Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

2/02/2012

ကိုယ်တင်ထားတဲ့ ပို့စ်အောက်မှ သူနဲ့ ဆက်သွယ် နေတဲ့ သတင်းလေးကို ရောက်ချင်တယ်ဆိုရင်

 သူရဲ့ အားသာချက်ကတော့ ကိုယ်လိုချင်တဲ့ စာမျက်နှာထက် ထပ်မံပြီး သိစေချင်တာကို ပြထားတာပေါ့ 
ကျနော်ကတော့ သဘောကျလို့ သူငယ်ချင်းမိတ်ဆွေတွေကို သိအောင် တင်ပေးလိုက်တာပါ

http://www.linkwithin.com/learn?ref=widget
  
 
 လင့်ဒ်ကို google search ထဲမှာ ရိုက်ထည့်ပြီးလျှင် 
သူ ဖြည့်ခိုင်းတာလေးတွေကို ဖြည့်လိုက်ပေါ့ မခက်ပါဘူး.. ပြီးရင်တော့ get Widget ဆိုတာကို နှိပ်လိုက်ရုံပါပဲ ..
 

ညာမှ ဘယ်သို့ လှုပ်ရှားသွားလာနေသော စာလေးရေးလို့ရသည့်ကုဒ့်

ဒီ HTML ကုဒ်လေးကတော့ သူများတွေရဲ့ ဆိုဒ်တွေထဲမှာလဲ ပဲ တွေ့နိုင်ပါတယ်.. ဒါပေ့မယ် မသိသေးတဲ့ မိတ်ဆွေ ညီအစ်ကို မောင်နှမတွေအတွက်ရည်ရွယ်ပြီး ဒီ ပို့စ်လေး ရေးသားလိုက်ပါတယ်..

ိမိမိဘလော့Desing  မှ  layout ကိုရွေးကာ add a Gadget ဆိုတာမှာ HTML/JavaScript Add 
ဆိုတာကို နှိပ်ပြီး အောက်က ကုဒ့်ကိုရိုက်ထည့်လိုက်ပါ



<marquee align="center" direction="left" scrollamount="6" width="100%" height="20">
<span style="font-weight:bold;">ဒီနေရာတွင် မိမိရေးချင်သမျှကိုရိုက်ထည့်ပါ</span>
</marquee>

ဒီလောက်ပါပဲ ဒီပို့စ်ကိုတော့.. ကျေးဇူးပါပဲနော်...

လူ့ဘောင်သစ် ဥက္ကဋ္ဌ ခေါင်းဆောင်၍ ဦးအောင်မင်းနှင့် တွေ့မည်

 ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS က မြန်မာအစိုးရကိုယ်စားလှယ်များနှ
င့် အလွတ် သဘောတွေ့ဆုံရန် ကိုယ်စားလှယ် သုံးဦးရွေးချယ်ထားပြီးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုဦးဆောင်ကော်မတီ Central Leading Committee အဖွဲ့ဝင်များ ဖြစ်သည့် ဦးတိုးတိုးထွန်းနှင့် ဦးဇော်ဇော်ထွန်းတို့ သုံးဦးကို ဇန်နာဝါရီ ၁၃ ရက်နေ့ ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်သည့် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှ ရွေးချယ်ခဲ့ကြောင်း သိရသည်။

“တချို့လည်း သဘောထားပေးတယ်။ တချို့လည်း မပေးဘူးပေါ့။ နယ်စပ်နဲ့ အထဲက ရဲဘော်တွေဆီလည်း စာပို့။ အမြင်သဘောထားတွေ တောင်းခံပြီးတော့မှ အဲဒါ လုပ်တာပေါ့။ မူတွေဘာတွေ ချထားတာ ဘာမှမရှိပါဘူး။ အလွတ်သဘောပဲ။ ပထမတဆင့် တွေ့မယ်၊ စကားပြောမယ်။ ဒါပါပဲ” ဟု ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း တွေ့ဆုံရန် သမ္မတကိုယ်စားလှယ် ဦးအောင်မင်းက ငြိမ်းချမ်းရေး အကျိုးဆောင်
ဒေါက်တာ ကျော်ရင်လှိုင်မှတဆင့် ဇန်နဝါရီ ၁၉ ရက်နေ့က ဖုံးဖြင့် အကြောင်းကြားလာပြီးနောက် တွေ့ဆုံနိုင်ရန် DPNS က အဆင်သင့်ပြင်ထားခြင်းဖြစ်သည်။

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကို မြန်မာစစ်တပ်မှ လက်နက်ဖြင့် နှိမ်နင်း၍ အာဏာသိမ်းပြီးနောက် ကျောင်းသားလူငယ် များထဲမှ လှုပ်ရှားမှုနည်းပရိယာယ် သုံမျိုးဖြင့် ဆက်လက်လှုပ်ရှားလာကြရာ တရားဝင်ပါတီ၊ မြေအောက်ယူဂျီနှင့် လက်နက်ကိုင် တော်လှန်ရေး အဖြစ် ဖြန့်ခွဲသွားကြသည်။ တရားဝင်ပါတီအဖြစ် DPNS ကို ၁၉၈၈ ခု အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့် မဟာမိတ်ဖြစ်ပြီး အင်အား ၂ သိန်းကျော်အထိ ရှိခဲ့ကြောင်း DPNS အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် ၁၉၉၁ ခု နိုဝင်ဘာတွင် ခေါင်းဆောင်တချို့ နယ်စပ်ထွက်လာပြီးနောက်ပိုင်း ဒီဇင်ဘာ ၇ ရက်တွင် ဖျက်သိမ်းခံခဲ့ရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့က အကျိုးဆောင်များမှတဆင့် ဖိတ်ကြားရာတွင် DPNS အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု-FDB တပ်ပေါင်းစု အနေဖြင့်လည်း တွေ့ဆုံရန် FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် အား ဖိတ်ကြားခဲ့သည်။

FDB အဖွဲ့ဝင်ကိုယ်စားလှယ်များအကြား ဇန်နဝါရီ ၂၆ ရက်နေ့က တကြိမ်တွေ့ဆုံခဲ့ပြီး တရားဝင် အပြီးသတ် ဆုံးဖြတ်ချက် အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။ ဦးအောင်မင်းနှင့်မူ ဖေဖော်ဝါရီ ၆ ရက်ဝန်းကျင်တွင် တွေ့မည်ဟု သူက ဆက်ပြောသည်။

FDB နှင့် DPNS တို့ကို ရထားဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားခြင်းဖြစ်သော်လည်း FDB အဖွဲ့ဝင် တခုဖြစ်သော
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကိုမူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက နိုင်ငံရေးအရ “တန်းတူညီတူ” ဆွေးနွေးရန် စာဖြင့် တရားဝင် အကြောင်းကြားထားသည်။

ABSDF မှာမူ ဆွေးနွေးမည့်ရက်ကို အတိအကျသိရပြီးမှ ကိုယ်စားလှယ်အဖွဲ့ကို သတ်မှတ်မည်ဟု အဖွဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

FDB၊ DPNS နှင့် ABSDF တို့ အဓိကအခြေခံထားသည့် ကရင်မျိုးသားအစည်းအရုံး KNU နယ်မြေအတွင်း အစိုးရတပ် တပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများကို ပစ်ခတ်မှုများ ရပ်ဆိုင်းထားရန် သမ္မတဦးသိန်းစိန်က ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် ကြီး စိုးဝင်းမှတဆင့် ညွှန်ကြားထားသည်။

၂ဝ၁ဝ ခု ရွေးကောက်ပွဲအပြီး ပြည်တွင်း/ပ နိုင်ငံရေးအင်အားစုများ၏ တောင်းဆိုမှုများနှင့် စီးပွားရေး အကျပ်အတည်း များကြောင့် အစိုးရက ပြောင်းလဲမှုအချို့ ဆောင်ရွက်လာရာ တိုင်းရင်း သားလက်နက်ကိုင် ၆ ဖွဲ့နှင့်လည်း အပစ်ရပ်ရေး စာချုပ်များ လက်မှတ်ထိုးနိုင်ခဲ့သည်။

ယင်းတို့မှာ ကရင် KNU၊ ရှမ်း (မြောက်) SSPP/SSA ၊ ရှမ်း (တောင်) SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား တို့
ဖြစ်သည်။

lubongthit

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။