Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/13/2011

DPNS ပါတီဖွဲ့စည်းတည်ထောင်ခြင်း ၂၃နှစ်မြောက်မွေးနေ့
















မနက်ဖြန်၁၄.၁၀.၂၀၁၁ဆိုရင်ဖြင့် မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သော၈၈၈၈အရေးတော်ပုံမှ ပေါ်ထွန်းလာခဲ့သော လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ပါတီဖွဲ့စည်းတည်ထောင်ခြင်း၂၃နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။
         လူဘောင်သစ်ပါတီကို၂၀၁၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဗဟိုဦးဆောင်ကော်မတီ အစည်းဝေးမှနေ၍ လက်ရှိ ဗဟိုဦးဆောင်ကော်မတီကိုဖွဲ့စည်းခဲ့သည်။

 ၁။ ရဲဘော် အောင်မိုးဇော်                             ဥက္ကဋ္ဌ
၂။ ရဲဘော် ယဉ်ထွေး                                  ဒုတိယ ဥက္ကဋ္ဌ
၃။ ရဲဘော် ငွေလင်း                                   အထွေထွေအတွင်းရေးမှူး
၎။ ရဲဘော် မင်းလွင်                                    ဗဟိုဦးဆောင်ကော်မတီဝင်
၅။ ရဲဘော် ထွဋ်ဦးလှိုင်                                              ။
၆။ ရဲဘော် ဇော်ဇော်ထွန်း                                         ။
၇။ ရဲဘော် တိုးတိုးထွန်း                                            ။

 လူဘောင်သစ်ပါတီရဲ့ရည်ရွယ်ချက်ပန်းတိုင်ကတော့-

- စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး
- ဒီမိုကရေစီရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ် ပေါင်းစု ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြွေးကြော်သံများကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။


 အဝေးသင်တက္ကသိုလ် စာမေးပွဲကာလအတွင်း တက္ကသိုလ်သုံးခုသို့ ယာဉ်လိုင်းပေါင်း ၄၄ ခုမှ ယာဉ်အစီးရေ ၈၂၄ စီးဖြင့် ပြေးဆွဲပေး

အဝေးသင်တက္ကသိုလ် စာမေးပွဲကာလအတွင်း တက္ကသိုလ်သုံးခုသို့ ယာဉ်လိုင်းပေါင်း ၄၄ ခုမှ ယာဉ်စီးရေ ၈၂၄ စီးဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။ အဝေးသင်တက္ကသိုလ် စာမေးပွဲကာလမှာလည်း ပထမ အသုတ်အဖြစ် ယခုအောက်တိုဘာလ ၄ ရက် နေ့မှ ၁၁ ရက်နေ့အထိ လည်းကောင်း၊ ဒုတိယအသုတ် စာမေးပွဲမှာ အောက်တိုဘာလ၂၇ရက်နေ့မှ နိုဝင်ဘာလ၃ ရက်နေ့အထိ လည်းကောင်း၊ တတိယ အသုတ်စာမေးပွဲမှာ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အသီး သီး ဖြေဆိုကြရမည်ဖြစ်သည်။
ဒဂုံတက္ကသိုလ်သို့ ယာဉ်လိုင်းပေါင်းစုံ ၂၈ လိုင်းမှ ယာဉ်စီးရေ ၄၉၉ စီး၊ အရှေ့ပိုင်းတက္ကသိုလ်ကိုမူ ယာဉ်လိုင်းပေါင်း ကိုးလိုင်းရှိ ယာဉ်စီးရေ ၁၃၀ စီး၊ အနောက်ပိုင်း တက္ကသိုလ်ကိုမူ ယာဉ်လိုင်းခုနစ်လိုင်းမှ ယာဉ်စီးရေ ၉၅ စီးတို့က အခြေပြုပြေးဆွဲပေးလျက်ရှိသည်။ ဒဂုံတက္ကသိုလ်သို့ အခြားယာဉ်လိုင်း သုံးလိုင်းရှိ ယာဉ်စီးရေ ၂၆ စီးကလည်း ဖြတ်သန်းသွားလျှက်ရှိသည့်အပြင် အရှေ့ပိုင်းတက္ကသိုလ်သို့လည်း အခြားယာဉ်လိုင်း ခြောက်လိုင်းမှယာဉ်စီးရေ ၈၇ စီးတို့က ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

လွှတ်ရင်လွှတ် မလွှတ်ရင်...ဝတ်မယ်တဲ့ဗျ

သီတင်းကျွတ် နတ်ရုံးပိတ်ရက် ဘုရားဖူးမည်အကြံနှင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို ခေါက်ထားကာ ဦးရုက္ခစိုး ဗုဒ္ဓဂယာသို့ ရောက်နေစဉ် နေပူပူ၌ ပြောင်ပြောင်လက်လက် အရာတခုကို မြင်လိုက်ရသောကြောင့် မျက်စိကျိန်းသွားသည်။ ထိုအရာကား တခြားအရာမဟုတ် ကျွန်ုပ်တို့ သမ္မတကြီး၏ ပြောင်လက်သော နဖူးပင်တည်း။
ရုက္ခစိုး။     ။ ဘယ့်နှယ် သမ္မတကြီးက ဒီရောက်နေသကိုး။
“ရှူးတိုးတိုး … ။ ကျုပ်က ဒီလာပုန်းနေတာဗျ။ သြော် ဒါနဲ့ ကျုပ်နာမည် ပြောင်းလိုက်ပြီ … ဒီနေ့က စပြီး ကျုပ်ကို ဦးသိန်းဇိမ် လို့ ခေါ်နော်” ဟု သမ္မတက ပြန်ပြောသည်။
ရုက္ခစိုး။     ။ ဘာဖြစ်လို့လဲဗျ။
သိန်းဇိမ်။     ။ ဟိုနာမည်က နည်းနည်းဆိုးလို့ ကိုတာတေက ဗေဒင်တွက်ပြီး ပြောင်းပေးထားတာ။ ပြီးတော့လည်း ကျုပ်က သမ္မတပေမယ့် တခြားနိုင်ငံ သမ္မတတွေလို အလုပ်မများဘူး၊ ဇိမ်ကျတယ်လေ။
ရုက္ခစိုး။     ။ ဘာဖြစ်လို့ ဇိမ်ကျတာလဲဗျ။ သမ္မတမှန်ရင် လူရောခေါင်းရော အလုပ်များရမှာလေ။
သိန်းဇိမ်။     ။ ကျုပ်က ခေါင်းလည်းမရှုပ်ဘူး၊ လူလည်း အလုပ်မများဘူး။ နောက်ကခိုင်းတာ လုပ်ရုံပဲ …။ သမ္မတ နာမည်တလုံးနဲ့ ဇိမ်ကိုကျလို့ …။
ရုက္ခစိုး။     ။ သြော် သိပြီ။ ကျုပ်က ဦးသိန်းဇိမ်ကို အကျဉ်းသား လွှတ်တဲ့ကိစ္စနဲ့ အလုပ်များပြီး ဘယ်မှ မသွားနိုင်ဘူး ထင်ထားတာ။ ဇိမ်ကျနေလို့ ဘုရားဖူးပါ အေးအေးဆေးဆေး ထွက်နိုင်တာကိုး။
သိန်းဇိမ်။     ။ အင်း ဒီခရီးစဉ်ကတော့ ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်းဆိုပါတော့ ဦးရုက္ခစိုးရယ်။
ရုက္ခစိုး။     ။ လိပ်ဥတူးချင်ရင် ပင်လယ်ကမ်းခြေသွားရမှာ ဘယ့်နှယ် ဒီတောထဲမှာ လိပ်ရှိရင်တောင် ဘေးမဲ့လိပ်ပဲ ရှိမှာပေါ့။ တော်ကြာ သမ္မတက လယ်စိုက်ပြီးသွားလို့ ဗုဒ္ဓဂယာမှာ လိပ်ဥတူးတယ်ဆိုပြီး ဖေ့စ်ဘုပေါ် ရောက်သွားမယ်နော်။
သိန်းဇိမ်။     ။ ဟာ … ဦးရုက္ခစိုးကလည်း လွဲပြန်ပြီ။ လိပ်ဥတူးတယ်ဆိုတာ ဥပမာပြောတာဗျ။ ကျုပ်က ဟိုဘက်က ထောင်ကဲ ကြီးကို မြစ်ဆုံကိစ္စနဲ့ ကလန်ထားမိတာဆိုတော့ ဒီဘက်က မာမူကြီးကို နည်းနည်းကပ်ထားရမယ်လေ။ အဲဒါကို ပြောတာ။
ရုက္ခစိုး။     ။ သြော် ဒီလိုလား။ ဒီအတွက်ကော တော်တော်မှ ခေါင်းစားနေသေးလား။
သိန်းဇိမ်။     ။ သိန်းဇိမ်ပါဆို ဦးရုက္ခစိုးရယ်။ ဘာလုပ်ရမယ်ဆိုတာ ချိုကုပ်ဒူးကြီးက အကုန်လုံး ပြောပြလိုက်ပြီးသား။ အဲဒါကို လိုက်လုပ်ရုံပဲ ဟဲဟဲ။
ရုက္ခစိုး။     ။ ဇိမ်ကျပါ့ဗျာ။ ဒါဆို အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကကော … ခင်ဗျားအကြံမဟုတ်ဘူးပေါ့။
သိန်းဇိမ်။     ။ မြစ်ဆုံကိစ္စ ကတည်းက နောက်ကွယ်က ချိုကုပ်ဒူးကြီး အကြံပါဗျာ။ ဒါပေမယ့် လူတွေက သမ္မတကြီး သိပ်တော်တယ်၊ လိမ်မာတယ်၊ ဘာ ညာ အားပေးတော့ ဟဲဟဲ … ပျော်တာပေါ့ ဟုတ်ဘူးလား။ အဲဒီမှာ အဝှာတက်အောင် ဆက်ကမယ် လုပ်တုန်း … အဟင့် ဟင့် ဟင့် … အီး … အဟင့် …။
ရုက္ခစိုး။     ။ ဟင် … ဘာဖြစ်သွားတာလဲ ဦးသိန်းဇိမ်ရဲ့။
သိန်းဇိမ်။     ။ ဘာဖြစ်ရမှာလဲ … ကျုပ်ရဲ့ အပျော်တွေ သဲထဲ ရှူးရှူးပေါက်ချသလို ဖြစ်သွားတာပေါ့။
ရုက္ခစိုး။     ။ သဲထဲ ရေသွန် လုပ်ပါဗျာ။
သိန်းဇိမ်။     ။ အတူတူပါပဲဗျာ …။ ချိုကုပ်ဒူးကြီးက ပြောတယ်ဗျ။ သိန်းဇိမ်တဲ့ … မင်းအပျော်လွန်တာက အရေးမကြီးဘူး … စကားတော့ လွန်လို့မရဘူးတဲ့။
ရုက္ခစိုး။     ။ အဲဒါ ဘာကိုပြောတာလဲ။
သိန်းဇိမ်။     ။ အလျှော့ အတင်းလုပ်ဖို့ ပြောတာလေ။ ကိုယ့်ဘက်က နည်းနည်းပေးလိုက် … ဟိုဘက်က များများတောင်းလိုက်၊ နည်းနည်းပေးလို့ သူများတွေက လက်ခုပ်တီးလိုက်၊ ရသမျှ လှိမ့်ယူလိုက် …။
ရုက္ခစိုး။     ။ ဟာ ရှင်းပြမှပဲ ပိုရှုပ်သွားပြီ။
သိန်းဇိမ်။     ။ အဲဒီလို ရှုပ်တာကိုက ပညာပဲ။ ရှုပ်မယ်၊ ထွေးမယ်၊ မလှိမ့်တပတ်လုပ်မယ်၊ လိုချင်တာ တောင်းမယ်၊ မရရင် နည်းနည်းလျှော့ပေးမယ်၊ လျှော့ပေးလို့ ဟိုဘက်က နည်းနည်းပေးရင် အတင်းဆွဲယူမယ်၊ မရရင် ဘာမှ ပြန်မပေးဘူး … အဲဒီလို အဲဒီလို။ ကစားတယ် ခေါ်တာပေါ့။ ချိုကုပ်ဒူးကြီးရဲ့ ကစားနည်းက အဲဒီလိုပဲ ရှုပ်တယ်။
ရုက္ခစိုး။     ။ ကစားရအောင် ချိုကုပ်ဒူးကြီးက သူငယ်ပြန်နေပြီလား။
သိန်းဇိမ်။     ။ အောင်မလေး … မေးနေပြီ အမေရဲ့ … အဟီး ….. အီး … အဟင့်။
ရုက္ခစိုး။     ။ ဟာ ဘာဖြစ်ရပြန်တာလဲ ဦးသိန်းဇိမ်ရယ်။
သိန်းဇိမ်။     ။ ငိုတာလေ။ ကျုပ်လည်း သူ့ကို သူငယ်ပြန်စေချင်တာပေါ့ဗျာ … အခုတော့ … အခုတော့ အဟင့် … သူက သူငယ်မပြန်ဘူး … ကျုပ်က ရူးတော့မယ်။
ရုက္ခစိုး။     ။ ဘာဖြစ်လို့လဲဗျ။
သိန်းဇိမ်။     ။ ဘာဖြစ်ရမှာလဲ …။ ကျုပ်က မြစ်ဆုံကိစ္စ ရပ်ပေးလိုက်တော့ ကျုပ်ကို ပြည်သူတွေက ချီးကျူးဂုဏ်ပြုပြီး ချစ်နေကြတာ။
ရုက္ခစိုး။     ။ ဟုတ်တယ်လေ … အဲဒီလို ချစ်နေတာလေးကို ဆက်ထိန်းပြီး နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ လွှတ်ပေးလိုက်သင့် တာပေါ့။
ဦးသိန်းဇိမ်က “သိတယ် … သိတယ်။ ကျုပ်စကား ဆုံးအောင် နားထောင်ပါဦး … အဟင့် … ရွှတ်” ဟု ငိုရင်း၊ နှပ်သုတ်ရင်း ပြောလေသည်။
သိန်းဇိမ်။     ။ ဖြတ်မပြောနဲ့နော် … ဆက်ပြောမယ်။ အဲဒီလို လူတွေကချစ်နေတာကို ကျုပ်က … ကျုပ်က သဘောကျတာပေါ့ဗျ။ ပျော်ပြီး မျောနေတာ။ လူတွေ ဆက်ချစ်တာကိုပဲ လိုချင်တာပေါ့။ ဒါပေမယ့် … ဒါပေမယ့်ဗျာ။
ရုက္ခစိုး။     ။ ဖြတ်မပြောနဲ့ ဆိုပေမယ့် မနေနိုင်ဘူးဗျာ။ ကျုပ်လည်း ဝမ်းနည်းလာပြီ။ ဆိုလိုတာက သမ္မတက နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးချင်ပေမယ့် ချိုကုပ်ဒူးကြီးက စတိပဲ လွှတ်ပေးခိုင်းတယ် ဆိုပါတော့။
သိန်းဇိမ်။     ။ မှန်လိုက်လေဗျာ …။ အခုတော့ ကျုပ်ရဲ့ ပြောင်နေတဲ့နဖူးကြီး … အယ် ယောင်ကုန်ပြီ … ကျုပ်ရဲ့ မျက်နှာ ဘယ်ဖျာအောက် သွားထိုးထားမလဲဗျာ။ ကျုပ်ကို လူတွေက အထင်တွေကြီးနေတာ … အခုတော့ အဲဒီကြီးနေတဲ့ အထင်တွေ သေးကုန် တော့မယ် … ။ ကျုပ်ကို လူတွေက မုန်းတော့မှာဗျ။
ရုက္ခစိုး။     ။ သိပ်မငိုပါနဲ့ဗျာ … အရင်က လုပ်နေကျအတိုင်း မျက်နှာပြောင် တိုက်လိုက်ပေါ့။ လွယ်ပါတယ်။
သိန်းဇိမ်။     ။ အရင်ကတော့ လွယ်တယ်။ အခုတော့ မလွယ်တော့ဘူး …။ ကျုပ်က ပြည်သူလူထု အချစ်တော် မင်းသားလေး လုပ်ရတဲ့ အရသာကို စွဲနေပြီဗျ … စွဲနေပြီ။ အဲဒီတော့ ချိုကုပ်ဒူးကြီးက အကုန်လွှတ်ရင်လွှတ် … မလွှတ်ရင်တော့ ကျုပ် … ပြန်တော့ဘူး … ဒီမှာပဲ တသက်လုံးနေလိုက်တော့မယ်။
ရုက္ခစိုး။     ။ ဟင် ဒီမှာ ဘာလုပ်မှာလဲ။
သိန်းဇိမ်။     ။ ဘုန်းကြီးဝတ်မယ်။
ရုက္ခစိုး။     ။ ဆံပင်ဆုံးပါ့မယ် ဗျာ။
သိန်းဇိမ်။     ။ အစကလည်း တဝက်ပဲရှိတာပါဗျာ … အာ … ဆုံးဆုံးဗျာ။ ကျုပ်ကတော့ ဝတ်မှာပဲ။ လွှတ်ရင်လွှတ် မလွှတ်ရင် ဝတ်မယ်။
ရုက္ခစိုး။     ။ တကယ်ပဲလား …။ လုံးဝ ပြန်မစဉ်းစားတော့ဘူးလား။
သိန်းဇိမ်။     ။ မစဉ်းစားတော့ဘူး … အားလုံးကို ပြောလိုက်ပါ။ အဆင်ပြေသလိုသာ နေရစ်ကြပါလို့ … အဟင့်။
မည်သို့မှ ခေါ်မရသောကြောင့် ဦးသိန်းဇိမ်ကို ဦးရုက္ခစိုးက ဗုဒ္ဓဂယာတွင် ထားခဲ့၍ လာလမ်းအတိုင်း ပြန်ခဲ့လေတော့သည်။
မှတ်ချက်။     ။ ပြောချင်ရာပြော၍ လုပ်ချင်ရာလုပ်တတ်သော မြန်မာအစိုးရအကြောင်း သိသူများအနေဖြင့် ဦးသိန်းဇိမ် ပြောသည့်အတိုင်း လုပ်လိမ့်မည်ဟု ယုံချင်လျင် ယုံနိုင်ပြီး မယုံချင်သူများ မယုံပဲ နေနိုင်ပါကြောင်း။     ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။

ကြိုးတိုက်ကိုရင်ဆိုင်ကျော်ဖြတ်ခဲ့သော ကိုညီညီဦး

အစိုးရက အကျဉ်းသား ၆၃၅၉ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေး ရာ သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲမှု၊ ရန်ကုန်မြို့တော် ခန်းမ ဗုံးခွဲမှုများဖြင့် သေဒဏ်ချမှတ်ခံထားရသော ကိုညီညီဦး ပြန်လည် လွတ် မြောက် လာခဲ့သည်။

ကိုညီညီဦး
ကိုညီညီဦးသည် အသက် ၂၄ နှစ်အရွယ် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သံလျင်ရေနံချက်စက်ရုံနှင့် ရန်ကုန်မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုဖြင့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ သေဒဏ်ချမှတ်ပြီး တလခန့်အကြာ ဗုံးခွဲမှု တရားခံအစစ်ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ဗိုလ်မှူး ကိုကိုနိုင် ကို ဖမ်းဆီးမိသော်လည်း ကိုညီညီဦးကို စစ်အစိုးရ က ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
အပြစ်မရှိဘဲ မတရား ဖမ်းဆီး ထောင်ချခံရပြီး ထောင်သက်တမ်း၂၃ နှစ် အတွင်း အင်းစိန်၊ တောင်ငူ စသည့် အကျဉ်းထောင်များ တွင် ခက်ခဲစွာနေထိုင်ခဲ့ရသည့် သံလျင်မြို့နေ ကိုညီညီဦး ကို ဧရာဝတီ သတင်းထောက် ရန်ပိုင် က ဆက်သွယ်မေးမြန်း၍ ဖော်ပြ လိုက်ပါသည်။
မေး။  ။ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ကိုညီညီဦး အဖမ်းခံရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပေးပါလား။
ဖြေ။  ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့(7 July)ပေါ့၊ သန်လျင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးခန်းမှာ လူငယ် အစည်း အဝေးလုပ်နေတုန်း နေ့လယ် ၁၂နာရီလောက်မှာ ၀ုန်းခနဲ အသံကြားလိုက်ရတယ်၊ နောက်နေ့မနက်မှာ သံလျင်ရေနံချက်စက်ရုံ ဗုံး ပေါက်ကွဲတယ်လို့ သံလျင် NLD လူငယ်တွေကလာပြီး ပြောတယ်၊ ၁၂ရက်နေ့မှာတော့ ဖားကူးကျေးရွာကို ပါတီစည်းရုံးရေး ကိစ္စနဲ့ အသွား ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး အာဏာပိုင်က ဖမ်းလိုက်တယ်၊ ကျနော်သာ တကယ်လုပ်တယ်ဆိုရင် ဗုံးကွဲ ပြီး ကတည်း ထွက်ပြေးမှာပေါ့၊ ဒါပေမယ့်ဖမ်းလိုက်တယ်၊ ပြီးတော့ အောင်သပြေစစ်ကြောရေးကို ခေါ်ပြီး စစ်ဆေးတာ ၅ ရက်ကြာတယ်၊ ထောက် လှမ်းရေးက သံလျင်ရေနံချက်စက်ရုံနဲ့ မြို့တော်ခန်းမ ဗုံးဖောက်တယ် ဆိုပြီး စစ်ကြောရေးဝင်တယ်၊ တွေ့တွေ့ချင်း ထိုးကြိတ်တော့ တာပဲ၊ စစ်ခုံရုံးကို သက်သေအတုတွေ တင်ပြပြီး ဇူလိုင် ၂၇ရက်မှာ သေဒဏ်ချလိုက်ပါတယ်။ အဲဒီနှစ်မှာပဲ။
မေး။  ။ အပြစ်မရှိဘဲ သေဒဏ်ချခံလိုက်ရတော့ ဘယ်လိုခံစားလိုက်ရလဲ။
ဖြေ။  ။ ဗုံးခွဲတာလည်း မဟုတ်ဘူး၊ မတရားတာ ဘာမှမလုပ်ခဲ့တဲ့အတွက် ချချင်ချ၊ လုပ်ချင်ရာလုပ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ သူတို့ ပို့တဲ့
ထောင် နံရံနောက်ကိုရောက်ခဲ့ပြီးတော့ အင်းစိန်ထောင်က တိုက်ထဲမှာ နေခဲ့ရပါတယ်။ ဘဘ တော်ဘုရားလေးနဲ့ ဆရာဦးဝင်းတင် တို့ ဆုံးမ မှု၊ ကိုခွန်ဆိုင်း တို့ရဲ့ အားပေးမှုနဲ့ ရဲရဲရင်ဆိုင်ပြီး ကြံ့ကြံ့ခံနေခဲ့ပါတယ်။
မေး။  ။ ကိုညီညီဦး သေဒဏ်ကျအကျဉ်းသားဘ၀နဲ့ ထောင်ထဲမှာ နေရတဲ့အချိန် ပြင်ပမှာရှိတဲ့ မိသားစုအခြေအနေကို ပြောပြပေးပါ လား။
ဖြေ။  ။ ကျနော့်အဖေက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ၀န်ထမ်းပါ၊ ကျနော့်အမှုကြောင့် ပင်စင်ပေးခံလိုက်ရတယ်၊ နောက်ပိုင်းမှာအဖေရော အမေရောဆုံးသွားပါတယ်၊ ကျနော့်ညီမ တ၀မ်းကွဲ ဇာဇာမြင့်ဆွေကနေ ထောင်ဝင်စာတွေ့ရတယ်၊ မနေ့က လွတ်လာတဲ့ အချိန်အထိ သူပဲ စောင့်ရှောက် ပေးနေပါတယ်။
မေး။  ။ သံလျင်ရေနံချက် စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံ အစစ် KNU က ဗိုလ်မှူး ကိုကိုနိုင်ကို နောက်ပိုင်းမှာ ဖမ်းမိတယ် မဟုတ်လား။
ဖြေ။  ။ ကျနော့်ကို ဖမ်းပြီး ၁လ လောက် အကြာမှာ ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းမိပါတယ်၊ ဗိုလ်မှူးကိုကိုနိုင်က အာဏာပိုင်တွေကို ဗုံးဖောက်တဲ့ တရားခံဟာ သူပါပဲဆိုပြီး ၀န်ခံခဲ့ပေမယ့်၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာပဲ ကျနော်တို့ သံလျင် NLDက အက်စ် သုံးလုံး ယူဂျီ လှုပ်ရှားမှု လုပ်တယ်ဆိုပြီးတော့ ကျနော်ရယ် ကိုသန်းဇော်ရယ် အပါအ၀င် စုစုပေါင်း ၁၅ယောက်ကို ထောင် ဒဏ် နှစ်၂၀ ထပ်မံပြီး ချခဲ့ပါတယ်။
ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းလာတော့ အင်းစိန်ထောင် ၅ တိုက်မှာထားတယ်၊ ကျနော်က၂ တိုက်မှာ နေရတယ်၊ နောက်ပိုင်း ပြန်တွေ့တော့ ဗိုလ်မှူးကိုကိုနိုင်က ထောင်ထဲမှာရှိတဲ့ NLD လူကြီးတွေ ရှေ့မှာရော ဗဟိုကော်မတီ လူကြီးတွေ ရှေ့မှာရော နိုင်ငံရေး အ၀န်း အ၀ိုင်းက ကျောင်းသားလူငယ်တွေရှေ့မှာရော ဖောက်ခွဲမှုကို သူလုပ်တယ်ဆို တာဝန်ခံခဲ့ပါတယ်၊ တောင်းပန်ပါတယ်၊ နိုင်ငံရေး သမား အားလုံးကိုရော ကျနော့်ကိုရော အာဏာပိုင်ကိုပါ ဖြောင့်ချက်ပေးပါတယ်။ ဒါပေမယ့် ဗိုလ်မှူးကိုကိုနိုင်ကို ဗုံးဖောက်ခွဲတဲ့ တရားခံ အစစ်ဖြစ်တယ်ဆိုတဲ့ အကြောင်း မပြောဖို့ အာဏာပိုင်တွေဘက်က တားမြစ်ထားတယ်လို့ ဗိုလ်မှူးကိုကိုနိုင် အဆိုအရ သိရပါတယ်။
မေး။  ။ အခုလိုမျိုး မှားယွင်းပြီး မတရားစီရင်ချက် ချခံရတဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးကို ဘယ်လိုမြင်ပါလဲ။
ဖြေ။  ။ ကျနော့် သေဒဏ်စီရင်ချက်ကို ရင်ဆိုင်ရတုန်းက စစ်အစိုးရလက်ထက် ဘာမှ ခုခံကာကွယ်ပိုင်ခွင့်မရှိဘူး၊ ရှေ့နေနဲ့လည်း မတွေ့ရဘူး၊ ဘယ်သူနဲ့မှ မတွေ့ရဘဲ ဘယ်ကလာမှန်းမသိတဲ့ စီရင်ချက်ကို ခေါင်းစွပ် အစွပ်ထားခံရပြီးတော့ တရားသူကြီး ဖတ်ပြ တာကို ခုခံပိုင်ခွင့်မရှိဘဲနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူးဆိုပေမယ့်၊ အဲ့သည်လိုခံခဲ့ရတယ်၊ အခုအစိုးရ သစ် လက်ထက်မှာတော့ ညီမျှတဲ့ အခွင့်အရေးရမယ်လို့ ထင်ပါတယ်။ အာဏာပိုင်တွေကလည်း တတ်နိုင်သမျှဆောင်ရွက်လိမ့်မယ်လို့ ယူဆပါတယ်။
မေး။  ။ ၂၃ နှစ်တာကာလ ထောင်ထဲမှာ နေရတဲ့ အခြေအနေကို ပြောပြပေးပါလား။
ဖြေ။  ။ အင်းစိန်ထောင်မှာ ၁၉၉၀ ပြည့်နှစ်မှာ စက်တင်ဘာလှုပ်ရှားမှု ဖြစ်ခဲ့တယ်၊ ထောင်အာဏာပိုင်က ရိုက်နှက်ဖြိုခွင်းခဲ့တယ်။ ထောင်တွင်း နိုင်ငံရေးလှုပ်ရှားတဲ့သူတွေ အားလုံးတိုက်ပိတ်ခံရပြီးတော့ ဆိုးရွားတဲ့ကာလပေါ့၊ ၁၉၉၃ ခုနှစ်မှာ သေဒဏ်ကနေ တသက် တကျွန်း ပြောင်းခံရတယ်၊ ၁၉၉၄ ခုနှစ်မှာ တောင်ငူထောင်ကို ပြောင်းခဲ့ရတယ်၊ အရင်ထောက်လှမ်းရေး ခေတ်ကတော့
နေရောင်တို့ လတို့ကို မြင်ဖို့ ခက်ခဲတယ်၊ ရေချိုး ချတဲ့ ၁၅ မိနစ်လောက်သာ အပြင်နဲ့ ထိတွေ့ရတယ်၊ အင်မတန်ကျပ်တည်းပါတယ်၊ စာဖတ်ခွင့်ဆို ဆေးလိပ်ဖင်စီခံက နာရေးကြော်ငြာကို အပြန်ပြန်အလှန်လှန်ပဲဖတ်ခဲ့ရတယ်၊၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာသာ သေ ချာဖတ်ရတယ်။ အခက်အခဲ အများကြီးပေါ့ဗျာ၊ အချိန်ပေးနိုင်ရင် မျက်နှာချင်းဆိုင် ပြောပြချင်တာ၊ ရင်ဖွင့်ပြချင်ပါတယ်။
မေး။  ။ လာမယ့် အနာဂတ်ကာလမှာ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ။  ။ ထောင်တွင်းကာလ၂၃ နှစ်မှာ NLD ပါတီဝင်တဦးအဖြစ်သာ ရပ်တည်ခဲ့တယ်၊ အကျိုးပြုလုပ်ငန်းတွေကို လုပ်ချင်တယ်၊ မည်သည့်ပုဂ္ဂိုလ် မည်သူနဲ့မဆို လက်တွဲလုပ်ချင်တယ်။
မေး။  ။ ထောင်သက်တမ်း ၂၃ နှစ်မှာ အမှတ်တရအဖြစ်ဆုံး အဖြစ်အပျက်ကို ပြောပြပါလား။
ဖြေ။  ။ ၁၉၉၀ စက်တင်ဘာ မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြမှုဖြစ်ခဲ့တယ်၊ အားလုံးက သက်ဆိုင်ရာ တိုက်ခန်းအတွင်းကနေ အော်ဟစ်တောင်းဆိုခဲ့တယ် အဲဒီတုန်းက ထောင် အာဏာ ပိုင်က ဆန္ဒပြ အကျဉ်းသားတွေကို ခေါင်းစွပ် စွပ်ပြီး ရိုက်နှက်ခဲ့တယ်၊ ရိုက်နှက်လို့ အော်ဟစ်တဲ့ အသံတွေကို ဖုံးလွှမ်းအောင် အုတ် ရိုးပတ်လည်မှာ ဟင်္သာတ ထွန်းရင်ရဲ့ “စာဥ” သီချင်းကို အသံကုန်ဖွင့်ထားခဲ့တယ်၊ ဒါကြောင့် အခုနေ စာဥ ဆိုတဲ့ သီချင်းသံကြား ရင် နားကို မထောင်ချင်အောင်ဘဲ အဲသည့် အဖြစ်အပျက်က အမှတ်တရဖြစ်ခဲ့တယ်။
မေး။  ။ အခု လွတ်ငြိမ်းချမ်းသာခွင့်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ပါမလာတဲ့အတွက် ဘာများပြောချင်ပါလဲ။
ဖြေ။  ။ ကျနော်တို့တော့ လွတ်လာခဲ့ပြီပေါ့၊ ဒါပေမယ့် ကျနော်တို့လိုပဲ တခြားနိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက် စေချင် တယ်၊ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်တခေတ်မှာ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ ကြိုးစားရင်း ထောင်ထဲ ရောက်ရတဲ့ လူတွေဆိုတော့ လွှတ်ပေးမယ်ဆိုရင် တန်ဖိုးရှိစွာပဲ တိုင်းပြည်အကျိုးပြုမှာပဲ၊ ဒါကြောင့် လွှတ်ပေးပါလို့ အစိုးရကို မေတ္တာရပ်ခံပါတယ်။     ။

ဂျုံရုပ်လုပ်သူ တစ်ယောက်အကြောင်း



l4251
‘လိုချင်တဲ့အရုပ်ကို ပြောလုပ်လို့ ရပါတယ်။ မမြင်ဖူးပေမယ့်လည်း ဓာတ်ပုံပြရင် ရအောင် လုပ်ပေးနိုင်ပါတယ်’
ကလေးများ ၀ိုင်းအုံနေသည့် ကြားမှ လက်က အရုပ်များလုပ်ရင်း ပြန်ဖြေသည်။ လက်မှဘီး၊ ဆံထိုး ပုံပိုက်ချောင်း၊ ဓားနှင့် ကပ်ကြေးတို့ကို အသုံးပြု၍ လိုချင်သော အရုပ်ရအောင် ပုံဖော်နေရင်း ပါးစပ်မှလည်း လာဝယ်သူကလေးငယ်များ မပျင်းရလေအောင် အရုပ်များ၏ ဇာတ်ဝင်ခန်းများ ကို ပြောပြနေသေးသည်။
သူ၏ လက်တို့သည် ဂျုံကို ဘီး၊ ကပ်ကြေး၊ ဆံထိုးပုံပိုက်တို့ဖြင့် အရုပ် လုပ်နေသည်မှာ အနုပညာမြောက်သည်။ ပြုလုပ်ရသည်မှာလက်ဝင်သလို ရုပ်လုံးပေါ်လာသော အရုပ်များမှာလည်း အသက်ဝင်လှသည်။
ထိုဂျုံရုပ် ပြုလုပ်ရောင်းချသူများ မှာ ယနေ့ခေတ်တွင် နည်းပါးသွားပြီ ဖြစ်သော်လည်း လက်မှုအနုပညာ အဖြစ်တော့ ရပ်တည်လျက်ရှိနေသေးသည်။ ကလေးများက အရုပ်လိုချင် ၍ ၀ယ်ကြသည်။ လူကြီးများ က ဂျုံ ကို လက်ဖြင့် အရုပ်ပြုလုပ်သည့်ပညာ ကို သဘောကျ၍ ၀ယ်ယူကြဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ခရီးသွားများက တွေ့လျှင်လည်း သဘောကျ ၀ယ်ယူလေ့ရှိကြောင်း သိရသည်။

အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။
‘‘ဒီအရုပ်တွေကို အများစုက ဂျုံနဲ့ လုပ်တယ်လို့သိထားပေမယ့် အဓိက ကတော့ ကောက်ညှင်းနဲ့ဆန်ကို အချိုးအစားကျကျ ရောစပ်ပြီး လုပ်ထားတာပါ။ ဂျုံကတွဲတော့ လိုသလို ပုံသွင်းလို့ မရဘူးလေ။ အရုပ်တွေ ကြာကြာခံအောင်တော့ ဘန်ဇိုင်း ထည့်ပြီး လုပ်ထားပေမယ့် ကလေးတွေစားမိရင်လည်း ဘာအန္တရာယ်မှ မရှိပါဘူး။ တခြားသေစေလောက်တဲ့ ပစ္စည်း လည်း ဘာတစ်ခုမှ မထည့်ထားပါဘူး’’ ဟု ဆိုပါသည်။
ရန်ကုန်မြို့ရှိ ကလေးအများစုရှိသည့် ရပ်ကွက်၊ ကျောင်း၊ လမ်းများ သို့ ရွေးချယ်သွားရင်း မိမိတတ်သော အရုပ်လုပ်သည့် ပညာဖြင့် မိသားစု စားဝတ်နေရေးအတွက် အသက်မွေး ၀မ်းကျောင်းပြုနေသူ ကိုဇော်လင်းမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြကျေးရွာတွင် နေထိုင်သူဖြစ်သည်။ သူသည် မိသား စုငွေကြေး အခက်အခဲကြောင့် အတန်း ပညာကို ပဉ္စမတန်းအထိသာ သင်ကြားနိုင်ခဲ့သည်။
သူသည် ဂျုံအရုပ်လုပ်အတတ်ပညာကို အသက် ၁၃ နှစ်ကတည်းက ဆရာသမားများနှင့် သူ၏အစ်ကိုများ ထံမှ ထိုပညာကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
‘‘ဒီလိုပါပဲ၊ အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။ တချို့မိဘ တွေကြတော့လည်း နှိမ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအရုပ်လုပ်ပြီး လုပ်စားလို့ မချမ်းသာဘူး၊ ဆင်းလည်း မဆင်းရဲဘူး။ ဒါပေမယ့် စိတ်တော့ ချမ်းသာတယ်။ မိသားစု စားဝတ်နေရေးတော့ ဖူလုံပါတယ်။ တစ်နေ့ကို မရောင်းရဘူးဆိုရင် ကျပ် ၃၀၀၀ က နေ အများဆုံး ၁၀၀၀၀ လောက်အထိ ရောင်းရတာမျိုးရှိပါတယ်။ အခုဆိုရင် ကျွန်တော့်မိဘတွေကို တစ်ဖက်တစ်လမ်းက ပြန်ထောက်ပံ့ပေးနိုင်နေပါ ပြီ’’ဟု သူ၏အကြောင်းကို ပြန်ပြောပြ သည်။
ဆက်လက်၍ အရုပ်ရောင်းချရ ပုံနှင့်ပတ်သက်၍ ‘‘လျှောက်သွားရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့နေရာမှာ ရောင်းပါတယ်။ ပိုက်ဆံများများရမယ်လို့ ထင်တဲ့နေရာကို အဓိကသွား ပါတယ်။ မြို့တွင်းနဲ့ ဆင်ခြေဖုံးကတော့ အနည်းနဲ့အများ ကွာပါတယ်။ မြို့တွင်းဆိုရင် ၃၀၀ လောက်ကနေ အရုပ်အလိုက် ဈေးမြှင့်ရောင်းရတယ်။  ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ ၅၀ ၁၀၀ လောက်မှ ယူတယ်။ ဒီလိုပါပဲ အများဝယ်နိုင်တဲ့ ဈေးတော့ ရောင်းရ တာပေါ့’’ဟု ဆိုပါသည်။
တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ မှ ကလေးကစားစရာများ ပေါများစွာ ၀င်ရောက်လာသော်လည်း ဤ ဂျုံအရုပ်လုပ်သည့် ပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရပုံကို လည်း ‘‘ဒီပညာရပ်က လက်မှုပညာ ရပ်တစ်ခုပါ။ စိတ်ကူးလည်း ဆန်းသစ်ရတယ်။ တီထွင်မှုလည်း ရှိရတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ကစားစရာပစ္စည်းတွေ ၀င်လာလည်း ကျွန်တော်တို့အနေနဲ့ ဒီပညာရပ်ကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်း  ထားနိုင်တယ်။ ဒါပေမယ့် လုပ်တတ်တဲ့သူနဲ့ လုပ်ရောင်းတဲ့သူကတော့ အရင်ကထက် အများကြီးနည်းသွားပြီ’’ ဟု ပြောပါသည်။
ယခုနောက်ပိုင်းတွင် တီဗီဇာတ်လမ်းတွဲများမှ နိုင်ငံခြား ကာတွန်း ဇာတ်ကောင်များဖြစ်သော ဘန်တန်း၊ အဗာတာ၊ ပါဝါရိန်းဂျား၊ ကွန်ဖူးပန်ဒါ စသည့် အရုပ်များကိုပါ ပြုလုပ်ရောင်း ချရပြီး မွေးနေ့ပွဲများတွင်လည်း လိုက်လံ ပြုလုပ်ပေးလာရသည်ဟုလည်း ကိုဇော်လင်းက ပြောပါသည်။
ဘ၀ကို နည်းမျိုးစုံဖြင့် ရုန်းကန်လှုပ်ရှားနေကြရသော လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် ထိုဂျုံရုပ်လုပ်သူ သည်လည်း သူ၏ တတ်သော ပညာရပ်တစ်ခုဖြင့် သမ္မာအာဇီဝရှိစွာ ရပ်တည်နေသည်နှင့် ပတ်သက်၍လည်း ကိုဇော်လင်းက ‘‘ဘယ်သူ့ပစ္စည်းမှ မခိုးဘူး။ ဘယ်သူ့ကိုမှလည်း မစော်ကားဘူး။ ဘယ်သူ့ကိုမှလည်း နစ်နာအောင် မလုပ်ဘူး။ ကျွန်တော်တတ်တဲ့ ပညာတစ်ခုနဲ့ ကိုယ့်မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေတယ်။ အခုခေတ်မှာက အတန်းပညာ တတ်ထားရင်တောင် သူများဆီမှာ အလုပ်ရဖို့ ခက်တယ်။ အခု ကျွန်တော်တတ်ထားတဲ့ ပညာကကလေးတွေ ရှိသ၍ ကောင်းနေမှာပဲ။ တခြားအရုပ်တွေက ဘယ်အချိန်မဆို လုပ်နိုင်တယ်။ လက်ထဲ  ဂျုံရောက်သွားတာနဲ့ အရုပ်ဖြစ်အောင် လုပ်နိုင်တော့ စိတ်ဝင်စားကြတယ်။ သူဟာနဲ့သူ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုလေးဖြစ်လာမလဲဆိုတာ စိတ်ဝင်စားကြတာပါ’’ဟု သူ၏  အလုပ် အပေါ် သူ၏အမြင်ကို ပြောပြသည်။
သို့ရာတွင် မိုးရာသီတွင် ရာသီဥတု အခြေအနေကြောင့် အရောင်းပါးသည့် ရက်များရှိကြောင်း၊ ထိုနေ့ များတွင် ၀င်ငွေရရှိနိုင်ရေးအတွက် အခြားလုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ရကြောင်းနှင့် သူ၏ အခြားအလုပ် တစ်ခုမှာ ကြည့်မြင်တိုင်မြို့နယ်ဘက် မှ သူနေထိုင်ရာ တစ်ဖက်ကမ်း ဦးမြရွာ ဘက်သို့ သဗ္ဗာန်ခတ်ခြင်းဖြစ်ကြောင်း လည်း ပြောပါသည်။
မည်သို့ပင်ဖြစ်စေ သူ၏ အလုပ် သည် သူ၏ ဘ၀ဖြစ်သည်။ သူ၏ မိသားစုလည်းဖြစ်သည်။ ‘‘မိသားစု စားဝတ်နေရေးအတွက် ဒီလုပ်ငန်းကို လုပ်နိုင်နေသေးသရွေ့ လုပ်နေရဦးမှာပါလို့’’ ဆိုသည့်သူ့အတွက်  ဘ၀နှင့် မိသားစု စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေဦးမည်သာ . . .

အနောက်ကြို့ကုန်းရှိ စက်သုံးဆီ ဖြန့်ဖြူးရောင်းဝယ်ရေး စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့၊ လူသုံးဦး ဒဏ်ရာရ



b28_15_1
မီးလောင်ခဲ့သည့် ကားအားတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း၊ ငါးလုပ်ငန်းဦးစီးဌာန၀င်းအတွင်းရှိ ငွေဗျိုင်းဖြူ စက်သုံးဆီ ဖြန့်ဖြူးရောင်းဝယ်ရေး စက်ရုံကုမ္ပဏီဝင်းအတွင်း မီးလောင်မှုတစ်ခု အောက်တိုဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ငွေဗျိုင်းဖြူ စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီဝင်းအတွင်း ဆီပေပါများသယ်ယူသည့် ယာဉ်တစ်စီးမှာ ဓာတ်ဆီများကို ကားပေါ်သို့ကဲ့ယူနေစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မီးစတင်လောင်ကျွမ်းချိန်မှာ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်ဖြစ်ပြီး နေ့လည် ၁ နာရီ ၅ မိနစ်အချိန် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
b28_15_2
မီင်္းကြွင်းမီးကျန်များကို ငြိမ်းသတ်နေစဉ်
''ဆီပေပါတွေထဲက ဆီတွေကို ကားပေါ်ကိုကဲ့ယူနေတုန်း အပူရှိန်ပြင်းတာကြောင့် ကားပေါ်မှာမီးစလောင်တာလို့ ပြောကြတယ်။ မီးစလောင်ပြီး မကြာခင်မှာဆီပေပါတွေ ထပေါက်လို့ ကားပေါ်ကအလုပ်သမားတွေ ဆင်းပြေးကြတယ်။ လောင်ကျွမ်းတဲ့ မီးလုံးကြီးတွေက အကြီးကြီးတွေပဲ။ မီးအပူရှိန် ဘယ်လောက်ပြင်းသလဲဆိုရင် စက်ရုံဝင်းထဲမှာ လောင်နေတဲ့မီးအရှိန်ကို အပြင်မှာကြည့်နေတဲ့သူတွေ မခံနိုင်ဘူး။ မီးလောင်မှုကြောင့် ကားတစ်စီးရယ်၊ဆီပေပါတွေရယ်တော့ မီးလောင်တယ်။ လူတော့ မသေဘူး။ ဒါပေမဲ့ သုံးဦးတော့ မီးလောင်ဒဏ်ရာရရတယ်။ သူတို့ကို ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက ဆေးကုသဖို့ခေါ်သွားတယ်'' ဟု မီးလောင်ကျွမ်းမှုကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
''မီးသတ်ကား ၈ စီးလောက်တော့လာပြီး မီးငြိမ်းတယ်။ ကျွန်တော်တို့လည်း စက်သုံးဆီဖြန့်တဲ့ စက်ရုံမီးလောင်တယ်ဆိုတော့ နည်း နည်းတော့လန့်တယ်။ တော်သေး တယ်။ ကားလောက်ပဲ မီးလောင်သွားလို့ပေါ'' ဟု မီးလောင်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးကလည်း ပြောပြခဲ့သည်။

လွှတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ဝိုင်းဝန်းကူညီကြရန် ဦးဝင်းတင်တိုက်တွန်း


နိုင်ငံရေးအကျဉ်းသားတွေကို အခုလွှတ်ပေးရုံနဲ့မပြီးဘဲ သူတို့ ပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့ ဘ၀တွေ နေသားကျအောင် ကူညီပံ့ပိုးပေးကြဖို့လိုမယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောဆိုပါတယ်။ အခုလို ပြောဆိုမှုနဲ့အတူ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အချို့ရဲ့အမြင်၊ သူတို့ရဲ့ခံစားမှုတွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့မနေ့ကပဲ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကနေပြီးတော့ အန်အယ်လ်ဒီ ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီတင်းကျွတ် အခါသမယ စုပေါင်း ဂါရ၀ပြုပွဲ လုပ်ခဲ့ပါတယ်။ သူတို့သုံးဦးစလုံးဟာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ အဲဒီမှာ ဦးဝင်းတင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လာပြီးတဲ့နောက်မှာလည်း မတည်မငြိမ်ဖြစ်ခဲ့တဲ့ သူတို့ဘ၀တွေ ပြန်လည် နေသားတကျဖြစ်ဖို့ ၀ိုင်းဝန်းကူညီဖို့ လိုမယ်လို့ တိုက်တွန်းသွားပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ သူတို့ရဲ့ ဘ၀တွေ ရှိကြတယ်။ သူတို့ရဲ့ဘ၀တွေဟာ ရဲဘော်တွေရဲ့ နိုင်ငံရေးဘ၀တွေဟာ ပြန်လည်ထူထောင်ဖို့၊ တည်ဆောက်ဖို့ ကိစ္စတွေမှာ တို့အားလုံးက ၀ိုင်းဝန်းပြီးတော့ကာ သူတို့ကို ရှင်းပြဖို့လိုမယ်။ သူတို့ကို အခြေအနေအကုန်လုံးကို ပြန်ပြီး သုံးသပ်နိုင်အောင် ဖန်တီးပေးဖို့လိုမယ်။ အဲဒီလို သူတို့ရဲ့ဘ၀တွေ ပြန်လည်ထူထောင်ရေးဟာ အလွန် အရေးကြီးပါတယ်”
မနေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများကတော့ သူတို့လွတ်လာတဲ့အခြေအနေကို ၀မ်းသာမှုဖြစ်ရမှာထက် သူတို့နဲ့အတူ အဖမ်းဆီးခံခဲ့ရသူတွေ၊ ကျန် နိုင်ငံရေးအကျဉ်းသားတွေ ပြန်မလွတ်လာတဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ခန္တီးထောင်ကနေ ပြန်လွတ်တဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် မစုစုနွေးက အစိုးရအနေနဲ့ အပြုသဘောဆောင်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လိုမယ်လို့ ပြောပါတယ်။
“သမီးတို့နိုင်ငံကို တကယ် အပြုသဘောနဲ့ ဆောင်မယ် ဆိုရင်တော့ပေါ့နော်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ ထောင်ထဲမှာက သတင်းစာတွေ၊ ဂျာနယ်တွေကိုပဲ ဖတ်ပြီးတော့ သတင်းစာတွေ၊ ဂျာနယ်တွေ ရေးထားတဲ့အပေါ်မှာ ဆုံးဖြတ်ခဲ့ရတာ။ အဲဒီတော့ အပြင်မှာ နိုင်ငံတော်သမ္မတကြီးအနေနဲ့ သူတို့ ဘယ်လိုမျိုး ဆောင်ရွက်ထားသလဲဆိုတာ မျက်စေ့နဲ့လည်း ကြည့်ချင်ပါသေးတယ်”
မော်လမြိုင်ထောင်က ပြန်လွတ်လာသူ ကိုမိုးထက်လျှံက နိုင်ငံရေးအကျဉ်းသားတွေကို ရှေ့ဆက် နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင် ပတ်သက်ခွင့်ပေးဖို့ လိုအပ်မယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
“အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလိုပဲ အသုံးချနေတယ်လို့ ခံစားရတယ်။ အတိုက်အခံတွေဘက်မှာလည်း စာခြောက်ရုပ်အစာလှန့်ဖို့၊ ဒါမှ မဟုတ် နောက် ဥပမာတခု ပြောရမယ်ဆိုရင် ထိုးစစ်ဆင်ဖို့ နောက်ကနေ အကူပစ်ပေးနေရတဲ့ သေနတ်ကြီးတွေလို သဘောမထားကြပါနဲ့လို့။ ကျနော်တို့က လူတွေကိုချစ်တယ်။ ကျနော်တို့ကို စောင့်မျှော်နေတဲ့ မိသားစုတွေ ရှိတယ်။ အဲဒီတော့ ရှေ့ဆက်မယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း ပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့တွေက ယုံကြည်ချက်ကြောင့် အကျဉ်းကျရတာပေါ့နော်။ ယုံကြည်တာဟာ ထောင်ထဲက အကျဉ်းသားတွေကို မေးကြည့်မယ် ဆိုလို့ရှိရင် ဒီမိုကရေစီ အစိုးရဖြစ်ဖို့ရယ်၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို ရောက်ဖို့ရယ်၊ ဆိုတော့- အခု ကျနော်တို့ ယုံကြည်အပ်နှံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားတယ်။ သူ့ရဲ့ မဟာဗျူဟာကို ကျနော်တို့က ပံ့ပိုးပေးနိုင်မယ့် နည်းဗျူဟာတွေ များများလုပ်ချင်တယ်ပေါ့နော်။ ဒီလိုအချိန်မှာ အတိုက်အခံတွေ အနေနဲ့လည်း ကိုယ့်ခေါင်းဆောင်ရဲ့ မဟာဗျူဟာကို အလေးအနက် စဉ်းစားစေချင်တယ်ပေါ့နော်”

၁၂ နှစ်တာကာလတွင်း မြန်မာ ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့် ရှိပြီး နှစ်သန်းနီးပါးမှာ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူများ ဖြစ်ကြ

4286
ထိုင်းသံရုံးရှေ့၊ ကိုယ်ပိုင်အစီအစဥြ်ဖင့် ထွက်ခွာမည့်သူများ ဗီဇာရရန် စောင့်ဆိုင်းနေကြစဉ်

၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းအထိ ၁၂ နှစ်တာကာလ အတွင်း ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား သုံးသန်းခန့် ရှိရာ ထိုအထဲတွင်နှစ်သန်းနီးပါး သည် မိမိအစီအစဉ်ဖြင့် ထွက်ခွာသွားသူများ ဖြစ်ကြသည်ဟု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းများနှင့် ပတ်သက်၍ ကိုအလုပ်သမားရေးရာ ကျွမ်းကျင်သူအချို့က ပြန်လည်ပြောပြခဲ့ကြသည်။
မိမိအစီအစဉ်ဖြင့် ထွက်ခွာကြသော အလုပ်သမားဦးရေ နှစ်သန်း နီးပါးသည်ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေနှင့်အညီ အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေကြသူများ မဟုတ်ကြကြောင်း နှင့် အများစုမှာ ကြားခံပွဲစားများကို အားကိုးကာ ဒေသတွင်းနိုင်ငံများသို့ အများဆုံး ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“ကျွန်တော်တို့အနေနဲ့ အခုဆို အလုပ်သမား ၀န်ကြီးဌာနကနေ အလုပ်သမားပို့ရတာကို ပိုသဘောကျတယ်။ အေးဂျင့်ဆိုတာက ကိုယ်တစ်ယောက်တည်း မဟုတ်တော့ ဟိုဘက်က အေးဂျင့်လိမ်ရင် ကိုယ့်ဘက်က အလုပ်သမားတွေ နစ်နာတယ်။ ကိုယ်လည်း နာမည်ပျက်တယ်”ဟု တာမွေမြို့နယ်ရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူက ပြောပြခဲ့ပါ သည်။
ယခုအခါ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာအလုပ်သမား ခေါ်ယူနေကြသည့် ဂျီတူဂျီ အသွင်ဆောင်သော နိုင်ငံများထဲတွင် လက်ရှိ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ သည် မြန်မာအလုပ်သမား အများဆုံး သွားရောက်နေကြသော နိုင်ငံများဖြစ်ကြသည်။ ထို့ပြင် မလေးရှားနိုင်ငံသည်လည်း နယ်မြို့အများစုမှ မြန်မာအလုပ်သမားအများ ဆုံးသွားရောက်သော နိုင်ငံဖြစ်ရာ ဂျီတူဂျီမဟုတ်ဘဲ ပွဲစားများဖြင့် သာ သွားရောက်နေကြရသည် ကိုသိရှိရသည်။
ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရန် ၁၉၉၉ ခုနှစ် တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမား ၀န်ကြီးဌာနမှတစ်ဆင့် ပြည်ပ နိုင်ငံ ၁၅ နိုင်ငံသို့ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ ဥပဒေနှင့်အညီ ထွက်ခွာခဲ့သူမှာ ၆၀၇၂၂၅ ဦး ရှိခဲ့ ပြီဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ၏ ဖြေကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတော်သမ္မတ (ဗိုလ်)ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ရောက်ရှိ

သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါတယ်။
(Photo: AFP/ MYANMA NEWS AGENCY)
၂၀၁၀ နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ရွေးကောက်ပွဲတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် နေပြည်တော် မဲရုံတခု၌ မဲထည့်နေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲဝင်ရန် ဧပြီလတွင် စစ်ဖက်ရာထူးမှ နုတ်ထွက်ခဲ့သည်။ (Photo: AFP/ MYANMA NEWS AGENCY)
သီတင်းကျွတ် လပြည့်နေ့က ဗုဒ္ဓဂါယာ မဟာဗောဓိညောင်ပင်အနီး ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ဇနီး လှူဒါန်းခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့ မှာ ဦးသိန်းစိန်နဲ့အဖွဲ့ ဆီမီးထွန်းညှိ ပူဇော်ခဲ့သလို ကြာသပတေးနေ့ မနက်မှာတော့ မဇ္ဈိမဒေသ ဘုံကထိန်ခင်းမယ်လို့ စုံစမ်း သိရှိရပါတယ်။ မဇ္ဈိမဒေသ တ၀ိုက် မြန်မာကျောင်းထိုင် ဆရာတော် အားလုံးကို ပင့်ဖိတ်ပြီး ကထိန် သင်္ကန်းကပ်မယ့် အစီအစဉ်လည်း ရှိပါတယ်။ သမ္မတကြီး မရောက်ခင် ၂ ရက်လောက်ကတည်းက ဗုဒ္ဓဂါယာ တ၀ိုက် မကြုံစဖူး လုံခြုံရေး ထူထူထပ်ထပ် ချထားတာဟာ အရင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေထက် သာလွန်တယ်လို့လည်း ဗုဒ္ဓဂါယာက သံဃာတပါးက အာအက်အေကို မိန့် ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ ယခင် စစ်အစိုးရခေတ် ၂ နိုင်ငံ သဘောတူပြီး အကောင်အထည်ဖော်လက်စ ကုလားတန်မြစ်ကြောင်း တိုးချဲ့ရေးနဲ့ ဖွံ့ ဖြိုးရေး စီမံကိန်း၊ ချင်းတွင်းမြစ်ကို အသုံးပြုပြီး ထမံသီရေအား လျှပ်စစ်စီမံကိန်း အခြေအနေတွေကို မကြာခင် နှစ်အနည်းငယ်မှာ အပြီးသပ်ဖို့ ဆက်လက် အကောင်အထည်ဖော်မဲ့ အကြောင်းလည်း သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး စက်မှု ကုမ္ပဏီ တခုဖြစ်တဲ့ တာတာမော်တော်ကား ထုတ်လုပ်ရေး စီမံကိန်းတွေဟာ ၂ နိုင်ငံသဘောတူထားပြီး လုပ်ငန်းတွေ ဖြစ်သလို ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပြည်ခရိုင် အတွင်း စက်မှုဇုံ တည်ထောင် ဆောင်ရွက်တဲ့ အစီအစဉ်တွေ ရှိနေတယ်လို့ အိန္ဒိယ စီပွားရေး သတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ဆေးဝါး ထုတ်လုပ်ရေး၊ အာစီယံ အဝေးပြေးကားလမ်း ဖောက်လုပ်ရေး ကိစ္စတွေကိုလည်း အမေရိကန် ဒေါ်လာ ၁၀ သန်းခွဲဖိုးခန့် ရင်းနှီး လုပ်ကိုင်နေပါတယ်။ လောလောဆယ် ပြည်တွင်းမှာ ကျဆင်းနေတဲ့ ဆန်စပါးနဲ့ လယ်ယာထွက်ကုန် တင်ပို့ရေး အစီအစဉ်တွေကို မြန်မာဘက်က တိုးမြှင့်လုပ်ဆောင်ဖို့ ဆန္ဒပြင်းထန်နေပြီး ဒီခရီးစဉ် အတွင်း စိုက်ပျိုးရေး သုတေသန ဌာနကို သွားရောက် လေ့လာမယ်လို့လည်း သိရပါတယ်။ တချိန်က မြန်မာ့ဆန်ကို အာစီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်ပေမဲ့ အခုတော့ အိန္ဒိယ ကိုယ်တိုင် ယခင်မြန်မာ့ဆန်ဈေးကွက် နိုင်ငံတွေကို ထိမ်းချုပ်ထားတာကြောင့် မြန်မာအဖို့ ဆင်းရဲတဲ့ အာဖရိက နိုင်ငံတွေကို ခြေဦးလှည့်နေတယ်လို့ အိန္ဒိယနိုင်ငံမှာ အနှစ် ၂၀ နေထိုင်ခဲ့ပြီး လက်ရှိ ဒီမိုကရက်တစ်ပါတီ်(မြန်မာပြည်) ရဲ့ ဘဏ္ဍာရေးမှူး ဦးအောင်ငြိမ်းက ပြောပါတယ်။ "ဗမာပြည်မှာ ဆန်က စိုက်ပျိုးတာလည်း နည်းလာတယ်။ အရည်သွေးလည်း ညံ့လာတော့ နည်းသစ်တွေနဲ့ လုပ်လာတယ်။ အိန္ဒိယ ကလည်း ဗမာ့ဖောက်သည်ဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ လုပ်နေကြတယ်။ ဗမာ့ဈေးကွက် လက်လွတ်သွားတဲ့ နေရာတွေပေါ့။ အခု ဗမာပြည်ထွက်ဆန်တွေက အာဖရိကဘက် ဦးတည်နေတယ်။ တခေတ်တုံးက မောလ်ဒီးစ်တို့လို ကျွန်းနိုင်ငံလေးတွေက ဗမာ့ဆန်ကို ယူကြတယ်။ ဗီယက်နမ်လည်း ဆန်ပိုထွက်နေတယ်။ ယိုးဒယားဆန်လည်း ကွာလတီကောင်းတော့ ရင်ဘောင်တန်းအောင် လုပ်ချင်တော့ ကျိုးစားနေရတာပေါ့။" သမ္မတဦးသိန်းစိန် အစိုးရ အဖို့ ဒီမိုကရေစီဘက် ဦးတည်တဲ့ ပြော့ပျောင်းညင်သာမှု တချို့လုပ်ပေးခဲ့တာတွေ ၊မြစ်ဆုံကိစ္စလို ပြည်သူတွေရဲ့ အလိုနဲ့ ဆုံးဖြတ်မှုဟာ အိန္ဒိယအဖို့ အရင် စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးထက် ပိုမို သာလွန်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံရေးကို ဖြစ်စေတယ်လို့ အိန္ဒိယသတင်းစာ တချို့က သုံးသပ်ရေးတာတွေလည်း ရှိပါတယ်။ သမ္မတရဲ့ အိန္ဒိယ ခရီးစဉ်ကနေ သူလိုလားတဲ့ အနောက်အုပ်စုနဲ့ ပြေလည်အောင် ဆက်ဆံရေး လမ်းကြောင်းအတွက် ခြေလှမ်းသစ်တွေလည်း ဖြစ်နိုင်တယ်လို့ ၂ နိုင်ငံဆက်ဆံရေးကိုလေ့လာနေတဲ့ နယူးဒေလီက ကိုကျော်သန်းက ပြောပါတယ်။ "မြန်မာ့အိမ်နီးချင်းတိုင်းပြည်တွေမှာ အနောက်တိုင်းလို စံဆိုတာမျိုးက အိန္ဒိယလို နိုင်ငံဘဲ ရှိတာကိုး၊ နောက် အနောက်တိုင်း နိုင်ငံတွေနဲ့ သံတမန်ရေးအရ ရင်ဘောင်တန်း ပြောနိုင်တာကလည်း အိန္ဒိယပဲဆိုတော့ ဒီအစိုးရအဖို့၊ အိန္ဒိယကိုလာတဲ့ ခရီးစဉ်ဆိုတာ နောင်ဖြစ်ပေါ်လာမဲ့ အနောက်တိုင်းကို ထိုးဖောက်မဲ့ သံတမန်ရေး ထိုးစစ်ရဲ့ ပထမဆုံးခြေလှမ်းလို့ပြောရမှာပေါ့။" အိန္ဒိယသမ္မတ ပရာတီဘာ ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာ သမ္မတရဲ့ ၄ ရက်ကြာ ခရီးစဉ် အတွင်း မကြာမီ နယူးဒေလီကို သွားရောက်မှာ ဖြစ်သလို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အပြင် ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးဆိုင်ရာ ၀န်ကြီးတွေနဲ့ သက်ဆိုင်ရာ မြန်မာခေါင်းဆောင်တွေ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဧရိယာနှင့် မလွတ်ကင်းသည့် ကျေးရွာခုနစ်ရွာကို ပြောင်းရွှေ့နေရာချထားရန် မြေနေရာ တိုင်းတာ၊ ရှင်းလင်းခြင်းများ စတင်



b28_10
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် လဲရှောင်ရွာ တစ်နေရာကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီး ပွားရေးဇုန်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကျေးရွာခုနစ်ရွာကို ရွှေ့ပြောင်းနေရာချထားပေးရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အစောပိုင်းကာလများ တွင် စီမံကိန်းဧရိယာနှင့် မလွတ် ကင်းသည့် ကျေးရွာ ၁၇ ရွာခန့်ရွှေ့ ပြောင်းရမည်ဟု သတင်းထွက်ခဲ့ပြီး ကျေးရွာခုနစ်ရွာသာ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း သိရသည်။

''အခုစီမံကိန်းဧရိယာမှာပါဝင်တဲ့ ကျေးရွာခုနစ်ရွာကို ရွှေ့ပြောင်းပေးဖို့ စပြီးလုပ်ဆောင်နေပါပြီ။ ရွှေ့မှာက ခုနစ်ရွာဆိုပေမယ့် ရွာကြီးကခြောက်ရွာပဲပါတယ်။ အဲဒီမှာ ရေဖြူမြို့နယ်က မူးဒူး၊ မယင်းကြီး၊ ထိန်ကြီး၊ ပရဒတ်နဲ့ လဲရှောင်ရွာတို့ပါပြီး ကောင်းလုံမြို့နယ်က ညောင်ပင်ဆိပ်ရွာ စတဲ့ရွာခြောက်ရွာ ပါတယ်။ ရေဖြူမြို့နယ်မှာပါတဲ့ ငါးရွာကို စီမံကိန်းကနေ ၁၀ မိုင်အကွာမှာ ဘ၀ါမြို့သစ်အဖြစ်ရွှေ့ပြောင်းပေးမှာဖြစ်ပြီး ညောင်ပင်ဆိပ် ရွာကိုတော့ အဲဒီရွာအနီးမှာရှိတဲ့ ပန်းဒက်အင်းရွာမှာပဲ ရွှေ့ပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ ဘ၀ါမြို့သစ်ကိုရွှေ့ပေးမယ့် ငါးရွာမှာ အိမ်ခြေ ၁၈၉၉ ရှိပါတယ်။ ရွှေ့ပြောင်းတဲ့အခါမှာလည်း စီမံကိန်းမှာပါတဲ့ မူးဒူးရွာကို အရင်ရွှေ့ပေးပြီးမှ ကျန်တဲ့ရွာတွေကို ရွှေ့ပြောင်းပေးသွားမှာပါ။ ရွှေ့ရာမှာလည်း သူတို့ ကို နေရာချထားပေးမယ့် ဘ၀ါမြို့သစ်မှာ မြို့အင်္ဂါရပ်နဲ့ ပြည့်စုံအောင်လုပ်ပြီးမှ ရွှေ့ပြောင်းပေးမှာပါ။
နေထိုင်ဖို့အတွက်အိမ်ကိုတော့ မူလနေထိုင်တဲ့ အိမ်အတိုင်းအတာကို လိုက်ပြီး L ၊ M ၊ S ဆိုတဲ့ ဆိုက်သုံးခုခွဲပြီးမှ RC နဲ့ ကွန်ကရစ်ခင်း၊ သွပ်မိုးပေးမှာပါ။ ညောင်ပင်ဆိပ်ရွာက အိမ်ခြေ ၅၂ လုံး ကိုလည်း အဲဒီအတိုင်း လုပ်ပေးသွားမှာပါ။ နောက်ပြီးစီမံကိန်းနဲ့ မလွတ်တဲ့ ဘ၀ါရွာအရှေ့ဘက်ခြမ်း အိမ်ခြေ ၅၅ လုံးကိုလည်း ဘ၀ါမြို့သစ်မှာ ရွှေ့ထားဖို့ စီစဉ်ထားပါတယ်။ ဘ၀ါမြို့သစ်အနီးမှာ ဒေသသုံးဆိပ်ကမ်း တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာပါ။ အစက ၁၉ ရွာလောက် ရွှေ့ဖို့လျာထားခဲ့ပေမယ့် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဧရိယာက ဧက ၅၀၀၀၀ ကျော်သာလိုအပ်တဲ့အတွက် အခုရွှေ့ပေးမယ့် ခုနစ်ရွာတည်းနဲ့ လုံလောက်တဲ့အတွက် နောက်ထပ်ရွာတွေ ရွှေ့ဖို့မလိုတော့ပါဘူး။ ရွှေ့ပြောင်းပေးရတဲ့ ပြည်သူတွေအတွက် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်'' ဟု ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူ ပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အိမ်ရာများ ရွှေ့ပြောင်းပေးနိုင်ရန် နေအိမ်ဧရိယာတိုင်းတာခြင်း၊ ရွှေ့ပြောင်း နေရာချထားပေးမည့် ဘ၀ါမြို့သစ်ဖော်ထုတ်ရှင်းလင်းခြင်းတို့ စတင်ပြုလုပ်လျက်ရှိသည်။

လွတ်ငြိမ်းချမ်းသာမှု အပေါ် သူတို့ရဲ့ အမြင်များ

ဆရာလူထုစိန်ဝင်း
ဧရာဝတီနဲ့ ဆက်နွယ်တဲ့ကိစ္စမှာ သမ္မတကြီးဦးသိန်းစိန်ကို ရာနှုန်းပြည့် သဘောကျခဲ့တယ်။ အခုလည်း ဧရာဝတီကိစ္စလို မိဘဆွေမျိုးသားချင်းတွေက ရာနှုန်းပြည့် မျှော်လင့်ခဲ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်ကို မျှော်လင့်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာနယ်မှာ ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါဆိုတဲ့ ဆောင်းပါးရေးခဲ့တယ်။ အရပ်သားအစိုးရကို မထောက်ခံသေးဘူး။ သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရကို စောင့်ကြည့်နေတယ်ဆိုတာ ထည့်ရေးခဲ့တယ်။ အဲဒီမှာပဲ စံထားတဲ့အချက်သုံးချက်ကို ပြောခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး မပေး၊ ပြည်တွင်းစစ် ချက်ချင်းရပ်စဲ မစဲ၊  နောက်တစ်ခုကတော့ ဧရာဝတီကိစ္စရပ်စဲရေးဆိုပြီး ပြောခဲ့တယ်။ အဲဒီနောက်မှာ ဧရာဝတီကိစ္စကို ပြည်သူတွေရဲ့ ဆန္ဒကိုလိုက်လျောပြီး သမ္မတကြီးဦးသိန်းစိန်က ရပ်စဲခဲ့တဲ့အတွက် လူသိရှင်ကြားထုတ်ဖော်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ . . . ဇာဂနာနဲ့ ရှမ်းအမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်တို့ကို လွှတ်ပေးခဲ့တာကို ၀မ်းသာတယ်။ သူတို့လိုပဲ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စ ဒီလူတွေပါဖို့ လိုအပ်တယ်။ သမ္မတကြီးဦးသိန်းစိန်လည်းပြောခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံတဲ့သူတွေနဲ့တောင် လက်တွဲဆောင်ရွက်ဖို့ နည်းလမ်းရှာမယ်ဆို ပြောခဲ့တယ်။ အဲဒီလူတွေ မပါဘဲနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စုစစ်စစ် မဖြစ်နိုင်ဘူး။ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ပြည်ထောင်စုဖြစ်ဖို့ဆိုရင် ဒီလိုတွေပါရမယ်။

ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)
‘အခုလိုလွှတ်ပေးတာဝမ်းသာပါတယ်။ ဒါပေမယ့် International Image ကိုမြှင့်ပေးနိုင်မယ့် သူတွေကိုထပ်လွှတ်ဖို့ လိုသေးတယ်။ ဒေါ်အောင်ဆန်း စုကြည်နည်းတူ အစိုးရနဲ့ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် သူတွေလွတ်မှသာ ပြီးပြည့်စုံတဲ့ Amnesty ဖြစ်ပါလိမ့်မယ်။ သူရဲကောင်းပုဂ္ဂိုလ်ရေးဝါဒ ထက် professional politic  ကို လုပ်ကိုင်ရမယ့်အချိန်မှာ စိတ်ဓာတ်ယုံကြည်ချက်ခိုင်မာပြီး သံတမန်ဆန်တဲ့ ညှိနှိုင်းလုပ်ကိုင်လိုစိတ်ရှိတဲ့သူတွေကို လွှတ်ပေးရင် ကျွန်တော်တို့ သတင်းမီဒီယာတွေ အပါအ၀င် လူထုရဲ့အကြွင်းမဲ့ ထောက်ခံမှုကိုရမှာပါ။ အစိုးရရဲ့ပြုပြင် ပြောင်းလဲရေးခရီးအတွက် အင်အားတွေရလာမှာပါ။ မေတ္တာရပ်ခံပါတယ်။ သူတို့ကို အမြန်ဆုံးလွှတ်ပေးပါ။

ဆရာမောင်မိုးသူ
‘အစိုးရအနေနဲ့ ဒီလိုလွှတ်ပေးတဲ့အပေါ်မှာ ၀မ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းသားအနေနဲ့ ထောင်ထဲမှာ ခုနစ်နှစ်နေခဲ့ကြတာပဲ။ ဆိုကြပါစို့ ဒီမိုကရေစီလမ်းကြောင်းကိုသွားကြမယ်ဆိုအဓိကအားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရတဲ အကျဉ်းသားအားလုံး ကိုလွှတ်ထိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ လွှတ်လည်း လွှတ်စေချင်ပါတယ်။ လွှတ်ပါလိမ့်မယ်လို့လည်း ကျွန်တော့်အနေနဲ့ မျှော်လင့်ထားပါတယ်။ အခုလို သမ္မတက လွှတ်ပေးတဲ့အပေါ် ၀မ်းသာစရာရှိတာ ၀မ်းသာပါတယ်’

ဦးအောင်လွင် (အနုပညာရှင်)
‘နိုင်ငံတော်အစိုးရ အပြောင်းအလဲဖြစ်သွားပြီလို့တော့ ယူဆရတာပေါ့။ နှစ်ပေါင်းများစွာ မျက်ခြေပြတ်ခဲ့ကြတယ်။ မိသားစုနဲ့ တစ်ကွဲတစ်ပြားနေခဲ့ကြရတယ်။ အဲဒီလို အနေအထားကနေ နိုင်ငံတော်အနေနဲ့ လွှတ်ပေးတဲ့အတွက် ၀မ်းလည်းနည်းတယ်။ ၀မ်းလည်းသာပါတယ်။ လက်ရှိလွှတ်ပေးတဲ့ ပုဂ္ဂိုလ်များကိုလည်း သာဓုခေါ် ပါတယ်လို့ ပြောချင်ပါတယ်’

အရိုင်း (အနုပညာရှင်)
‘၀မ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အားလုံးလွတ်သွားရင် ပိုဝမ်းသာတာပေါ့ဗျာ။ ထပ်ပြီးတော့လည်း တဖြည်းဖြည်းချင်းလွှတ်ပေးလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်လူတွေလည်း တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေလည်း လာလိမ့်မယ်လို့ ယုံကြည်ပါတယ်’

ငှက်ပျောကြော် (အနုပညာရှင်)
‘အခုလိုလွှတ်ပေးတဲ့အတွက် ၀မ်းသာပါတယ်။ အစိုးရအနေနဲ့ ဒီလိုအပြောင်းအလဲ ဖော်ဆောင်တဲ့အခါ အခုလိုကောင်းမွန်တဲ့ အနေအထားတွေကို ဆက်လက် ထိန်းသိမ်းပြုလုပ်သွားရင် ပိုကောင်းပါတယ်။ အရပ်သား အစိုးရတက်တက်ချင်းမှာ ပထမတစ်ကြိမ်လွှတ်ပေးပြီးပြီ။ လပြည့်နေ့မှာ အခုလို လွှတ်ပေးလိုက်တာကိုလည်း အားလုံးကကြိုဆိုကြမှာပါ။ ပထမတစ်ကြိမ်တုန်းကလည်း ကြိုဆိုပြီးပြီ မြစ်ဆုံတုန်းကလည်း ကြိုဆိုပြီးပြီ။ အားလုံးကျန်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူအားလုံးကိုပါ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရင်တော့ အကောင်းဆုံးပါ’

ဒေါ်သန်းဌေး (ပြန်လည်လွတ်မြောက်လာသူ ဦးမျိုးအောင်သန့်၏မိခင်)
‘ကျွန်မက အသက် ၇၅ နှစ်ရှိပြီ။ ကျွန်မသားထောင်ကျတာက ၁၄ နှစ်ကျော်ပြီ။ သမ္မတက အခုလိုလွှတ်ပေးတဲ့အပေါ်မှာ ၀မ်းသာပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အရင်က နှစ်လကိုတစ်ခေါက် ထောင်ကိုသွားနေရတာ၊ နောက်တော့ ခြောက်လကိုတစ်ခေါက် ၁၄ နှစ်လုံးလုံးထောင်ကို သွားတွေ့ခဲ့ရတာလေ’

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုထားတဲ့ အတိုင်း သမ္မတဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။

(Photo: AFP)
အစည်းအဝေးတခုတွင် စာရွက်စာတမ်းများ သိမ်းဆည်းနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်ပါသည်။ (Photo: AFP)
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ပြောခွင့်ရ အမျိုးသမီး Soung-ah Choi က - မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနေတာကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ အခု လွှတ်ထဲအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါတယ် ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဘန်ကီမွန်းက မျှော်လင့်နေပါတယ်။ ဒါမှလည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ လူ့အခွင့်အရေး အခြေခံမူတွေကို လေးစားလိုက်နာတယ်ဆိုတာ နိုင်ငံတကာကို လက်တွေ့ပြသနိုင်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ နောက်ဆုံးရရှိတဲ့ စာရင်းတွေ အရ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်းတစ်ရာ့ ငါးဆယ်နီးပါး ရှိတယ်လို့ သိရပါတယ်။

မြစ်ဆုံဧရာဝတီအတွက် တရုတ်ကို လျှော်ကြေး ပေးလျှော်မည်

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းငံ့လိုက်ရခြင်းကြောင့် မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံသို့ နစ်နာကြေးအရတခြား သော စီမံကိန်းများ လုပ်ဆောင်ပေးသွားဖွယ်ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် က ပြောဆိုသည်။
“ဒီလို ရပ်ဆိုင်းလိုက်ရတဲ့အတွက် နစ်နာမှုတော့ရှိတာပေါ့၊ ဒီအတွက်လည်းပဲ တခြားစီမံကိန်း၊ လုပ်ငန်းတခုခုတော့ ဆောင်ရွက် ပေးသွားဖို့ရှိပါတယ်၊ ငွေကြေး အလုံးအရင်းနဲ့ လျော်ပေးရတာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ဧရာဝတီ ကိုပြောသည်။
မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
တရုတ်ကုမ္ပဏီများ၏ နစ်နာမှုအတွက် မြန်မာဘက်က လုပ်ဆောင်ပေးသွားမည်ဟု ဆိုသော်လည်း မည်ကဲ့သို့ စီမံကိန်း၊ လုပ်ငန်း အမျိုးအစားများဖြင့် ဖြေရှင်းပေးသွားမည်ဆိုသည်ကိုမူ ပြောဆိုခြင်း မရှိပေ။
“မြစ်ဆုံတခုတည်းရပ်တာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမထိခိုက်ပါဘူး၊ တရုတ်ကရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေ အများကြီး ကျန်ပါသေးတယ်၊ ဥပမာ-ဂက်(စ်)ပိုက်လိုင်းလို စီမံကိန်းကြီးတွေပေါ့၊ ပိုက်လိုင်း ကိစ္စက ရပ်တန့်ထားဖို့ အစီအစဉ် မရှိပါဘူး၊ ဆက်လုပ်သွားမှာပါ”ဟုလည်း သမ္မတ အကြံပေး ဦးနေဇင်လတ် က ဆိုသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားပြီးနောက်ပိုင်းတွင် တရုတ်အစိုးရသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်း မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နေပြီး ကျောက်ဖြူ ရေ နက် ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို မြန်ဆန်စွာ ပြီးစီးရေး လုပ်ဆောင်နေကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားရန် သမ္မတဦးသိန်းစိန် ကြေညာပြီးနောက်တနေ့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့ကုမ္ပဏီ များ၏ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပေးရန် ထုတ်ပြန်ကြေညာခဲ့သည်။
စီမံကိန်း၌ အများဆုံးရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment(CPI)ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Lu Qizhpuကလည်း ၎င်းတို့နစ်နာကြေးအတွက် နိုင်ငံတကာ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု China Daily သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သေးသည်။
ဦးနေဇင်လတ်က“ဒီကိစ္စတွေက အကုန်လုံးပြေလည်သွားပါပြီ၊ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စရာမရှိပါဘူး၊ ဒီကိစ္စတွေ ကို သမ္မတ က တရုတ်သံအမတ်ကြီးနဲ့ တွေ့တုန်းက ရှင်းပြလိုက်ပါပြီ”ဟု ဆက်ပြောသည်။
တရုတ်နိုင်ငံ၏ တုံ့ပြန်မှု၊ နိုင်ငံတကာ၏ ဝေဖန်မှုများထွက်ပေါ်ပြီးနောက် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ်ကြီး မစ္စတာ လီကျွင်းဟွာနှင့် အောက်တိုဘာလ ၇ ရက်နေ့တွင် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ အကျိုးတူ စီးပွားရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Yang Jiechi နှင့် အောက်တိုဘာ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ၏ အကျိုးစီးပွား ပိုမိုပူးပေါင်းလုပ်ဆောင်သွားရန် သဘော တူခဲ့ကြကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။
ဦးဝဏ္ဏမောင်လွင်သည် သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်ခဲ့ခြင်း ဖြစ်ပြီး တရုတ် ဒု သမ္မတ ကျီရှင်းဖျင်(Xi Jinping)နှင့်လည်း တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကျိုးစီးပွား၊ မဟာဗျူဟာမြောက်ဆက်ဆံရေး ကိစ္စများကို
နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်ဟု တရုတ်သတင်းများက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သံအမတ်တို့တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ် ခေါင်းဆောင် ဆက်တိုက် တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာခြင်းသည် ဖိအားပေးမှုကြောင့် မဟုတ်ဟု ဦးနေဇင်လတ်က ဆိုသည်။
ဒီမိုကရေစီစနစ် ကူးပြောင်း၍ အပြောင်းအလဲများလုပ်ဆောင်နေသော မြန်မာအစိုးရသည် နိုင်ငံတကာနှင့်ဆက်ဆံရေး ကောင်း မွန်ရန်အတွက် သံတမန်နည်းလမ်းအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘက်မလိုက်ကြားနေ၀ါဒ ဆက်လက်ကျင့်သုံးသွားမည်ဟု လည်း ၎င်းက ဆက်ပြောသည်။
တရုတ်အစိုးရသည် မြစ်ဆုံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာ အစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် CPI တို့တည်ဆောက်နေသော မြစ်ဆုံစီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းများကို၂၀၀၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၂၀၀၉ ခုနှစ်တွင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကျိုင်းတုံ ထောင်မှ ကိုမင်းကိုနိုင်၏ လူကြုံပါး စကားသံ

ကျိုင်းတုံအကျဉ်းထောင်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်ကိုမင်းကိုနိုင်ကသူ့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တိုင်းပြည်ကောင်းစားရေးအတွက်မည်သူနှင့် မဆိုပူးပေါင်းဆောင်ရွက်မည်ဆိုသည့်သဘောထားကိုအလေးအနက်အပြည့်အ၀ထောက် ခံကြောင်း၊ NLD ပါတီတရားဝင်မှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်မည်ဆိုလျှင်လည်းထောက် ခံကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် ယခုသွားနေသော လမ်းကြောင်းကိုထောက်ခံကြောင်း ကိုမင်းကိုနိုင်နှင် အတူကျိုင်းတုံအကျဉ်းထောင်တွင် အတူအကျဉ်းကျခံခဲ့ရပြီး ယမန်နေ့နံနက်ကပြန်လွတ် လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ ည ဒေသစံတော်ချိန် ၈း ၂၀ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။
 
၈၈ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နှင့်အတူ ကျိုင်းတုံအကျဉ်းထောင်ထဲတွင် အတူနေထိုင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသူများ



ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင်ကိုမင်းကိုနိုင် ဟာဒီနေ့လွတ်မြောက် တဲ့စာရင်းမှာ ပါဝင်ခြင်းမရှိဘူးလို့ကျိုင်းတုံအကျဉ်းဦးစီးမှ တာဝန်ခံ တစ်ဦးကပြောတယ်လို့ ကျိုင်းတုံ သို့သတင်းရယူ ရန်ရောက်ရောက်ရှိနေတဲ့ The Messengerဂျာနယ်မှ သတင်းအယ်ဒီတာက သတင်းပေးပို့ပါတယ်။ကိုမင်းကိုနိုင် အနေနဲ့ ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်သတင်းများထွက်ပေါ်နေခဲ့သော်
လည်း၎င်းအနေနဲ့မျှော်လင့်ခဲ့ခြင်းမရှိကြောင်း ကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်
လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

အစိုးရနဲ့ ကချင် လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်က၂ ဦးကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရရှိသွားသည်။
KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေကြသည် (ဓာတ်ပုံ - KIA)

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ အစိုးရတပ်၏ ဂျန်မိုင် တပ်စခန်းမှ ခြေလျင်တပ်ရင်း(ခလရ) အမှတ် ၃၂၁ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲဒေသသည် KIA တပ်မဟာ ၃ ၏ ထိန်းချုပ် နယ်မြေ ဖြစ်သည်။
“ကျနော်တို့ဘက်က ၂ ယောက်ကျပြီးတော့ ထိခိုက် ဒဏ်ရာရတာကတော့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး၊ ၁၀ ယောက်လောက် ရှိ တယ်”ဟု ကချင်လွတ်လပ်ရေး အဖွဲ့(KIO) တွဲဖက် အတွင်းရေးမှူး ဦလနန်က ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်ဖွဲ့ဝင်များ၏ အကျအဆုံး စာရင်းကိုမူ မသိသေးရသေးပေ။ သို့သော် အစိုးရတပ်များက ဂျန်မိုင်တပ် စခန်းမှ ဆုတ်ခွာပေး လိုက်သည့်အတွက် ထိုစခန်းကို KIAက ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အစိုးရ၏ ဂျန်မိုင် တပ်စခန်း သည် နယ်စပ်ဒေသများ အထိ စိုးမိုးနိုင်သည့် မဟာဗျူဟာ အကျဆုံး စခန်းတခု ဖြစ်ကြောင်း၊ ယင်း တိုက်ပွဲတွင် အစိုးရဘက်က စစ်သည်အင်အား ၃၀ ခန့်ကို KIA တပ်ဖွဲ့ဝင်များက အင်အား ၅၀ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
“သူတို့ဘက်က စခန်းအထိုင်ကနေပြီးတော့ ခံစစ်အနေနဲ့ တိုက်တယ်ဆိုတော့ အဲဒီမှာ ကျနော်တို့ဘက်က နည်းနည်းအထိနာသွားတယ်”ဟု ဦးလနန်က ဆိုသည်။
ဤအတောအတွင်း KIO ထိန်းချုပ် ဒေသများတွင် တိုက်ပွဲငယ်များ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ KIA တပ်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် အခြေစိုက်လှုပ်ရှားလျက် ရှိသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ် စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် စစ်ရေး ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားခဲ့သည်။
 

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုအပေါ် လူအခွင့်အရေးအဖွဲ့များ ဝေဖန်

မြန်မာနိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းထောင် အသီးသီးက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက် လာတာနဲ့ပတ်သက်ပြီး အမေရိကန်ပြည် ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW က စိတ်ပျက်စရာ ဖြစ်ရကြောင်း RFAကို ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
Photo: AFP
စစ်အစိုးရက ၎င်းအား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးသည့်အတွက် ‘လွန်စွာ စိတ်မကောင်းကြောင်း’ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် ကင်တားနား (အလယ်) က ရန်ကုန် လေဆိပ်တွင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. David Mathieson က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ မြန်မာအစိုးရအပေါ် တကမ္ဘာလုံးက တောင်းဆိုနေခဲ့တာ ဖြစ်ပြီး လပေါင်း များစွာ မျှော်လင့် စောင့်စား နေခဲ့ကြကြောင်း၊ နိုင်ငံတကာ အလယ်မှာ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စဟာ အပေးအယူ သဘောမျိုး ရှိနေခဲ့တဲ့အတွက် ဒီကိစ္စကို အမှန်တကယ် စေတနာရှိရှိ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ ဖြစ်ကြောင်း၊ ဒီကိစ္စ မြန်မာအစိုးရအတွက် အလွန်လွယ်ကူပြီး အကျိုးအများကြီးရမယ့် ကိစ္စဖြစ်ကြောင်း မစ္စတာမက်သီဆန်က ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI ကလည်း မြန်မာနိုင်ငံမှာ ဒီကနေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးနေတာဟာ နိုင်ငံတကာကို ပေးထားတဲ့ ကတိတွေနဲ့ ရှေ့နောက်မညီတာ တွေ့ရတယ်လို့ ဝေဖန်လိုက်ပါတယ်။ AI အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ သုတေသန ပညာရှင် Benjamin Zawacki က “ကျနော်တို့အနေနဲ့ အရှိအတိုင်း လွတ်ပေးသမျှအတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် သတိထားမိတာက အခုလွှတ်ပေးတာဟာ အကျဉ်းချထားတဲ့ အရေအတွက်ထက် ရာခိုင်နှုန်း အနည်းငယ်သာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးပါမယ်ဆိုပြီး ကတိကဝတ်တွေ ပေးနေတာနဲ့ ရှေ့နောက် မညီတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။ ဒီနေ့လွတ်တဲ့ အခြေနေနဲ ပတ်သက်လို့ အာဂျင်တီးနားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Quintana ကတော့ လွတ်တဲ့စာရင်းမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ တွေ့ရကြောင်း၊ ဒီကိစ္စကို ကျနော်တို့ သတိထား စောင့်ကြည့်ဖို့လိုပြီး ပြန်လည် စိစစ်ဖို့ လိုကြောင်း RFA ကိုပြောကြားပါတယ်။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ ကိစ္စဟာ ထောင်ကျနေတဲ့ သူတွေအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံသား အားလုံးနဲ့ နိုင်ငံတကာအတွက် အဓိကကျတဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ မြန်မာနိုင်ငံမှာ တကယ် ပြောင်းလဲတာ ဟုတ်မဟုတ် အများက ဆုံးဖြတ်ကြမယ့် ကိစ္စရပ်ဖြစ်ပြီး ကျနော့်အနေနဲ့ ဒီအခြေအနေမှန်တွေကို နိုင်ငံတကာ အသိုင်းဝိုင်းကို အမှန်အတိုင်း မကြာခင် အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်လို့ မစ္စတာကင်တားနားက ပြောကြားပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဒီကနေ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေး အကျဉ်းသား လွတ်လာတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာ လူ့အခွင့်ရေး အဖွဲ့ကြီးတွေက တုံ့ပြန်ချက်တွေကို ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

ဒီနေ့ နိုင်ငံရေးအကျဉ်းသား ၁၈၄ ဦး ထုတ်ဟု NLD သတင်းထုတ်ပြန်


ဒီ နေ့နေလေးနာရီထိ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၁၈၄ ဦး လွတ်မြောက်လာကြောင်း သတင်းရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဒေသအသီးသီးက ထောင်ဘူးတွေအရောက် သွားရောက်စာရင်းကောက်ယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကပေးပို့တဲ့ စာရင်းတွေကိုအခြေခံပြီး ခုလို သတင်းထုတ်ပြန်တာလို့ အမျိုးသားဒီမိုကရေစီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။
“အကျဉ်း ထောင်ထဲက လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကတော့ မြစ်ကြီးနားထောင်က ဦးဇာဂနာ(ခ) ဦးသူရအပါအဝင် ၄ ဦး မန္တလေးထောင်က ထက်အောင်အပါအဝင် ၁၈ ဦး ပူတာအို အကျဉ်းထောင်မှ မထက်ထက်ဦးဝေ အပါအဝင် ၃ ဦး ကသာထောင်မှ ဦးစောလှိုင် (အင်းတော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အပါအဝင် ၅ ဦး ခန္တီးအကျဉ်းထောင်မှ မစုစုနွေးအပါအဝင် ၆ ဦး ဘူးသီးတောင်အကျဉ်းထောင်မှ ကိုအောင်စိုး အပါအဝင် ၃ ဦး တောင်ကြီးထောင်က တောင်ကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင်၊ ဗန်းမော်အကျဉ်းထောင်က ကိုနိုင်စိုးအပါအဝင် ၄ ဦး ကျိုင်းတုံအကျဉ်းထောင်က ဦးစိန်ဝင်းမောင်အပါအဝင် ၄ ဦး ကလေးအကျဉ်းထောင်က ကိုသိန်းလွင်ဦး အပါအဝင် ၆ ဦး ရွှေဘိုအကျဉ်းထောင်က မလေးလေးမွန် အပါအဝင် ၁၀ ဦး မုံရွာအကျဉ်းထောင်က ဦးပလာဘောမား သီပေါက ကိုသိုက်မင်း လားရှိုးအကျဉ်းထောင်က ကိုအောင်ဇော်ဦး အပါအဝင် ၄ဦး မြင်းခြံအကျဉ်းထောင်က ကိုသီဟဝင်းတင်၊ မိတ္ထီလာ အကျဉ်းထောင်က ကိုညွန့်ဝင်းအပါအဝင် ၃ ဦး ဘားအံအကျဉ်းထောင်မှ ကိုနေကျော်၊ မော်လမြိုင် အကျဉ်းထောင်က မိုးထက်လျှံ အပါအဝင် ၃ ဦး မြိတ်အကျဉ်းထောင်က ကိုထွန်းထွန်းဝင်း မအူပင် အကျဉ်းထောင်က မနွဲ့နှင်းရီ (ခ) နိုးနိုး မြောင်းမြအကျဉ်းထောင်က ကိုဇော်တူး (ခ) မောင်မောင်တူးအပါအဝင် ၅ ဦး ဟင်္သာတ အကျဉ်းထောင်က ကိုသန်းဇော်အပါအဝင် ၂ ဦး စစ်တွေအကျဉ်းထောင်က ကိုဇော်မင်း (ခ) တေဇ အပါအဝင် ၃ ဦး ကျောက်ဖြူအကျဉ်းထောင်က ကိုအာကာဘို အပါအဝင် ၃ ဦး တောင်ငူအကျဉ်းထောင်က ကိုညီညီဦးအပါအဝင် ၆ ဦး ပဲခူးအကျဉ်းထောင်က ကိုဝဏ်ဏအောင်အပါအဝင် ၂ ဦး သာယာဝတီအကျဉ်းထောင်က ကိုကြည်လွင်အပါအဝင် ၂၆ ဦး သရက်အကျဉ်းထောင်က မနီမိုလှိုင်အပါအဝင် ၁၆ ဦး လွိုင်ကော်အကျဉ်းထောင်က မတ္တရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ပခုက္ကူအကျဉ်းထောင်က ကိုချစ်ကိုလင်း ရမည်းသင်းအကျဉ်းထောင်က ကိုနေမာမျိုးဝင်း အပါအဝင် ၆ ဦး အင်းစိန်ဗဟိုအကျဉ်းထောင်က ကိုထွန်းထွန်းဦးအပါအဝင် ၃၀ ဦးတို့ ဖြစ်ပါတယ်။ စုစုပေါင်း ၁၈၄ ဦးကို ကျနော်တို့ စာရင်းရရှိထားပါတယ်။”
၁၈၄ ဦးစာရင်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေချည်းမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားအားလုံး စာရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။