Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

6/16/2012

ကွန်မြူနစ်ဆိုတာ....



ဒီတခါ “အတွေးအမြင်များကဏ္ဍ” မှာ “ကွန်မြူနစ်ဆိုတာ” လို့် ဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လူတိုင်းနားလည်အောင် ရှင်းထားတဲ့ စာလေးကို တင်ပေးထားပါတယ်။
ဒီစာကိုတော့ ကျနော် www.cpburma.org ဆိုတဲ့ စာမျက်နှာကို သွားလည်းရင်းနဲ့ အဲဒီနေရာကို သွားမလည်ဖြစ်သော သူငယ်ချင်းများအတွက် လေ့လာနိုင်အောင် ကူးယူ ဖော်ပြပေးလိုက်တာပါ။ ဗမာပြည် ကွန်မြူနစ်ပါတီဟာ တခေတ် တချိန်က ဗမာ့လူငယ် နိုင်ငံရေးသမားအပေါ်တွင် အတော်ကို သြဇာလွမ်းမိုးနိုင်ခဲ့တဲ့၊ ရေးပန်းစားခဲ့တဲ့ ပါတီတခု ဖြစ်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီအပြင် သုံးနှစ်တာ ကာလ (၁၉၄၅ မှ ၁၉၄၈ထိ) မှလွဲ၍ ပါတီတည်ထောင်ချိန် ၁၉၃၅ သြဂုတ်လ ၁၅ရက်မှ ယနေ့အချိန်အထိ မြေအောက်နိုင်ငံရေး ပါတီအဖြစ် ရပ်တည်လာခဲ့သော မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး နိုင်ငံရေးပါတီများထဲတွင် တခုအပါ အ၀င်လည်း ဖြစ်ပါတယ်။ မိမိတို့ ယုံကြည်ချက်ကို ခိုင်မာစွာ တည်ဆောက်ပြီး၊ ပန်းတိုင်ကို မဆုတ်မနစ် ကြံ့ကြံ့ခံ ချီတက်နေသော ပါတီလည်းဖြစ်ပါတယ်။
ဒါကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ “ကွန်မြူနစ်ဆိုတာ” ဆိုတဲ့ ရှင်းလင်းစာကို စာဖတ်သူများ မြည်းစမ်းရအောင် တင်ပေးလိုက်ပါတယ်။

“ကွန်မြူနစ်ဆိုတာ”

လေးနက်တဲ့ နိုင်ငံရေး အကြောင်းတွေ၊ နက်ရှိုင်းတဲ့ သဘောတရားရေး အကြောင်းအရာတွေ ပါတဲ့ သခင်သန်းထွန်းရဲ့ မိန့်ခွန်းတွေ၊ ဆောင်းပါးတွေ၊ အများအပြား ရှိပါတယ်။

လေ့လာဖူးကြ၊ ဖတ်မှတ် ဖူးကြသူတွေလဲ ရှိပါလိမ့်မယ်။ သခင်သန်းထွန်း မိန့်ခွန်းများထဲက တခုဖြစ်တဲ့ ‘ကွန်မြူနစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် သဘာပတိ မိန့်ခွန်း’ ထဲမှာ သခင်သန်းထွန်းက ‘ကွန်မြူနစ်’ တို့ အကြောင်းကို လူထု နားလည်းလွယ်အောင် ရိုးရိုးရှင်းရှင်း တင်ပြထားတာ တွေ့ရပါတယ်။

အဲဒီတင်ပြ ပြောဆိုချက်မှာ ဒီကနေ့အထိ မှန်ကန်နေဆဲ အချက်အလက်တွေနဲ့ ဒီကနေ့ ပြည်သူလူထုကြီး သိရှိ နားလည်ဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင် နေတယ်လို့ ယူဆလို့ အဲဒီ မိန့်ခွန်းထဲက ‘ကွန်မြူနစ် ဆိုတာ’ ခေါင်းစီးပါ နိဂုံးပိုင်ကို ပြည်လည်ဖေါ်ပြလိုက်ပါတယ်။

“ကွန်မြူနစ်ဆိုတာ”

ကွန်မြူနစ်တွေဟာ အခုအခါမှာ တာဝန်ကြီး။
အရင်တုန်းကလို အဖျက်သမား၊ အတင်း ပြောသမား၊ ဆန့်ကျင်ရေးသမားတွေ မဟုတ်တော့။ ဗမာပြည်ဟာ နိုင်ငံရေး သေနေပြီ။ အသက် ပြန်သွင်းနေတာ ကွန်မြူနစ်ပါတီပဲ။ အသက်သွင်းတဲ့အခါ ဂျပန်သူလျှိုတွေကို အသက် ပြန်မသွင်းမိဖို့ သတိထားရမယ်။ ဒီဟာ ကာကွယ်ဖို့ဟာ လူထုလုပ်ငန်းဘဲ။ ဒါကြောင့် ကွန်မြူနစ်တွေဟာ လူထုလုပ်ငန်း ကိုယ်စီ လုပ်ရမယ်။ လူထုလုပ်ငန်းကို ရိုးရိုးသားသား လုပ်တဲ့လူတွေကို ရဲရဲ တင်းတင်း ဆွဲသွင်းရမယ်။ ငါတို့ဟာ တိုင်းပြည်ကို ခေါင်းဆောင်နေပါလား ဆိုပြီး သိရမယ်။ ဂိုဏ်းခွဲကလေး မဟုတ်တော့ဘူဆိုတာ သိရမယ်။ လူထုရဲ့ တကယ်ပါတီကြီး ဖြစ်ရမယ်။ ဗမာပြည် နိုင်ငံရေးမှာ ကွန်မြူနစ်ပါတီဟာ လွတ်လွတ်လပ်လပ် ပေါ်လာတယ်။ အမှန်ကတော့ ဂျပန်လက်အောက် ဘယ်လောက် လုပ်ခဲ့ရတယ်ဆိုတာ သိကြမှာ မဟုတ်ဘူး။ ခုမှ ပေါ်တဲ့ ပါတီအသစ်လို့ ထင်တယ်။ ကွန်မြူနစ်နဲ့ ပတ်သတ်ပြီး အယူအဆ မှားနေတာတွေ ရှိချင်ရှိမယ်။ ဒါကြောင့် တိုင်းပြည်က ကွန်မြူနစ်တွေဟာ ဘယ်လိုလူတွေလဲ ဆိုတာ သိဖို့ လိုတယ်။ ကျုပ် အတိအလင်း ပြောမယ်။

ကွန်မြူနစ်တွေဟာ ဘာသာတရားကို ဖျက်ဆီးသူ ပုတ်ခတ်သူများ မဟုတ်၊ လူတိုင်းမှာ ကြိုက်တဲ့ ဘာသာ အယူဝါဒ ရှိနိုင်လို့သာ ကိုယ်ကြိုက်တဲ့ အယူ ယူခြင်းသာ ဖြစ်တယ်။ သူများ အယူဝါဒကို မနှောင့်ရှက်။
ကွန် မြူ နစ် တို့ သည် သူ များ ဆဲ၊ အ တင်း ပြော သူ များ မ ဟု တ်၊ သူ များ ၏ အ လုပ် ကို ဝေ ဖန် ၍ ကိုယ့်ကိုကိုယ်လည်း ဝေဖန်သူများ ဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ သပိတ်မှောက်ဖို့ မလုပ်၊ စီးပွားတိုးတက်ဖို့သာ လုပ်တယ်။
ကွန်မြူနစ်တို့ဟာ ကိုယ်ကြီးစိုးဖို့ မလိုလား၊ ပြည်သူအကျိုးကိုသာ အဓိကထား၍ လုပ်တယ်။
ကွန်မြူနစ်တို့ဟာ စိတ်နောက်ကိုယ်ပါ လုပ်သူများ မဟုတ်၊ အကျိုး အကြောင်းနှင့် လုပ်သူများ ဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ အလွန်အကျွံ ၀ါဒသမားများ မဟုတ်၊ တကယ့်အခြေအနေနှင့် ဖြစ်နိုင်သည်ကိုသာ လုပ်သူဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ စိတ်မနိုင်သူများမဟုတ်၊ ငလျင်တွေ မုန်တိုင်းတွေ အကြားမှာပင် ရပ်တည်နိုင်သူတို့ ဖြစ်တယ်။
ကွန်မြူနစ်တို့ဟာ အဖျက်သမားများ မဟုတ်၊ ပြာထဲ အမှိုက်ပုံထဲက နေပြီး အသစ် ထူထောင်နေသူများ ဖြစ်တယ်။
ကွန်မြူနစ်တွေဟာ သွေးစိမ်း သောက်ချင်တဲ့ လူတွေ မဟုတ်၊ ညီရင်းအစ်ကို ချစ်ခင်မှုကို လိုလားတယ်။
ကွန်မြူနစ်တို့ဟာ သည်းညည်းမခံ၊ ဆတ်ဆတ်ကြဲများ မဟုတ်၊ လိုက်လိုက် လျောလျောနဲ့ ဇွဲရှိသူများ ဖြစ်တယ်။
ကွန်မြူနစ်တို့သည် စာအုပ်ကြီးအတိုင်း လုပ်သူများမဟုတ်၊ အခြေအနေနှင့် ဆီလျော်အောင် လုပ်သူများဖြစ်တယ်။
“တော်လှန်ရေးကို ကလေး ကစားစရာလို သဘောထား၊ လက်ဖက်ရည်ကြမ်းဝိုင်း တောင်စဉ်ရေးမရ ပြောသလိုမလုပ်၊ တော်လှန်ရေးကို လုပ်သင့်မှလုပ်မယ်။ မလုပ်သင့်ရင် လုပ်ကို မလုပ်ဘူး။ ပြောကိုမပြောဘူး။ တိုင်းပြည် အကျိုးသာ အဓိကပဲ။
ရဲဘော်တို့ …
ငါတို့လုပ်ငန်းဟာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေးလို့ ပြောပြီးပြီ။
ငါတို့ လက်ငင်း လိုလားချက်ဟာ အမျိုးသား အစိုးရဖြစ်တယ်။

ကမ္ဘာအရပ်ရပ်ရှိ ကွန်မြူနစ်တို့ ဘယ်ကဲ့သို့ သဘောထားတယ်၊ ငါတို့ ဘယ်ကဲ့သို့ သဘော ထားအပ်တယ်ကိုလဲ ပြောပြီးပြီ။ အရင်က ကွန်မြူနစ်များ လမ်းမှန်လိုက်လို့ ပြည်သူပြည်သားများ အောင်ပွဲဝင်ခဲ့ပြီ။ ငါတို့ ပြည်သူ ပြည်သားများ အောင်ပွဲဝင်ရန် ကွန်မြူနစ်တွေ လမ်းမှန်ကို ထပ်ကြအုံး … ။
၂၀၊ ၇၊ ၁၉၄၅
ᨊᨊᨊᨊᨊᨊ

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။