Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/15/2011

အမဲလိုက်ပုံပြင်

တစ်ရံရောက
မုဆိုးနှစ်ယောက်
သူတို့ အမဲလိုက်ခဲ့ပုံတွေ
ပြန်ပြောကြတယ်။

တစ်ယောက်က
ကြံ့လိုက်တဲ့အကြောင်း - - -
တစ်ယောက်က
ဖွတ်လိုက်တဲ့အကြောင်း - - -။

စကား ကောင်းနေလိုက်တာ
သူငယ်အိပ်ဆိတ်
တံစက်မြိတ်စွန်းမှာ
လ၀န်းချိတ်ခဲ့ပြီ။

နောက်ဆုံး
ကြံ့လိုက်မုဆိုးက
အသံပြာခဲ့ကြောင်း - -
ဖွတ်လိုက်မုဆိုးက
ဓားမ ဆုံးခဲ့ကြောင်း - -
စကားဝိုင်းသိမ်းတော့
သက်ကြီးခေါင်းချ
ထနောင်းပင်စိမ်းစိမ်းမှာ
လရောင်လည်း သိမ်းခဲ့ပေါ့။

                               အောင်ဝေး

မြွေပွေးကိုက်လို့မသေ မြက်လျှောကိုက်မှ သေမဲ့ မသာ


ဧရာဝတီက
ရေငတ်နေပြီ။

လွတ်လပ်ရေးကျောက်တိုင်ကြီးက
ထောင်ကျနေတယ်။

တပေါင်းလ ခမျာ
အကြောင်းမလှရှာဘူး။

ရန်ကုန် … တဲ့
ပြန်မဆုံတာကြာပြီ။

နောက်ထပ် ရှစ် လေးလုံးဖြစ်ဖို့ 
အနှစ်(၁၀၀)ကြာမယ်။ (၈-၈-၂၀၈၈)

ရန်သူက
အချိန်နဲ့ ဒီရေကိုမစောင့်ဘူး။

ခင်ဗျားတို့
ကိုယ့်တပ်ကိုယ် ပြန်နင်းမှာလား
ကိုယ့်ဇာတ်ကိုယ် ပြန်သိမ်းမှာလား

အမြန်စဉ်းစား
ပြန်စဉ်းစား
ရထားထွက်တော့မယ် မိတ်ဆွေ။ ။ 

                     အောင်ဝေး(ဧပြီ ၆-၂၀၁၁)

ဖီးနစ်ငှက်တို့ ကြေကွဲချိန်


မြင်းရိုင်းကို
ဒုန်းစိုင်းအောင်
သမိုင်းသင်ပေးသူ။

မြစ်တိုင်းကို
လှိုင်းခတ်အောင်
အနာဂတ်သင်ပေးသူ။

ပန်းတိုင်းကို
ကြွေရဲအောင်
အလှသင်ပေးသူ။

မုန်တိုင်းကို
ယဉ်ကျေးအောင်
အကသင်ပေးသူ။

လမ်းတိုင်းကို
"ယင်အန်း"ရောက်အောင်
ခင်းခဲ့သူ။

... ... ... သူ။
... .... ... သူ။
... ... ... သူ။
မီးတောက်မီးလျှံတွေကြားမှာ
ကျနော်တို့
ပျံသန်းဖို့
သံမဏိအတောင်ပံတွေ
ထားရစ်ပြီ။ ။
(မေ ၁၁-၂၀၁၁ နေ့ က၊ရန်ကုန်မြို့ တွင် ကွယ်လွန်ခဲ့သော၊ဆရာနတ်နွယ်သို့ )
ဆရာ့တပည့်ရင်း-
အောင်ဝေး
(မေ ၁၁-၂၀၁၁၊မစ်ရှီဂန်)
 

သမိုင်းမှာ မင်းတရားခံဖြစ်မယ်



မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်။

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်။

တရားဆိုတာ
ညှာလည်းမညှာ၊ ညာလည်းမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာ ပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ ...။ ။
                  
                            ဦးတင်မိုး

ကိုမင်းကိုနိုင် မွေးနေ့ပွဲ အမှီ လွတ်ပါမလား


“ဟင်းယူမလာနဲ့၊ သတင်းယူလာခဲ့၊ ကျောင်းသားတွေ ဘာလုပ်နေလဲ” (မင်းကိုနိုင်) (FB-Min Kyaw Khine)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ပုံတူပန်းချီ (FB-Min Kyaw Khine)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ပုံတူပန်းချီ (FB-Min Kyaw Khine)

မြစ်ဆုံဧရာဝတီ စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ရှိနေဆဲ

မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ ပြောကြားခဲ့သော်လည်း စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။

“အခုထိ သွားလာရေး၊ မြစ်ဆုံတဝိုက်မှာဆိုရင် စစ်တပ်လည်း မရုပ်သေးဘူး။ အလုပ်သမားတွေလည်း ရှိသေးတယ်။ တချို့အလုပ်သမားတွေက မိုးရာသီဖြစ်လို့ သမ္မတ မပြန်ခင် ကတည်းကနေ ပြန်သွားတာ။ ဒါပေမဲ့ သွားရေးလာရေး လုံခြုံရေးကအစ တင်းကြပ်မှုတွေရှိတယ်”ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။

ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့သဘောထားအတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က လွှတ်တော်နှစ်ရပ်လုံးသို့ အကြောင်းကြားခဲ့သည်

“လတ်တလော ကျမတို့သိရသလောက်ဆိုရင် တံတားဆောက်တာတော့ ရပ်ထားတယ်။ တရုတ်ကုမ္မဏီက မြေယာ လာတိုင်းထွာတဲ့ လူတွေရှိတယ်။ နောက်လမ်းဆောက်နေတာတွေ ရှိသေးတယ်။ နောက်တခုက သူတို့ ပစ္စည်းတွေ
ကို စောင့်ဖို့ ဆိုပြီး ရှိနေတဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်”ဟု မအနန်က ပြောသည်။ KDNG အဖွဲ့သည်
၂ဝဝ၄ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းဆောက်လုပ်မှုကို အစဉ်စောင့်ကြည့်နေသော အဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံသား အလုပ်သမား ဝန်ထမ်းအချို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ဆုံစီမံကိန်းနေရာ ဂွေဒူ
ကျေးရွာမှ ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာ၏ မြောက်ဘက်မှ ကံပိုင်တီအထိ လမ်းဖောက်လုပ်မှု ဆက်လက် ရှိနေကြောင်းကို ညွှန်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ လမ်းသည် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်းများကို သယ်ယူရန် အရေးကြီးသည့် ကားလမ်း ဖြစ်သည်ဟု KDNG က မအားနန်က ပြောသည်။

ထို့ပြင် စီမံကိန်းရပ်ဆိုင်းထားသော်လည်း အမှတ် (၂) သတ္တုဝန်ကြီးဌာနနှင့် ဟာခါဘို သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးစေသော ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်မှုများ ဆက်
လက် ပြုလုပ်ဆောင်နေသဖြင့် ရပ်ဆိုင်းရန် အစိုးရထံ တောင်းဆိုလိုက်သည်။

အလုပ်သမားတွေ သပိတ်မှောက်ခွင့် ဥပဒေ ပြဌာန်း

အလုပ်သမားတွေ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ သပိတ်မှောက်ခွင့်ပါတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စု သမ္မတ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အောက်တိုဘာ ၁၁ ရက်နေ့က ပြဌာန်းလိုက်ပါတယ်။
(Photo: AFP)
ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ The Trade Unions Act 1926 ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဖော်ပြပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့၊ အလုပ်သမား အချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စနစ်တကျ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီဥပဒေကို ပြဌာန်းလိုက်တာလို့ ဆိုထားပါတယ်။ ဒါဟာ နိုင်ငံတကာမှာ ဖွဲ့စည်းတဲ့ အလုပ်သမား သမဂ္ဂပုံစံမျိုး မဟုတ်ဘဲ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား အစည်းအရုံးနဲ့ ဆင်တူတယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ရှုမြင်ပါတယ်။ “ကြည့်ရတာကတော့ အရင် မဆလခေတ်က အခြေခံ အလုပ်သမား အစည်းအရုံး ပုံစံမျိုးပါပဲ။ မြို့နယ် ခရိုင် တိုင်း ဗဟို ဆိုပြီးတော့ ဖော်ပြထားတယ်။ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ရမယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ မှတ်ပုံတင်ဖို့ဆိုတာ ပါနေတယ်။ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ အစည်းအရုံးလို့တော့ ကျနော်တို့ မသုံးသပ်မိဘူး” အခန်း ၁၄ ခန်းပါရှိတဲ့ ဒီ ဥပဒေ အခန်း (၁) အပိုဒ် (ဆ) မှာ သတ်မှတ်ချက်တွေနဲ့တကွ ဖော်ပြထားတဲ့ သပိတ်မှောက်ခြင်း ဆိုတဲ့ စကားရပ်ပါရှိပြီး အခန်း (၃) မှာ အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရမယ့် စည်းကမ်းချက်တွေကို ဖော်ပြထားပါတယ်။ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်တဲ့ မှတ်ပုံတင် အရာရှိချုပ်က မြို့နယ် မှတ်ပုံတင် အရာရှိကို တာဝန်ပေးအပ်ရမယ်လို့ ပါရှိပါတယ်။ ဒီ အခန်း (၃) အပိုဒ် (၁၀ ) မှာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဟာ မိမိ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ဒီ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေဘဲ ဒီဥပဒေက သတ်မှတ် ထားတဲ့ အချက်တွေပါဝင်တဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို အဖွဲ့အစည်းဝင် အများစုရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲရမယ်လို့လည်း ပါရှိပါတယ်။ ဒီကန့်သတ်ချက် တွေကြောင့် ပုဂ္ဂလိကတွေ အနေနဲ့ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရမယ့် အခွင့်အလမ်း နည်းပါးတယ်လို့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။ “ပုဂ္ဂလိက အနေနဲ့ကတော့ အလုပ်သမား အစည်းအရုံး ဖွဲ့လို့ရမှာ မဟုတ်ဘူး။ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို လက်တွေ့ ဆောင်ရွက်နေတဲ့ စမ်းချောင်းက ကိုသက်ဝေ ခေါ် ကိုပေါက်စတို့ သင်္ကန်းကျွန်းက ဒေါ်အေးရင်သန်းတို့ စတဲ့ သူတွေက လုပ်ကိုင်ခွင့် ရမယ် မထင်ဘူး။ မှတ်ပုံတင်တာ လိုင်စင်လျှောက်ရမယ့် အနေအထား ရှိတယ်” ဒီ ဥပဒေမှာ တားမြစ်ချက်နဲ့ ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အကြောင်းကိုလည်း ပြဌာန်းထားပါတယ်။

ဦးဝင်းတင်၏ "စိတ်ပျက်တာမဟုတ်ဘူး၊ မကျေနပ်တာ"

လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လွတ်မြောက်လာ သည်ကို ကြိုဆိုသော်လည်း အနည်းငယ်သာ ပါဝင်သည့်အတွက် မကျေနပ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆိုလိုက်သည်။ “ကျနော်တို့က ဒါနဲ့ပတ်သက်ပြီးတော့ မကျေနပ်ဘူး။ သို့သော်အချို့သောပုဂ္ဂိုလ်များ ဘာညာကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စိတ်ပျက်တယ်၊ ဘာညာလောက်ပဲပြောကြတယ်။ ချိုချိုသာသာ ပေါ့ဗျာ။ လျော့လျော့
ပေါ့ပေါ့ ပြောတယ်။ ကျနော်ကစိတ်ပျက်တာ မဟုတ်ဘူးဗျ။ မကျေနပ်တာ”ဟု ၁၉  နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရသူ  ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ  ထောက်ခံချက်ဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့
နိုင်ငံတဝန်း အကျဉ်းသား ၆,၃၅ဝ ဦးလွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၂၁၈ ဦးသာ ပါဝင်ခဲ့မှုအပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ယင်း ၂၁၈ ဦးမှာ NLD မှ ပြုစုထားသည့် စာရင်း ဖြစ်သည်။

“အကြီးတန်းပြဿနာတခုဖြစ်တဲ့ အကျဉ်းသား လွှတ်ရေးကိုတော့ သူတို့ ဘာမှဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက် အကျဉ်းသားလွှတ်ရေးအပေါ်မှာ ကျနော်တို့ ကျေနပ်မှု မရှိသလိုဘဲ ဒီတွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ အပေါ် မှာလည်း  ကျနော်တို့ ကျေနပ်မှု မရှိဘူး” ဟု  ဦးဝင်းတင်က ပြောသည်။

မတ်လအတွင်းက ဦးသိန်းစိန်သမ္မတအဖြစ် တက်လာပြီးနောက်ပိုင်း အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုကိစ္စသည် အဓိက အကြောင်းရာတခု ဖြစ်ခဲ့သည်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်  အောက်တိုဘာ ၁၂ ရက်နေ့ကမှ အောက်တိုဘာ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့ တရားစခန်းတခုတွင် ငါးရက်ကြာ တရားထိုင်လျက်ရှိသည်။  တရားစခန်းမဝင်ခင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်၍  “လူတယောက် လွတ်လပ်ခွင့်ဆိုတာ သိပ်အရေးကြီးတယ်။ အကုန်လုံး လွတ်လပ်ခွင့်ပေးရင် ပိုကောင်းတာပေါ့” ဟု သတင်းထောက်တဦးကို ပြောကြားသွားခဲ့သည်။

“ရိုးသားစစ်မှန်မှုမရှိသော အကျဉ်းသားလွှတ်ပေးမှု”ဆိုကာ လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များထဲတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသားများ ၁ဝဝ ဝန်းကျင်ခန့်အပါအဝင် အကျဉ်းသား ၁,၇ဝဝ ခန့် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်ဟု  ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်
ရေး အသင်း AAPP က ပြောသည်။ ထိုအဖွဲ့၏ စုဆောင်းချက်အရ လွတ်လာသူအကျဉ်းသားမှာ ၂၂ဝ ဦး ရှိသည်ဟု သိရသည်။

“မတရားသဖြင့် ဖမ်းတယ်၊ အိမ်တွေမှာ လာဖမ်းတယ်။ ရပ်ဝေးထောင်တွေကို သူတို့ဟာသူတို့ ပြောင်းတယ်။ လွှတ်ပေးတဲ့အချိန်ကျတော့ ပိုက်ဆံတထောင်ပေးပြီးတော့ မင်းတို့ သွားချင်ရာသွားတော့ ဆိုပြီး လုပ်လိုက်တဲ့ ဟာမျိုးတွေကလည်း ဒါ သာမန်ရာဇဝတ်သားတွေကို လုပ်တဲ့ကိစ္စမျိုးတွေ” ဟု AAPP၏ တွဲဖက် အတွင်းရေှးမှူး ကိုဘိုကြည်က ဆိုသည်။

သို့သော် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထွက်ရှိမည့် ရန်ကုန်ထုတ် The Voice ဂျာနယ်တွင် ပါရှိသည့်
တွေ့ဆုံ မေးမြန်းခန်းတွင် သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြည်ပမှ ပြောဆို
နေသည့် အကျဉ်းသား အရေအတွက်မှာ မမှန်ကန်ကြောင်း ပြန်လည်စွပ်စွဲထားသည်။

“ဘန်ကောက်က လူတွေက စာရင်းကောက်တာက ဘာနဲ့စာရင်း ကောက်တာလဲ။ အကျဉ်းဦးစီးဌာနက သူတို့ကို စာရင်းပို့သလား၊ မဟုတ်ဘူး။ သူတို့ လေသံကြားနဲ့ အကုန်လုံး ထည့်ထားတာတွေ အများကြီး ရှိတယ်။ တချို့ကလည်း ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် စာရင်းများများရလေ ထောက်ပံ့ကြေး များများ ရလေ” ဟု ဦးကိုကိုလှိုင်က The Voice သို့ ပြောသည်။

ထို့အပြင် ပြန်လွှတ်ပေးရန် အတွက် အစိုးရထဲတွင် စိုးရိမ်မှုများ ရှိနေသည်ဟုလည်း စစ်မှုထမ်းဟောင်း
ဖြစ်သော ဦးကိုကိုလှိုင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအနက် ထောင်ဒဏ်ထက်ဝက် ကျခံပြီးသူများကို ရွေးချယ် လွှတ်ပေးခြင်း ဖြစ်သည်ဟု လွတ်မြောက်လာသူများက ပြောသည်။ ဥပမာအားဖြင့် ၁ဝ နှစ်ထောင်ဒဏ်ကျသူဖြစ်လျှင် ငါးနှစ်ကျော်နေပြီးဖြစ်မှ လွှတ်ပေးသည်။ သို့သော်လည်း နိုင်ငံကျော်လူရွှင်တော် ဇာဂနာကဲ့သို့သော လူသိထင်ရှား
ဖြစ်သူများကို သီးသန့်ရွေးချယ် ထည့်သွင်း လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်မှ သီးခြား ရရှိသော သတင်းတရပ်တွင် ကက်ဘိနက်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အပါအဝင် ၁၁ ဦးအဖွဲ့ဝင်ဖြစ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအတွင်း
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန် အထူးတလည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။  ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားများ၏ ဖိုင်တွဲများကို အချိန်ယူလေ့လာခဲ့သည်ဟု ဆိုသည်။

အခြေခံဥပဒေအရ သမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကာလုံဟုခေါ်သော အမျိုးသား ကာကွယ်
ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်လိုသည်။သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ်
နှစ်ဦး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။ 

“အခုလွတ်တဲ့အထဲမှာဆိုလို့ရှိရင် ကျနော်တို့ နေသားကြာတဲ့သူတွေ၊ နှစ်များတဲ့လူတွေ၊ ၁၅ နှစ်ကနေ ၁၅ နှစ်အောက်ပေါ့လေ အဲဒီလူတွေကိုပဲလွှတ်တာပါ။ ကျန်တဲ့လူတွေကို မလွှတ်သေးပါဘူး။ လွှတ်ဖို့အစီအစဉ် ရှိတယ်လို့လည်း ကျနော်တို့ မကြားခဲ့ရပါဘူး” ဟု ယခုလွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသူ ကိုမောင်မြတ်က ပြောသည်။

မန္တလေး အိုးဘိုထောင်မှ လွတ်မြောက်လာသူ ကိုမောင်မြတ်မှာ တမူးမြို့နယ် ခယကရုံးအား ဗုံးဖောက်ခွဲမှု  အပါအဝင် ပုဒ်မ သုံးခုဖြင့် ၁၉၉၇ ခုနှစ်က စွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်ကာ နှစ် ၂ဝ သို့မဟုတ် တကျွန်း ပြစ်ဒဏ်နှင့် ထောင်ဒဏ် ၁ဝ နှစ်၊ စုစုပေါင်း နှစ် ၃ဝ ကျခံရခြင်း ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာချိန်တွင်ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးသူ တဦးဟု  ယခုလ ၁၇ ရက်နေ့တွင် ထွက်ရှိမည့် The Voice  အယ်ဒီတာ့ အာဘော်တွင် ဖေါ်ညွှန်းထားကာ နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုတခုခုနှင့် ထိုက်တန်ကြောင်းလည်း ရေးသားထားသည်။

သို့သော် “အခုဟာက ရွေးလွတ်သွားတယ်၊ လွတ်ရင် မဖြစ်ဘူးလို့ထင်တဲ့ လူတွေကိုလည်း ချန်ထားတယ်” ထိုကဲ့သို့ အကွက်ချ စီမံတတ်ခြင်းကြောင့် “အရမ်းပါးနပ်တဲ့ ဆုတော့ ရသင့်တယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်
ဖြင့် ပြန်လည်လွတ်မြောက်လာသည့် မဖြိုးဖြိုးအောင်က ဝေဖန်သည်။

ဦးသိန်းစိန်၏ လုပ်ဆောင်မှုများကို ကာလတိုဖြင့် တိုင်းတာ၍ မရနိုင်ဘဲ၊ ၁၉၉ဝ မှ ယနေ့အချိန်အထိ လုပ်ဆောင်ချက်များကိုကြည့်ပြီးမှသာ ပြောရမည်ဖြစ်ကြောင်း လွတ်မြောက်ရာတွင်ပါဝင်သူ ၁၉၉ဝ
ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အသက် ၇၃ နှစ်ရှိပြီဖြစ်သော တောင်ကြီးလွှတ်တော် အမတ် ဦးကျော်ခင် က ပြောသည်။

“အဘတို့က လက်တွေ့ဖြတ်သန်းလာတာဆိုတော့ အဲ့ဒီအာဘော်နဲ့တော့ ကွဲလွဲချက်ရှိပါတယ်။ အနှစ် ၂ဝ လုံးလုံး တပ်မတော် အစိုးရကနေ ဆောင်ရွက်တာတွေကို ကြည့်ရမှာ ဖြစ်တယ်။ အဘတို့က ခြုံငုံပြီး ကြည့်ပြီးတော့မှ ပြောရမှာ ဖြစ်တယ်။ ဖြတ်ပြီး ပြောလို့မရဘူး။ နောက်တခုက ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်သူလား၊ စမ်းသပ်နေတာလား ဆိုတာလည်း စောင့်ကြည့်ရဦးမှာဖြစ်တယ်”
ဟု ဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခံသော ဒီချုပ်ကို ယခင်စစ်အစိုးရက အသိအမှတ် မပြုခဲ့ဘဲ နောက်ထပ်နှစ် ၂ဝ အကြာတွင် ရွေးကောက်ပွဲကျင်းပရာ အငြင်းပွားဖွယ်ရာ ရလာဒ်ဖြင့် စစ်ဘက်
ခေါင်းဆောင် များကပင် ထူထောင်ထားခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့သည်။ အစိုးရအဖွဲ့ ကိုလည်း အရပ်ဝတ်လဲ စစ်ဘက်အရာရှိဟောင်းအများစုဖြင့် ဖွဲ့စည်းလိုက်ကြသည်။

နိုင်ငံရေး အကျဉ်းသားတစ်ဦး အထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံရ

နိုင်ငံရေးအကျဉ်းသား တစ်ဦး ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံခဲ့ရပြီး ရှေ့တန်းမှာ မိုင်းထိမှန်ကာ ခြေတစ်ဘက် ပြတ်သွားပါတယ်။
အဲဒီ ခြေတစ်ဘက်ပြတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထွန်းအောင်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးရုံ တင်ထားရာက သမ္မတ ဦးသိန်းစိန် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့ မတိုင်ခင် စက်တင်ဘာ ၂၅ ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုတင်ထွန်းအောင် မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်နေစဉ် မိုင်းထိတဲ့ အထမ်းသမား ၇ဦး ရှိတယ်လို့ ကိုတင်ထွန်အောင်က ပြောပါတယ်။ သာမန်အားဖြင့် နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျသူတွေကို အထမ်းသမား ပေါ်တာအဖြစ် ပို့လေ့မရှိပေမယ့် ကိုတင်ထွန်းအောင်ကတော့ သူ့ကို ဘာကြောင့် ခုလို ခေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာသူ ကိုဇာဂနာက အခုလို ပြောပါတယ်။ “ကျနော့် ဘယ်လိုပြောရမှန်း မသိအောင်ကို တော်တော် တုန်လှုပ်သွားတယ်။ အဲသလိုမျိုး ရက်ရက်စက်စက် ဖြစ်ရတဲ့ အဖြစ်အပျက် ဒါကို အားလုံး သိစေချင်တယ်။ အဲဒီတော့ ကျနော်ကတော့ လောလောဆယ် လူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြတို့ ခေါင်းဆောင်တဲ့ အဖွဲ့ ရှိနေတဲ့ အခါကျတော့ အဲဒီကို ဒီကိစ္စမျိုး တင်ပြသင့်တယ်လို့ ကျနော်ထင်ပါတယ်” ကိုတင်ထွန်းအောင်ဟာ ဒဂုံတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၀၈ခုနှစ်က မျိုးဆက်သစ် လူငယ်များ အစည်းအရုံးနဲ့ ဆက်သွယ်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၈နှစ် အမိန့် ချခံရပြီး ပဲခူးထောင်က တစ်ဆင့် ဘားအံထောင် အဲ့ဒီကမှ ကရင်ပြည်နယ်ကို အထမ်းသမား အဖြစ် ပါသွားခဲ့တာ ဖြစ်ပါတယ်။ ကိုတင်ထွန်းအောင် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တရားမျှတတဲ့ တာဝန်ယူမှု


LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။