ယနေ့ထုတ် ကြေးမုံသတင်းစာပါ သတင်း
တရုတ်ပြည်ရောက်နေတဲ့ ကာချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဒီမနက် တရုတ် ဒုသမ္မတ Xi Jinping နဲ့ တွေ့တယ်လို့ http://english.cri.cn/6909/2011/11/28/2821s669262.htmမှာ ရေးထားပါတယ်။
တရုတ်က မြန်မာကို စည်းလုံးညီညွတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ပြည်သူတွေရဲ့ ဘ၀တိုးတက်မှုများအတွက် အမြဲတမ်း ကူညီခဲ့တယ် ကူညီသွားမယ်လို့ ဒုသမ္မတက ပြောတယ်။
ကာချုပ်ကလည်း ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးအတွက် နှစ်နိုင်ငံ စစ်ရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ ပြောတယ်၊ ထိုင်ဝမ်၊ တိဘက်၊ ရှင်ဂျန်းဒေသ ပြဿနာများမှာ တရုတ်အစိုးရဘက်က ရပ်တည်မယ်လို့ ပြောခဲ့ ဆွေးနွေးခဲ့ပါတယ် တဲ့။