Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

5/20/2012

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်




(၂၀-၅-၂၀၁၂)ရက်နေ့ ည (၇)နာရီမှာ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ရုံး အနီး ကျုံးဘေးတွင် ဖယောင်းတိုင်ထွန်းညှိ၍ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဝိုင်းဝန်း တောင်းဆိုကြမှာ ဖြစ်ပါတယ်။ မန္တလေး မြို့တော်သူ မြို့တော်သားများ အနေဖြင့် ဖယောင်းတိုင် ကိုယ်စီဖြင့် လာရောက် ဆန္ဒဖော်ထုတ်ကြပါရန် နှိုးဆော်အပ်ပါသည်။
(ဖတ်ရှုသူများ အနေဖြင့် ထပ်မံ Share လုပ်ပေးကြပါရန် တောင်းဆိုပါသည်)
 

နေ့ရက် ၂၀-၅-၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် ည (၇)နာရီ
နေရာ ၂၆ လမ်း ၊ ၇၇×၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတအကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေးအတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး
အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့ စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်ကပြည်သူသို့ အိတ်ဖွင့်ပေးစာတစောင် ဒီနေ့ ဖြန့်ချီလိုက်ပါတယ်။

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။
ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးအသား အမွေအနှစ်ဖြစ်တဲ့ အကြောင်း၊ တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံး၊ အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တခု ဖြစ်တဲ့အကြောင်း၊ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးအရောင်စုံတွေ လွင့်ပြယ်ခဲ့ရတဲ့ အကြောင်းတွေကို ပေးစာမှာ ဖော်ပြထားပါတယ်။ရန်ကုန်တက္ကသိုလ် ပင်မ၀င်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ဘွဲ့လွန်ပုံမှန်အတန်းတွေ ပြန်သင်ကြားဖို့၊၁၉၉၀ ပြည့်နှစ်ပိုင်းတွေကစပြီးကျောင်းသူကျောင်းသားတွေ ကင်းမဲ့သွားတဲ့ အဆောင်တွေမှာ အဆောင်သူ အဆောင်သားတွေ ပြန်ထားဖို့ ကိုလည်း ရေးထားပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ စာပြန်သင်နိုင်အောင် အဲဒီလို အဆိုပြုထားတဲ့အပြင် တက္ကသိုလ်ရဲ့ သမိုင်း၊ လက်ရှိတက္ကသိုလ်ရဲ့ အခြေအနေတွေကိုပြောဆိုရေးသား တင်ပြပေးဖို့နဲ့ ရန်ကုန်တက္ကသိုလ်ကို အရင်က ဂုဏ်သိက္ခာမျိုး ပြန်ရရှိဖို့ လုပ်ငန်းစီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး
အကြံပြုကြဖို့လည်းတင်ပြထားပါတယ်။ဒီလိုအရင်ကဂုဏ်သိက္ခာအတိုင်း ပြန်တည်ဆောက်ဖို့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရေးကိုလည်း ဦးမြင့်ရဲ့ ပေးစာမှာရေးသားထားပါတယ်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်


UNFC Statement_ May2012_ Bur

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။