Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/22/2011

၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးတို့ NLD ရုံးချုပ်တွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးမှာ ...

(၁) ကိုထွန်းမြင့်အောင်
(၂) ကိုစိုးထွန်း
(၃) ကိုကိုကြီး(စမ်းချောင်း)
(၄) ကိုမြတ်သူ
(၅) ကိုချစ်ကိုလင်း
(၆) ကိုဇော်ထက်ကိုကို
(၇) ကိုရဲဝင်း
(၈) မမီမီလွင်
(၉) မနုနုအောင်
(၁၀) မစမ်းစမ်းမော် တို့ဖြစ်ကြပါသည်။

ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်အား ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၀န်းရံကူညီမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ရပ်တည်နေမှုအနေအထားကို နားလည်သဘောပေါက်ပါကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ၈၈ ကျောင်းသားများနှင့် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကွဲပြားပုံကို တိတိကျကျ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၈၈ ကို ဖြတ်သန်းလာခဲ့သည့် ကျောင်းသားအားလုံး ၈၈ ကျောင်းသားဟူ၍ ခေါ်ဆိုနိုင်ပါကြောင်း၊ သို့သော် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် ကိုမြအေးတို့ ပြန်လည်လွတ်မြောက်လာပြီး ဖွဲ့စည်းတည်ထောင်ခဲ့သည့်အဖွဲ့မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဖြစ်ကြောင်း၊ ထိုအဖွဲ့ထဲတွင် ၈၈ ကျောင်းသားများ၊ ၉၆/၉၈ကျောင်းသားများနှင့် ယခုနောက်ပိုင်း ၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများပါ ပူးပေါင်းပါဝင်ကြောင်း၊ ၂၀၀၅ မှစတင်၍ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအဝင် ယနေ့အထိ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းများလည်း အခိုင်အမာရှိခဲ့ပြီး နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များတွင် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် လက်တွဲကာ ကြိုးစားရုန်းကန်ခဲ့ကြသော ကျောင်းသားများသည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်များဖြစ်ကြောင်း၊ ၈၈ ကျောင်းသားနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွင် မည်သို့ကွာခြားပုံ၊ သုံးစွဲသည့် တံဆိပ်အမှတ်အသားများ၊ လုပ်ငန်းတာဝန်ကို အတူတကွ တာဝန်ခွဲဝေလုပ်ကိုင်ပုံ စသည့်အကြောင်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် နှစ်ကာလများဆီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကြိုးပမ်းအားထုတ်ခဲ့သည့် တရားဟောပွဲများ၊ Campaign များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် အစဉ်တစိုက် ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံခဲ့ပြီး နောင်လည်း ဆက်လက် ဝန်းရံသွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ပြန်လည်ပြောကြားခဲ့သည်များမှာ ...

(၁) ပါတီမှတ်ပုံတင်ပြီးသည့်အခါ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက် ရွေးကောက်ပွဲပညာပေးဆိုင်ရာ သင်တန်းတွေ လိုအပ်ကြောင်း၊

(၂) ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် နည်းဥပဒေများကို နားလည်သိရှိရန် လိုအပ်ကြောင်း၊

(၃) ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိရန် လိုအပ်ကြောင်း၊

(၄) အခြေခံဥပဒေထဲမှ မည်သည့်အချက်ကို အဘယ်ကြောင့် ပြောင်းလဲပြဌာန်းစေချင်သည်ကို လူအများသိရှိအောင် ပြည်သူလူထုကြားထဲထိရောက်အောင် အသိပေးရန် လိုအပ်ကြောင်း၊

(၅) NLD ပါတီအနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်သွားသည့်အခါတွင်လည်း အခြားနိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးအနေဖြင့် ဆက်လက်တည်ရှိနေရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအင်အားစုများအနေဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်သည်လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊

(၆) နိုင်ငံရေးအကျဉ်းသားများလည်း မကြာမီ ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း (မှတ်ချက်။ ။ မည်သည့်အချိန်တွင် ပြန်လည်လွတ်မြောက်လာမည်ဆိုသည်ကို “အန်တီ့အနေဖြင့် ဒီလောက်ပဲပြောနိုင်ပါတယ်” ဟု ပြန်ဖြေကြားခဲ့ပါသည်။)

(၇) လွှတ်တော်တွင်းဝင်ရောက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာရေးအတွက် အထောက်အကူပြုနိုင်သလို နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာခြင်းက လွှတ်တော်တွင်း နိုင်ငံရေးတိုးတက်မှု (ဒီမိုကရေစီ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု)ကို အပြန်အလှန်အားဖြင့် အထောက်အကူပြုနိုင်ကြောင်း၊

(၈) ရွှေည၀ါဆရာတော်ကြီးကိစ္စနှင့်ပတ်သက်၍လည်း NLD နှင့် အန်တီ့အနေဖြင့် အလေးထား ဆောင်ရွက်နေကြောင်း စသည်များကို ပြောကြားခဲ့ပါသည်။

၈၈ မျိုးဆက်ကျောင်းသား(၁၀)ဦး နှင့် ဒေါ်စု

လှည်တန်းလမ်းဆုံအနီး အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်က လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း (ပြည်လမ်းနှင့်တက္ကသိုလ် ရိပ်သာလမ်းထောင့်) ရှိ အများသုံး သန့်စင်ခန်း အမျိုးသမီးဘက်အခြမ်းတွင် ဗုံးတလုံးပေါက်ကွဲရာ အမျိုးသမီး တဦးသေဆုံးပြီး တဦး ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။

ဗုံးပေါက်ကွဲသည်ကို မျက်မြင်တွေ့လိုက်ရသူ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတဦးကပြောရာတွင် “ ၀ုန်းကနဲ အသံကြားလိုက်ရတဲ့ အချိန်မှာ သေသွားတဲ့သူရဲ့ လက်တဖက်က အိမ်သာအပြင်ဘက်ကို လွင့်ထွက်လာတာတွေ့ လိုက်ရတယ်၊ ဘယ်လောက်တုန်ခါသွားလဲဆို ပလက်ဖောင်းတောင် တုန်သွားတယ်၊ အိမ်သာထဲမှာလဲ သွေးတွေရဲနေတာပဲ” ဟု YPI သို့ပြောသည်။


ပေါက်ကွဲမှုကြောင့် အိမ်သာအမိုးပွင့်ထွက်သွားကာ အပျက်အစီးများသည်ဟုလည်း ဖြစ်ပွားရာနေရာသို့ရောက် နေသည့်သတင်းထောက်က ပြောသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်တွင် အိမ်သာအတွင်းတွင် အသက် ၉ နှစ်အရွယ် ကလေးငယ် ပိတ်မိနေခဲ့သော်လည်း ဒဏ်ရာရရှိခြင်း မရှိပေ။ ကလေးငယ်မှာ အဖြစ်အပျက်ကြောင့် အဖြစ်အပျက်ကို ပြန်မပြော နိုင်အောင် ထိတ်လန့်နေခဲ့သည်ကိုတွေ့ရသည်။

ယခုအချိန်ထိ ရဲတပ်ဖွဲ့ဘက်မှ အတည်ပြုချက်အရ သေဆုံးသူ မ တဦး ဒဏ်ရာရသူ မ တဦး စုစုပေါင်း ၂ ဦး ရှိသည်။
သေဆုံးသွားသူမှာ အိမ်သာဝင်ကြေးကောက်သူ မိန်းကလေးဖြစ်ပြီး ဒဏ်ရာရသူ အသက် ၄၀ ကျော် အိမ်သာသန့်ရှင်းရေး ၀န်ထမ်းမှာ ခြေထောက်ပြတ်သွားသည်ဟု ရဲသတင်းရပ်ကွက် အဆိုအရ သိရသည်။

အနီးဝန်းကျင်ရှိ မျက်မြင်သက်သေ တဦး၏ ပြောဆိုချက်အရ ဆိုလျင်ပေါက်ကွဲမှု ဖြစ်ပွားလျင်ဖြစ်ပွားခြင်း သွားရောက်ကြည့်ရှုရာတွင် အိမ်သာဝင်ကြေးကောက်သူ ခလေးမ နှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ဒဏ်ရာဖြင့်လဲကျနေသည်ကိုတွေ့ရကာ ပေါက်ကွဲစဉ် ကိုယ်ခန္ဓာတပိုင်းတစ စီဖြစ်ကာသေဆုံးသူ အမျိုးသမီးနှင့် ဆိုပါက သေဆုံး ၊ ဒဏ်ရာရသူ ၃ ဦးရှိမည်ဟု လည်း YPI သို့ပြောသည်။

ဖြစ်ပွားလျင်ဖြစ်ပွားချင်း အနီးအနားမှ သူများက ၀င်ရောက်ကယ်ဆယ်ရန် သွားသော်လည်း ရဲများက နောက်ထပ်ဗုံးတလုံး ရှိသေးသည်ဟုဆိုကာ မပေးဝင်သောကြောင့် ကယ်ဆယ်ရန်မတတ်နိုင်ကြောင်း အနီးအနားရှိ ဈေးသည်က YPI သို့ပြောသည်။
ပေါက်ကွဲမှုကြောင့် အိမ်သာ အမိုးပွင့်ထွက်သွားကာ အဆောက်အဦးလည်း ပျက်စီးသွားကိုတွေ့ရသည်။

နေ့လည် ၁၂ နာရီအချိန်ထိ ကယ်ဆယ်ရေးယာဉ် ၂ စီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကြည့်ရှုသူ ပရိတ်သတ် ၄/ ၅၀၀ ကျော်ကိုတွေ့ရသည်။ အခင်းဖြစ်ပွားရာတွင် အ၀ါရောင် ရဲလုံခြုံရေးစည်းတားဆီးထားသော်လည်း ပရိသတ်အများအပြား အဆိုပါစည်းအတွင်းသို့ ၀င်ရောက်ကြည့်ရှုနေကြသည်ဟုလည်း သိရှိရသည်။


လှည်းတန်းလမ်းဆုံတွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီဝက်ကျော်အကြာတွင် တွေ့ရစဉ်

ရန်ကုန်မြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသော်လည်း  လက်သည်တရားခံကို ဖမ်းဆီးနိုင်ခြင်း နည်းပါးသည်ကိုတွေ့ရသည်။ ယခင်နှစ်သင်္ကြန် ကန်တော်ကြီးပတ်လမ်းတွင် အိတ်စ်တူးအို မဏ္ဍပ်၌ ဗုံးကွဲမှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။
ဗုံးပေါက်ကွဲမှုကြောင့် လှည်းတန်းလမ်းဆုံတွင် ယာဉ်ကျောပိတ်ဆို့မှုလည်း ဖြစ်ပွားလျက်ရှိသည်။


ပေါက်ကွဲပျက်စီးသွားသော အများသုံးအိမ်သာ

                                                             သေဆုံးသူကို အပြင်ခေါ်ထုတ်လာစဉ်

                                                      ပျက်စီးသွားသော အမိုးအကာများ

                                                    သေဆုံးသူ၏အလောင်းအား မြင်တွေ့ရစဉ်

                                   လှည်းတန်းမီးပွိုင့် တစ်နေရာတွင် လုံထိန်းများနှင်ပြည်သူလူထု




LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။