Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/12/2011

ဇာဂနာရဲ့ အင်တာဗျူး အသံဖိုင် နောက်တစ်ခုပါ

ဇာဂနာနဲ့ အင်တာဗျူး by dvb entertainment

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံး လွတ်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံးလွတ်စေချင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။

ယနေ့တွင်လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က  " အန်တီတို့ရတဲ့သတင်းအရတော့ ၁၀၀ လောက်ရှိလာပြီ၊ အခုထိစာရင်း အရပေါ့ ၊ အားလုံးတော့မပြည့်စုံသေးဘူး၊ ဆက်ဆက် ဆက်ဆက်ပြီးတော့ လွှတ်မယ်လို့တော့ အန်တီတို့ မျှော်လင့်ထားတာပဲ။ အန်တီပြောသလိုပဲ တစ်ယောက်လွတ်တာကို တန်ဖိုးဖြတ်လို့မရဘူး။ လူတိုင်းလူတိုင်းရဲ့လွတ်လပ်မှုက တန်ဖိုးဖြတ်လို့မရဘူး။ ပိုပြီးတော့လွှတ်လေ တိုင်းပြည်အတွက်ကောင်းလေပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်တာဆိုတာကတော့ တစ်ယောက်ချင်းလွတ်ရင်လည်း ကျေးဇူးတင်တယ်၊၀မ်းသာတယ်၊ ဒါပေမယ့် အားလုံးလွတ်စေချင်တယ်၊ အမြန်ဆုံးလွတ်စေချင်တယ်" ဟု သတင်းထောက်များသို့ ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ယနေ့နက် ၁၁ နာရီ ၅ မိနစ်တွင် ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲအခမ်းအနားအပြီးတွင် ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲ အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူများ၊ ထောက်ခံသူများ ၁၀၀၀ ၀န်းကျင် တက်ရောက်ခဲ့သည်ကို တွေ့ရပြီး၎င်းတို့က အဆိုပါအခမ်းအနားတွင် NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်နှင့် NLD ပါတီ၏ အထွေထွေအတွင်းရေးမှုး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အား ဂါရ၀ပြုကန်တော့ခဲ့ကြသည်။

ဇာဂနာ(ခေါ်) ဦးသူရနှင့် The voice ရဲ့အင်တာဗျုးး


မြန်မာနိုင်ငံတွင်လူအသေအပျောက်အများဆုံးနှင့်ပျက်ဆီးမှု အကြီးမားဆုံးအဖြစ်သတ်မှတ်ခဲ့ရသောနာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကိုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်းခံရသော စွယ်စုံရ ဟာသအနှပညာရှင်(ဦး)ဇာဂနာ(ခေါ်)ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ရာ လေယာဉ်ကွင်းသို့ရောက်ရှိနေချိန် the voice weekly ကတယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်။

The voice-မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက်လွတ်လာပြီလဲ.။

ဇာဂနာ- စုစုပေါင်းနိုင်ငံရေးအကျဉ်းသား ၄ဦး၊ အချို့တဝက်ပေါ့။

 The voice- ဘယ်သူတွေပါလဲ။

ဇာဂနာ- ကျွန်တော်၊ကိုဇင်ဇင်ထွန်း၊ဦးမျိုးအောင်သန့်၊ဦးတင့်ဆန်း

The voice- လွတ်လာပြီဆိုတော့ဘာလုပ်မလဲ၊
ဇာဂနာ- လောလောဆယ်တော့ မဆုံးဖြတ်ရသေးဘူး။သူငယ်ချင်းတွေနဲ့တွေ့မှ တိုင်ပင်ပြီးရက်ပိုင်းအတွင်းဆုံးဖြတ်မယ်။

The voice- လွတ်လာတဲ့အပေါ်မှာ မလွတ်ခင်တစ်စုံတရာညှိနိုင်းတာမျိုးကောရှိလား။
ဇာဂနာ- မရှိပါဘူး။

The voice-လွတ်လာတဲ့အချိန်မှာ အနှောင်အဖွဲ့တစ်ခုခုရှိလား။
ဇာဂနာ- မရှိပါဘူး၊
The voice-အရင်လိုနိုင်ငံရေးယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုးလုပ်ဖို့ရှိလား။
ဇာဂနာ-လုပ်မှာပါ နဂိုဗီဇဝါသနာအရ အစအတည်းက ဝါသနာပါတယ်။လိုချင်တာတွေရအောင်ပြီးဆုံးတဲ့အထိလုပ်မယ်။ မသေမချင်းပေါ့ဗျာ.


The voice-အစိုးရသစ်ကိုinformationတွေအရ ဘယ်လိုသုံးသပ်မလဲ။
ဇာဂနာ- ကျွန်တော်သုံးသပ်တာတော့ အကျဉ်းသားလွှတ်တဲ့ကိစ္စမျိုးပဲ။ဒါမျိုးမှာမကျေနပ်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ဂျာနယ်တွေမှာလဲ စာစောင် တွေထဲမှာ ဖော်ပြထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေတင်ပြတာကို တပ်မတော်ကိုယ်စားလှယ်တွေက ထောက်ခံတယ်။လူလေး သုံးယောက်လောက်လွှတ်တာ ကျန်တာတွေ ဘာလို့မလွှတ်သေးတာလဲ၊ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓါးပြတွေဆီရောက်နေတဲ့ လူတွေလိုဖြစ်နေတယ်။ အဲ့ဒီတော့အမျိုးသားပြန်လည် သင်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက်အကုန်လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲ့ဒီအတွက် စိတ်ထဲမကောင်းဘူး။ဒါကိုတော့ သမ္မတ ကိုတိုက်ရိုက်ပြောချင်တယ်။ ဘာလို့ဒီလိုလုပ်ရတာလဲ။ အိတ်ထဲကစိုက်ပေးရတာမှ မဟုတ်တာ။

The voice-အခုမြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ဘယ်သူတွေကျန်သေးလဲ။
ဇာဂနာ- မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါးကျန်တယ်။ ကျန်ကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဥာဏ၊ဦးဝီရသူ၊ဦးဂန္ဒသာရ၊ဦးဓမ္မသာမိ၊ လူတွေထဲကတော့ ကိုမျိုးမင်းသန့်၊ကိုကြည်တိုး၊ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင်(ဘိုကလေး)၊


The voice-ဒီလူတွေကကော စာရင်းထဲမပါသေးတာလား၊ မလွှတ်သေးတာလား။
ဇာဂနာ- ကျွန်တော်သိတာကတော့ ဒီနေ့ထိပဲ။ နိုင်ငံတော်ရဲ့ စေတနာပိတ်သွားပြီ

The voice-အသုတ်လိုက် လွှတ်မယ်လို့ကြားတာကကော ဟုတ်ပါမလား၊
ဇာဂနာ-မဟုတ်ပါဘူး ကောလဟာလတွေပါ၊အသုတ်ကော၊ရေကြည်ရော၊ငါးသိုင်းချောင်းတွေရော၊ ကောလာဟာလတွေပါ၊မျက်မြင်တွေကိုပဲ လက်ခံတယ်၊ ဘယ်သူတွေပြောပြော မယုံပါဘူး။

The voice-လွှတ်လာတဲ့ အချိန်မှာကော် အစိုးရအဖွဲ့နဲ့ဆွေးနွေးဖို့ရှိလား။
ဇာဂနာ-ရှိတယ်။ဒီကိစ္စဆက်ပြောဦးမယ်။တောင်းဆိုထားတဲ့ ကိစ္စတွေကိုပေါ့။

The voice-အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသားလွှတ်မြောက်တဲ့ ကိစ္စမှာ တစ်ချို့ကိုလွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အထင်အမြင်လွှဲစေလဲ၊
ဇာဂနာ-အားလုံးစိတ်မကောင်းဖြစ်ကြမယ်ဗျာ၊ မယုံမကြည်ဖြစ်မယ် လွှတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင်မယုံကြည်နိုင်ဘူး ဘာလို့ ဒီလိုလုပ်တယ်ဆိုတာနားမလည်နိုင်ဘူး။ဖြစ်စေချင်တာက လွှတ်ပေးလိုက်ပါလားအကုန်လုံးကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ဦးသန်းရွှေလက်ထက်ထဲက ကျူးလွန်လိုချခဲ့တဲ့ ပြစ်မှုတွေ၊ဒီအမှုတွေကို ပယ်လိုက်ပါ။လွှတ်လိုက်ပါ။
The voice-တိုင်းပြည်ကို လက်တွဲလုပ်မဲ့သူတွေပဲလွှတ်မယ်။နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူးလို့ ပြောကြတယ်။ ဒီအတွက် လူရွေးပြီး လွှတ်တာလား။
ဇာဂနာ- လက်တွဲနိုင်တယ် မတွဲနိုင်ဘူဆိုတာလုပ်ကြည့်ပြီးပြီလား။ .မလုပ်ရသေးဘူး။မြက်စားနေတာမှ မဟုတ်တာ လက်တွဲဖို့ မလိုပါဘူး လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာပါနေတယ်၊ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင်လဲ ကျွန်တော်တို့က တောင်းစားနေတာမဟုတ်တာ။
The voice-ဘာများထပ်ပြောချင်သေးလဲ
ဇာဂနာ- မရှိပါဘူး ကျွန်တော်လဲ အသံတွေနာနေပါပြီ။
The voice-ကျေးဇူးတင်ပါတယ် အခုလိုဖြေကြားပေးတဲ့ အတွက်။


အကျဉ်းသားလွှတ်သည် ဆိုသော သတင်းနဲ့ပတ်သတ်သည့် အပိုင်းအစများ

အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
တောင်ကြီး အကျဉ်းထောင်မှ အကျဉ်းသား ကျား ၁၇၂ ဦး၊ မ ၃၈ ဦး ပြန်လည်လွတ်မြောက်ကြောင်း သိရှိရသည်။
သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၉ ဦး ပါဝင်ပြီး ၎င်းတို့၏ အမည်စာရင်း အချို့မှာ အရှင် နန္ဒဝံသ၊ အရှင် တေဇိန္ဒ၊ ကိုကြည်လွင်၊ ကိုစိုးမြင့်၊ ကိုစိုးလှိုင်၊ မဇန်ဇန်၊ ကိုကျော်မျိုးဝင်း၊ ဦးညွန့်မောင်၊ ကိုလှဝင်း၊ မငယ်၊ ကိုမောင်ဇော်တို့ဖြစ်သည်။
  • ဇာဂနာ(ခ) မောင်သူရ မြစ်ကြီးနားထောင်
  • နိုးနိုး ခေါ် မငွေနှင်းရည် ၈၈မျိုးဆက်ကျောင်းသူ လွတ်
    ရွှေဘို အကျဉ်းထောင်မှ မလင်းလင်းမော် လွတ်မြောက်
  • ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း

  • ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်
၂၀၀၀ ပြည့်နှစ်က ပဲခူးမြို့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ဗကသ အဖွဲ့ဝင် ကိုဝင်းအေး (ခေါ်) ကိုကိုလတ် သည် ထောင်ဒဏ် ၂၁ နှစ် ကျခံနေရာမှ ယနေ့တွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။
 လက်ရှိ တက်နေသော သတင်းအပိုင်းအစများ facebook နှင့် 4shokelay ဘလော့မှ ကူးယူဖော်ပြပါသည်။
 

ကိုဇာဂနာ နှင့် အင်တာဗျူးခြင်း

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်းကို စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။ ၎င်းသည် ယမန်နေ့ကအထိ ကချင်ပြည်နယ် မြစ်ကြီးနားထောင် တွင် ရှိနေခဲ့သည်။
ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှအထွက် ကိုဇာဂနာကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၍ အကျဉ်းသား ၆ ထောင်ကျော်ကို ယနေ့ သီတင်းကျွတ်လပြည့်နေ့မှ စတင် လွှတ်ပေးခဲ့ရာ ထိုအထဲတွင် ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာလည်း ပါရှိသည်။ မြစ်ကြီးနားမှတဆင့် ရန်ကုန်သို့ လေယာဉ်နှင့် ပြန်လာခဲ့ပြီး ယခု နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သော ကိုဇာဂနာကို ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။
မေး။     ။ ထောင်ထဲမှာ ကိုဇာဂနာကို ကောင်းကောင်းထားရဲ့လား။ ညှဉ်းပမ်းနှိပ်စက်တာတို့ ဘာတို့ကော ခံခဲ့ရလား။
ဖြေ။     ။ မဆိုးဘူးပြောရမယ်၊ အရင်ကထက် အများကြီးကောင်းလာတယ်။ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) နဲ့တော့ မတွေ့ခဲ့ရဘူး။ နှိပ်စက်တာတို့ ဘာတို့ မရှိပါဘူး။ ဟိုးအရင် ၁၉၉၄ ခုနှစ်မတိုင်ခင် ကျနော်တို့ ထောင်ထဲရောက်တုန်းက ပုံစံနဲ့ အခုနဲ့တော့ အများကြီး ကွာသွားပါပြီ။ ကျနော်တို့ကို လေနဲ့တောင် မပစ်မှားရဲဘူး။
မေး။     ။ ကိုဇာဂနာ မလွတ်ခင်မှာ အစိုးရဘက်က လာညှိတာ ရှိလား။
ဖြေ။     ။ မရှိပါဘူး။ လွတ်မယ်ဆိုတာတောင် ဒီနေ့ မနက် အစောကြီး ၅ နာရီခွဲလောက်ကမှ လာနှိုးပြီးပြောလို့ သိတာ။ ကိုဇာဂနာ လွတ်ပြီ ဆိုပြီး လာပြောတော့ ကျနော်ကတောင် နောက်လိုက်သေးတယ်၊ ဘာလဲ စိတ်နဲ့ကိုယ်နဲ့ လွတ်တာလားလို့။
မေး။     ။ ထောင်ထဲမှာ ဂျာနယ်တောင် ဖတ်လို့ရတယ်ဆိုတော့ ကိုဇာဂနာ လွတ်ပြီဆိုတဲ့ သတင်းတွေ တကယ် မကြားရဘူးလား။
ဖြေ။     ။ မကြားရဘူးဗျ။ မနေ့ကတော့ ရေဒီယို နားထောင်ရတယ်လေ။ မနေ့က FM မှာ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုပြီး ကြေညာတာတော့ သိတယ်။ ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကျနော်တို့ မပါဘူးလို့ပဲ ထင်နေတာပေါ့။ ဂျာနယ်တွေဖတ်ရတဲ့ထဲမှာလည်း အဲဒီလို သတင်းတွေ မပါဘူးလေ။
မေး။     ။ အခု လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ ကျနော်မှာတော့ ကျနော့်ရဲ့ နဂိုလုပ်ထားတဲ့ အစီအစဉ်ရှိတယ်။ ကျနော့်ခံယူချက်က နိုင်ငံရေးနဲ့ အနုပညာဆိုတာ တွဲနေတာ ဆိုတော့ ကျနော် အဲဒါပဲ ဆက်လုပ်ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ၁၉၈၈ ခုနှစ်တုန်းက ပါတီစုံ ဒီမိုကရေစီ ရရှိရေး ဆိုပြီး တောင်းခဲ့ကြတာကိုး၊ အဲဒီလို တောင်းခဲ့ပြီးတော့ ကျနော်တို့တောင်းဆိုခဲ့တာတွေ အခု ပြည့်စုံပြီလားလို့ ကျနော့်ကိုယ် ကျနော် မေးကြည့်လိုက်တဲ့ အခါကျတော့ မပြည့်စုံဘူး ဆိုတဲ့ အဖြေပဲရတယ်။ ပါတီစုံဒီမိုကရေစီ မဖြစ်သေးဘူး၊ ဒီမိုကရေစီ ဆိုတာလည်း စစ်စစ်မှန်မှန်မရသေးဘူး။ အဲဒီအချက် နှစ်ချက်ကို ကျနော် စဉ်းစားမိတဲ့အတွက် အနုပညာနဲ့ နိုင်ငံရေး တွဲပြီး ဆက်လုပ်ရဦးမယ်လို့ ပြောတာပါ။
မေး။     ။ မြန်မာပြည် ပြောင်းလဲနေပြီ၊ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကာ့တ်ကမ်းဘဲလ်ကလည်း ပြောတယ်၊ EU ကလည်း ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တာကိုလည်း နိုင်ငံတကာက ထောက်ခံကြတယ်။ ကိုဇာဂနာက ထောင်ထဲကနေပြီး အဲဒီလို ပြောတာတွေ ကြားရတော့ ဘယ်လိုခံစားရလဲ၊ ဘာပြောချင်လဲ။
ဖြေ။     ။ မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။ အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။ တကယ် မလိုလားဘူး ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။ ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။
ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။ လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီယကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
မေး။     ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသားမို့လို့လား။
ဖြေ။     ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
(၎င်းအဖြေ အပြီးတွင် တယ်လီဖုန်းလိုင်း ပြတ်တောက် သွားပါသည်)
 

အမျိုးသား ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ငါးရက်ကြာ တရားစခန်းဝင်မည်.

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့ကစပြီး (၁၇) ရက်နေ့ထိ နေအိမ်မှာ တရားအားထုတ်ဖို့ စီစဉ် ထားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ငါးရက်အတွင်း ပုံမှန်အလုပ်တွေကို ရပ်နားထားမယ် ဆိုပေမဲ့ ဒီကနေ့ကျင်းပတဲ့ အန်အယ်လ်ဒီရဲ့ သက်ကြီး ပူဇော်ပွဲနဲ့ ရခိုင် အမျိုးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးနက်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ ဘ၀မှာ ခက်ခဲ ကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်တဲ့ နေရာမှာ ဗုဒ္ဓရဲ့လမ်းညွန်ချက်တွေ အတိုင်း ကျင့်ကြံခဲ့တယ်လို့ နိုင်ငံတကာ ဟောပြောပွဲ တစ်ခုမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျ ခံနေရသူများလွတ်မြောက်မှုသတင်းများ

8:00 AM
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

"လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။

မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။

"မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့်  ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။
9:00 AM
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။

9:36 AM
ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။

9:40 AM
အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုသမီ (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်းသိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။
9:50 AM
စက်တင်ဘာအရေးအခင်း ဦးဆောင်မှုတွင် ပါဝင်သည့် အရှင်ဂမ္ဘီရ(ဦးညီညီလွင်) ကလေးထောင်မှ လွတ်မြောက်လာကြောင်း သိရှိပါသည်။ ၎င်းသည် ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရသူဖြစ်သည်။
9:55 AM
တောင်ကြီးအကျဉ်းထောင်မှ  ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ  ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:00 AM
ဘူးသီးတောင်ထောင်မှ  ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊  ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:08 AM
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
10:17 AM
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင်  ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။
10:22 AM
၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့  အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။
10:23 AM
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။
10:24 AM
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံးအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင်ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

10:42 AM

သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
10:50 AM
ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။
11:00 AM
အင်းစိန်အကျဉ်းထောင်ရှေ့ လမ်းမပေါ်တွင် လွတ်မြောက်လာသူများကို လာရောက်စောင့်ဆိုင်းသူများ အယောက် ၁၀၀၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါလမ်းကို ယာယီပိတ်ထားကြောင်းသိရသည်။ NDF ပါတီဝင်အချို့က လွတ်မြောက်လာသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း စာတန်းကို ကိုင်ဆောင် ကြိုဆိုနေကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစားအသောက်များကျွေးမွေးခြင်း၊ လိုအပ်သော ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်းကိုလည်း လာရောက်စောင့်စားကြည့်ရှုနေသည့် လူအများက ကူညီပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။
11:08 AM
ကိုဇာဂနာ မြစ်ကြီးနားလေဆိပ်မှ စတင်ထွက်ခွာလာပြီဖြစ်သည်။ ကိုဇာဂနာနှင့် အင်တာဗျူးကို ဆက်လက်ဖော်ပြသွားပါမည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။