လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း သပိတ်စခန်းများကို အစိုးရက
အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပရှိ ရဟန်းသံဃာများက
လက်ရှိအစိုးရကို ဆန္ဒထုတ်ဖော်မှုများပြုလုပ်ကြပြီး ဆက်လက်လုပ်ကြရန်လည်း
ရှိကြောင်း သတင်းရရှိသည်။
သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံလူထုကို
အကြမ်းဖက်ဖြိုခွင်းခံရမှုနှင့်ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ ချောက်မြို့
များအပါအဝင် ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာသံဃာတော်များကလည်း အစိုးရ၏
လုပ်ဆောင်ချက်ကို ရှုတ်ချလိုက် ကြပြီး တာဝန်ယူဆောင်ရွက်ပေးရန်
အသီးသီးတောင်းဆိုလိုက်ကြသည်။
မန္တလေးမြို့ပေါ်တွင် သီတင်းသုံးနေကြသော မြို့ခံ သံဃာတော် အပါး
တစ်ရာကျော်နှင့် လူပုဂ္ဂိုလ်များခန့်က ယနေ့မွန်းလွဲပိုင်း ၁ နာရီမှ ၂
နာရီကျော်ထိ ချမ်းအေးသာစံမြို့နယ်၊ အိမ်တော်ရာဘုရားဝန်းအတွင်း
ထိုင်သပိတ်ပုံစံဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဦးဆောင်ဆရာတော်များက
ဧရာဝတီသို့ မိန့်ကြားသည်။
“၂၉ ရက်နေ့မနက်ပိုင်းက မီးလောင်ဗုံးတွေ၊ မီးသတ်ပိုက်တွေ၊
မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွဲခံရတဲ့အပေါ်မှာ ထိခိုက် ဒဏ်ရာရသွားတဲ့
သံဃာတော်တွေနဲ့ ပြည်သူတွေအတွက် ဦးပဉ္ဇင်းတို့က ကန့်ကွက်ရှုတ်ချတယ်ပေါ့နော်၊
ဒီအကြမ်းဖက်မှု အပေါ်မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့
အားလုံးကျေနပ်သည်ထိအောင် ပွင့်လင်းမြင်သာမှု ရှိရှိဖြေရှင်းပေးရမယ်
ဆိုပြီးတော့ ဦးပဉ္ဇင်းတို့ ဒီမှာထိုင်ပြီးတော့တောင်းဆိုတာပါ” ဟု
ဦးဆောင်ဆရာတော် ဦးသောဘိတ က မိန့်သည်။
လက်ရှိ ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း ဒီမိုကရေစီအစိုးရဖြစ်ကြောင်း
အသွင်သွင်ပြောဆိုထားသကဲ့ ပွင့်လင်းမြင်သာမှု ရှိသော
ဒီမိုကရေစီလမ်းစဉ်ကိုသွားမည့် အစိုးရတစ်ရပ်ဖြစ်လိမ့်မည်ဟုလည်း
ယုံကြည်ထားကြောင်း၊ လက်ပံတောင်းတောင် နှိမ်နင်းမှုကို
အရေးယူဆောင်ရွက်ပေးခြင်း၊ တိုင်းသိပြည်သိ တောင်းပန်ခြင်း၊ ဒေသခံလူထု၏
အခက်ခဲများကို ငဲ့ကွက်ခြင်း မရှိပါက မန္တလေး သံဃာတော်များအနေဖြင့် အစိုးရကို
ဆက်လက်ဆန္ဒဖော်ထုတ်သွားရန်ရှိကြောင်း ဆက်လက်မိန့်ကြားသည်။
ရန်ကုန် သံဃာတော်များကလည်း မြို့လည်ရှိ ဆူးလေဘုရားအရှေ့ဘက် မုခ်တွင်
စတင် စုရုံးကာ ဦးပိုင် ကုမ္ပဏီထိ လက်ပံတောင်း အကြမ်းဖက်နှိမ်နင်း ခံရမှုကို
မြင်သာထင်သာရှိအောင်ထုတ်ဖော်၍ တရားဥပဒေအရ အရေးယူပေးရန်၊ ဒဏ်ရာ ရရှိသူ ရဟန်း
ရှင်ပြည်သူများကို အစိုးရက အန္တရယ်ကင်းစွာ တာဝန်ယူကုသပေးရန်၊
လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံ ထားရသူများပြန်လွှတ်
ပေးရေးနှင့် ဝမ်ပေါင်ကုမ္ပဏီကို မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာသွားရေးကို
ဦးသိန်းစိန် အစိုးရမှ တာဝန်ယူလုပ်ဆောင်ပေးရန် တို့ကို တောင်းဆိုကြသည်။
“အပ်တိုတစ်ချောင်းမှ မရှိတဲ့ ပုဂ္ဂိုလ်တွေကို အကြမ်းဖက်နှိမ်နှင်းတယ်၊
ဒီမိုကရေစီလို့ပြောပြီးတော့ အာဏာရှင်စရိုက်တွေကို ကျင့်သုံးနေတယ်ဆိုတာကို
မြန်မာကရော၊ ကမ္ဘာကရောသိအောင် ဦးပဉ္ဇင်းတို့ ဖော်ထုတ်ရပါလိမ့်မယ်” ဟု
ဦးဆောင်ဆရာတော် ဦးပါမောက္ခ က ဧရာဝတီသို့ မိန့်ကြားးသည်။
အလားတူ မကွေးတိုင်း ချောက်မြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များ၊
မြို့ခံလူပုဂ္ဂိုလ်များက ကန့်ကွက်ရှုံ့ချပွဲတခုကို မြို့ပေါ်ရှိ အေးစေတီ
ဘုရားဝန်းထဲတွင် စုပေါင်းပြုလုပ်ခဲ့ကြသည်။ ချောက်မြို့နယ်
သံဃာတော်များအနေဖြင့် အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏
ညှိနိုင်းမှု၊ အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကိုစောင့်ကြည့်လေ့လာသွားဦးမည်ဟု
ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအပေါ်မှာ စောင့်ကြည့်သွားမယ်၊ ကြားဝင်ပြီး
စေ့စပ်သွားမယ်ဆိုတဲ့ စကားကို ပြောထားတာ ကြောင့် သူ့ကို ယုံကြည်အားကိုးတဲ့
အနေနဲ့ ဘယ်လိုကြားဝင်စေ့စပ်မှာလည်း ဆိုတဲ့ အပေါ်မှာ ဦးပဉ္ဇင်းတို့
စောင့်ကြည့်သွားမယ်၊ အကြမ်းဖက်မှုအပေါ် အစိုးရရဲ့
ကိုင်တွယ်မှုအပေါ်လည်းစောင့်ကြည့်သွားမယ်၊ နောက်ဆုံး ဦးပဉ္ဇင်းတို့
တောင်းဆိုချက်တွေကို ဘာမှ လုပ်မပေးဘူးဆိုရင် နိုင်ငံအဝန်းမှာရှိတဲ့
မြို့နယ်အလိုက် သံဃာတွေကနေပြီးတော့ ဒီထက် ပြင်းထန်တဲ့ အရေးယူမှုတွေ
ဆန္ဒပြမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဦးဆောင်ဆရာတော် ဦးရေဝတ က
ဧရာဝတီသို့ မိန့်သည်။
တချိန်တည်းမှာပင် မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော
သံဃာအချို့က ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးရှေ့တွင် ယနေ့မွန်းလွဲပိုင်းက
အစိုးရအနေဖြင့် အကြမ်းဖက်မှုများ ရပ်တံ့ပေးရန်၊ ဒေသခံပြည်သူများ၏
တောင်းဆိုချက်လိုက်ရောပေးရန်၊ အကြမ်းဖက်မှုအတွက် စုံစမ်းစစ်ဆေးပြီး
အရေးယူဆောင်ရွက်ပေးရန်၊ ဒဏ်ရာရ ရဟန်းရှင်နှင့် ပြည်သူများကို အစိုးရက တာဝန်
ယူပေးရန်၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ
ပတ်ဝန်းကျင် ထိန်းသိန်းရေးအဖွဲ့များက အရေးယူပေးရန် တောင်းဆိုကြသည်။
မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ သံဃာတော်များက ၎င်းတို့၏ တောင်းဆိုချက်များကို
ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂရုံး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊
မြန်မာနိုင်ငံဆိုင်ရာ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ပြည်နယ်များကို
ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
“ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သံဃာတော်တွ၊ လက်ပတောင်း တောင် ဒေသမှာ
လက်တွေ့ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေ၊ အကြမ်းဖက်ဖြိုခွင်းခံရတဲ့
သံဃာတွေရဲ့ ဆန္ဒတွေ ဒီဆန္ဒတွေကို ဦးပဉ္ဇင်းတို့က
တောင်းဆိုတာဖြစ်တဲ့အတွက်ကြောင့် အစိုးရ အနေနဲ့ ကတော့
ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ် ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို
လိုက်ရောပေးရလိမ့်မယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်၊ ပြည်သူတွေရဲ့ဆန္ဒကိုမှ
မလိုက်ရောနိုင်ဘူးဆိုရင် သူတို့ဒီမိုကရေစီကိုသွားနေတယ်ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလေ” ဟု ဦးဆောင် ဆရာတော် အရှင်တေဇ က ဧရာဝတီသို့ မိန့်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း အိန္ဒိယရောက် သံဃာတော်များနှင့်
မြန်မာ့ဒီမိုကရေစီအင်အားစုများက လက်ပံတောင်းအကြမ်းဖက်မှုကို
ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။
လက်ပံတောင်းအရေး အေးဆေးမသွားဘဲ ပြည်တွင်း ပြည်ပရှိ သံဃာတော်များအနေဖြင့်
ထပ်မံဆန္ဒဖော်ထုတ်သွားရန် ရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အဦးဆုံးဆန္ဒထုတ်ဖော်ခဲ့သော
ပခုက္ကူသံဃာများကလည်း လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအပါအဝင်
ဦးပိုင်ကုမ္ပဏီ၏ ဥပဒေချိုးဖောက်လုပ်ဆောင်မှုများကို ဆန့်ကျင်သွားမည်ဖြစ်ပြီး
အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက နိုင်ငံလုံးဆိုင်ရာ သံဃာ့
သပိတ်ဆင်နွှဲသွားမည်ဟု ပခုက္ကူ ဆရာတော် ဦးလက္ခဏ က ဧရာဝတီသို့ မိန့်ကြားသည်။
အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ယနေ့မနက်ပိုင်းတွင်လည်း
စစ်ကိုင်းမြို့ပေါ်ရှိ ဇောတိကရွာမ စာသင်တိုက်ရှိ သံဃာ အပါး ၁၂၀၀ ကျော်က
တိုင်းဝန်ကြီးချုပ် ဦးသာအေး လာရောက်ကပ်လှူသောဆွမ်းကို
လက်မခံဘဲသပိတ်မှောက်လိုက်ကြောင်း ပြည်တွင်း ပြည်ပ
သတင်းဌာနများကဖော်ပြကြသည်။
ရန်ကုန်မှ ဇာနည်မာန် ပူးပေါင်း ရေးသား ပေးပို့သည်။
ဒီမှာ သတင်းကူးယူဖော်ပြပါသည်။
တိုင်းပြည်မှာငြိမ်းချမ်းရေးမရှိသ၍ လူတွေရဲ့အသက်တွေက ဆုံးရူံးနေဦးမှာပဲ ဒါကြောင့်ပြည်သူတွေအသက်တွေ မဆုံးရူံးစေရန် ငြိမ်းချမ်းရေးရရှိဖို့ အတွက် အတူတကွ လုပ်ဆောင်ကျစို့...
interested in other thing
Popular Posts
-
မီးလောင်ကျွမ်းနေချိန်တွင်ရိုက်ကူးထားသော ရုပ်သံအပိုင်းအစ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လ...
-
စာအုပ်များရယူရန် ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်) အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ ပိုမိုအားကောင်းလာသော ပြည်သူ...
-
အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။နောက်ပိုင်းအိန္ဒိယလူမျိ...
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်ေ...
-
ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တ...
-
ဆရာလွန်း(ဆရာမှိုင်း)နှင့် နေရှင်နယ်ဦးမြင့်တို့သည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားစဉ်က အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ ဆရာလွန်းကို ဇာတိ...
-
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိ စာ သင်တိုက်မှာ ၉၆၊ ၉၈ ကျောင်းသား...
-
ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြ...
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment