Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

4/30/2012

မွန်အမျိုးသားခေါင်းဆောင်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး



မွန်ပြည်သစ်ပါတီ၏ အကျဉ်းကျ ရဲဘော် နှစ်ဦးအား နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွဲပြောင်းသည့် အခမ်းအနားကို မော်လမြိုင်မြို့ Strand Hotel တွင် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်မှူးစောလှဘွယ်လဲ NLD ကိုထောက်ခံပါတယ်....

ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ နေ့ က ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလှဘွယ် (ဗိုလ် နှုတ်ခမ်းမွှေး) က မိမိတို့ ရဲ့ တပ်ဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို အမြဲထောက်ခံကြောင်း သူရဲ့ သဝင်္ဏလွှာ တွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။ 



ထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထ

NLD ပြည်သူဆန္ဒကြောင့် လွှတ်တော်တက်မည်။။( ကြေညာချက်)



ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။ “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။
                                   xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်စု ပြည်သူများ၏ဆန္ဒကြောင့် လွှတ်တော်တက်မည်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွေမန်းအပါအ၀င် တိုင်းရင်းသားပါတီတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တက်စေလိုကြောင်း ပြောင်းလဲသင့်တာတွေကိုပြောင်းလဲချင်ကြောင်း စာရေးပြီး မေတ္တာရပ်ခံ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ စာသားတွေကို ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားကို တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့တာဟာ သူရဲ့ လစ်ဟင်းမှုသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်တက်မှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဝါးခယ်မ မြို့နယ် ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ မှ ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်


ABFSU(Shwelong) Statement

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။