ရန်ကုန်မြို့
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း ၊
ပုဇွန်တောင် ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု
ဖြစ်ပါတယ်။ ၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀
နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၄င်းပေါက်ကွဲသံဟာ
ရန်ကုန်မြို့ မြို့နယ် အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊
ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊
စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ
လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲ လွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ ပုဇွန်တောင်ချောင်းအတွင်း
ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော လှေတွေပါ တော်များများ
ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့်မှာရှိတဲ့ အိမ်များလည်း
မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။
မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက်ငြိမ်းသတ်နေပါတယ်။ နံနက်
၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။
''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။ ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
နံနက်(9)ထိသတင်းများအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
အထိုပါမီးလောင်ကျွမ်းမူသည် အလွန်အင်အားပြင်းထန်သောယမ်းမှုန့်များကြောင့်အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းခြင်းဖြစ်သည်။မီးသတ်ကားများကလဲ မီးမလောင်ကျွမ်းခင်ကတည်းကရောက်ရှိနေပြီး..အဆိုပါ မီးလောင်ကျွမ်းရာနေရာသည် အစိုးရ၏မျက်စိကျနေသော နေရာတစ်ခု ဖြစ်သည်.တိုကြောင့်ထိုမီးသည် ရှို့မီးဟု ယူဆမိသည်။
သေဆုံးသွားသူ တစ်ဦး
အသက်စွန့် ကူညီကြသော မီးသတ်တပ်ဖွဲ့ဝင်များ
မီးလောင်ကျွမ်းနေပုံ
တိုင်းပြည်မှာငြိမ်းချမ်းရေးမရှိသ၍ လူတွေရဲ့အသက်တွေက ဆုံးရူံးနေဦးမှာပဲ ဒါကြောင့်ပြည်သူတွေအသက်တွေ မဆုံးရူံးစေရန် ငြိမ်းချမ်းရေးရရှိဖို့ အတွက် အတူတကွ လုပ်ဆောင်ကျစို့...
interested in other thing
Popular Posts
-
မီးလောင်ကျွမ်းနေချိန်တွင်ရိုက်ကူးထားသော ရုပ်သံအပိုင်းအစ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လ...
-
စာအုပ်များရယူရန် ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်) အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ ပိုမိုအားကောင်းလာသော ပြည်သူ...
-
အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။နောက်ပိုင်းအိန္ဒိယလူမျိ...
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်ေ...
-
ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တ...
-
ဆရာလွန်း(ဆရာမှိုင်း)နှင့် နေရှင်နယ်ဦးမြင့်တို့သည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားစဉ်က အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ ဆရာလွန်းကို ဇာတိ...
-
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိ စာ သင်တိုက်မှာ ၉၆၊ ၉၈ ကျောင်းသား...
-
ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြ...
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
12/29/2011
မင်္ဂလာတောင်ညွှန်မြို့နယ် ပုဇွန်တောင်ချောင်းအနီးတွင် ဂိုထောင်မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့
မီးလောင်ကျွမ်းနေချိန်တွင်ရိုက်ကူးထားသော ရုပ်သံအပိုင်းအစ
ကိုဗဟိန်း(သို့)သခင်ဗဟိန်း အတွက် "သူ"
သံခွာတချက်ပေါက်ရင်
တပြည်လုံးမီးဟုန်းဟုန်း
တောက်စေရမယ်။
သူဟာ နူးညံ့ခြင်းလည်း ဖြစ်တယ်
စူးရှခြင်းလည်း ဖြစ်တယ်။
သူဟာ ကဗျာလည်းဖြစ်တယ်
နိုင်ငံရေးလည်း ဖြစ်တယ်။
သူဟာ လိပ်ပြာလည်းဖြစ်တယ်
လင်းယုန်လည်း ဖြစ်တယ်။
သူဟာ စိန်ပွင့်လည်းဖြစ်တယ်
မီးပွားလည်း ဖြစ်တယ်။
သူဟာ အလံလည်း ဖြစ်တယ်
လှံလည်း ဖြစ်တယ်။
သူဟာ လူတယောက်လည်းဖြစ်တယ်
သမိုင်းတခုလည်း ဖြစ်တယ်။
သူ
ဘယ်သူလဲ
အမြဲစိမ်း အမြဲဟိန်းတဲ့
“သခင်ဗဟိန်း”
“ကိုဗဟိန်း”
ငြိမ်းချမ်းသူ
ဒေါင်းအိုးဝေ – အတွဲ (၁)၊ အမှတ် (၈)၊ စက်တင်ဘာ၊ အောက်တိုဘာ၊ ၂၀၀၁။ (စာမျက်နှာ – ၄) အာရပ်အဖွဲ့ချုပ်မှ အကဲခတ်ဖို့ရောက်ရှိနေသော သူများ မတွေ့နိုင်အောင် အကျဉ်းသားများကို စစ်တပ်ထဲသို့ ရွေ့ပြောင်း
ဆီးရီးယားနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ရောက်နေတဲ့ အာရပ်အဖွဲ့ချုပ်က
ကိုယ်စားလှယ်တွေ မတွေ့နိုင် အောင် အကျဉ်းသားတွေကို စစ်တပ်တွေထဲ
ရွှေ့ပြောင်းထားတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်နေ တဲ့ Human
Rights Watch က ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ အစိုးရကတော့ အကျဉ်းသားတွေ ရာချီပြီး ပြန်လွှတ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွေက ကြေညာခဲ့တာပါ။ အာရပ်အဖွဲ့ချုပ်အနေနဲ့ ထိန်းသိမ်းရေးစခန်းတွေ အားလုံးကို ၀င်ခွင့်ရရေး တောင်းဆိုဖို့နဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေကို အစိုးရက ဟန့်တားတာတွေ ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
တာဝန်ပေးထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ သွေးထွက်သံယို နှိမ်နင်းမှုတွေ ရပ်တန့်ဖို့ အစိုးရက ကတိပြုထားတာတွေ တည်မတည် စောင့်ကြည့်ဖို့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဆီရီးယားကို ရောက်မလာခင်မှာပဲ ရွှေ့ပြောင်းလိုက်တဲ့ အကျဉ်းသားပေါင်း ရာဂဏန်းအထိ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။
အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဆူဒန်နိုင်ငံက ဗိုလ်ချုပ်ကြီး မိုဟာမက် ဒါဘီကတော့ Hama, Idlib နဲ့ Daraa တို့အပါအ၀င် တခြားမြို့တွေက နေရာသစ်တွေကို သွားရောက် ကြည့်ရှုမယ်လို့ ပြောခဲ့တာပါ။
အစိုးရကတော့ သမ္မတ Bashar al-Assad ကို ၉ လကြာ ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထားသူ ၇၅၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ဒီလူတွေဟာ ဆီးရီးယားလူထုကို ဆန့်ကျင်တဲ့ အကြမ်းဖက် လုပ်ရပ် တွေကို ကျူးလွန်သူတွေ မဟုတ်ဘူးလို့ အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ လအတွင်း နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးမည့်ဟု မီးရထားဝန်ကြီး အောင်မင်းပြော
ဒီဇင်ဘာလ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
လာမည့်နှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားအပါအ၀င် ရာဇ၀တ် အကျဉ်းသား များကို ထပ်မံလွှတ်ပေးမည်ဟု ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် တွေ့ဆုံစဉ် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ဦးအောင်မင်း ကိုယ်တိုင် ဇန်န၀ါရီလ ၄ရက်နေ့တွင် တကြိမ်၊ ၁၂ ရက်နေ့တွင် တကြိမ် နှစ်သုတ်ခွဲပြီး လွှတ်ပေးမည်ဟု ပြောသွားခဲ့ ကြောင်း KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။
၎င်းက “သူတို့(ဦးအောင်မင်းနှင့်အဖွဲ့)က ကျနော်တို့ကို ပြောတာကတော့ နှစ်ဖွဲ့ခွဲလွှတ်ပေးမှာပေါ့။ နိုင်ငံရေး အကျဉ်းသား ကော ရာဇ၀တ် အကျဉ်းသားကော ပါမယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်လွှတ်ပေးဆိုတာတော့ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
အကျဉ်းသားများကို လွှတ်ပေးမည်ဆိုသည့် ဇန်န၀ါရီလ ၁၂ရက်နေ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် KNU နှင့် မြန်မာအ စိုးရတို့ တရားဝင် တွေ့ဆုံဆွေးနွေးကြမည့်ရက်လည်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)-AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က မြန်မာအစိုးရ က အကျဉ်းသားများကို လွှတ်ပေးမည့်သတင်းသည် ၎င်းတို့အနေဖြင့်လည်း ကြားသိထားကြောင်း၊ နိုင်ငံရေးအကျဉ်းသားမည်သည့်အတိုင်းအတာဖြင့်လွှတ်ပေးမည်ကို
စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ယခုလို ပြောဆိုသည်။
“သူတို့(အစိုးရ)ကတော့ အကျဉ်းသားတွေကို လွှတ်မယ်ဆိုတာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါမလဲ ကြည့်ရဦးမယ်။ ဘာဖြစ်လဲဆိုရင် အကျဉ်းကျတဲ့သူတွေဟာ ဘယ်လိုပုဒ်မမျိုးနဲ့ နိုင်ငံရေးပုဒ်မဆိုပြီး တိတိကျကျ ပြောထားတာ မရှိဘူး။”ဟု ၎င်း က ပြောသည်။
AAPP ၏ စာရင်းမှတ်တမ်းအရ လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ဦးကျော်ရှိကြောင်း ဖော်ပြထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD၏ စစ်တမ်းကောက်ယူချက်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ခန့်သာ ရှိကြောင်း သိရသည်။
မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့တွင် အကျဉ်းသား ၆ထောင်ကျော် လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ခန့် ပါဝင်ခဲ့ပြီး ထိုအထဲတွင် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်၊ လူရွှင်တော် ဇာဂနာ၊ မစုစုနွေးနှင့်လူငယ်ခေါင်းဆောင် ကိုဇေယျာသော်တို့လည်း ပါဝင်ခဲ့သည်။
ဦးဝင်းတင်ရဲ့ဖိတ်ခေါ်မှုကို ဇာဂနာ ဘယ်လိုဆုံးဖြတ်မလဲ?
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။
NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့် ပတ်သက်ပြီး ဧရာဝတီက အင်္ဂါနေ့က ဆက်သွယ် မေးမြန်းစဉ် ဦးဝင်းတင်က ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
“ကိုဇာဂနာကို ဖိတ်ချင်တယ်။ လာပါ ကိုဇာဂနာ။ ကိုဇာဂနာတို့ ၀င်လုပ်ကြပါ။ NLD မှာ ၀င်လုပ်ပါ။ ဒီပွဲကြီးဟာ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
“နည်းတယ်၊ များတယ်ဆိုတာက အထင်အမြင်ကို ပြောတာပေါ့ဗျာ၊ ကျနော်က နည်းတယ်တို့၊ များတယ်တို့၊ အတိုင်းအတာတွေကို မပြောချင်ဘူး။ နည်းတယ် ပြောနေသူတွေ များများ ၀င်ပြီးဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးဝင်းတင်က ဆက်ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် လူရွှင်တော် ဇာဂနာက မြန်မာလူငယ်များ အတွက် အလုပ် လုပ်မည်ဖြစ်ကြောင်း၊ မြန်မာ လူငယ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ မရှိကြောင်း၊ NLD တွင်လည်း အသက် ၄၀ အောက် ပညာရှင်၊ ပညာတတ်များ မရှိကြောင်း ပြောဆိုခဲ့သည်။
ဇာဂနာ ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိစဉ် ထိုသို့ မှတ်ချက်ချလိုက်ခြင်းကို အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၊ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင် ငြင်းခုန် ဆွေးနွေးနေကြသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကမူ ပါတီတွင် ပညာတတ်၊ ပညာရှိများ သာမက အလွှာ အသီးသီး ပါဝင်နေသည်ဟု ဆိုသည်။
“ဘွဲ့ ၂ ထပ်ကွမ်း၊ ၃ ထပ်ကွမ်း၊ ပါရဂူဘွဲ့ ရတဲ့လူတွေလည်း လိုတယ်။ အရေးကြီးတာက ဘွဲ့ရခြင်း၊ မရခြင်း၊ အင်္ဂလိပ်လို တတ်ခြင်း၊ မတတ်ခြင်း၊ ဒါကို ပြောတာ မဟုတ်ဘူး။ လိုတာက ပညာတတ်တွေ လိုတာ။ ပညာတတ်တယ် ဆိုတာက လူထုအကျိုးကိုပြုနိုင်တဲ့၊ ပညာတွေ အမျိုးစုံ တတ်တဲ့သူတွေ လိုတာ။ ဒါပေမယ့်လို့ အဲဒီ ပညာတတ်တွေနဲ့ချည်း လုပ်လို့ မပြီးပါဘူး”ဟု သူက ဆိုသည်။
နိုင်ငံခြားတွင် ပညာ သွားရောက် သင်ယူပြီး ပြန်မလာသူများရှိကြောင်း၊ ပညာတတ်များ ပါတီ ၀င်ရုံသာမက အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ပြောသည်။
NLD သည် သောကြာနေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ပါတီ ၀င်လိုသူများကို ဖိတ်ခေါ်လျက်ရှိသည်။ NLD တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများလည်း ပါတီဝင်ဖြစ်ရေးအတွက် ပြန်လည် လျှောက်လွှာတင်ရမည်ဟု NLD က ဆိုသည်။
အနာဂတ် NLD တွင် လူကြီးပိုင်းက နာယက နေရာများတွင်သာ တာဝန် ယူသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ပြောသည်။
“လူငယ်ပိုင်းတွေကို တိုးတိုးပြီး နေရာပေးသွားဖို့ ကျနော်တို့ သဘောထားရှိတယ်။ လူငယ်ပိုင်းတွေ ၀င်ဦးဆောင်ကြတဲ့ အခါ လူကြီးပိုင်းတွေကလည်း ဖယ်ပေးသွားကြမှာဖြစ်တယ်” ဟု သူက ဆိုသည်။
ထိုသဘောထားသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ် ပထမဆုံး ပြုလုပ်သည့် NLD ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတို့၏ ဆက်ဆံရေး ကောင်းမွန်လာပြီး ပါတီအား ကော်မရှင်တွင် မှတ်ပုံတင်လိုက်သဖြင့် အလွှာအသီးသီးမှ လူထုက ကြောက်ရွံ့မှု မရှိကြတော့ဘဲ လာရောက် ထိတွေ့ ဆက်ဆံနေကြကြောင်း၊ NLD ပိုမို အားကောင်းစေရန် မည်သူ့ကို မဆို တံခါးဖွင့်ထားကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြသည်။
ဝန်းရံလာသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံတွဲရိုက်လိုသူများ၊ ကိုယ်ကျိုးရှာသူများ၊ အမတ်ဖြစ်လိုသူများလည်း ပါလာနိုင်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ပါတီကို အပြင်လူတွေ ၀င်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလွန် အင်မတန်အားကောင်းတဲ့၊ ဆွဲဆောင်အား ရှိတော့ လူတွေလည်း ပိုပြီး ၀န်းရံလာကြတဲ့ အခါကျတော့ ဒီလို ၀န်းရံလာတဲ့သူတွေကို တွန်းဖယ်တာတို့ ကျောခိုင်းတာတို့ ကျနော်တို့ မလုပ်ချင်ဘူး” ဟု သူက ဆိုသည်။
NLD ပါတီကို ၀န်းရံသူ များလာခြင်းသည် နိုင်ငံအတွက်လည်း အကျိုးရှိစေသည်ဟု သူက ပြောသည်။
ဆက်စပ်သတင်း

ကင်ချုံအီးရဲ့ အသုဘ ကမဋ္ဌာန်းရှုခြင်း (မိုးသီးဇွန်)
ကင်ချုံအီး အသုဘ ကိုကမဋ္ဌာန်းရှုရင် တရားကျစရာတွေ ရမယ်။ နယူကလီးယားလက်နက်ပိုင်ရင် သူ့ကို လူတွေက ရို သေလာမယ်ထင်တယ်။ လက်တွေမှာတော့သူလဲ နယူကလီးယားဗုံးတွေကို မဆင်မခြင်သွားကြည့်တဲ့အတွက် နယူးက လီးယား ဓါတ်ရောင်ခြည် သင့်ခဲ့တယ်။ မြောက်ကိုရီးယား လူထုလည်း ငတ်မွတ်ခေါင်းပါးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။
အမေရိကန် ကွန်ဂရက်အမတ် ဂျွန်မက်ကိန်းကတော့ ကင်ချုံအီး မရှိတဲ့ကမ္ဘာက ပိုကောင်းလာပြီလို့ ဆိုပါတယ်။ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးရဲ့ အသုဘက မသာခေါင်းလောင်းသံကတော့ ကြပ်ပြေးစစ်အုပ်စုအတွက် မကောင်း ဆိုးရွားသံ ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် နယူးကလီယားလက်နက် ပိုင်ထားမှ နိုင်ငံတော်လုံခြုံရေးအတွက် စိတ်အေးရမယ် ဆိုတဲ့ သီအိုရီကို ကင်ချုံအီး အခေါင်းထဲ ထည့်ပေးလိုက်ကြရပါပြီ။
ဟီလာရီ ကလင်တန် မြန်မာကို မြောက်ကိုရီးယားနဲ့ ဝေးဝေးနေဖို့ အတိအလင်း သတိပေးခဲ့တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက နယူးကလီးယား ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ ၀န်ခံထားတယ်။ ဒါကြောင့် နယူကလီးယား လက်နက် ထုတ်လုပ်ခြင်းပိုင်ဆိုင်ခြင်းဟာ နိုင်ငံတော်လုံခြုံရေးကို တကယ်မပေးနိုင်ဘူး။ တိုင်းပြည်ကို ဘေးဒုက္ခအပေါင်း နဲ့သာ ရင်ဆိုင်ရတယ်ဆိုတဲ့ ဥပမာကို ကင်ချုံအီး အသက်နဲ့လဲပြလိုက်ခြင်း ဖြစ်ပါတယ်။ ကင်ချုံအီး အသုဘ ကမဋ္ဌာန်းရှု ကြပါလို့ တိုက်တွန်းချင်တယ်။
ကင်ချုံအီး မရှိတဲ့နောက်-မြောက်ကိုးရီယားဟာ ဘာရခဲ့သလဲ။ အဖြေကတော့ ဘာမှမရဘူး။ မြောက်ကိုးရီးယားရဲ့ ဘ၀ ဟာ လမ်းဆုံးကို ရောက်နေပါပြီ။
ဆရာကြီး မက်ခီရာဗယ်လီ က “A Prince should have two fears: one internal concerning his subjects; the other, external, concerning foreign power” တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့ အိမ်ရှေ့မင်းသားမှန်ရင် ကြောက်ရမဲ့ ဟာ နှစ်မျိုးရှိတယ်။ “တမျိုးက ပြည်တွင်းရေးပြဿနာ၊ နောက်တမျိုးက ပြည်ပရန်ပဲ တပည့်တို့” လို့ ဆိုဆုံးမခဲ့တဲ့ စကား လေးကို မမေ့ဘူးဆိုရင်ဖြင့် ဒီနေ့ မြောက်ကိုရီးယား (မြန်မာလည်း အလားတူ) ဟာ ပြည်တွင်းပြဿနာ၊ ပြည်ပရန်တွေ တပုံတခေါင်းကြီးကို ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။
ပြည်တွင်းပြဿနာက တခြားမဟုတ်။ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုက်မှုပဲ ဖြစ်တယ်။ ၁၉၉၅-၉၇ ခုနစ်မှာ တနိုင်ငံလုံးသရောကြီးခိုင် ဖြစ်ခဲ့တယ်။ လူတသန်းကျော်ငတ်မွတ်ခေါင်းပါးပြီးသေဆုံးခဲ့ရတယ်။ အဟာရချို့တဲ့လွန်းသွားတဲ့အတွက် ကလေးတွေက ပိန်လှီပြီး ဂီလာနမျိုးဆက်လို့ မှတ်တမ်းတင်ခံရတဲ့အထိ ဖြစ်ခဲ့တယ်။ ၂၀၀၈ ခုနစ် အမေရိကန်ထောက်လှမ်းရေးကောင်စီ (U.S National Intelligence Council Study) အစီရင်ခံစာမှာ မြောက်ကိုရီးယားနိုင်ငံက ကလေးတ၀က်ဟာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်မရှိကြဘူး။ အရွယ်ရောက်သူတွေရဲ သုံးပုံနှစ်ပုံကတော့ လုံလောက်တဲ့အဟာရမရှိကြဘူး။သွေးအား နည်းရောဂါ (anemic) လူတိုင်းနီးပါးမှာဖြစ်နေကြတယ်။ စီးပွားရေးကချွတ်ခြုံကြနေတယ်။ နိုင်ငံတော်ရဲ့ ၀င်ငွေအများစု ဟာစစ်အင်အားတိုးချဲ့မှုမှာပဲ သုံးစွဲခဲ့တယ်။ ဒီတော့ ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ပြဿနာ အငတ်ပြသနာ။လောင်စာပြတ် တောက်မှုပြဿနာဖြစ်နေတယ်။ ဒီလိုငတ်ပေမဲ့လဲ ငတ်လို့ထချမယ်တော့ မအောင်းမေ့လိုက်ပါနဲ့ မချကြဘူး။ တိုက်ပြီး အသေခံမလား၊ ငတ်ပြီးအသေခံမလားဆိုရင်တော့၊ ဒုတိယလမ်းကိုလူတိုင်းရွေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက် ကိုရီးယားမှာ တတိယလူတန်းစားက လုံးဝမရှိဖြစ်နေတယ်။ မြန်မာပြည်မှာက နည်းနည်းလေးရှိသေးတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကိုဦးဆောင်လေ့ရှိတဲ့တတိယလူတန်းစား မရှိအောင်လဲ- မြောက်ကိုးရီုးယားကလုပ်ထားပါတယ်။ ပုန်ကန် ဖို့ကြံရွယ်လာရင်- ပြစ်ဒဏ်အလေးအပေါ့ပေါ်မူတည်ပြီး ဝေဖန်ရှုတ်ချခံရခြင်း၊ အဖမ်းခံရခြင်း၊ ငြိမ်းခြောက်ခံရခြင်း၊ နှိပ်စက် ခံရခြင်း၊ သတ်ပြစ်ခြင်းတွေကို ခံရမှာဖြစ်တယ်။ ပြည်သူတွေကထပြီးပုန်ကန်ဖို့ လောလောဆယ်မလွယ်သေးပေမဲ့ ပုန်ကန် စေနိုင်တဲ့ ပြဿနာကတော့ရှိနေတယ်။ ဒါကတော့ အငတ်ပြဿနာဖြစ်တယ်။ ငတ်မွတ်လာမှုကို ဘယ်လောက် သူတို့ ခံနိုင်ရည်ရှိသလဲ။ ပုန်ကန်နိုင်ဖို့အခွင့်အလမ်း ပေါ်လာရင်တော့ ကိုရီးယားပြည်သူတွေဟာ အခွင့်အလမ်းကို ဆုပ်ကိုင်ကြ မှာ မလွဲဖြစ်ပါတယ်။
မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့ ပြည်ပရန်ကတော့ ကိုယ်ဖါသာကိုယ်ရှာထားတဲ့ ရန်ပါ။ကိုယ်ဖေါ်ထားတဲ့ဆေး ကိုယ်ပြန် ဒုက္ခများနေတာပါ။ ဆေးက တခြားမဟုတ်။ နယူကလီးယားလက်နက်။ ဒီလက်နက်ကိုပိုင်ဆိုင်မှုရလာမယ်ဆိုရင် နိုင်ငံတ ကာ အသိမှတ်ပြုဆက်ဆံလာမယ်လို့ ယူဆတယ်။ လက်တွေ့ဖြစ်မလာဘူး။
မနေ့ကပဲ သမတအိုဘားမားက နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ တောင်းဆိုလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ န ယူးကလီးယား လက်နက်တွေကို ဖျက်သိမ်းခိုင်းလိုက်တာပါ။ နိုင်ငံတကာ သံတမန်လောကကို လက်နက်တကားကားနဲ့ မလာဖို့ သတိထပ်လောင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။
ရန်နိုင်ထိုးခွင် ပေါင်မှာ ထိုးနှံခဲ့ပေမဲ့ ရန်သူက များနေတယ်။ အမေရိကန်၊ ရုရှား၊ တရုပ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယားကမ်းရိုးတန်းက မဟာဗျူဟာကျမှုကို အလေးထားနေကြတယ်။ အမေရိကန်တပ်ဖွဲ့ သုံးသောင်းခုနစ်ထောင် ကျော် တပ်စွဲထားတယ်။
အရှေ့ဖက်မှာဂျပန်ရှိတယ်။ စီးပွားရေးအရ မြောက်ကိုရီးယားထက် သာလွန်နေတယ်။ ရာဇ၀င်သမိုင်းမှာ ဂျပန်က ကိုရီး ယားကို ကျူးကျော်ထားခဲ့ဖူးတဲ့ ရန်စက ရှိခဲ့တယ်။ အောက်မှာက တောင်ကိုရီးယားရှိနေတယ်။ တောင်ကိုရီးယားရဲ့ ဂျီဒီ ပီက မြောက်ကိုရီးယားထက် အဆ ၂၀ သာလွန်နေတယ်။ လူဦးရေက နှစ်ဆသာတယ်။ စစ်သားတွေကို ၀၀လင်လင် ထောက်ပံ့ထားတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားစစ်တပ်ထက် ခေတ်မီတယ်၊ လေ့ကျင့်မှုကောင်း တယ်လို့ နိုင်ငံတကာ စစ်ရေးအကဲဖြတ်တွေက အသိမှတ်ပြုထားတယ်။
အမေရိကန်ရဲ့ဗျူဟာက မြောက်ကိုရီုးယားကို တိုက်ရိုက်ကျူးကျော်မှုထက် ၀ိုင်းပတ်ထားပြီး ပြိုကျသွားရေးဗျူဟာကို တ လျောက်လုံး ကျင့်သုံးခဲ့တယ်။ စီးပွားရေးပိတ်စို့ထားတယ်။ စပါးကြီးမြွေလိုညှစ်ဗျုဟာ(Anaconda Choke) လုပ်ထားမှုကို မြောက်ကိုးရီးယား ခံနေရတယ်။
မြောက်ကိုရီးယားမှာ ကင်အီစွန်း(Kim Il Sung- ဖခင်) ၊ ကင်ချုံအီး (သား)၊ ကင်ချုံအွန်း (မြေး) မင်းဆက်သုံးခု မြောက် ခဲ့ပြီ။ ပြည်တွင်းပြည်ပရန်က မကာကွယ်နိုင်ဘဲ အထီးကျန်ဘ၀နဲ့ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ မြောက်ကိုးရီးယားဟာ ကင်ချုံအီး သေဆုံးသွားတဲ့အတွက် လမ်းဆုံလမ်းခွကို ရောက်လာပြီလို့ ဆိုရမယ်။ အဆုံးဖြတ်တခုကိုလုပ်ကြရတော့မှာ ပါ။
ကင်ချုံအီးက သူ့သားကို အလွန်တော်တဲ့ ရဲဘော် (Brilliant Comrade) လို့ သမုတ်ပေးခဲ့တယ်။ ကင်ချုံအွန်းအထက်က အကိုနှစ်ယောက်ကိုကျော်ပြီး သူ့ကို အာဏာပေးခဲ့တယ်။ အကြီးတွေက အာဏာကိုမလိုချင်ကြဘူးလို့ ဆိုတယ်။ ဒါက စဉ်းစားစရာ ဖြစ်တယ်။ ပြဿနာကြီးမှုကို တွက်မိနိုင်သလားလို့ ယူဆနိုင်စရာရှိတယ်။
မြောက်ကိုရီးယား နိုင်ငံရေးတခုလုံးက ကင် ဆွေမျိုးတွေက အဓိကချုပ်ကိုင်ထားကြတာပါ။ မြောက်ကိုရီးယား အာဏာ ဆင်းသက်ပုံဇယားက ခုလိုပါ။
၁- ကင်အီစွန်း (Kim Il Sung- အဖိုး-ကွယ်လွန်)
၂- ကင်ချုံအီး (သား- ကွယ်လွန်)
၃- ကင်ချုံအွန်း (မြေး-လက်ရှိ)
၎- ကင်ယွန်ဝေး (Kim Kyong Hui ) အဒေါ်- ကင်အီစွန်းညီမ။ ကြယ်လေးပွင့်ဗိုလ်ချုပ် လက်ရှိအာဏာ။
၅- ဂျန်စွန်တိတ် (Jang Song Taek) ဦးလေးတော်သူ။( ကင်ယွန်ဝေးယောက်ကျား) နိုင်ငံတော်လုံခြုံရေး နဲ့ ကာကွယ် ရေး ကောင်စီ။ (ကာလုံ) မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားဆဲ ဖြစ်တယ်။ ကင်ချုံအီးရဲ ညာလက်ရုံးဖြစ်တယ်။ သူနေရာကို ဆက်ခံဖို့ အရွေးခံထားရတဲ့ အသက် ၂၇ နှစ်မျှသာ ရှိသေးတဲ့ သူ့ သားငယ်ဟာ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်။
အလုပ်သမားပါတီထဲမှာ၊ တပ်ထဲမှာ သူတို့အပိုင်အနိုင်ကိုင်ထားနိုင်ပေမဲ့ အငတ်ပြဿနာကတော့ ဆွေစဉ်မျိုးဆက် ဖြေ ရှင်းလို့မရတဲ့ ပြဿနာ ဖြစ်လာတယ်။ ကင်ချုံအီး အသုဘကို ကြပ်ပြေးက ဗိုလ်ချုပ်တွေ ကမဋ္ဌာန်းရှုနေကြသလို နိုင်ငံ တကာ ဇာတ်ကောင်တွေကလည်း ကင်ချုံအီးအသုဘ ကမဋ္ဌာန်းကို ရှုနေကြပါတယ်။ သူနေရာကိုဆက်ခံတဲ့ သူ့သားဟာ ဆယ်ကျော်သက်မျှသာ ရှိနေတယ်။ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားဆိုတဲ့ သမူဟပြုနိုင်မှုကို လေးနက်မှု ဘယ်လောက် ရှိသလဲဆိုတာ၊ အာဏာနဲ့ တာဝန်ရှိမှုကို သိပါရဲ့လား။
နယူကလီးယားလက်နက်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ပဋိပက္ခတရားရဲ့ ပေါင်းစည်းမှုဆုံချက်ကို သူလေးနက်မှုရှိသလားဆိုတာ နိုင်ငံတကာက စောင့်ကြည့်နေကြပြီ ဖြစ်တယ်။ ဒီထက်ပိုပြီး ဟောကိန်းထုတ်ပေးရရင်တော့ နိုင်ငံတကာ မြောက်ကိုးရီး ယားကို စိတ်ပူလာပြီ။ အရင်လိုထားလို့ မရတော့ဘူး။ ဆူပါ ပါဝါရဲ့ မျက်လုံးအောက်မှာ ရင်တမမနဲ့ စောင့်ကြည့်ခံလာရ တော့မယ့် အခြေအနေကို ဆိုက်ရောက်လာပြီ။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ အခွင့်အလမ်းကောင်းကို စောင့်ဆိုင်း နေကြသလို ဖြစ်နေပါတယ်။ ကင်ချုံအွန်း အကိုင်အတွယ်မှားရင်တော့ သူဟာ ကဒါဖီလို ဖြစ်သွားနိုင်ပါတယ်။
မိုးသီးဇွန်
Subscribe to:
Posts (Atom)