Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

4/27/2012

သူဘယ်ကလဲ..ပြီးတော့ ဘယ်သူလဲ

၂၀၀၇ ခုနှစ်က သံဃာနှင့် ဒီမိုကရေစီလှုပ်ရှားသူများ အကြမ်းဖက်နိမ်နှင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ မှတ်တမ်းတင် ဓာတ်ပုံ များကို အင်တာနက် စာဖတ်သူများအကြား ဖြန့်ဝေလေ့ရှိသည်မှာ မဆန်းပေ။

Face Book များတွင် ပျံ့နှံ့နေသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး၏ ၂ ပုံတွဲ ပုံ
သို့သော် ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ မှ ဗိုလ်မှူးကြီးတဦး ၏ ပုံကို လူမှုကွန်ရက် Face Book တွင် ဖြန့်ဝေလာရာ ရုတ်ချည်း ဆိုသကဲ့သို့ ပျံနှံ့သွားခဲ့သည်။
ယင်း ဗိုလ်မှူးကြီး ၏ လက်ရှိ လွှတ်တော်တွင်းဓာတ်ပုံ နှင့် ၂၀၀၇ ခုနှစ် ရန်ကုန်မြို့လယ် ဆူးလေ စေတီရှေ့တွင် အမိန့်ပေးပုံကို တွဲဆက်ထားပြီး ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ တပ်များကို အမိန့်ပေးနေသူတဦး ဖြစ်ခဲ့ကြောင်း ယင်းဓာတ်ပုံနှစ်ပုံက ပေါ်လွင်ထင်ရှားနေစေခဲ့ သည်။
ရန်ကုန်မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကို နှိမ်နင်းရန် စစ်အစိုးရဟောင်းက တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့ကို တာဝန်ပေးခဲ့ ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆိုအရ သံဃာ အပါး ၃၀ မှ ၄၀၊ အရပ်သား ၅၀ မှ ၇၀ သေဆုံးဖွယ်ရှိကြောင်း နှင့် လူ ၂၀၀ ခန့် အရိုက်အနှက်ခံခဲ့ရကြောင်း သိရသည်။
ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ လည်း လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။

လွှတ်တော်တွင်း တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် တနင်္လာနေ့က ကျင်းပဆဲလွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၈ ဦး၊ ဗိုလ်မှူးကြီး ၁၄ ဦး၊ ဒု ဗိုလ်မှူးကြီး ၃၇ တို့ဖြင့် အစားထိုးခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။ ယင်း တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Face Book စာမျက်နှာပေါ်တွင် အဆိုပါ ဗိုလ်မှူးကြီးနှင့် ပတ်သက်၍ ပြောဆိုဝေဖန်နေကြရာ သူဘယ်သူလဲဟု သိလိုနေကြသည်။

http://burma.irrawaddy.org/archives/9113 မှ 

NLD ပါတီမှ ကိုယ်စားလှယ်သုံးယောက်နှင့် ပါတီဝင်တစ်ယောက် သြစတြေးလျ သွားမည်။

သြစတြေးလျ လေဘာပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်နှင့် NLD လူငယ်ဖြစ်သည့် အဆိုတော်လင်းလင်းတို့ သြစတြေးလျနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်တွင် ဧပြီလ ၂၁ ရက်နေ့က လွှတ်တော် အမတ် ဦးဇေယျာသော် လွှတ်တော်တက်လျှင် ဝတ်ဆင်ရမည့် အမျိုးသား ဝတ်စုံ စမ်းသပ်ဝတ်ဆင်နေစဉ် (ဓာတ်ပုံ - Reuters / Soe Zeya Tun)

၁၃၊ ၄၊ ၁၂ (မက်ဆင်ဂျာ (Messenger) မှ ဖော်ပြထားခဲ့သည့် မောင်ဝံသ၏ “အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးနဲ့ သွားကြမှာလဲ“ဆောင်းပါး

မျက်ကန်းတစ္ဆေမကြောက် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ]]ပြည်သူများ၏ဆန္ဒကို ပုံမှန်ကျင်းပသော လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲများမှတစ်ဆင့် ထင်ရှားစေရမည်}} လို့ ဖော်ပြထားတာကို သတိပြုမိကြမယ်ထင်ပါတယ်ဗျာ။ အဲဒီကြေညာစာတမ်းကို လက်ခံကြောင်း အဖွဲ့ဝင်နိုင်ငံတိုင်းက လက်မှတ် ရေးထိုးထားကြပေမယ့် ကမ္ဘာမှာ လစဉ်နီးပါးလောက် ကျင်းပနေကြတဲ့ ရွေးကောက်ပွဲတွေအနက် စလယ်ဆုံး လွတ်လပ်ပြီး တရားမျှတပါတယ်လို့ ပြောနိုင်တဲ့ ရွေးကောက်ပွဲဆိုတာ အရေအတွက် အင်မတန်မှ နည်းပါးနေတယ်လို့လည်း အကဲခတ်များရဲ့ အစီရင်ခံစာတွေက ပြောနေတယ်ဗျ။ ရွေးကောက်ပွဲတွေ စလယ်ဆုံး လွတ်လပ် တရားမျှတပါတယ်လို့ ပြောနိုင်တာ နည်းပါးရခြင်းရဲ့ အကြောင်းရင်းကတော့ အဓိကအားဖြင့် နိုင်ငံ့အကျိုးထက် မိမိတို့ပါတီအကျိုး၊ အများအကျိုးထက် မိမိအကျိုးကို ရှေ့တန်းတင် ဦးစားပေးတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ (သူတို့ထဲက အားလုံးနီးပါးဟာ အာဏာရထား သူတွေဖြစ်တယ် ဆိုတာကိုတော့ အထူးပြောဖို့လိုမယ် မထင်ဘူးဗျ။) ပဲ ဖြစ်တယ်ဗျ။

သာဓုပါဗျာ သံချပ်အဖွဲ့၏ ရင်ကိုထိသော သံချပ်များ


သာဓုပါဗျာ..။ by Niknayman

အလုပ်သမားသမဂ္ဂများဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီမှ ကျင်းပမည့် မေးဒေးနေ့ အခမ်းအနား ဖိတ်ကြားလွှာ

၂၀၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့ တွင် ကျရောက်မည့် (၁၂၂) ကြိမ်မြောက် မေဒေးနေ့  အခမ်းအနားကို အလုပ်သမားများ၊လယ်သမားများ၊အလုပ်သမားအဖွဲ့ အစည်းများ၊အလုပ်သမားလယ်သမားရေး ဆောင်ရွက်သူများနှင့် ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက် ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အချိန် - နံနက် (၁၀း၀၀) နာရီမှ နေ့ လည် (၁း၀၀) နာရီ။
နေရာ - အမှတ် (၅၀)၊ ခရေပင်လမ်း၊ ဘုရားကုန်း၊ ကျိုက်ခေါက်ဘုရားအနီး၊ သံလျှင်မြို့နယ် ရန်ကုန်တိုင်း။

ဆက်သွယ်ရန် -
ကိုထွန်းထွန်းနိုင် - ၀၉-၄၉၂၈၄၃၉၈
မစုစုနွေး - ၀၉-၇၃၂၄၄၄၂၉
မအိေ၇ွှစင်ညွန့်  - ၀၉-၄၃၂၀၉၆၀၈
ဦးသက်ဝေ - ၀၉၈၆၁၁၈၀၃
ကိုဆိုင်း - ၀၉၄၀၁၅၆၄၁၈၉

(၁၂၂) ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားကျင်းပရေးကော်မတီ။
ကော်မတီဝင်များ -
၁။ ဦးမြင့်စိုး (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၂။ ဦးထွန်းထွန်းနိုင် (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၃။ ဦးရဲနိုင်ဝင်း (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၎။ ဦးယဉ်ထွေး (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၅။ ဒေါ်စုစုနွေး (လူ့ အခွင့်အရေး ဆုရှင် -အလုပ်သမားလယ်သမားရေးဆောင်ရွက်သူ)
၆။ ဦးညီညီဇော် ( အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့ )
၇။ ဒေါ်အိရွှေစင်ညွန့်  (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၈။ ဦးသက်ဝေ (အိုင်အယ်အို နှင့် ဆက်သွယ်ကုညီဆောင်ရွက်သူများကွန်ယက်)
၉။ မျိုးကို (ချည်မျှင်နှင့် အထည်ချုပ် အလုပ်သမားများသမဂ္ဂ)
၁၀။ ကိုရဲ (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၁၁။ ဒေါ်ခင်ဌေး၇ီ (အလုပ်သမားလယ်သမားရေးဆောင်ရွက်သူ)
၁၂။ မသီတာ (အလုပ်သမားလယ်သမားရေးဆောင်ရွက်သူ)
၁၃။ ဒေါ်သန်းသန်းဌေး (အလုပ်သမားလယ်သမားရေးဆောင်ရွက်သူ)
၁၄။ ကိုအောင်သန့် (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၁၅။ ကိုထိန်လင်းနိုင် (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၁၆။ ကိုစိုင်း (ခ) ကျော်ဇေလင်း (ဆောက်လုပ်ရေးအလုပ်သမားများသမဂ္ဂ)
၁၇။ ကိုစိန်သောင်း -
၁၈။ ကိုဝင်းမြင့်ဟန်-
၁၉။ ကိုကျော်မိုးဦး (ဆောက်လုပ်ရေးအလုပ်သမားများသမဂ္ဂ)
၂၀။ ဦးသန့် ဇင် (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)
၂၁။ဦးဇော်မြင့်အောင် (လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီ)။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။