Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

8/31/2012

Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများစာရင်း

Black List


Black list စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ဘက်တော်သားများ စာရင်း

http://www.docstoc.com/docs/document-preview.aspx?doc_id=127875409

ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ



ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်အပါအ၀င် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့မွန်လွဲ (၂)နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င် အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ခရီးစဉ်နှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ချက်တွင် "မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက် အများအပြားရဲ့ နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Black List) ပယ်ဖျက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီအချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန် ဖြစ်တဲ့အလျှောက် အစိုရနဲ့ မတူညီတဲ့ မိမိရဲ့ သဘောထားကို ထုတ်ဖေါ်ပြောဆိုတာတွေကြောင့် ပြည်ပမှာရှိနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲ မရှိသင့်သလို အကျဉ်းထောင်ထဲတွေ ရောက်ရှိနေသူတွေ မရှိသင့်တော့ပါ။ "ကျွန်တော်အနေနဲက မြန်မာပြည်မှာ အမည်းစာရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့နေကို မျှော်လင့်နေပြီး အဲ့ဒီနေ့ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်အခုလာတာဟာ တစ်ဦးချင်းဖိတ်လို့ တစ်သီးပုဂလအနေနဲက လာတာ ဖြစ်ပေမယ့် ကျွန်တော်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးအမြင် မူသဘောထားဘောင်အတွင်းကသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲမှု ဖြစ်ဖို့အတွက် ပြည်တွင်းပြည်ပ အင်အားစုအားလုံးပါဝင်တဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး သဘောတူညီချက်တွေ ဖေါ်ထုတ်မယ့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး ဖြစ်စဉ်တစ်ခုကို ၂၀၁၅ မတိုင်ခင်မှာ ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်ချက်အလင်းရောင်တွေ မြင်စပြုလာတဲ့ ဒီအချိန်မှာ ပြည်သူပြည်သား အားလုံး တောင့်တတဲ့ ရေရည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဦးတည် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ နိင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည် ဖေါ်ဆောင်ရွက်သွားမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ အဲ့ဒီလိုဆွေးနွေးမှုကို အဓိပ္ပါယ်ရှိရှိ ယုံယုံကြည်ကြည်ဆောင်ရွက်ရအောင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တိုင်းရင်းသား နယ်မြေမှာ ထိုးစစ်တွေ ရပ်ပေးဖို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ပေးဖို့၊ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် ပြုဖို့၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုများအနေဖြင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ဖို့၊ ပြည်ပရောက်အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့် ရှိစွာဖြင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စိတ်ချလုံခြုံစွာ ဆောင်ရွက်နိုင်ဖို့ သမ္မတနှင့်တကွ အစိုးရအပါအ၀င် နိုင်ငံတော် အဖွဲ့အစည်းအားလုံးကို အလေးအနက် ဆန္ဒပြုပါတယ်။ " ဟု ပါရှိကြောင်း သိရသည်။

ABSDF မြောက်ပိုင်ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းမှုများအပေါ် "တရားဥပဒေစိုးမိုးမှု ပွင့်လင်ထင်သာမြင်သာမှု ဖြစ်တဲ့အခြေအနေရောက်ရင် အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံနေတယ်ဆိုတဲ့ ကိစ္စတွေအပေါ် ကျွန်တော်ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒေါက်တာနိုင်အောင်သည် နိုင်ငံတော်သမ္မတရုံမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Blacklist စာရင်းမှ ပျယ်ဖျက်ခံရသူများ စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်

ကျနော်တို့ရဲ့ ပါတီရပ်တည်ခွင့်ကိစ္စကို အဓိကထားပြီးဆွေးနွေးမယ်


“ ၃ ရက်နေ့ကို ကျနော်သွားမယ်။ အစိုးရပိုင်းနဲ့တွေ့မယ်ဆိုရင် ကျနော်တို့ပါတီ ပြန်ပြီးတော့ရပ်တည်တဲ့ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုမှာရှိတဲ့ လူ့ဘောင်သစ်စည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးမယ်။ တခြား လူ့ဘောင်သစ်တွေနဲ့ တွေ့မယ်။
၈၈ နဲ့တွေ့မယ်။ နောက် တခြားတွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့မယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ပါတီ ပြန်လည်ရပ်တည်ခွင့် ကိစ္စကို အဓိကထားပြီးဆွေးနွေးမယ်။”

ဦးအောင်မိုးဇော်
ဥက္ကဋ္ဌ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ



(၃၀-၈-၂၀၁၂ DVB သတင်းဌာနမှ သတင်းကောက်နှုတ်ချက်)

Black List စာရင်းထဲမှာ အချို့ကို ပြန်လည် ထုတ်ပေးလိုက်

http://www.docstoc.com/docs/
">document-preview.aspx?doc_id=127875409

စစ်အစိုးရရဲ့ .ဝါဒဖြန့်မှု ဖြစ်သော .ဗုံးပေါက်ကွဲမှုများတွင် ပါဝင်သည့်..ဒါမှမဟုတ် တိုင်းပြည်ကို ဆူပူအောင်လုပ်သည် ဆိုပြီး ဝါဒဖြန့်ထားခြင်းခံရသော ဒီမိုကရေစီအင်အားစု အတွင်းမှ သူများကိုမြန်မာပြည်တွင်းသို့ ပြန်လည်ခေါ်ယူလိုက်ပါသည်။Black List ဆိုပြီး အစိုးရရဲ့ နာမည်ပေးကင်ပွန်းတပ်ထားတဲ့ တိုင်းပြည် ပြန်လည်တည်ထောင်ရေးအတွက် အသုံးဝင်မည့်ကို သူတွေကို ပြန်လည်ခေါ်ယူခြင်းကို ဒီမိုကရေစီအင်အားစုများတွင်ပါဝင်ကြသော သူများအဖို့ လူဆိုးစာရင်းတွင် ထည့်သွင်းခံရခြင်းကို မကျေနပ်ခဲ့ကြသလို ထို ထုတ်ပြန်သည့် စာရင်းဆိုလျှင် စာရင်းအတွင်းပါဝင်သူများသည် လူဆိုးများ ပင်ဖြစ်နေသလော ဟု မေးခွန်းများပင်ထွက်လာခဲ့သည်။

8/17/2012

လက်ရှိမြန်မာပြည်အပေါ် အမြင်လေးပါ..

လက်ရှိ မြန်မာပြည် အရေးက ဘယ်လိုဘယ်နည်းနဲ့ သွားရမလဲ ဆိုတာပင်သေသေချာချာ ဆုံးဖြတ်ရမည့်အချိန်ကို ရောက်ရှိနေပါပြီ...အကယ်၍သာ..မြန်မာ ပြည်မှာဒီမိုကရေစီ အစိုးရ ကသာ တိုင်းပြည်ကို ဦးဆောင်သွားမည် ဆိုလျှင်လည်း အင်မတန်မှ တိုင်းပြည်အတွက် ဦးနေဝင်းပြောခဲ့သလိုချောက်ထဲ သို့ရောက်ရှိသွားနိုင်ပါတယ်။ ယခု အချိန်မှာ တော်လှန်ရေးကြီးတစ်ရပ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဖြတ်ချဖို့ ဆိုတာကလဲ..လက်ရှိအခြေအနေ ပုံစံနဲ့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်သလို.တိုင်းပြည်မှာ အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဖြည့်ဆည်းပေးနေမယ်ဆိုရင်လဲ မဖြစ်နိုင်ဘူး.။ အကယ်၍သာ.လက်ရှိ ဦးသိန်းစိန် အစိုးရက တိုင်းပြည်ကို တိုးတက်စေချင်တဲ့စိတ် ပြင်းထန်မယ်ဆိုရင်တော့ပြည်ပ ရောက်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေကို ပြန်ခေါ်သင့်သလို တိုင်းပြည်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ ပညာရေး အသုံးအရိတ်များ ကို လဲ ထပ်မံ ဖြည့်ဆည်းဖို့ လိုအပ်နေပါပြီ.။ ဒီလို လုပ်နိုင်မှ သာ မြန်မာပြည်အတွက်အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။တိုင်းပြည်တည်ဆောက်ရေးအတွက်ဆိုလျှင်လဲ ကမ္ဘာစစ်ကြီးများ ပြီးနောက်တွင် ပြန်လည်ဖွဲ့ဖြိုးလာသောနိုင်ငံများကို နမူနာယူကာပြန်လည်တည်ဆောက်ရလိမ့်မယ်။
       အခုဆိုလျှင်လွှတ်တော်အတွင်းအပြင်လှုပ်ရှားမှုတွေကအနည်းငယ် ကောင်းမွန်လာသည့်ဟု မြင်မိတယ်. လွှတ်တော်တွင်းမှာလဲ ပါတီအချင်းချင်း စည်းလုံးမှုက အားကောင်းလာပြီထင်တယ်. ဘာကိုရည်ညွှန်းချင်သလဲ ဆိုတော့ အခု လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးတင်ပြအစီရင်ခံခဲ့တဲ့ အခြေခံဥပဒေခုံရုံးမှာ တာဝန်ရှိသူတွေကို နှုတ်ထွက်ပေးဖို့ တောင်းဆိုချက်ဆိုလျှင် မိမိတို့ ရဲ့ အုပ်ချုပ်ရေး အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့ ဟာ  ဖွဲ့စည်းပုံကို ဖောက်ဖျက်နေသည် ဆိုတာကို ဖော်ထုတ်လာကြတယ်..ဒါကပွင့်လင်းမြင်သာမှုနဲ့ check and 
balance အားကောင်းချက်တစ်ခု အဖြစ် မြင်လို့ရပါတယ်။
       အဲ့လိုအားကောင်းလာပေ့မယ်.တရားဥပဒေစိုးမိုးမှုမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်. အဂတိလိုက်စားမှုတွေဆိုရင် အများအပြားကျန်ရှိနေသေးတယ် အကယ်၍သာ ဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် တိုင်းပြည်ဟာ ဖွံဖြိုးမှုနောက်ကျစရာ မရှိပါဘူး။ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းဆိုလျှင်လဲ တရားဥပဒေစိုးမိုးမှုအားနည်းလို့ ဖြစ်လာသလို ၊ပြည်မှာနယ်မှာဖြစ်ခဲ့တဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တာဆိုရင် လွန်လွန်းလှတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်.ပထမတော့ ကျနော်ကိုယ်တိုင်လဲ မသေချာခဲ့ဘူး အယောက် လေးဆယ်ကျော်တောင် စွန့်ပစ်ခဲ့တယ်ဆိုတော့ ဘယ်လောက်တောင် စိုးရွှားလွန်းတယ်ဆိုတာကို စဉ်းစားကြည့်ပေါ့ဗျာ။ ဒီလိုပုံစံမျိုးတွေနဲ့ တော့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ အနှောင့်အယှက်တွေဖြစ်တယ် ။ဒါတွေကို ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်မှသာ တိုင်းပြည်အတွက် အဆင်ပြေမှာဖြစ်မယ်။
    နောက်တစ်ခုက ဘာလဲ ဆိုတော့ ငွေကြေး အပေါ်မှာ ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ money supply ကို မူဝါဒချမှတ်သူ၊ အုပ်ချုပ်သူများက ထိန်းချုပ်တဲ့ instrument potency ကြီးမားပါတယ်။ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့် နည်းပါးမှုကြောင့် ဒီလို instrument potency ကို ထိန်းချုပ်နိုင်မယ့် အခြေအနေ မရှိပါဘူး။ ရလာဒ်ကတော့ မြန်မာနိုင်ငံတော်အစိုးရဟာ ငွေကြေး ရိုက်နှိပ် ထုတ်ဝေမှုတွေကို အကြောင်းပြချက် အမျိုးမျိုး အသုံးပြုပြီး အထိန်းအချုပ် မရှိ ပြုလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဥပမာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော် တရပ် ပေါ်ထွက်လာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အသုံးစရိတ်အတွက် ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးပမာဏတွေက အရမ်းကြီးမား ပါတယ်။ ဒါတွေကဘယ်လိုပုံစံနဲ့ ပြန်လည်လုပ်ဆောင်ရမလဲ ဆိုတာ ငွေကြေးမူဝါဒကို ကိုင်စွဲတဲ့ သူတွေက ဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်တယ်။သိုသော်လည်း အထက်ကတင်ပြခဲ့သလိုပါပဲ ဒီလို အချက်တွေကိုကောင်းမွန်စေချင်တဲ့ အစိုးရ ဆိုရင်တော့ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေအတွက် အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ဆိုတာကို ချပြဖို့ လိုအပ်နေပါပြီ။

ရည်ညွှန်း....https://www.facebook.com/streetchild.pyay
                http://www.rfa.org/burmese/news/pyi-authority-dosser-08072012115814.html
               

8/10/2012

ရန်ကုန်မြို့နေရာအနှံအပြားတွင် တွေ့နေရသော ၈၈၈၈ အထိမ်းအမှတ် ပန်းဖလက်များ......







(၂၄) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ရန်ကုန်၊ မန္တလေး နှင့် တစ်ခြားသောနယ်မြို့များတွင် ဝေငှ ခြင်း၊ လူစည်ကားရာနေရာများမှ နံရံများတွင်ကပ်ခြင်း များကို လူ့ဘောင်သစ်လူငယ် YNS မှ အရေးတော်ပုံ ၂၄ နှစ်ပြည့်အကြိုလှုပ်ရှားမှု အဖြစ် လှုပ်ရှားလျှက်ရှိသည်။ သတင်း YNS (Inland) 
 
ဒီနေရာမှ သတင်းရယူသည်။

ပြည်မြို့တွင်လဲ ၈၈၈၈ အခမ်းအနားကျင်းပခဲ့သည်။



ပည်မြို့တွင်ပြုလုပ်သော (၂၄) နှစ်ပြည့် ရှစ်လေးလုံးလူထု အရေးတော်ပုံ အခမ်းအနားသို့ လူ့ဘောင်သစ်လူငယ် မှ သ၀ဏ်လွှာ နှင့် လက်ကမ်းစာစောင်များပေးပို့ခဲ့ကြောင်းသိရှိရသည်။ 
သတင်း YNS (Inland)

၈ရက်သြဂုတ်လ ၂၀၁၂တွင် ၂၄နှစ်မြောက် ၈၈၈၈ ပြည်သူအရေးတော်ပုံကြီး အတွက် ပြည်မြို့နယ်မှ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့.......

8/09/2012

ကျောင်းသားများက မိမိတို့အခက်အခဲအတွက် ဆန္ဒပြသသည့်များအပေါ် ကိုရီးယားနှင့် အိန္ဒိယက ကူညီသွား


ကျောက်ဖြူမြို့နယ် အတွင်း ကျောင်းသားများက ပြန်လည်ပြုပြင်ပေးရန်  ဆန္ဒပြတောင်းဆိုခဲ့သော လမ်းကို အခုအခါ ကိုရီးယား ဒေ၀ူးနှင့် အိန္ဒိယ Punj Lioy ကုမ္ပဏီများက ပြန်လည် ပြုပြင် တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းမှာ  မရကျွန်းနှင့် ဂုံးရှိန် ကျေးရွာ အကြားတွင် တည်ရှိသော လမ်းဖြစ်ပြီး ဂုံးရှိန် အထက်တန်းကျောင်းမှ ဒေသခံ ကျောင်းသူ ကျောင်းသားများ ကျောင်းသွား ကျောင်းပြန် အသုံးပြုနေသော လမ်းဖြစ်သည်။ ကျေးရွာသားများမှ ၎င်းလမ်းကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တည်ဆောက် ထားခဲ့သည်။
“ အဲဒီလမ်းက ကိုရီးယား ဒေ၀ူးနဲ့ အိန္ဒိယ ကုမ္ပဏီကားတွေ အသုံးပြုပစ်တဲ့ အတွက် သွားလာလို့ မရအောင်ပျက်စီးသွားပါတယ်။ ဒီလမ်းကို ပြုပြင်ပေးဖို့ ဒေသခံ ကျေးရွာသားတွေက စာရေးပြီး အထက်ကို တင်ပြပါတယ်။ ဒါပေမယ့် ပြန်လည် ပြုပြင်ပေးတာ မရှိတဲ့ အတွက် ဇူလိုင်လ ၉ ရက်နေ့က ကျောင်းသား ၁၀၀ ကျော်က ပိုစတာတွေကိုယ်စီ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်” ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။
ကျောင်းသားများမှာ လိပ်မမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ မရကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာများမှ ဖြစ်ကြသည်။
ကျောင်းသားများ ဆန္ဒပြမူ ဖြစ်ပွားပြီးနောက် ခရိုင်တာဝန်ရှိသူများက အဆိုပါ လမ်းကို ပြုပြင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ဆန္ဒပြသူ ကျောင်းသားများ၏ မိဘများကို ခံဝန်ကတိ လက်မှတ်များ ရေးထိုးရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။


ဒေ၀ူးက တည်ဆောက်ပေးနေသော လမ်းပိုင်းနှင့် အိန္ဒိယ Punj Lloy က တည်ဆောက်ရန်    ကျန်နေသော လမ်းပိုင်း (ဓါတ်ပုံ- နိရဉ္စရာ)

“ ဆန္ဒပြကျောင်းသားတွေက  သူတို့ဟာ သူတို့ ကျောင်းသွားလို့ မရတာကြောင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေနဲ့တော့ မဆိုင်ပါဘူး။ ကျောင်းသားမိဘတွေကို အစပိုင်းမှာ ခြိမ်းခြောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘာမှတော့ မလုပ်ခဲ့ဘူး။ အခုတော့ လမ်းကို ပြန်လည်ပြီး  ကွန်ကရစ် လမ်းခင်းပေးနေပါတယ်” ဟု ဆိုသည်။
ပျက်စီးသွားသောလမ်းကို ဒေ၀ူးမှ အခုအခါ တည်ဆောက်နေပြီး ကွန်ကရစ် ခင်းနေမူမှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း အိန္ဒိယ Punj Lloy ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးမည့် လမ်းပိုင်းမှာ ယခုအချိန်ထိ ပြန်လည် တည်ဆောက်ပေးခြင်း  မရှိသေးကြောင်း သိရသည်။

ပါတီစုံညီအထူးအစည်းအဝေးတွင် ပြောကြားသော ဥက္ကဋ္ဌ၏ နိဂုံးချုပ်မိန့်ခွန်း

ပါတီစုံညီအထူးအစည်းအဝေးတွင် ပြောကြားသော
ဥက္ကဋ္ဌ၏ နိဂုံးချုပ်မိန့်ခွန်း
(၁၁-၈-၂၀၁၂)


            ကျနော်တို့ သြဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွေမှာ ကျင်းပတဲ့ ပါတီရဲ့ စုံညီအစည်းအဝေးကို တက်ရောက်လာကြတဲ့ ရဲဘော်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပထမဦးဆုံး ပြောချင်တယ်။
            ကျနော်တို့ ရဲဘော်အားလုံးသိတဲ့အတိုင်းပဲ ဒီကနေ့ နိုင်ငံရေးအခြေအနေတွေ အလှည့်အပြောင်းက ရှုပ်ထွေးမှုရှိတယ်။ တပြိုင်နက်တည်းမှာ အန္တရာယ်လည်းကြီးတယ်။ တပြိုင်နက်တည်းမှာ အရေးလည်းကြီးတယ်လို့ ကျနော် ပြောချင်တယ်။ ဒီလို အလှည့်အပြောင်းမျိုးကို ကျနော်တို့ပါတီအနေနဲ့ ဖြတ်ဖို့၊ သို့မဟုတ် ဒီလို အလှည့်အပြောင်းမျိုးမှာ ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ပါတီတစ်ခုလုံးအနေနဲ့ပဲဖြစ်ဖြစ် ပါတီဝင်ရဲဘော်တစ်ဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ် ပါတီရဲ့ စည်းရုံးရေးစည်းကမ်းကို ခိုင်ခိုင်မာမာလိုက်နာပြီးတော့ ဖြတ်သန်းနိုင်ဖို့ လိုလိမ့်မယ်လို့ ကျနော်ပြောချင်တယ်။ တပြိုင်နက်တည်းမှာ ပါတီတစ်ခုလုံးအနေနဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ ရဲဘော်တစ်ဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ် ယနေ့ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ၊ ယနေ့ ကျနော်တို့ရဲ့ ဒီမိုကရေစီလှုပ်ရှား မှုဟာ မပြီးဆုံးသေးဘူး။ ဆက်ပြီးတော့ သည်းသန်ပြင်းထန်တဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ရဦးမယ်။ စိန်ခေါ်မှုတွေ အများ ကြီးကို ကျနော်တို့ ရင်ဆိုင်ကြရလိမ့်ဦးမယ် ဆိုတဲ့အမြင် ဆိုတဲ့သဘောထားကို သေသေချာချာ ဆုပ်ကိုင်ထားဖို့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ စစ်အာဏာရှင်စနစ်က မကုန်စင်သေးဘူး။ စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ကျနော်တို့ ရှိနေသေးတယ်။ ဒီစနစ်ကို ကျနော်တို့ ပြောင်းပြန် ပြန်လှန်ပစ်ရမယ်ဆိုတဲ့အသိ၊ ပြောင်းပြန်လှန်ပစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲ ပြီးတော့ ဒီကနေ့ အလှည့်အပြောင်းကို နည်းနာမှန်မှန်၊ ရပ်တည်မှုခိုင်ခိုင်နဲ့ ဖြတ်သန်းဖို့လိုလိမ့်မယ်လို ကျနော်အနေနဲ့ ပြောချင် တယ်။
            နောက်တစ်ချက် ကျနော်ပြောချင်တာကတော့ ခုနက အဲဒီလို ဖြတ်သန်းတဲ့အခါမှာပေါ့နော်၊ ကျနော်တို့ပါတီရဲ့ စည်းရုံးရေး စည်းကမ်းကို အခိုင်အမာ လိုက်နာပြီးတော့ ဖြတ်သန်းဖို့ လိုပါလိမ့်မယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ ကျနော်တို့ပါတီရဲ့ဆောင်ပုဒ်ကို အခြေခံလမ်းညွှန်အဖြစ် ကိုင်စွဲပြီးတော့ ဒီလို အလှည့် အပြောင်းမျိုးကို ဖြတ်သန်းဖို့ လိုလိမ့်မယ်။ ဘာပဲလုပ်လုပ် ကျနော်တို့ ငြိမ်းချမ်းရေးအတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဒီမို ကရေစီရေးအတွက် ကျနော်တို့ ဆက်လက်ရမယ့်ကိစ္စတွေ အများကြီး ရှိသေးတယ်။ ကျနော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ အလုပ်သမားတွေ လယ်သမားတွေ ပြည်သူတွေအားလုံးအတွက် ဆက်လုပ်ရမယ့်အလုပ်တွေ အများကြီး ရှိသေးတယ်။ ဘာပဲလုပ်လုပ် ကျနော်တိုပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ ဆောင်ပုဒ်ကို အခြေခံလမ်းညွှန်အဖြစ် ကိုင်စွဲပြီးတော့ အလုပ်လုပ်ကြဖို့ကို ကျနော်တိုက်တွန်းလိုတယ်။
            နောက် နိဂုံးချုပ်အနေနဲ့ ကျနော် တိုတိုပဲ ပြောပါ့မယ်။
            နိဂုံးချုပ်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒီနေ့ ကျနော်တို့ ပါတီရဲ့ အထွေထွေနိုင်ငံရေးသဘောထား၊ လုပ်ငန်းစဉ်၊ ရေရှည်လုပ် ငန်းစဉ်၊ လတ်တလောလုပ်ငန်းစဉ်၊ ဒီနေ့ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ ဒီကိစ္စတွေကို ကျနော်တို့ (၂) ရက်လုံးလုံး ပါတီဗဟိုဦးဆောင် ကော်မတီ၊ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်တွေနဲ့ ဒီမှာရှိတဲ့ရဲဘော်တွေကို တင်ပြခဲ့ပြီးပြီ ဖြစ်တယ်။ ဒီအထွေထွေနိုင်ငံရေးသဘော ထားတွေ လတ်တလောလုပ်ငန်းစဉ်တွေနဲ့ လတ်တလောလုပ်ဆောင်ရမယ့် တာဝန်တွေကို အသေအချာ လေ့လာစေချင်တယ်။ အသေ အချာလေ့လာရုံတင် မဟုတ်ဘဲနဲ့ ကျနော်တို့ ပြင်ဆင်စရာရှိတာ တိုးချဲ့စရာရှိတာတွေကိုလည်းပဲ ဒီနေ့အစည်းအဝေးထဲမှာဖြစ်စေ၊ အစည်းအဝေးထဲမှာ မဆွေးနွေးလိုက်ရရင်တောင်မှ နောက်ပိုင်းမှာဖြစ်စေ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ ကျနော်တို့ ပါတီဗဟိုစည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးစေချင်တယ်။ အကြံပေးစေချင်တယ်။ ကျရာတာဝန်တွေကိုလည်း တက်တက်ကြွကြွ ဆောင်ရွက်စေချင်တယ်။
            ကနေ့ အခြေအနေ အလှည့်အပြောင်းက နိုင်ငံရေးအရ အရေးကြီးသလိုပဲ၊ ဒီ အရေးကြီးတာကို ကျနော်တို့ သတိပြုရမှာဖြစ် သလို၊ အဖွင့်မှာ ကျနော်ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ အသေအချာ အလုပ်မလုပ်ဘူးဆိုလို့ရှိရင် ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ ကျန်ခဲ့လိမ့်မယ်။ ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ ပျောက်သွားလိမ့်မယ်။ ကျနော်တို့ သေသေချာချာ အလုပ်မလုပ်ဘူး ဆိုလို့ ရှိရင်။ ကျနော်အနေနဲ့ ပါတီအနေနဲ့ပဲဖြစ်ဖြစ် တစ်ဦးချင်းစီ အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ တကယ်အလုပ်မလုပ်ဘူး၊ ဒီပါတီရဲ့ လုပ်ငန်း တာဝန်တွေဟာ ကျနော်တို့ရဲ့ ပထမဦးစားပေးရမယ့် လုပ်ငန်းတာဝန်တွေအဖြစ် သဘောမထားဘူးဆိုလို့ရှိရင် ဒီအလှည့်အပြောင်းမှာ ကျနော်တို့ ပျောက်သွားလိမ့်မယ်။ ပါတီလည်း ပျောက်သွားလိမ့်မယ်။ လူလည်း ပျောက်သွားလိမ့်မယ်။
            ကျနော် အဲဒါကို လူတစ်ဦးချင်းစီအနေနဲ့၊ ပါတီဝင်တစ်ဦးချင်းစီအနေနဲ့လည်း ပြောချင်တယ်။ အထူးသဖြင့် ပါတီစည်းရုံးရေး ကော်မတီဝင်တွေကို ပြောချင်တယ်။ ပါတီဗဟိုဦးဆောင်ကော်မတီဝင်တွေကို ကျနော် အဓိကထား ပြောချင်တယ်။ ကျနော်တို့ နှစ်ဆ သုံးဆ၊ လေးငါးဆယ်ဆ၊ ဒီပါတီဟာ ကျနော်တို့ရဲ့ တာဝန်၊ ကျနော်တို့ရဲ့ ပထမဦးစားပေး တာဝန်ဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ မထား ဘဲနဲ့ အလုပ်လုပ်လို့ရှိရင် ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ ကျန်ခဲ့လိမ့်မယ်။ ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ မှိန်သွား လိမ့်မယ်။ ဒါကြောင့်မို့ ဒီနေ့ အထူးအစည်းအဝေးမှာ အဓိကထားပြီး တောင်းဆိုချင်တာကတော့ ကျနော်တို့ရဲဘော်တွေ အပါအဝင် ကျနော်တို့ ဦးဆောင်တဲ့ကော်မတီဝင်တွေဖြစ်တဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်တွေကို တောင်းဆိုချင်တယ်။ ဗဟိုဦးဆောင်ကော်မတီ ဝင် တစ်ဦးချင်းစီကို တောင်းဆိုချင်တယ်။ ဒီပါတီရဲ့ လုပ်ငန်းတာဝန်တွေဟာ ကျနော်တို့ တစ်ဦးချင်းစီရဲ့ ဦးစားပေး လုပ်ငန်းတာဝန်တွေ ဖြစ်တယ်ဆိုတာကို သတိချပ်ပြီးတော့ ဒီကနေ့ အလှည့်အပြောင်းကို ကျော်ဖြတ်စေချင်တယ်။ အဲဒီလိုမှ မကျော်ဖြတ်ဘူးဆိုရင် ကျနော် တို့အတွက် အန္တရာယ်ရှိတယ်။ ထိုနည်းတူစွာပဲ ရဲဘော်အားလုံးကို ကျနော်တောင်းဆိုချင်တယ်။
            ကျေးဇူးတင်ပါတယ်။


----------------------------------------------------------

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။