Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/04/2011

ဘုန်းတော်ကြီး ဒလိုင်းလားမား တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာ မရသေး



 တနင်္လာ, 03 အောက်တိုဘာ 2011

ရောင်းရင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ မွေးနေ့အခမ်းအနားကို တက်ရောက်ခွင့် ပြု-မပြု တောင်အာဖရိက အစိုးရရဲ့ အဖြေကို တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက စောင့်စားနေဆဲ ဖြစ်ပါတယ်။
အခုလာမယ့် ကြာသပတေးနေ့မှာ စတင်ကျင်းပမယ့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အနှစ် ၈၀ ပြည့် မွေးနေ့ အခမ်းအနားတွေကို တက်ရောက်နိုင်ဖို့အတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားက တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာကို လွန်ခဲ့တဲ့ ၅ လကတည်းက တောင်းခံထားခဲ့တာပါ။ တောင်အာဖရိက တနင်္လာနေ့ ညနေ စံတော်ချိန်အထိတော့ ပြည်ဝင်ခွင့်ဗီဇာကို မရသေးပါဘူး။
ဗီဇာခွင့်ပြုချက် ရရှိဖို့အတွက် Cape Town မှာရှိတဲ့ လွှတ်တော်အပြင်ဘက်မှာ ညလုံးပေါက် ၀တ်ပြု ဆုတောင်းပွဲတွေ ကျင်းပဖို့အတွက် တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားပါတယ်။ တောင်အာဖရိကကို တိဘက်ဘာသာရေး ခေါင်းဆောင်အနေနဲ့ အရင်တုန်းက သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာ      စတုတ္ထအကြိမ် သွားရောက်ဖို့အတွက် ပြည်ဝင်ခွင့် တောင်းခံရာမှာတော့ ပယ်ချတာခံခဲ့ရပါတယ်။ တောင်အာဖရိကရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်အနေနဲ့ ဒီဆုံးဖြတ်ချက်မှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်လို့ အများက ယူဆနေကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံစလုံးကတော့ ဒီအချက်ကို ငြင်းဆိုခဲ့ကြပါတယ်။
ဒီအတောအတွင်း တနင်္လာနေ့က Johannesburg တက္ကသိုလ်ရဲ့ ဗွီဒီယိုရုပ်သံ ဆက်သွယ်ရေးကတဆင့် ဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်အာဖရိကနိုင်ငံဟာ တခြား ကမ္ဘာ့ဒေသတွေမှာ ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားနေမှုတွေကို အားပေးလိုစိတ်မရှိတဲ့အတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့ ဆုံးဖြတ်ချက်ကို အချိန်ဆွဲထားနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

တပ်​ပေါင်း​စုအ​နေဖြင့်​သာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မည်ဟု ​ကေအန်ယူ​ပြော

 ခင်မင်းဇော် အောက်တိုဘာ၃,၂၀၁၁

ကရင်ပြည်နယ်အစိုး ​ရက ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ချက်အ​ပေါ် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) အ​နေနဲ့​သာ ​ဆွေး​နွေး​မယ်လို့​ ​ကေအန်ယူက အ​ကြောင်း​ပြန်လိုက်ပါတယ်။
ကရင်အမျိုး​ သား​အစည်း​အရုံး​ (​ကေအန်ယူ) ထံ ကရင်ပြည်နယ်အစိုး​ရ လုံခြုံ​ရေး​နှင့်​ နယ်စပ်​ရေး​ရာ ဝန်ကြီး​က ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​အတွက် ကိုယ်စား​လှယ်အဖွဲ့​ တဖွဲ့​စေလွှတ်ခဲ့​တဲ့​အ​ပေါ် အ​ကြောင်း​ ပြန်ကြား​လိုက်တာပါ။
ပြိး​ခဲ့​တဲ့​ အပတ်က ကရင်ပြည်နယ် အစိုး​ရလုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှုး​ကြီး​အောင်လွင်က လက်မှတ်​ရေး​ထိုး​ပြီး​ ငြိမ်း​ချမ်း​ရေး​ရယူဖို့​ ပထမဆင့်​ လုပ်ငန်း​စဉ်အဖြစ် ပြည်နယ်အဆင့်​အစိုး​ရနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ​ကေအန်ယူကို ဖိတ်ကြား​ခဲ့​ပါတယ်။
ဒီဖိတ်ကြား​ စာကို ကရင်ပြည်နယ်​ဒေသခံ ဘာသာ​ရေး​ နိုင်ငံ​ရေး​ နယ်ပယ်မှ ပုဂ္ဂိုလ်​တွေပါဝင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​က လာ​ရောက်​ပေး​ပို့​ကာ သ​ဘောထား​မေး​မြန်း​ခဲ့​တာပါ။
ကေအန်ယူ တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ၁ ဗိုလ်မှူး​စောလှ​ငွေက “ကျ​နော်တို့​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​တယ်။ အပစ်အခတ် ရပ်စဲ​ရေး​ကို လိုလား​တယ်။ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ဖို့​ကိုလည်း​ လိုလား​တယ်။ ဒီကိစ္စကို ​ဆောင်ရွက်ဖို့​အတွက် ကျ​နော်တို့​က အစုအဖွဲ့​နဲ့​ အလုပ်လုပ်တဲ့​အတွက်​ကြောင့်​ UNFC (တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ ဖယ်ဒရယ်​ကောင်စီ) က​နေ ​ဆွေး​နွေး​မယ်။ ဒီ​နေရာကတဆင့်​ မလုပ်​တော့​ဘူး​။ ဗဟိုအစိုး​ရနဲ့​ပဲ တိုက်ရိုက်​ဆွေး​နွေး​မယ်။ ကျ​နော်တို့​ သ​ဘောထား​ကို ပြန်​ပြောပြလိုက်တယ်” လို့​ ​ပြောပါတယ်။
ဦး​သိန်း​ စိန်အစိုး​ရအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​လိုရင် အရင်လို တဖွဲ့​ချင်း​ ​ဆွေး​နွေး​ဖို့​မလိုဘဲ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​ကြီး​များ​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ UNFC နဲ့​သာ ​ဆွေး​နွေး​မယ်လို့​ တရား​ဝင်​ကြေညာထား​ပြီး​လည်း​ ဖြစ်ပါတယ်။
တဖွဲ့​ချင်း​တွေ့​ဆုံ​ဆွေး​နွေး​ပါက ကြုံ​တွေ့​ရနိုင်တဲ့​ အ​ခြေအ​နေကိုလည်း​ ပဒို​စောလှ​ငွေက အခုလို​ပြောပါတယ်။
“တဖွဲ့​ချင်း​ ဆွေး​နွေး​ဖို့​က သူတို့​ရဲ့​ ​ပေါ်လစီပဲ​လေ။ ခွဲခြား​ပြီး​တော့​ တဖွဲ့​ချင်း​ ​ဆွေး​နွေး​ပြီး​တော့​ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​ စစ်​ရေး​ ကစား​တာပဲ။ ကျ​နော်တို့​ အ​တွေ့​အကြုံအရ သိတာပဲ။”
သမတဦး​သိန်း​ စိန် အစိုး​ရက ခုလို ငြိမ်း​ချမ်း​ရေး​ စကား​ပြောဖို့​ ကမ်း​လှမ်း​နေသလို တဖက်မှာလည်း​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ထိုး​စစ်​တွေ ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲအမြန်ဆုံး​ခေါ်ယူရန် တိုင်း​ရင်း​သား​ ညီ​နောင် ၅ ပါတီ ​တောင်း​ဆို


 အံဖုန်းမြတ် အောက်တိုဘာ၃, ၂၀၁၁
နယ်စပ် ​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ လက်နက်ကိုင်ပဋိပက္ခ​တွေကို ရပ်စဲပြီး​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ အမြန်ဆုံး​ခေါ်ယူ​ဆောင်ရွက်ဖို့​ ​ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​ ညီ​နောင် ၅ ပါတီက ​တောင်း​ဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်​နေ့​က ညီ​နောင် ၅ ​ပါတီ ပူး​တွဲထုတ်ပြန်တဲ့​ ​ကြေညာချက်မှာ ​တောင်း​ဆိုလိုက်တာပါ။
ဦး ဇိုဇမ်း
အစိုး​ရသစ် ဦး​ဆောင်မှုနဲ့​ တိုင်း​ရင်း​သား​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ၊​ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်​တွေ၊​ ပညာရှင်​တွေ ပါဝင်တဲ့​ ငြိမ်း​ချမ်း​ရေး​ကော်မတီ ဖွဲ့​စည်း​ပြီး​ ငြိမ်း​ချမ်း​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ ကျင်း​ပဖို့​ ​ကြေညာချက်ထဲမှာ တိုက်တွန်း​ထား​ပါတယ်။
ဒါနဲ့​ ပတ်သက်ပြီး​ ချင်း​အမျိုး​သား​ပါတီဥက္ကဋ္ဌ ဦး​ဇိုဇမ်း​က “ဒီ​နေ့​အထိ တိုင်း​ရင်း​သား​ဒေသ​တွေမှာ လက်နက်ကိုင် ပဋိပက္ခ​တွေက ဆက်လက်ပြီး​ ဖြစ်ပွား​မြဲဆိုတာ စိတ်မ​ကောင်း​ကြီး​စွာနဲ့​ စိုး​ရိမ်ပူပန်​နေပါတယ်ဆိုတာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့​စည်း​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​ကော်မတီမှာလည်း​ မိမိတို့​ အကြံပြုထား​တဲ့​အတိုင်း​ ပါဝင်သင့်​ ပါဝင်ထိုက်တဲ့​သူ​တွေ မပါ​သေး​ဘူး​ဆိုတာ ​တွေ့​ရတဲ့​အတွက်​ကြောင့်​ အဲဒီအတွက် ဖြည့်​စွက်​ပေး​ဖို့​ တင်ပြထား​တာဖြစ်ပါတယ်။ တဆက်တည်း​မှာပဲ နှစ်ဦး​ နှစ်ဖက် အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာ​ပေး​ဖို့​ဖြစ်တယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို အမြန်ဆုံး​ခေါ်ယူ ကျင်း​ပ​ပေး​ဖို့​ရန် တိုက်တွန်း​ထား​တာလည်း​ ဖြစ်ပါတယ်။”
ဒါ့​အပြင် ဧရာဝတီမြစ်ဆုံစီမံကိန်း​ကို သမ္မတဦး​သိန်း​စိန်က ရပ်ဆိုင်း​ကြောင်း​ ​ကြေညာ လိုက်တဲ့​အ​ပေါ် ကြိုဆို​ကြောင်း​ အပါအဝင် သမ္မတရဲ့​ သဝဏ်လွှာအတွင်း​မှာပါဝင်တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ဖို့​ စီစဉ်​နေတဲ့​အ​ပေါ်ကိုလည်း​ အမြန်ဆုံး​အ​ကောင်အထည်​ဖော်​ပေး​ဖို့​ တိုက်တွန်း​ကြောင်း​ ​ဖော်ပြထား​ပါတယ်။
ဦး​ဇိုဇမ်း​က “သမ္မတ ဦး​သိန်း​စိန် သဝဏ်လွှာထဲမှာ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​ကိစ္စ၊​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ အရ အပ်နှင်း​ထား​တဲ့​ အတိုင်း​ အဲဒီအခွင့်​အာဏာထဲက​နေ ​ဆောင်ရွက်​ပေး​သွား​မယ်ဆိုတာ ရှိပါတယ်။ အဲဒါ​ကြောင့်​ နှစ်ရှည်လများ​ ပြစ်ဒဏ်ကျခံ​နေရတဲ့​ ဦး​ခွန်ထွန်း​ဦး​၊​နဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ မင်း​ကိုနိုင်နဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ အပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ပြန်လွှတ်​ပေး​ဖို့​ရန် အမြန်ဆုံး​အ​ကောင်အထည် ​ဖော်​ပေး​ပါရန် တိုက်တွန်း​အပ်ပါတယ်ဆိုပြီး​တော့​ ကျ​နော်တို့​ရဲ့​ ​ကြေညာချက်မှာ အဲဒါ​တွေပါပါတယ်” လို့ ပြောပါတယ်။
တိုင်း​ရင်း​ သား​ညီ​နောင် ၅ ပါတီမှာ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီ၊​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ၊​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ၊​ ဖလုံ-စ​ဝေါ် ဒီမိုကရက်တစ်ပါတီနှင့်​ ချင်း​အမျိုး​သား​ပါတီတို့​ ပါဝင်ပါတယ်။
ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေကို အစိုရက အ​ကောင်အထည်​ဖော်ဖို့​နဲ့​ အ​ကောင်အထည်​ဖော်တဲ့​နေရာမှာ ​ဒေါ်အာင်ဆန်း​စုကြည်လို ပြည်သူ​တွေ ယုံကြည်အား​ကိုး​ရတဲ့​ ​ခေါင်း​ဆောင်​တွေ၊​ ပညာရှင်​တွေပါဝင်ဖို့​ကိုလည်း​ အရင်က ​တောင်း​ဆိုခဲ့​ကြဖူး​ပါတယ်။
 

ရထားဝန်ထမ်းဟောင်းများ လမ်းဘေးရောက်

 မြတ်မိုး  Tuesday, 04 October 2011 12:02
ရန်ကုန်တိုင်း အတွင်းရှိ ရထားဝန်ထမ်း အိမ်ရာများတွင် လက်ရှိ ရထားဝန်ထမ်း မိသားစုဝင် မဟုတ်သူများကို  ဆက်လက် နေထိုင်ခွင့် မပြုဘဲ ပြောင်းရွှေ့ခိုင်းမှုကြောင့်  မိသားစုပေါင်း ရာချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေသည်။

Former Railway staff
ရန်ကုန်တိုင်းအတွင်းရှိ ရထားအိမ်ရာများမှ ပြောင်းရွှေ့ရသည့် မိသားစုပေါင်း ၃၀၀၀ နီးပါး ရှိသည် (ဓာတ်ပုံ - ဧရာဝတီ)
စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ပြီး ၀န်ထမ်းအိမ်ရာမှ ဖယ်ရှားခံရသူ အများအပြားမှာ ပင်စင်စား ရထားဝန်ထမ်း မိသားစုများဖြစ်ပြီး အိမ်သစ် မရှာနိုင်သေးသဖြင့် ဘူတာရုံများ၊ မြေလွတ်များတွင် ယာယီ နေထိုင်နေကြသည်။

''၁၀ ရက် ကျော်ပြီ။ ဘူတာရုံမှာ နို့မပြတ်သေးတဲ့ ကလေးတွေနဲ့ အိပ်နေရတာ" ဟု သင်္ဃန်းကျွန်း ရထားဝန်ထမ်း အိမ်ယာမှ ထွက်ခွာခဲ့ရသော ရထားဝန်ထမ်းဟောင်း တဦး၏ သမီး ဒေါ်တင်တင်ဝင်းက ပြောသည်။

တခြားနေရာသို့ ပြောင်းရွှေ့ပြီးအိမ်ငှားရန် ငွေကြေးအလုံအလောက် မရှိကြောင်း မလွှကုန်း ဘူတာရုံတွင် ယာယီ နေထိုင်နေသော  မီးရထား သံလမ်း ပြုပြင်ရေး ၀န်ထမ်းဟောင်းတဦီးက ပြောသည်။

"အောက်ခြေ၀န်ထမ်းရတဲ့ပိုက်ဆံက စားဖို့ အနိုင်နိုင်။ သူတို့ သတ်မှတ်ထားတဲ့ ကာလမှာ အိမ်တလုံးငှားဖို့ ပိုက်ဆံ မရှာနိုင်တော့ လမ်းဘေးမှာ ကလေးတွေနဲ့ နေတယ်"ဟု သူက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရထားအိမ်ရာများမှ  ပြောင်းရွှေ့ရသည့် မိသားစုပေါင်း ၃၀၀၀ နီးပါး ရှိသည်ဟု မီးရထားဝန်ကြီးဌာနထံမှ သိရသည်။

ဝန်ထမ်းမိသားစုဝင် မဟုတ်သူများကို ပြောင်းရွှေ့ရန် တလ ကြိုတင် အသိပေးခဲ့ကြောင်း၊ ၀န်ထမ်းအိမ်ရာများတွင်  လူပေါင်းစုံ လာရောက် နေထိုင်ပြီး ရာဇ၀တ်မျိုးစုံ ဖြစ်နေသောကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မီးရထားဝန်ထမ်းများ နေထိုင်သည့် ပေ၂၀ ပတ်လည် မြေကွက်တကွက်တွင် မိသားစုသုံးစု အထိ ငှားရမ်းပြီး အတူ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

"ငှားထားတဲ့ လူတွေကို စပေါ် ယူထားလို့ ပြန်မရှင်းနိုင်ရင် အဲဒီဝန်ထမ်းပါ အလုပ် ဖြုတ်ပစ်တယ်" ဟု ဗိုလ်တထောင် ရထားဝန်ထမ်း အိမ်ရာတွင် နေထိုင်သူတဦးက ဆိုသည်။

မိသားစု အများအပြားသည် ပြောင်းရွှေ့ပေးရပြီး ရက်၂၀ ကျော် ကြာလာသည့်တိုင် နေထိုင်ရန်အိမ် ရှာဖွေနိုင်ခြင်း မရှိသေးပေ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ အသနားခံစာတင်မည်

 2011.10.3
ဖီဖာ ခေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ မြန်မာနိုင်ငံ အသင်းကို ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်တဲ့ ကိစ္စအပေါ် အသနားခံစာ တင်မယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဂျိုးဇက်ဖ် ဘလတ်တာ (အလယ်) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် (၀ဲအစွန်)ကို ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော မြန်မာဘောလုံးအသင်း သင်တန်းကျောင်းဖွင့်ပွဲတွင် တွေ့ရစဉ်။

ဒီမေတ္တာရပ်ခံစာကို ဆွတ်ဇာလန် နိုင်ငံ ဇူးရစ်မြို့ အခြေစိုက် ဖီဖာရုံးချုပ်ကို အခု ရက်ပိုင်းအတွင်း ပေးပို့မှာ ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောပါတယ်။ ၃ ရက်အတွင်း အပြီးလုပ်ရမယ်လို့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက လာတဲ့စာမှာ ပါရှိကြောင်း၊ လုပ်ဆောင်မယ့် အကြောင်း မိမိတို့က အကြောင်း ပြန်ကြားပြီး ဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ရေးသားနေပြီး အချိန်မှီ တင်သွင်းမှာ ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောပါတယ်။ မြန်မာဘောလုံး အသင်းဟာ အိုမန်အသင်းနဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ရန်ကုန် သုဝဏ္ဏကွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်ရဲ့ စည်းကမ်းမဲ့ အားပေးမှုကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အရေးယူမှု ခံခဲ့ရပါတယ်။ အဲဒီပွဲမှာ မြန်မာဘောလုံးပွဲကြည့် ပရိသတ်က ဖိနပ်၊ ရေသန့်ဘူး၊ စူးချွန်၊ ခဲ စတာတွေနဲ့ အိုမန် ဘောလုံးသမားတွေကို အကြမ်းဖက် ပစ်ပေါက်ခဲ့ကြတဲ့ အတွက် ဒဏ်ရာ အနာတရ ရှိခဲ့ပြီး၊ ထိန်းမနိုင် သိမ်းမရနဲ့ ပွဲပျက်သွားခဲ့ပါတယ်။ အဲဒီနောက် ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ ၃ သောင်းခန့်နဲ့ ညီမျှတဲ့ ဆွစ်ဖရန့်ငွေ နှစ်သောင်းခွဲ ဒဏ်တပ်ခဲ့တဲ့ အပြင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်းကို ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဖီဖာကို အယူခံတင်သွင်းမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အမေရိကန်ကျောင်းသူ လူသတ်မှုပြစ်ဒဏ် အီတလီတရားရုံး ပယ်ဖျက်

တနင်္လာ, 03 အောက်တိုဘာ 2011

အီတလီနိုင်ငံ ပရူးဒါးမြို့ ဂျူရီအဖွဲ့က အမေရိကန် တက္ကသိုလ်ကျောင်းသူ Amanda Knox အပေါ် လူသတ်မှုနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပြီး သူမကို လွှတ်ပေးဖို့အတွက် အမိန့်ချမှတ်လိုက်ပါတယ်။ ဒီလို အမိန့်ချပြီးတဲ့နောက် Amanda Knox ဟာ ၀မ်းသာပြီး တရားရုံးအတွင်း ငိုကြွေးခဲ့သလို တရားရုံးတွင်းမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။
Knox ရဲ့ အရင်ရည်းစားလည်းဖြစ်၊ သူနဲ့အတူ အမှုမှာ ပါဝင်ပတ်သက်နေတဲ့ Raffaele Sollecito ကိုလည်း အမှုကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။ Knox ကို ၂၀၀၇ ခုနှစ်က သူ့ရဲ့အခန်းဖော် Meredith Kercher ကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထားတာပါ။ သူဟာ သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှု၊ ခိုင်းစေမှုတွေကို မကျူးလွန်ခဲ့ကြောင်း တရားသူကြီးကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် Kercher အသတ်ခံခဲ့ရတဲ့ Sollecito ရဲ့အိမ်မှာ ရုပ်ရှင်ကြည့်နေတယ် ဆိုတဲ့ပြောဆိုချက်ကိုပဲ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။
အစိုးရရှေ့နေတွေကတော့ သူဟာ အယောင်ဆောင်ထားတဲ့ စုန်းမလို့ စွပ်စွဲခဲ့ပါတယ်။ အမှုမှာ တင်ပြထားတဲ့ DNA အထောက်အထား မခိုင်လုံဘူးလို့ မှုခင်းကျွမ်းကျင်သူတွေက တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

 တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် မြေအောက်ရထားနှစ်စီး တိုက်မိခဲ့ပြီး လူ ၂၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

Wednesday, 28 September 2011 06:05
AddThis Social Bookmark Button
b4_26_15
ရှန်ဟိုင်းတွင် မြေအောက်ရထားတိုက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်

တရုတ် ကူးသန်းရောင်းဝယ်ရေး ဗဟိုချက် ရှန်ဟိုင်းမြို့လယ်ခေါင် ဥမင်လိုဏ်ခေါင်းတစ်ခုတွင် စက်တင်ဘာ လ ၂၇ ရက်နေ့က မြေအောက် မီးရထားနှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၈၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လက တရုတ်နိုင်ငံအရှေ့ဘက် ၀မ်ကျိုးမြို့တွင် အမြန်ရထား တိုက်မှုကြောင့်လူ ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီးနောက် မြေအောက် မီးရထားနှစ်စီးတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

လျပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် အချက်ပြစနစ် ချို့ယွင်းခဲ့ပြီးနောက် ထိန်းချုပ်ကွပ်ကဲသူများသည် သင့်တော်သည့်နည်းလမ်းများအတိုင်း မဆောင်ရွက်နိုင်ခဲ့သဖြင့် ရထားတစ်စီးက နောက်တစ်စီးကိုတိုက်မိခဲ့ ခြင်းဖြစ်ကြောင်း Shanghai Shentong Metro ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

အချက်ပြကိရိယာ ချို့ယွင်းမှုကြောင့် ရထားတိုက်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ရှန်ဟိုင်း၊ ရှန်တုန် မြေအောက်ရထားကုမ္ပဏီက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် လူ့အမှားကြောင့် မတော်တဆမှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြေအောက်ရထားလိုင်း အမှတ် (၁၀) (Line 10) ၏ အချက်ပြစနစ်ကို တရုတ်၏မြန်နှုန်းမြင့် မီးရထားများအတွက် အချက်ပြစနစ်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ပေးထားခြင်းဖြစ်သည်။ ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် အချက်ပြကိရိယာ ၏ဒီဇိုင်း မှားယွင်းမှုအတွက်ကြောင့် ဇူလိုင်လ မြန်နှုန်းမြင့် မီးရထားနှစ်စီးတိုက်မှု ဖြစ်ခဲ့ရသည်ဟု ဝေဖန်ပြစ် တင်ခံခဲ့ရသည်။ အမှတ် (၁၀)ရထား လိုင်းကို ယမန်နှစ်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုတွင် လိုက်ပါသွားသူ ၁၈ ဦးစလုံး သေဆုံး


အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းတွင် ပျက်ကျခဲ့သော လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါသွားသူ ၁၈ ဦးစလုံး သေဆုံးခဲ့ကြောင်း အောက်တိုဘာလ ၁ ရက်နေ့တွင် တာဝန်ရှိ သူများက ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်နေ့က တောနက်အတွင်း ပျက်ကျခဲ့သောလေယာဉ်ကို မီတာ ၁၀၀ အမြင့်မှ ရဟတ်ယာဉ်ဖြင့် ရှာဖွေရာ၌ ပြန်လည်တွေ့ရှိစဉ်တွင် တံခါးတစ်ချပ် ပွင့်နေသောကြောင့် လိုက်ပါလာသွားသူများ အသက်ရှင်နိုင်ဦးမည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့ရာတွင် ရဟတ်ယာဉ်များဖြင့် မြေပြင်သို့ဆင်းသက်ကာ ရှာဖွေမှုပြုလုပ်ရာတွင် အားလုံးသေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ စပိန်နိုင်ငံလုပ် CASA C-212 လေယာဉ်သည် ဆူမားတြားကျွန်း မြောက်ပိုင်းမှ အာချေးပြည်နယ်သို့ ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်တချို့တွင် ဝန်ထမ်းတချို့ မရိုးမသားပြုလုပ်နေ




October 4, 2011


မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုမှ ငွေကျပ် ၁၂၅ သိန်းကို ဩဂုတ်လ တတိယပတ်အတွင်းက ထုတ်ယူခဲ့ရာ ကျပ်တစ်ထောင်တန် တစ်သိန်းအုပ် ၂ အုပ်တွင် အပေါ်နဲ့ အောက် တစ်ရွက်စီမှအပ ကျပ် ၂၀ဝ တန်များ ညှပ်ထားတာကိုရော နှော ထုတ်ယူမိပါတယ်။ ထုတ်ယူခဲ့ သူက ကျွန်တော် အိမ်ရောင်းထား တဲ့ငွေကို ပုဂ္ဂလိကဘဏ်မှာ ခဏ အပ်ထားတာပါ။ ပြန်ဝယ်မယ့်အိမ် ကို စိတ်တိုင်းကျရှာလို့ရမှ ဘဏ်က နေ ငွေထုတ်တော့ အခုလို ကြုံရတာ ပါ။

၂၀ဝ တန်တွေ ညှပ်ထားတာကို လည်း ချက်ချင်းမသိပါဘူး။ အိမ်ဖိုး ငွေ အကျေချေတော့မယ်ဆိုမှ စစ် ရင်းအခုမှသိတာပါ။ သိသိချင်းငွေ ထုတ်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်ရဲ့ မန်နေ ဂျာနဲ့တွေ့ပြီး ကျွန်တော် ကြုံရတာကို ပြောပြပါတယ်။ ကျွန်တော်လာတာ က ကွာဟတဲ့ငွေ ၁၆၀ဝ၀ဝ ကျပ် နီးပါးကို အလျော်ပေးဖို့ လာပြော တာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ ဘဏ်မှာ မရိုးသားတဲ့ဝန်ထမ်းတချို့ ရှိနေ တယ်ဆိုတာကို သတိထားနိုင် ဖို့ အသိပေးတာပါ။ ကျွန်တော့်ဘက် က ဘယ်လောက်ပဲ ရိုးသားသည် ဖြစ်စေ၊ မှန်ကန်မှုရှိသည်ဖြစ်စေ ဘဏ်အတွင်းမှာ ရေတွက်စစ်ဆေးမှု မပြုခဲ့တာကိုက အဓိကအမှားဆိုတာ ဝန်ခံပါတယ်။...... ဘဏ်အပေါ် မှာ ယုံကြည်ခဲ့တာလည်းပါတယ်။ ဘဏ်နဲ့ ဆက်ဆံနေကြသူအားလုံးကို သင်ခန်းစာရစေချင်လို့ပါ။

မန်နေဂျာ က ကျွန်တော့်ဆီက တစ်သိန်းအုပ် ၂ အုပ်ကို ယူကြည့်ပြီး ငွေရေတွက် သူရဲ့ လက်မှတ်မပါဘူးလို့ ပြော တယ်။ မရိုးမသားလုပ်မယ့်သူက သူပါလို့ ဘယ်မှာ လက်မှတ်ထိုးပါ့ မလဲ စသည်ဖြင့် ပြောပြခဲ့ပါတယ်။ ယခုဖြစ်စဉ်တွင်....ဘဏ်တွင် ကျင့်သုံးသော စနစ်အရ ကျပ်တစ် သိန်း ၁၀ အုပ်လျှင် တစ်စည်းပလပ် စတစ် ကြိုးဖြင့်စည်းထားခြင်း၊ ကျပ် တစ်ထောင်တန်နဲ့ နှစ်ရာတန် အသေးတို့မှာ အရွယ်အစားထပ်တူ ဖြစ်ခြင်း၊ (မတူရင်လည်း တူအောင် လို့ မသမာသူကညှိတယ်) ပုဂ္ဂလိက ဘဏ်သို့အသွားအလာနည်းပြီး မျက် နှာစိမ်းဖြစ်ခြင်း၊ ရေတွက်စစ်ဆေးမှု မပြုဘဲ ပေါ့ဆခြင်း၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးတလေရဲ့ မရိုး သားမှုကို တာဝန်ရှိသူ မန်နေဂျာမှ မသိရှိခြင်းတို့ကိုလည်း တွေ့ရတယ်။

ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပုဂ္ဂလိက ဘဏ်မှမဟုတ်ဘူး၊ ငွေနည်းလို့ များ လို့လည်းမဟုတ်ဘူး၊ ကျွန်တော်တို့ ငွေလက်ခံရင်လည်း ကိုယ်လက်ခံ မယ့် ငွေထက်တန်ဖိုးနည်းတဲ့ငွေတွေ ညှပ်ထားတာကို ပုဂ္ဂလိကဘဏ်မှာ ရော၊ ပွဲရုံမှာပါ ကြုံဖူးပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါဘူး။ ကိုယ့်ဘဏ်ကသာ ငွေလက်ခံတဲ့ အခါ အစိမ်းအကျက်မရွေးဘဲ စိတ် ရှည်ရှည်ထားပြီး အလုပ်သဘော အရ ရေတွက်စစဆေးဖို့လိုပါ တယ် လို့ ပြောပြခဲ့ပါတယ်။

သတင်း...မန္တလေး အလင်း

`` ထီ ``





5682806.jpg

``ဟူး…. ဒီတစ်ပတ်လည်း ထီမပေါက်ပါလား``

ထိုးထားတဲ့ ထီတွေရယ်၊ ထီပေါက်စဉ်ရယ် တိုက်ပြီး ကျွန်တော် ညည်းတွားမိတယ်။ လဆန်းတိုင်း ထီဖွင့်ရက်ဆိုရင် ထီပေါက်လိမ့်မလားလို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ထီတိုးခဲ့တာ ဒီအသက် ဒီအရွယ်ထိပါပဲ။ ထီထိုးတိုင်း လိပ်စာပေးခဲ့တယ်။ ဖုန်းနံပါတ်ပေးခဲ့တယ်။ လစဉ် လဆန်း (၁) ရက်၊ (၂)ရက် ဆိုရင် ထီပေါက်ကြောင်း ဘယ်သူများ လာပြောမလဲလို့ အမြဲရင်ခုန်မိတယ်။ ထီပေါက်ကြောင်း ဖုန်းများဆက်လေမလားလို့ ဖုန်းသံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။

မြတံခွန်နဲ့ အောင်သန်းဆု  ထီဆိုင်ကြီးတွေက သိန်းထောင်ဆုပေါက်တဲ့ သူကို အပိုဆုပေးတဲ့ အခမ်းအနားပွဲတွေ တွေ့တိုင်း အားကျမိတယ်။ တစ်နေ့… အဲဒီနေရာမှာကိုယ်ဖြစ်ရမယ်ဆိုတဲ့ အသိစိတ် ရင်ထဲမှာအမြဲရှိနေတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်လိုက်မယ်ဆိုတဲ့ စိတ်ကူးကလည်း ရှိနေသေးတယ်။

ကျွန်တော် တစ်ခါမှ ထီမပေါက်ဘူးပါ။ ဒါပေမဲ့ ထီပေါက်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒီကနေ့ထိတော့  စိတ်ဓာတ်မကျပဲ ထီကို ဇွဲရှိရှိနဲ့ ထိုးဆဲပါ။ အတိတ်က ဒါနမျိုးစေ့ ဘယ်လောက်ရှိသလဲ သိချင်လို့ လစဉ်ထီထိုးပါတယ်။ လစဉ်လည်း မျှော်လင့်ပါတယ်။

လက်ဖက်ရည်ဆိုင်တွေမှာထီရောင်းတဲ့ကလေးတွေ ရှိပါတယ်။ သူတို့ကိုတွေ့ရင် ကျွန်တော် ထီ အမြဲတမ်းထိုးတယ်။ အလကားနေရင်းတောင် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဘီယာဆိုင်ထိုင်ပြီး ပိုက်ဆံတွေ ကုန်သွားတက်သေးတာ။ ထီထိုးတယ်ဆိုတာ ထီမဖွင့်မချင်း ငါ ထီပေါက်နိုင်တယ်ဆိုတဲ့ အရသာရှိတဲ့ စိတ်ကလေးနဲ့ နေရထိုင်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ ထီမပေါက်ခဲ့ဖူးဆိုရင်လည်း တစ်လအတွင်း ပြန်ပြီး ကံစမ်းခွင့်ရှိတယ်။ လစဉ် လဆန်းတိုင်း၊ ရင်ခုန်ရတဲ့ အရသာကို ထီထိုးဖူးသူတိုင်း သိကြပါတယ်။


***************


ကျွန်တော် ညနေ (၃)နာရီဆိုရင် ``မင်းမဟာ`` လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျပါ။ ``လက်ဖက်ရည်မိတ်ဆွေ`` တွေ ကျွန်တော့်မှာ ရှိပါတယ်။ စကားပြောဖော်ပြောဖက်တွေပါ။ စာပေဆွေးနွေးဖော် ဆွေးနွေးဖက်တွေပါ။ ထီထိုးဖော်ထိုးဖက်တွေပါ။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတော့ ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။

တစ်ခါတလေလည်း ဘောလုံးပွဲအကြောင်း၊ တစ်ခါတစ်လေလည်း ကမ္ဘာသတင်း… နိုင်ငံသတင်းအကြောင်း၊ တစ်ခါတလေကျတော့လည်း ရာသီဥတုအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖြစ်ကြတယ်။ တစ်ခါတလေ ကျတော့လည်း တရားဓမ္မအကြောင်း၊ တရားစခန်းအကြောင်း ပဋိစ္စသပုပ္ပါဒ် အကြောင်း ပြောဖြစ်ပြန်တယ်။ တစ်ခါတလေတော့လည်း ဘီယာဆိုင်က ကောင်မလေးတွေအကြောင်း မြေဈေးအကြောင်း၊ အိမ်ဈေးအကြောင်း၊ ပြောဖြစ်ပြန်တယ်။

လကုန်ခါနီးတိုင်း ပြောဖြစ်တာကတော့ ထီဖွင့်ခါနီးပြီဆိုတဲ့အကြောင်း၊ ထီပေါက်ရင်ဘယ်လိုကဲလိုက်မယ်…၊ ဘာတွေဝယ်လိုက်မယ်..၊ ဘယ်တွေ သွားလိုက်တယ် ဆိုတဲ့အကြောင်း ပြောဖြစ်ကြတယ်။

ကျွန်တော်တို့ စကားပြောတဲ့ လကုန်ခါနီးတစ်ရက်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ တစ်ယောက်က စကားပြောရင်း ``ခေါင်းမူးတယ်`` လို့ ပြောတယ်။ သူ အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း (၄)နာရီထိုးတော့ စာသင်ဖို့ အတွက် အတန်းတွေရှိတဲ့ဆီကို သွားခဲ့ရတယ်။ ပထမအချိန် ပြီးခါနီး ညနေ (၅)နာရီလောက်မှာ ကျွန်တော့်ဆီကို တယ်လီဖုန်း မြည်လာတယ်။ ညနေက ခေါင်းမူးပြီး အိမ်ပြန်သွားတဲ့ ကျွန်တော့်မိတ်ဆွေ သွေးတိုးဖြစ်ပြီး ဆုံးသွားတယ်တဲ့…။

ကျွန်တော် အရမ်းအံ့သြသွားတယ်။ ညနေကမှ ထီပေါက်ရင်… ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြသေးတာ။ အခုသူက မရှိတော့ဘူးတဲ့.. မြန်လိုက်တာ။ ဒီလိုနဲ့ သူ့အသုဘကို ကျွန်တော် လိုက်ပို့ရတယ်။ အသုဘ လိုက်ပို့ရင်း ကျွန်တော်စဉ်းစားမိတာလေး ပြောပြပါရစေ။

……

မြန်မာနိုင်ငံမှာ လူသန်းပေါင်း (၅၀)ကျော် ရှိတယ်။ တစ်လကို သိန်း (၁၀၀၀) ထီတစ်ဆုပဲ ဖွင့်တယ်။ လူသန်းပေါင်း (၅၀) ထဲမှာ တစ်ယောက်သာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ သိန်း (၁၀၀၀) ဆုကို ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲယုံကြည်ကြတယ်။ ထီမပေါက်သေးဘူး.. ပေါက်ခဲ့ရင် လှူမယ်၊ တန်းမယ်၊ ရွှေဝယ်မယ်၊ မြေဝယ်မယ်၊ ကဲမယ်၊ သုံးမယ်၊ ငွေဆောင်သွားမယ်၊  ချောင်းသာသွားမယ်၊ မိသားစုနဲ့ ဘုရားဖူးထွက်မယ်၊ ကားဝယ်မယ်၊ လုပ်ငန်းတစ်ခုခုမှာ ငွေအရင်းထည့်ပြီး စီးပွားရေး လုပ်ပစ်လိုက်မယ်…။ ဒီလိုတွေးပြီး စိတ်ကူးတွေယဉ်လိုက်ကြရတာ လစဉ်တိုင်းပါပဲ။ ကျွန်တော်လည်း သိန်း (၁၀၀၀) ထီမပေါက်ဖူးဘူး။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း သိန်း (၁၀၀၀) ထီပေါက်တဲ့သူ မကြားဖူးဘူး။

အခု… သေသွားတဲ့ကျွန်တော့်မိတ်ဆွေဟာ သိန်း (၁၀၀၀) ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး အမြဲပြောတက်တဲ့သူ။ ဒါပေမဲ့ သူ… မရှိတော့ဘူး။ မသေချာတဲ့ သိန်း(၁၀၀၀) ထီပေါက်ဖို့ ယုံကြည်မျှော်လင့်နေကြတဲ့ ကျွန်တော်တို့ မေ့နေတာ တစ်ခုရှိတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ သိန်း (၁၀၀၀) ထီပေါက်ဖို့ က မသေချာဘူး။ တစ်ယောက်တည်းသာ ဖြစ်နိုင်တယ်။ အဲဒီတစ်ယောက်ဟာ ကိုယ်ဖြစ်မယ်လို့ အမြဲစိတ်ကူးယဉ်ခဲ့ကြတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ နေ့စဉ် နေ့စဉ် သေဆုံးနေကြတဲ့ လူတွေကို မြင်တိုင်း အဲဒီတစ်ယောက်ဟာ ငါဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူး။ စိတ်မကူးခဲ့ဖူး။

သေဖို့ကတော့ သေချာတယ်။ ထီပေါက်ဖို့က မသေချာဖူး။

ဒါပေမဲ့ ငါ.. သေမယ်လို့ တစ်ခါမှ မတွေးမိဖူး။ မန္တလေးမြို့မှာဆိုရင် နေ့စဉ် လူ (၇၀) လောက်၊ သေနှုန်းရှိတယ်။ တစ်လကို လူ (၂၀၀၀) ကျော်လောက် သေတယ်။ အဲဒီထဲမှာ ကိုယ်ပါနိုင်တယ်လို့ တစ်ခါမှ မတွေးမိဖူး။ ဒါပေမဲ့  လူသန်း (၅၀) မှ တစ်ယောက်သာဖြစ်နိုင်တဲ့ သိန်း (၁၀၀၀) ထီကိုတော့ ကိုယ့်အလှည့် ရောက်နိုင်တယ်လို့ အမြဲတွေးမိတယ်။

ကျွန်တော့်တို့ စိတ်တွေဟာ သိပ်ပြီးအံ့သြစရာကောင်းတယ်။ အကောင်းတွေကိုတော့ အမြဲမျှော်လင့်တယ်။ အဆိုးတွေကိုတော့ နားနဲ့တောင် မကြားချင်ဖူး။

ဗေဒင်ဆရာက ထီပေါက်နိုင်တယ်လို့ပြောရင် ကြိုက်တယ်။ ဘယ်ဆိုင်က ထိုး၊ ဘယ်ဂဏန်းကိုထိုး၊ ဘယ်နေ့သားနဲ့တွဲထိုး၊ ဘယ်နေ့ထိုး၊ ဘယ်အချိန်ထိုး၊ ထီထိုးရင်း စိတ်ကူးလိုက်ရတာ ပျော်စရာပါ။ ဒါပေမဲ့ ဗေဒင်ဆရာက ဘယ်နေ့သေနိုင်တယ်လို့ပြောရင် မကြိုက်ချင်ဘူး။ ဘယ်ရောဂါနဲ့ သေမယ်။ ဘယ်လိုပုံစံနဲ့ သေမယ်။ ဘယ်နေရာမှာ သေမယ်။ အဲဒီလိုပြောရင် စိတ်ကူးဖို့နေနေသာသာ အဲဒီလိုပြောတဲ့ ဗေဒင်ဆရာကို လက်သီးနဲ့ ထ, ထိုးမိမှာပဲ။

ထီမပေါက်သေးဖူး။ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ စိတ်ထဲမှာ အများကြီးပဲ။

``သေ``ဖို့ ``သေချာ`` တဲ့ ကျွန်တော်တို့က မသေခင် ဘာလုပ်မယ် ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘူး။ သေပြီးရင်လည်း ငါ… ဘာဖြစ်မယ်လို့ တစ်ခါမှ မစဉ်းစားမိကြဘူး။ သေပြီးတဲ့နောက် ဖြစ်လာမယ့် ဘဝတစ်ခုအတွက် အခုကတည်းက ဘာတွေလုပ်ထားသင့်တယ်ဆိုတာ မတွေးမိဘူး။ တွေးမိရင်လည်း လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူး။

သေဖို့ကတော့ လုံးဝသေချာတယ်။ အခုလား.. နေ့လား… ညလား… မနက်ဖြန်လား…။ ဒါပေမဲ့ ဘယ်တော့မှ သေဖို့အတွက် ဘယ်တော့မှ မျှော်လင့်မထားဖူး။

ထီပေါက်ဖို့ကတော့ လုံးဝမသေချာဘူး။ ဒါပေမဲ့… လဆန်းတိုင်း ကိုယ်ထီပေါက်လိမ့်မယ်၊ ကိုယ်ထီပေါက်နိုင်တယ်လို့ အမြဲမျှော်လင့်ထားတက်ကြတယ်။

``မသေချာ``တဲ့ ​``ထီ`` နဲ့ ``သေချာ`` တဲ့ `` သေခြင်း`` ကို ယှဉ်ပြီး ကျွန်တော်တွေးမိနေခြင်းပါ။

``သေချာ` တဲ့ ``သေခြင်း`` အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော်ဟာ ``မသေချာ​`` တဲ့ ``ထီ`` အတွက် လတိုင်း လတိုင်း၊ ပြင်ဆင်နေမိတယ်။ လူတစ်ယောက်သေဆုံးသွားရင် သေသွားတယ်လို့ပဲ တွေးမိတယ်။ ``ငါလည်း… သေနိုင်တယ်`` လို့အထိ မတွေးမိဘူး။ လူတစ်ယောက် ထီပေါက်ရင်.. ထီပေါက်တယ်လို့ဆိုတဲ့ အတွေးမှာတင် ရပ်မနေပဲ ``ငါလည်း… ထီပေါက်နိုငတယ်`` လို့ အထိ တွေးမိတယ်။

သတင်းစာဖတ်တိုင်း နာရေးကြေငြာတွေမှာ ကျွန်တော်တို့နာမည် တစ်နေ့မဟုတ်တစ်နေ့ သေချာပေါက် ပါမယ်ဆိုတာ မတွေးမိကြပါဘူး။ ကိုယ့်မိတ်ဆွေ နာရေးကြာ်ငြာပါရင်တော့ သူတော့ သေသွားပြီ။ ငါ့အလှည် ဘယ်တော့လဲဆိုတာ ဆက်မတွေးမိဘူး။

သတင်းစာထဲက သိန်း (၁၀၀၀) ထီ ထွက်တဲ့နေ့ဆို ``ငါများဖြစ်လေမလား`` လို့ တွေးမိသူတွေချည်းပါပဲ။ ကိုယ့်မိတ်ဆွေတစ်ယောက်သာ ထီပေါက်ရင် နောက်တစ်ခါ ``ငါ့အလှည့်``လို့ ကျွန်တော်တို့ အမြဲတွေးမိကြတယ် မဟုတ်လား


**********************


``ထီပေါက်`` ဖို့ မျှော်လင့်သလို၊ ``ငါသေနိုင်တယ်``လို့လည်း မျှော်လင့်သင့်တယ်။

``ထီပေါက်ဖို့က မသေချာ`` ဖူးနော်…။

``ငါသေဖို့က သေချာ``တယ်…။

``ထီပေါက်ရင် ဘာလုပ်မယ်`` လို့ တွေးထားသလို….

``ငါသေရင် ဘာဖြစ်မယ်`` လို့ တွေးကြည့်စေချင်ပါတယ်…။

ကိုယ့်လက်ထဲမှာတော့ ထိုးထားတဲ့ ထီလက်မှတ်တွေ ကိုင်ပြီး ရင်ခုန်မျှော်လင့်နေကြတယ်။

ဒီလိုပါပဲ…

ကိုယ့်ဘဝထဲမှာတော့ ကိုယ်ကိုယ်တိုင် ပြုမူထားတဲ့ အကောင်းအဆိုး၊ အဖြူအမည်း။ ကုသိုလ်.. အကုသိုလ်တွေနဲ့….။

*****************

မြစ်ဆုံအရေး တရုတ်အစိုးရထုတ်ပြန်

ခင်ဦးသာ Monday, 03 October 2011 19:00

ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။

myitsone400
CPI ကုမ္ပဏီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သည့် မြစ်ဆုံစီမံကိန်း မြင်ကွင်းတခု
စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။

ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ ဆုံးဖြတ်ခြင်းကို ကြိုဆိုသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာစီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နှင့်မြန်မာ အစိုးရတို့သည် ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်း မည်မျှအထိ ပြီးစီးနေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မြစ်ဆုံဒေသ စီမံကိန်းကို ဦးဆောင်ခဲ့သော တရုတ် China Power Investment (CPI) ကုမ္ပဏီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစီရင်စာတစောင် ထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာတွင်  မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးကြောင်း၊ ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က လက်ခံခြင်း မရှိပေ။

“အစီရင်ခံစာမှာ ပြောထားတဲ့ ဇီဝမျိုးစိတ်တွေကို နေရာပြောင်းလို့ရတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဇီဝ မျိုးစိတ်တွေ၊ ရှားပါးတဲ့ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ၊ အပင် မျိုးစိတ်တွေ စတဲ့ ဂေဟစနစ်တွေကို တနေရာက တနေရာကို ပြောင်းရွှေ့လို့ မရပါဘူး” ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

မြစ်ဆုံ စီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့် ပြီးမြောက်နေပြီဟု သိရကြောင်း၊  CPI ကုမ္ပဏီက  နောက်ဆုတ်ပေးရန် အလားအလာမရှိကြောင်း သူက ရှင်းပြသည်။

မြန်မာပြည်မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းကလည်း

လှည်းတန်း ဆန္ဒပြသူများ ပြန်လည်လွတ်မြောက်


မြတ်မိုး Monday, 03 October 2011 15:19
ယမန်နေ့ နေ့လယ်က ရန်ကုန်မြို့ လူစည်ကားသည့် လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြကြသော ပြည်မြန်မာကုန်တိုက်မှ ဈေးသည်နှစ်ဦးကို အာဏာပိုင်တို့က ၇ နာရီကျော်ကြာ ထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်သည်။

Messenger Journal
အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၀န်းကျင်က ပြည်မြန်မာကုန်တိုက် တည်ရှိရာ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြနေကြသော ဈေးသည်များ (ဓာတ်ပုံ - Messenger Journal / Facebook)
ကုန်တိုက်ဆိုင်ခန်းများ အသိမ်းခံရမှုကြောင့် နစ်နာကြေးရလိုမှုဖြင့် ဆန္ဒပြသည့် ဈေးသည် ၂၀ ခန့် အနက်မှ ပိုစတာများ ကိုင်ဆောင်ပြီး  ဆန္ဒထုတ်ဖော်သူ မမြတ်သီတာဝင်း၊ မခင်မျိုးလွင်တို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယာယီ အထိန်းသိမ်းခံရခြင်း ဖြစ်သည်။

"နောက် ဒီလိုမျိုး  လုပ်ရပ်မျိုး မလုပ်တော့ပါဘူးလို့ လက်မှတ် ထိုးခဲ့ရတာ" ဟု ပြန်လွတ်လာသူတဦးဖြစ်သည့် မခင်မျိုးလွင်က ပြောသည်။

လှည်းတန်းလမ်းဆုံသည် ယခင်က ရန်ကုန်မှ တက္ကသိုလ်ကျောင်းသားတို့၏ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ဖူးသည့် နေရာတခု ဖြစ်သည်။

ပြည်မြန်မာ ကုန်တိုက် ဈေးသည်တို့က နစ်နာကြေးရသည်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လိုသည်ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းအထိ ဆန္ဒပြပွဲဖြစ်ခဲ့သည့် ကုန်တိုက်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေကြောင်း မျက်မြင်သက်သေတဦးထံမှ သိရသည်။

ပြည်မြန်မာကုန်တိုက်မှ ဈေးသည်များသည် ဆိုင်ခန်းပိုင်ရှင်များမဟုတ်သဖြင့် ကုန်တိုက်မှ ဖယ်ရှားပေးရမည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောသည်။

ဆိုင်ခန်းငှားရမ်းထားသူများက အဆင့်ဆင့် လက်လွဲရောင်းချရာမှ ဆိုင်ခန်းတခန်း၏ပေါက်ဈေး ကျပ်သိန်းရာချီ ဖြစ်နေကြောင်း၊ ယမန်နေ့က ဆန္ဒပြသူများသည်လည်း တဆင့် ပြန်လည် ၀ယ်ယူထားသူများဖြစ်ကြောင်း ထိုအရာရှိက ပြောသည်။

"ဒီဆိုင်ခန်းတွေက အစိုးရပိုင်တာ။ ဘယ်သူမှ မပိုင်ဘူး၊ တရားမ၀င် စာချုပ်တွေနဲ့ တဆင့် တဆင့် ရောင်းပြီး အခုလို ဆူပူမှုလုပ်တာ မကောင်းဘူးပေါ့ဗျာ" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

ပြည်မြန်မာကုန်တိုက်ကို စီးပွား/ကူးသန်းဝန်ကြီးဌာနက ယခုနှစ်အတွင်း လေလံတင် ရောင်းချခဲ့ရာ ငှားရမ်းထားသော ဈေးသည်များက ကုန်တိုက်မှ ပြောင်းရွှေ့ပေးခဲ့ရသည်။

လေလံရသွားသူမှာ AA စီးပွားရေးအုပ်စုနှင့် Myanmar Marketing Research and Development ကုမ္ပဏီတို့ ဖြစ်သည်။

လှည်းတန်း၊ ပြည်မြန်မာကုန်တိုက်က ဆိုင်ရှင်များ ဆန္ဒပြ

 2.10.2011,တနင်္ဂနွေနေ့,  RFA သတင်းဌာန
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာရှိတဲ့ ပြည်မြန်မာ ကုန်တိုက်ထဲက ဆိုင်ခန်းတွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းတာကြောင့် ဆိုင်ခန်းပိုင်ရှင် ၂ဝ နီးပါး အောက်တိုဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ကြောင်း ဆန္ဒပြနေစဉ် အဲဒီနေရာကို ရောက်ရှိနေတဲ့ မျက်မြင်သက်သေတဦးက RFAကို ပြောပြပါတယ်။

“ဆိုင်ခန်းတွေကို မတရား ရွှေ့ပြောင်းခံရတဲ့အတွက် တစုံတရာ ပြန်စီစဉ်ပေးဖို့ ဆန္ဒပြတာပါ။ နေ့ခင်း ၁၂ နာရီလောက်က စတယ်။ လူ ၂ဝ ဝန်းကျင် လောက်ရှိမယ်။ ၂ ယောက်ကို ဖမ်းသွားတယ်၊ ကမာရွတ်က။ ရဲတွေလည်း ပါတယ်။ အရပ်ဝတ်တွေလည်း ပါတယ်လို့ ပြောတယ်။ မယက ရုံးကို ခေါ်သွားတယ်လို့ ပြောတယ်။ မယက ရုံးကိုလိုက်သွားတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဒါပေမယ့် အပြင်ဘက်မှာ စောင့်နေတဲ့ အဖမ်းခံရတဲ့ ကောင်မလေးတယောက်ရဲ့ အမကို မေးကြည့်တော့ ပြန်မလွှတ်သေးဘူး၊ သူတို့ လျှောက်ပြောနေတာလို့ ပြောတယ်”

ပြည်မြန်မာ ကုန်တိုက်ဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်ပါတယ်။ အဲဒီ ဆိုင်ခန်းတွေကို အစိုးရက လွန်ခဲ့တဲ့ (၆) လလောက် ကတည်းက လေလံတင် ရောင်းချခဲ့ရာမှာ A.A Enterprise ကုမ္ပဏီက ဝယ်ယူခဲ့ပြီး နဂိုမူလ ဆိုင်ခန်းပိုင်ရှင်တွေကို ဖယ်ခိုင်းခဲ့ရာက အခုလို ဆန္ဒပြမှု ဖြစ်ပွားလာတာပါ။ ဒါပေမယ့် ဆိုင်ခန်းတွေကို လေလံပစ်ချိန်မှာ အစိုးရက ဆိုင်ရှင်တွေကို သေသေချာချာ အသိမပေးခဲ့ဘူးလို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

ဆိုင်ခန်းတွေကို အတင်းဝင်ရောက် ဖယ်ရှားခိုင်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဲဒီ မျက်မြင်သက်သေ ပြောပြတာက

“ကျန်တဲ့ ဆိုင်ခန်းတွေ ရှိတယ်။ တချို့တဝက် ဆိုင်ခန်းတွေကို ဖယ်ခိုင်းတယ်။ ဆိုင်ခန်းထဲက ဟာတွေ ဆွဲဖြုတ်တယ်၊ သော့တွေ ဖွင့်ပြီး စစ်တာဆေးတာတွေ လုပ်တယ်။ အဲဒီလို ဖယ်ခိုင်းတဲ့အတွက် ဆန္ဒပြတာလည်း ပါတယ်ပေါ့။ နောက်နေ့တွေလည်း ဆက်လုပ်မယ်လို့ သိရတယ်”

ပြည်မြန်မာ ကုန်တိုက်ထဲမှာ ဆိုင်ခန်းပေါင်း (၉၈) ခန်း ရှိတယ်လို့ သိရပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။