Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/26/2011

ကင်ဂျုံအီးလ် သေဆုံးမှုကို ဝမ်းနည်းကြောင်း ဝဏ္ဏမောင်လွင်မှ ဝမ်နည်းကြောင်း လက်မှတ်ရေးထိုး




မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးလ် သေဆုံးမှုကို ဝမ်နည်းကြောင်း  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် က စနေနေ့မှာ လက်မှတ်သွားထိုးပါတယ်။

မြန်မာပြည်ထက် ပိုပြီးဝမ်းနည်းတာ တရုတ်ပြည်ဖြစ်တယ်လို့ သတင်းတွေအရ ကောက်ချက်ချနိုင်မှာပါ။မြန်မာပြည်ကလဲ မြောက်ကိုရီးယား နှင့်သံတမန်ရေး ဖြတ်တောက်ထားရာမှပြန်လည် ဆက်ဆံခဲ့ခြင်းဖြစ်ပါသည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ပွင့်လင်းမှု မရှိသော စစ်ရေးဆက်ဆံမှု၊ ကလေးငယ်၊ အမျိုးသမီးများအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သတ်ပြီး အမေရိကန်မှလဲ စောင့်ကြည့်လျက်ရှိနေပါသည်.။

ဘေဂျင်းမြို့မှာ တရုတ် သမ္မတ ဟူဂျင်တောင် (အင်္ဂါနေ့)၊ ၀န်ကြီးချုပ် ၀မ်ကြားပေါင် (ဗုဒ္ဓဟူးနေ့) တို့ အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေ မြောက်ကိုရီးယားသံရုံးကိုသွားကြ၊ ၀မ်းနည်းကြောင်း ပြကြတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်တွင်းမှ ဒုက္ခသည်များအတွက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျပ်သိန်း (၃၀၀)လှူဒါန်းခဲ့



ကချင်ပြည်နယ်တွင်းမှာ အိုးအိမ်ပစ်ပြီး တိုက်ပွဲတွေကြားကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒုက္ခသည်ကို မြန်မာ့ဒီမိုကရေစီခေါင်ေးဆာင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လအနည်းငယ်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် အိုးအိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်တွင်းက NLD အဖွဲ့ဝင်တွေက တဆင့် ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့တာပါ။ ကချင်ပြည်နယ်မှာ ပြည်နယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဖေစိန် ပြောပြတာက -

“အခုပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်တွေအပေါ် ကူညီမှုက ငွေ သိန်း ၃၀၀ ပေးခဲ့ပါတယ်။ အဲဒီငွေ သိန်း ၃၀၀ က ကချင်ပြည်နယ် မြစ်ကြီးနား ဘေးနားမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကိုရယ်၊ ဗန်းမော်၊ နောက်ပြီးတော့ ၀ိုင်းမော်၊ အဲဒီမြို့နယ်တွေမှာပေးဖို့လည်း ပါပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ အလှူငွေနဲ့ ဒုက္ခသည်စခန်း ၂၀ ကျော်က ဒုက္ခသည် ၅,၀၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေအတွက် အကူအညီတွေ များစွာ လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေး သွားလုပ်နေသူတွေက ဆိုပါတယ်။

“အခုဟာက ငြိမ်းချမ်းရေး ရသေးတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ရသေးတာမဟုတ်တဲ့အခါကျတော့ ဒုက္ခသည်တွေက ထပ် ထပ်ပြီးတော့ ရောက်လာတဲ့အတွက်ကြောင့် ဒုက္ခသည်ဦးရေက ဒီနေ့နဲ့ မနေ့ကနဲ့ မတူဘူး။ အဲဒီလို ဖြစ်ဖြစ်နေတယ်။ အဲဒီလို ဖြစ်ဖြစ်နေတော့ အခုလည်း လက်လှမ်းမီသလောက် သွားရောက် ကူညီခဲ့ပေမဲ့ တချို့နေရာတွေပဲ ရနေပြီးတော့ တချို့နေရာတွေမှာ မလုံလောက်တာတွေလည်း တွေ့နေရတယ်။”

ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေရပ်ဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေက တရားဝင် ကြေညာ အသိပေးတာမျိုးတွေ မရှိသေးတဲ့အတွက် တိုက်ပွဲတွေ ဆက်ရှိနေခဲ့တာပါ။ တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့သူတွေ စစ်မီးကို ငြိမ်းစေချင်ကြတယ်လို့လည်း ပြောကြပါတယ်။

“ကိုယ့်ဒေသ၊ ကိုယ့်ဇာတိကိုတော့ သူတို့က တမ်းတလွမ်းမောနေကြ တာပေါ့။ ပြန်ချင်ကြ တာပေါ့။ ပျော်လို့လာကြတာမှ မဟုတ်ဘဲ။ မလွှဲမရှောင်သာလို့သာ လာပြီးတော့ ခိုလုံနေကြရတာ ဖြစ်တယ်လေ။ ဒီစစ်ကြီး မြန်မြန် ငြိမ်းပါစေတော့လို့ ဆုတောင်းနေကြတာကို နားနဲ့ဆက်ဆက် ကြားခဲ့ရပါတယ်။”

ဒီလိုအကူအညီပေးမှုတွေကို ပြည်တွင်းက ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မန္တလေးက ပရဟိတ လူမှုရေးအသင်းအဖွဲ့များက ဦးဆောင်ပြီး ဒုက္ခသည်တွေရှိတဲ့ နေရာတွေကို ပထမဦးဆုံး သွားရောက်ခဲ့ကြတာပါ။

အခုချိန်ထိ သူတို့တွေဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး ရရှိတဲ့အကူအညီတွေဟာ မလုံမလောက် ဖြစ်နေရသေးသလို သူတို့ရဲ့ နေထိုင်ရပ်တည်ရေး ဘ၀တွေအတွက် အခုလက်ရှိ ဒုက္ခသည်အခြေအနေမှာ သာမက စစ်ပွဲပြီးရင်တောင် ဘ၀ရှင်သန်ရေးအတွက် အခက်အခဲတွေ ရှိနေဦးမယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တာ နှစ် ၆၀ ကျော်ရှိခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် ဒဏ်ကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်တွေ ပိုများလာနေသလို ကရင်ပြည်နယ်ဘက်က လူထုတွေ တွေ့ကြုံနေရ တာက ပြည်တွင်းစစ်ဒဏ်ကြောင့် အစာရေစာ ပြတ်လတ်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။