ကင်ချုံအီး အသုဘ ကိုကမဋ္ဌာန်းရှုရင် တရားကျစရာတွေ ရမယ်။
နယူကလီးယားလက်နက်ပိုင်ရင် သူ့ကို လူတွေက ရို သေလာမယ်ထင်တယ်။
လက်တွေမှာတော့သူလဲ နယူကလီးယားဗုံးတွေကို မဆင်မခြင်သွားကြည့်တဲ့အတွက် နယူးက
လီးယား ဓါတ်ရောင်ခြည် သင့်ခဲ့တယ်။ မြောက်ကိုရီးယား လူထုလည်း
ငတ်မွတ်ခေါင်းပါးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။
အမေရိကန် ကွန်ဂရက်အမတ် ဂျွန်မက်ကိန်းကတော့ ကင်ချုံအီး မရှိတဲ့ကမ္ဘာက
ပိုကောင်းလာပြီလို့ ဆိုပါတယ်။ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးရဲ့
အသုဘက မသာခေါင်းလောင်းသံကတော့ ကြပ်ပြေးစစ်အုပ်စုအတွက် မကောင်း ဆိုးရွားသံ
ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် နယူးကလီယားလက်နက် ပိုင်ထားမှ
နိုင်ငံတော်လုံခြုံရေးအတွက် စိတ်အေးရမယ် ဆိုတဲ့ သီအိုရီကို ကင်ချုံအီး
အခေါင်းထဲ ထည့်ပေးလိုက်ကြရပါပြီ။
ဟီလာရီ ကလင်တန် မြန်မာကို မြောက်ကိုရီးယားနဲ့ ဝေးဝေးနေဖို့ အတိအလင်း
သတိပေးခဲ့တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက နယူးကလီးယား ထုတ်လုပ်ဖို့
ရည်ရွယ်ချက်မရှိပါဘူးလို့ ၀န်ခံထားတယ်။ ဒါကြောင့် နယူကလီးယား လက်နက်
ထုတ်လုပ်ခြင်းပိုင်ဆိုင်ခြင်းဟာ နိုင်ငံတော်လုံခြုံရေးကို
တကယ်မပေးနိုင်ဘူး။ တိုင်းပြည်ကို ဘေးဒုက္ခအပေါင်း နဲ့သာ ရင်ဆိုင်ရတယ်ဆိုတဲ့
ဥပမာကို ကင်ချုံအီး အသက်နဲ့လဲပြလိုက်ခြင်း ဖြစ်ပါတယ်။ ကင်ချုံအီး အသုဘ
ကမဋ္ဌာန်းရှု ကြပါလို့ တိုက်တွန်းချင်တယ်။
ကင်ချုံအီး မရှိတဲ့နောက်-မြောက်ကိုးရီယားဟာ ဘာရခဲ့သလဲ။ အဖြေကတော့ ဘာမှမရဘူး။ မြောက်ကိုးရီးယားရဲ့ ဘ၀ ဟာ လမ်းဆုံးကို ရောက်နေပါပြီ။
ဆရာကြီး မက်ခီရာဗယ်လီ က “A Prince should have two fears: one internal
concerning his subjects; the other, external, concerning foreign power”
တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့ အိမ်ရှေ့မင်းသားမှန်ရင် ကြောက်ရမဲ့ ဟာ
နှစ်မျိုးရှိတယ်။ “တမျိုးက ပြည်တွင်းရေးပြဿနာ၊ နောက်တမျိုးက ပြည်ပရန်ပဲ
တပည့်တို့” လို့ ဆိုဆုံးမခဲ့တဲ့ စကား လေးကို မမေ့ဘူးဆိုရင်ဖြင့် ဒီနေ့
မြောက်ကိုရီးယား (မြန်မာလည်း အလားတူ) ဟာ ပြည်တွင်းပြဿနာ၊ ပြည်ပရန်တွေ
တပုံတခေါင်းကြီးကို ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။
ပြည်တွင်းပြဿနာက တခြားမဟုတ်။ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုက်မှုပဲ ဖြစ်တယ်။ ၁၉၉၅-၉၇
ခုနစ်မှာ တနိုင်ငံလုံးသရောကြီးခိုင် ဖြစ်ခဲ့တယ်။
လူတသန်းကျော်ငတ်မွတ်ခေါင်းပါးပြီးသေဆုံးခဲ့ရတယ်။
အဟာရချို့တဲ့လွန်းသွားတဲ့အတွက် ကလေးတွေက ပိန်လှီပြီး ဂီလာနမျိုးဆက်လို့
မှတ်တမ်းတင်ခံရတဲ့အထိ ဖြစ်ခဲ့တယ်။ ၂၀၀၈ ခုနစ် အမေရိကန်ထောက်လှမ်းရေးကောင်စီ
(U.S National Intelligence Council Study) အစီရင်ခံစာမှာ
မြောက်ကိုရီးယားနိုင်ငံက ကလေးတ၀က်ဟာ ရှိသင့်တဲ့
ခန္ဓာကိုယ်အလေးချိန်မရှိကြဘူး။ အရွယ်ရောက်သူတွေရဲ သုံးပုံနှစ်ပုံကတော့
လုံလောက်တဲ့အဟာရမရှိကြဘူး။သွေးအား နည်းရောဂါ (anemic)
လူတိုင်းနီးပါးမှာဖြစ်နေကြတယ်။ စီးပွားရေးကချွတ်ခြုံကြနေတယ်။
နိုင်ငံတော်ရဲ့ ၀င်ငွေအများစု ဟာစစ်အင်အားတိုးချဲ့မှုမှာပဲ သုံးစွဲခဲ့တယ်။
ဒီတော့ ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ပြဿနာ အငတ်ပြသနာ။လောင်စာပြတ်
တောက်မှုပြဿနာဖြစ်နေတယ်။ ဒီလိုငတ်ပေမဲ့လဲ ငတ်လို့ထချမယ်တော့
မအောင်းမေ့လိုက်ပါနဲ့ မချကြဘူး။ တိုက်ပြီး အသေခံမလား၊
ငတ်ပြီးအသေခံမလားဆိုရင်တော့၊ ဒုတိယလမ်းကိုလူတိုင်းရွေးကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြောက် ကိုရီးယားမှာ တတိယလူတန်းစားက
လုံးဝမရှိဖြစ်နေတယ်။ မြန်မာပြည်မှာက နည်းနည်းလေးရှိသေးတယ်။ နိုင်ငံရေး
လှုပ်ရှားမှုတွေကိုဦးဆောင်လေ့ရှိတဲ့တတိယလူတန်းစား မရှိအောင်လဲ-
မြောက်ကိုးရီုးယားကလုပ်ထားပါတယ်။ ပုန်ကန် ဖို့ကြံရွယ်လာရင်-
ပြစ်ဒဏ်အလေးအပေါ့ပေါ်မူတည်ပြီး ဝေဖန်ရှုတ်ချခံရခြင်း၊ အဖမ်းခံရခြင်း၊
ငြိမ်းခြောက်ခံရခြင်း၊ နှိပ်စက် ခံရခြင်း၊ သတ်ပြစ်ခြင်းတွေကို
ခံရမှာဖြစ်တယ်။ ပြည်သူတွေကထပြီးပုန်ကန်ဖို့ လောလောဆယ်မလွယ်သေးပေမဲ့ ပုန်ကန်
စေနိုင်တဲ့ ပြဿနာကတော့ရှိနေတယ်။ ဒါကတော့ အငတ်ပြဿနာဖြစ်တယ်။
ငတ်မွတ်လာမှုကို ဘယ်လောက် သူတို့ ခံနိုင်ရည်ရှိသလဲ။
ပုန်ကန်နိုင်ဖို့အခွင့်အလမ်း ပေါ်လာရင်တော့ ကိုရီးယားပြည်သူတွေဟာ
အခွင့်အလမ်းကို ဆုပ်ကိုင်ကြ မှာ မလွဲဖြစ်ပါတယ်။
မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့ ပြည်ပရန်ကတော့ ကိုယ်ဖါသာကိုယ်ရှာထားတဲ့
ရန်ပါ။ကိုယ်ဖေါ်ထားတဲ့ဆေး ကိုယ်ပြန် ဒုက္ခများနေတာပါ။ ဆေးက တခြားမဟုတ်။
နယူကလီးယားလက်နက်။ ဒီလက်နက်ကိုပိုင်ဆိုင်မှုရလာမယ်ဆိုရင် နိုင်ငံတ ကာ
အသိမှတ်ပြုဆက်ဆံလာမယ်လို့ ယူဆတယ်။ လက်တွေ့ဖြစ်မလာဘူး။
မနေ့ကပဲ သမတအိုဘားမားက နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့
တောင်းဆိုလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ န ယူးကလီးယား လက်နက်တွေကို
ဖျက်သိမ်းခိုင်းလိုက်တာပါ။ နိုင်ငံတကာ သံတမန်လောကကို လက်နက်တကားကားနဲ့
မလာဖို့ သတိထပ်လောင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။
ရန်နိုင်ထိုးခွင် ပေါင်မှာ ထိုးနှံခဲ့ပေမဲ့ ရန်သူက များနေတယ်။ အမေရိကန်၊
ရုရှား၊ တရုပ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယားကမ်းရိုးတန်းက
မဟာဗျူဟာကျမှုကို အလေးထားနေကြတယ်။ အမေရိကန်တပ်ဖွဲ့ သုံးသောင်းခုနစ်ထောင်
ကျော် တပ်စွဲထားတယ်။
အရှေ့ဖက်မှာဂျပန်ရှိတယ်။ စီးပွားရေးအရ မြောက်ကိုရီးယားထက် သာလွန်နေတယ်။
ရာဇ၀င်သမိုင်းမှာ ဂျပန်က ကိုရီး ယားကို ကျူးကျော်ထားခဲ့ဖူးတဲ့ ရန်စက
ရှိခဲ့တယ်။ အောက်မှာက တောင်ကိုရီးယားရှိနေတယ်။ တောင်ကိုရီးယားရဲ့ ဂျီဒီ ပီက
မြောက်ကိုရီးယားထက် အဆ ၂၀ သာလွန်နေတယ်။ လူဦးရေက နှစ်ဆသာတယ်။ စစ်သားတွေကို
၀၀လင်လင် ထောက်ပံ့ထားတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားစစ်တပ်ထက်
ခေတ်မီတယ်၊ လေ့ကျင့်မှုကောင်း တယ်လို့ နိုင်ငံတကာ စစ်ရေးအကဲဖြတ်တွေက
အသိမှတ်ပြုထားတယ်။
အမေရိကန်ရဲ့ဗျူဟာက မြောက်ကိုရီုးယားကို တိုက်ရိုက်ကျူးကျော်မှုထက်
ဝိုင်းပတ်ထားပြီး ပြိုကျသွားရေးဗျူဟာကို တ လျောက်လုံး ကျင့်သုံးခဲ့တယ်။
စီးပွားရေးပိတ်စို့ထားတယ်။ စပါးကြီးမြွေလိုညှစ်ဗျုဟာ(Anaconda
Choke) လုပ်ထားမှုကို မြောက်ကိုးရီးယား ခံနေရတယ်။
မြောက်ကိုရီးယားမှာ ကင်အီစွန်း(Kim Il Sung- ဖခင်) ၊ ကင်ချုံအီး
(သား)၊ ကင်ချုံအွန်း (မြေး) မင်းဆက်သုံးခု မြောက် ခဲ့ပြီ။
ပြည်တွင်းပြည်ပရန်က မကာကွယ်နိုင်ဘဲ အထီးကျန်ဘ၀နဲ့ နှစ်ပေါင်းများစွာ
နေခဲ့ရတယ်။ မြောက်ကိုးရီးယားဟာ ကင်ချုံအီး သေဆုံးသွားတဲ့အတွက်
လမ်းဆုံလမ်းခွကို ရောက်လာပြီလို့ ဆိုရမယ်။ အဆုံးဖြတ်တခုကိုလုပ်ကြရတော့မှာ
ပါ။
ကင်ချုံအီးက သူ့သားကို အလွန်တော်တဲ့ ရဲဘော် (Brilliant Comrade) လို့
သမုတ်ပေးခဲ့တယ်။ ကင်ချုံအွန်းအထက်က အကိုနှစ်ယောက်ကိုကျော်ပြီး သူ့ကို
အာဏာပေးခဲ့တယ်။ အကြီးတွေက အာဏာကိုမလိုချင်ကြဘူးလို့ ဆိုတယ်။ ဒါက စဉ်းစားစရာ
ဖြစ်တယ်။ ပြဿနာကြီးမှုကို တွက်မိနိုင်သလားလို့ ယူဆနိုင်စရာရှိတယ်။
မြောက်ကိုရီးယား နိုင်ငံရေးတခုလုံးက ကင် ဆွေမျိုးတွေက အဓိကချုပ်ကိုင်ထားကြတာပါ။ မြောက်ကိုရီးယား အာဏာ ဆင်းသက်ပုံဇယားက ခုလိုပါ။
၁- ကင်အီစွန်း (Kim Il Sung- အဖိုး-ကွယ်လွန်)
၂- ကင်ချုံအီး (သား- ကွယ်လွန်)
၃- ကင်ချုံအွန်း (မြေး-လက်ရှိ)
၎- ကင်ယွန်ဝေး (Kim Kyong Hui ) အဒေါ်- ကင်အီစွန်းညီမ။ ကြယ်လေးပွင့်ဗိုလ်ချုပ် လက်ရှိအာဏာ။
၅- ဂျန်စွန်တိတ် (Jang Song Taek) ဦးလေးတော်သူ။( ကင်ယွန်ဝေးယောက်ကျား)
နိုင်ငံတော်လုံခြုံရေး နဲ့ ကာကွယ် ရေး ကောင်စီ။ (ကာလုံ) မှာ ဒုတိယဥက္ကဋ္ဌ
တာဝန်ယူထားဆဲ ဖြစ်တယ်။ ကင်ချုံအီးရဲ ညာလက်ရုံးဖြစ်တယ်။ သူနေရာကို ဆက်ခံဖို့
အရွေးခံထားရတဲ့ အသက် ၂၇ နှစ်မျှသာ ရှိသေးတဲ့ သူ့ သားငယ်ဟာ
ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်။
အလုပ်သမားပါတီထဲမှာ၊ တပ်ထဲမှာ သူတို့အပိုင်အနိုင်ကိုင်ထားနိုင်ပေမဲ့
အငတ်ပြဿနာကတော့ ဆွေစဉ်မျိုးဆက် ဖြေ ရှင်းလို့မရတဲ့ ပြဿနာ ဖြစ်လာတယ်။
ကင်ချုံအီး အသုဘကို ကြပ်ပြေးက ဗိုလ်ချုပ်တွေ ကမဋ္ဌာန်းရှုနေကြသလို နိုင်ငံ တကာ
ဇာတ်ကောင်တွေကလည်း ကင်ချုံအီးအသုဘ ကမဋ္ဌာန်းကို ရှုနေကြပါတယ်။
သူနေရာကိုဆက်ခံတဲ့ သူ့သားဟာ ဆယ်ကျော်သက်မျှသာ ရှိနေတယ်။ ရှုပ်ထွေးပွေလီလှတဲ့
နိုင်ငံတော်နဲ့ နိုင်ငံသားဆိုတဲ့ သမူဟပြုနိုင်မှုကို လေးနက်မှု ဘယ်လောက်
ရှိသလဲဆိုတာ၊ အာဏာနဲ့ တာဝန်ရှိမှုကို သိပါရဲ့လား။
နယူကလီးယားလက်နက်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ပဋိပက္ခတရားရဲ့
ပေါင်းစည်းမှုဆုံချက်ကို သူလေးနက်မှုရှိသလားဆိုတာ နိုင်ငံတကာက
စောင့်ကြည့်နေကြပြီ ဖြစ်တယ်။ ဒီထက်ပိုပြီး ဟောကိန်းထုတ်ပေးရရင်တော့
နိုင်ငံတကာ မြောက်ကိုးရီး ယားကို စိတ်ပူလာပြီ။ အရင်လိုထားလို့ မရတော့ဘူး။
ဆူပါ ပါဝါရဲ့ မျက်လုံးအောက်မှာ ရင်တမမနဲ့ စောင့်ကြည့်ခံလာရ တော့မယ့်
အခြေအနေကို ဆိုက်ရောက်လာပြီ။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ
အခွင့်အလမ်းကောင်းကို စောင့်ဆိုင်း နေကြသလို ဖြစ်နေပါတယ်။ ကင်ချုံအွန်း
အကိုင်အတွယ်မှားရင်တော့ သူဟာ ကဒါဖီလို ဖြစ်သွားနိုင်ပါတယ်။
မိုးသီးဇွန်