Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

4/08/2012

Burmatoday နှင့်ကရင် အမျိုးသား အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်း (Saw Kwe Htoo Win) ဆက်သွယ်မေးမြန်းချက်

New Light of Myanmar April 7, 2012 Page 8 ၂၀၁၂ ဧပြီ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈ မှ
၂၀၁၂ ဧပြီ ၆ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်များနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ကြပ်ပြေးနေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။ ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စီစဉ်ထားပြီး မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန် ပဲခူးတိုင်း ကျောက်ကြီးဒေသနဲ့ တနင်္သာရီတိုင်း ထားဝယ်ဒေသဘက်သို့ သွားရောက်ဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ကရင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဧပြီ ၆ ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။ ထို ဆွေးနွေးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ကရင်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာအစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ ရန်ကုန်တိုင်းက တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ ထို ဆွေးနွေးပွဲကနေ အပစ်အခတ် ရပ်စဲရေး အဓိကအချက်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။ မြန်မာအာဏာပိုင်များနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ရဲ့ သမိုင်းဝင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက ကရင် အမျိုးသား အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် စောကွယ်ထူးဝင်း (Saw Kwe Htoo Win) ကို ၂၀၁၂ ဧပြီ ၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်ပိုင်းက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။ ယနေ့မြန်မာ - ပထမဆုံးအနေနဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့အနေနဲ့ ဘယ်လောက်အထိ သဘောတူညီချက် ရခဲ့သလဲဆိုတာ ရှင်းလင်း ပြောပြပေးစေလိုပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။