဆင်ရေးမှူး ဖြစ်လာတော့လည်း ရန်ကုန်လုံခြုံရေးကို ကြီးကြပ်ရတာပါပဲ။
ဦးမြင့်ဆွေရဲ့ ရန်ကုန်လုံခြုံရေးတာဝန်တွေထဲမှာ ပြောစမှတ်ပြုစရာတွေ အတော်များပါတယ်။ ၂၀၀၂ မှာ ဦးနေဝင်းနဲ့ မိသားစုတွေကို ဖမ်းတာ၊ ၂၀၀၄ မှာ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖမ်းတာတို့က ထင်ရှားပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း အထက်အမိန့်အရ ရန်ကုန်ကို ကိုင်ရပြန်ပါတယ်။ ရုပ်မြင်သံကြားမှာ အများမြင်ရတဲ့ သူ့ တာဝန်က သံဃာတွေကို ဆန်၊ဆီ၊ဆေးဝါးနဲ့  ဝတ္ထုကပ်လှူရတာ ဖြစ်သွားပါတယ်။
၂၀၀၈ နာဂစ် ကူညီထောက်ပံ့ရေးမှာလည်း ဦးမြင့်ဆွေပါပါတယ်။ မုန်တိုင်းသင့်ဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လှူလိုက်တဲ့ ပုံးတွေပေါ်မှာ ဦးမြင့်ဆွေလှူဒါန်းသည်ဆိုပြီး တံဆိပ်ကပ်ထားကြောင်း မြန်မာ့အရေးလှုပ်ရှားတက်ကြွသူတွေဖွဲ့ထားတဲ့ ALTSEAN အဖွဲ့က ရှာရှာဖွေဖွေ တွေ့ခဲ့ရတဲ့အထိပါ။
နောက်ဆုံး စစ်တပ်က မထွက်ရခင် ၂၀၀၉ မှာ ဦးသန်းရွှေက သူ့ကို ကာကွယ်ရေးဦးစီးချုပ် ခန့်နိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုသံတွေ ထွက်လာခဲ့ဖူးပါတယ်။
အခုတခေါက် ဒု-သမ္မတ ရာထူး ဦးမြင့်ဆွေကို တပ်မတော်ကိုယ်စားလှယ်အဖြစ် ရွေးနိုင်စရာ အကြောင်းတွေက အထက်မှာတင်ပြခဲ့သလို အားကောင်းနေသလို မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူရင်ဖြင့် ဦးမြင့်ဆွေ ရန်ကုန်ကိုစွန့်ပြီး နေပြည်တော်မှာ ရုံးထိုင်ရတော့မှာ ဖြစ်ပါတယ်။

ဧရာဝတီ သတင်းမှ ကူးယူဖော်ပြပါသည်။

STOP လာဘ်စားခြင်းတဲ့.....


 
ဒီနေ့ မနက် မဟာမြိုင်မှတ်တိုင်နားမှာ သင်တန်းသွားတက်ရင်း KMD နဲ့ မဟာမြိုင်မှတ်တိုင်ကြား လမ်းလယ်ခေါင် အုတ်ခုံမှာရေးထားတဲ့ စာတန်းလေးကိုတွေ့လို့ဓါတ်ပုံ ရိုက်လာတာပါ........ ဒီလုပ်ရပ်က နိုင်ငံကြီးသား မပီသပေမယ့် ရေးရဲတဲ့သတ္တိရယ် စားသားလေးကိုတော့ သဘောကျတယ်....... လက်ရှိမြန်မာပြည်မှာ ဖြစ်ပွားမှုအများဆုံး ပြသနာကို ပြည်သူတွေ ကိုယ်စား ရပ်တန့်ခိုင်းလိုက်တာပါ...... အမြန်ဆုံး ပြည်သူတွေအတွက် အကျိုးမရှိတဲ့အလုပ်တွေပြင်မှ ဒီလိုလုပ်ရပ်တွေမလုပ်တော့မှာပါ....... ပြည်သူတွေအတွက် အကျိုးမရှိတဲ့လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ပေးပါ...........
   ကျနော်သာဆိုရင်တော့ stop လာဘ်စားခြင်းအစား stop ခိုးယူခြင်းလိုသာရေးပစ်လိုက်ချင်ပါတယ်....

ဒေါင်းမျိုးဆက်

 
 

မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းပြန်ကြားရေးဝက်ဆိုက်ဒ်.

http://www.president-office.gov.mm/ ဆိုတဲ့ဝက်ဆိုက်ဒ်လင့်လေးကတော့ တစ်ကြိမ်တစ်ခါမှ မဖွင့်လှစ်ခဲ့ဘူးသော မြန်မာနိုင်ငံတော်အစိုးရ ရဲ့ သတင်းပြန်ကြားရေး ဌာနတစ်ခု ဖြစ်ပါတယ်။ လွှတ်တော် သတင်း၊နိုင်ငံတော်ရဲ့ စီးပွားရေး အရေးကိစ္စနဲ့ ပတ်သတ်သော သတင်းမှန်သမျှကို လဲ ထိုသတင်းဝက်ဆိုက်ဒ်မှာ ကြည့်ရူနိုင်ပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
   ထိုသတင်းဌာနကိုကြည့်ရူနိုင်သည့် Unicode font မှာMyanmar 3 Unicode Fontဖြစ်ပြီး..ထို Unicode font ကို ဒေါင့်လော့စ်လုပ်ရန်အတွက် လဲ ဒီနေရာတွင်ကလစ်၍ Click here! ဒေါင်းလော့ လုပ်နိုင်ပါတယ်..
 အားလုံးအဆင်ပြေပါစေ...
          ဒေါင်းမျိုးဆက်

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။