Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/18/2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကိုဆက်လက်စီစစ်သွားမည်

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ကျန်နေသေးသလဲ ဆိုတာ စိစစ်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell ၂ဝ၁၁ ဇန်နဝါရီလ ၁၆ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell နဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

အန်အယ်လ်ဒီက ပေးပို့တဲ့ စာရင်းကို အခြေခံပြီး နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတယ်လို့ ပြီးခဲ့တဲ့ စနေနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။

အခု လွှတ်လိုက်တဲ့ စာရင်းကို အန်အယ်လ်ဒီက စိစစ်နေပြီး နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ကျန်နေသေးလဲဆိုတာ ကြည့်ပြီး ဆက်လက် ဆောင်ရွက်ရပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက အာအက်ဖ်အေကို ခုလိုပြောပြထားပါတယ်။

“နိုင်ငံရေးအကျဉ်းသား တကယ်လွှတ်လိုက်တာ ၃ဝ၂ ဦး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများပေါ့။ ၁၂၈ ဦး ကျန်နေတယ်။ အဲဒီ ၁၂၈ ဦးက ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့လူတွေလို့ ပြောတယ်။ ပြစ်မှုကြီး ဆယ်ခုနဲ့ ငြိနေတဲ့ ဥစ္စာပေါ့”

ကြည့်မြင်တိုင်က လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးလို ဖောက်ခွဲမှု စွဲချက်တင်ခံရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြား မလွတ်မြောက်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောဆိုနေကြပါတယ်။

KIO ၏ပြည်သူထံသို့ အသိပေးပန်ကြားချက်


kio-announcement

စစ်အစိုးရသည်ယနေ့ထက်တိုင် ကေအိုင်အိုနှင့်တိုက်ခိုက်နေမှူများကို လျှော့ချ
ပေးခြင်းမရှိသောကြောင့် ၊ယနေ့ကြုံတွေ့နေရသော ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် စစ်ဘေးဒုက္ခသည်(၆၀၀၀၀)လောက် အိုးအိမ်နေရာမဲ့ဖြစ်သွားခြင်းကြောင့် ယခု စစ်အစိုးရဘက်မှကမ်းလမ်းသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလက်ခံသွားမည်ဖြစ်ကြောင်
ကေအိုင်အိုမှ KIO ၏ ပြည်သူလူထုထံသို့ အသိပေးပန်ကြားချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်၊၊

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။