Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/02/2012

တရုတ်မြန်မာ သံရုံးမှ လက်ပံတောင်းတောင် စီမံကိန်း အပေါ် သတင်းထုတ်ပြန်ချက်



လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးက နိုဝင်ဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ထို သတင်းထုတ်ပြန်ချက်တွင် မုံရွာ ကြေးနီစီမံကိန်းဟာ တရုပ် မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီများ အချင်းချင်း အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်း ဖြစ်ကြောင်း အစချီ ဖော်ပြထားပါတယ်။
ထို့အပြင် ထို စီမံကိန်းနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းမှု လျှော်ကြေးငွေ၊ ပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ အကျိုးဝင်ငွေ ခွဲခြားရေးများကို နှစ်ဦးနှစ်ဘက် ဆွေးနွေး သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဥပဒေများနဲ့ ကိုက်ညီကြောင်း၊ မြန်မာနိုင်ငံက သက်ဆိုင်သူများအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေများကို လေစားမှုအား အခြေခံကာ စီမံကိန်း အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ရန် အကျိုးရှိတဲ့ အခြေအနေ တည်ဆောက်ပေးရန် မေတ္တာရပ်ခံကြောင်း ရေးသားထားပါတယ်။ ထို ကြေငြာချက်နဲ့ ပတ်သက်ပြီး ယနေ့မြန်မာက မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံး ပြောခွင့်ရှိသူ Mr. Gao Mingbo ကို ဆက်သွယ် မေးမြန်းခဲ့ရာ “နှစ်ဦးနှစ်ဘက် အကျိုးစီးပွားကို လေးစားရန် သံရုံးအနေနဲ့ ကြေငြာချက် ထုတ်ပြန်ထားကြောင်း၊ ဒေသဆိုင်ရာပုဂ္ဂိုလ်များထံ လွန်ခဲ့တဲ့အပတ်အတွင်းက တယ်လီဖုန်းဆက်သွယ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း“ စတင် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် မြန်မာရဲတပ်ဖွဲ့က ဆန္ဒပြသူများအပေါ် အင်အားသုံး နှိမ်နင်းခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာ “ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ ဒေသဆိုင်ရာပုဂ္ဂိုလ်များနဲ့ ကုမ္ပဏီဘက်က တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေးမှုခြင်းနဲ့ အဖြေရှာဖို့ ကြိုးစားနေကြောင်း“ ဖြေကြားခဲ့ပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကြိုဆိုပါကြောင်း ပြောကြားလိုက်ပါတယ်။ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီ (Wanbao Mining Limited) ဟာ တရုပ်အစိုးရပိုင် နိုရင်ကို (China North Industries Corporation (NORINCO)) ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲတခုဖြစ်ကြောင်း အချို့သတင်းရပ်ကွက်များက ပြောကြားကြပါတယ်။ တရုပ်အစိုးရပိုင် နိုရင်ကိုကုမ္ပဏီဟာ မော်တော်ဆိုင်ကယ်ကနေ လက်နက်ငယ်များ၊ အဆင့်မြင့် စစ်သုံး လက်နက်များ၊ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ အဆင့်မြင့် ဖောက်ခွဲရေးစနစ်များ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ကြောင်း သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ တရုပ်အစိုးရ ကုမ္ပဏီကြီးတခုနဲ့ ပတ်သက်နေတဲ့အတွက် မြန်မာအာဏာပိုင်များအနေနဲ့ ဆန္ဒပြသူများကို အင်အားသုံးကာ အကြမ်းဖက် နှိမ်နင်းခြင်းများ ဖြစ်နေမလားဆိုတဲ့ စဉ်းစားမှုများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ တရုပ်သံရုံး ပြောခွင့်ရှိသူ Mr. Gao Mingbo က “ဘယ်လိုလုပ်များ အဲဒီလိုသတင်းမျိုး ခင်ဗျားရသလဲဆိုတာ မပြောတတ်ပါဘူး။ အဲဒီလို ဖန်တီး ပြောဆိုတာတွေကတော့ ဖြစ်တတ်တာပဲ။ မီဒီယာအနေနဲ့ ဒီလို သတင်းတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ သိနိုင်ဖို့ ကြိုတင် သတိပြုမှုတွေ ရှိရမှာပဲ မဟုတ်လား ဗျာ။“ လို့ ရှင်းပြပါတယ်။

သတင်းအရင်းအမြစ်က  ဒီမှာ ပါ။

လက်ပံတောင်း ဖြိုခွင်းမှု ပြည်တွင်း ပြည်ပ သံဃာများ ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း သပိတ်စခန်းများကို အစိုးရက အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပရှိ ရဟန်းသံဃာများက လက်ရှိအစိုးရကို ဆန္ဒထုတ်ဖော်မှုများပြုလုပ်ကြပြီး ဆက်လက်လုပ်ကြရန်လည်း ရှိကြောင်း သတင်းရရှိသည်။
သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံလူထုကို အကြမ်းဖက်ဖြိုခွင်းခံရမှုနှင့်ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ ချောက်မြို့ များအပါအဝင် ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာသံဃာတော်များကလည်း အစိုးရ၏ လုပ်ဆောင်ချက်ကို ရှုတ်ချလိုက် ကြပြီး တာဝန်ယူဆောင်ရွက်ပေးရန် အသီးသီးတောင်းဆိုလိုက်ကြသည်။
မန္တလေးမြို့ပေါ်တွင် သီတင်းသုံးနေကြသော မြို့ခံ သံဃာတော် အပါး တစ်ရာကျော်နှင့် လူပုဂ္ဂိုလ်များခန့်က ယနေ့မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီကျော်ထိ ချမ်းအေးသာစံမြို့နယ်၊ အိမ်တော်ရာဘုရားဝန်းအတွင်း ထိုင်သပိတ်ပုံစံဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဦးဆောင်ဆရာတော်များက ဧရာဝတီသို့ မိန့်ကြားသည်။
“၂၉ ရက်နေ့မနက်ပိုင်းက မီးလောင်ဗုံးတွေ၊ မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွဲခံရတဲ့အပေါ်မှာ ထိခိုက် ဒဏ်ရာရသွားတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေအတွက် ဦးပဉ္ဇင်းတို့က ကန့်ကွက်ရှုတ်ချတယ်ပေါ့နော်၊ ဒီအကြမ်းဖက်မှု အပေါ်မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့ အားလုံးကျေနပ်သည်ထိအောင် ပွင့်လင်းမြင်သာမှု ရှိရှိဖြေရှင်းပေးရမယ် ဆိုပြီးတော့ ဦးပဉ္ဇင်းတို့ ဒီမှာထိုင်ပြီးတော့တောင်းဆိုတာပါ” ဟု ဦးဆောင်ဆရာတော် ဦးသောဘိတ က မိန့်သည်။
လက်ရှိ ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း ဒီမိုကရေစီအစိုးရဖြစ်ကြောင်း အသွင်သွင်ပြောဆိုထားသကဲ့ ပွင့်လင်းမြင်သာမှု ရှိသော ဒီမိုကရေစီလမ်းစဉ်ကိုသွားမည့် အစိုးရတစ်ရပ်ဖြစ်လိမ့်မည်ဟုလည်း ယုံကြည်ထားကြောင်း၊ လက်ပံတောင်းတောင် နှိမ်နင်းမှုကို အရေးယူဆောင်ရွက်ပေးခြင်း၊ တိုင်းသိပြည်သိ တောင်းပန်ခြင်း၊ ဒေသခံလူထု၏ အခက်ခဲများကို ငဲ့ကွက်ခြင်း မရှိပါက မန္တလေး သံဃာတော်များအနေဖြင့် အစိုးရကို ဆက်လက်ဆန္ဒဖော်ထုတ်သွားရန်ရှိကြောင်း ဆက်လက်မိန့်ကြားသည်။
ရန်ကုန် သံဃာတော်များကလည်း မြို့လည်ရှိ ဆူးလေဘုရားအရှေ့ဘက် မုခ်တွင် စတင် စုရုံးကာ ဦးပိုင် ကုမ္ပဏီထိ လက်ပံတောင်း အကြမ်းဖက်နှိမ်နင်း ခံရမှုကို မြင်သာထင်သာရှိအောင်ထုတ်ဖော်၍ တရားဥပဒေအရ အရေးယူပေးရန်၊ ဒဏ်ရာ ရရှိသူ ရဟန်း ရှင်ပြည်သူများကို အစိုးရက အန္တရယ်ကင်းစွာ တာဝန်ယူကုသပေးရန်၊ လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံ ထားရသူများပြန်လွှတ် ပေးရေးနှင့် ဝမ်ပေါင်ကုမ္ပဏီကို မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာသွားရေးကို ဦးသိန်းစိန် အစိုးရမှ တာဝန်ယူလုပ်ဆောင်ပေးရန် တို့ကို တောင်းဆိုကြသည်။
“အပ်တိုတစ်ချောင်းမှ မရှိတဲ့ ပုဂ္ဂိုလ်တွေကို အကြမ်းဖက်နှိမ်နှင်းတယ်၊ ဒီမိုကရေစီလို့ပြောပြီးတော့ အာဏာရှင်စရိုက်တွေကို ကျင့်သုံးနေတယ်ဆိုတာကို မြန်မာကရော၊ ကမ္ဘာကရောသိအောင် ဦးပဉ္ဇင်းတို့ ဖော်ထုတ်ရပါလိမ့်မယ်” ဟု ဦးဆောင်ဆရာတော် ဦးပါမောက္ခ က ဧရာဝတီသို့ မိန့်ကြားးသည်။
အလားတူ မကွေးတိုင်း ချောက်မြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များ၊ မြို့ခံလူပုဂ္ဂိုလ်များက ကန့်ကွက်ရှုံ့ချပွဲတခုကို မြို့ပေါ်ရှိ အေးစေတီ ဘုရားဝန်းထဲတွင် စုပေါင်းပြုလုပ်ခဲ့ကြသည်။ ချောက်မြို့နယ် သံဃာတော်များအနေဖြင့် အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ညှိနိုင်းမှု၊ အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကိုစောင့်ကြည့်လေ့လာသွားဦးမည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအပေါ်မှာ စောင့်ကြည့်သွားမယ်၊ ကြားဝင်ပြီး စေ့စပ်သွားမယ်ဆိုတဲ့ စကားကို ပြောထားတာ ကြောင့် သူ့ကို ယုံကြည်အားကိုးတဲ့ အနေနဲ့ ဘယ်လိုကြားဝင်စေ့စပ်မှာလည်း ဆိုတဲ့ အပေါ်မှာ ဦးပဉ္ဇင်းတို့ စောင့်ကြည့်သွားမယ်၊ အကြမ်းဖက်မှုအပေါ် အစိုးရရဲ့ ကိုင်တွယ်မှုအပေါ်လည်းစောင့်ကြည့်သွားမယ်၊ နောက်ဆုံး ဦးပဉ္ဇင်းတို့ တောင်းဆိုချက်တွေကို ဘာမှ လုပ်မပေးဘူးဆိုရင် နိုင်ငံအဝန်းမှာရှိတဲ့ မြို့နယ်အလိုက် သံဃာတွေကနေပြီးတော့ ဒီထက် ပြင်းထန်တဲ့ အရေးယူမှုတွေ ဆန္ဒပြမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဦးဆောင်ဆရာတော် ဦးရေဝတ က ဧရာဝတီသို့ မိန့်သည်။
တချိန်တည်းမှာပင် မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော သံဃာအချို့က ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးရှေ့တွင် ယနေ့မွန်းလွဲပိုင်းက အစိုးရအနေဖြင့် အကြမ်းဖက်မှုများ ရပ်တံ့ပေးရန်၊ ဒေသခံပြည်သူများ၏ တောင်းဆိုချက်လိုက်ရောပေးရန်၊ အကြမ်းဖက်မှုအတွက် စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးရန်၊ ဒဏ်ရာရ ရဟန်းရှင်နှင့် ပြည်သူများကို အစိုးရက တာဝန် ယူပေးရန်၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိန်းရေးအဖွဲ့များက အရေးယူပေးရန် တောင်းဆိုကြသည်။
မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ သံဃာတော်များက ၎င်းတို့၏ တောင်းဆိုချက်များကို ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂရုံး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ပြည်နယ်များကို ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
“ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သံဃာတော်တွ၊ လက်ပတောင်း တောင် ဒေသမှာ လက်တွေ့ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေ၊ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတွေရဲ့ ဆန္ဒတွေ ဒီဆန္ဒတွေကို ဦးပဉ္ဇင်းတို့က တောင်းဆိုတာဖြစ်တဲ့အတွက်ကြောင့် အစိုးရ အနေနဲ့ ကတော့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ် ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို လိုက်ရောပေးရလိမ့်မယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်၊ ပြည်သူတွေရဲ့ဆန္ဒကိုမှ မလိုက်ရောနိုင်ဘူးဆိုရင် သူတို့ဒီမိုကရေစီကိုသွားနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ” ဟု ဦးဆောင် ဆရာတော် အရှင်တေဇ က ဧရာဝတီသို့ မိန့်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း အိန္ဒိယရောက် သံဃာတော်များနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများက လက်ပံတောင်းအကြမ်းဖက်မှုကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။
လက်ပံတောင်းအရေး အေးဆေးမသွားဘဲ ပြည်တွင်း ပြည်ပရှိ သံဃာတော်များအနေဖြင့် ထပ်မံဆန္ဒဖော်ထုတ်သွားရန် ရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အဦးဆုံးဆန္ဒထုတ်ဖော်ခဲ့သော ပခုက္ကူသံဃာများကလည်း လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအပါအဝင် ဦးပိုင်ကုမ္ပဏီ၏ ဥပဒေချိုးဖောက်လုပ်ဆောင်မှုများကို ဆန့်ကျင်သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက နိုင်ငံလုံးဆိုင်ရာ သံဃာ့ သပိတ်ဆင်နွှဲသွားမည်ဟု ပခုက္ကူ ဆရာတော် ဦးလက္ခဏ က ဧရာဝတီသို့ မိန့်ကြားသည်။
အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ယနေ့မနက်ပိုင်းတွင်လည်း စစ်ကိုင်းမြို့ပေါ်ရှိ ဇောတိကရွာမ စာသင်တိုက်ရှိ သံဃာ အပါး ၁၂၀၀ ကျော်က တိုင်းဝန်ကြီးချုပ် ဦးသာအေး လာရောက်ကပ်လှူသောဆွမ်းကို လက်မခံဘဲသပိတ်မှောက်လိုက်ကြောင်း ပြည်တွင်း ပြည်ပ သတင်းဌာနများကဖော်ပြကြသည်။
ရန်ကုန်မှ ဇာနည်မာန် ပူးပေါင်း ရေးသား ပေးပို့သည်။
ဒီမှာ  သတင်းကူးယူဖော်ပြပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။