Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

11/01/2011

လစ်ဗျား ယာယီဝန်ကြီးချုပ်သစ် ခန့်

လစ်ဗျားနိုင်ငံမှာ ယာယီဝန်ကြီးချုပ်သစ်အဖြစ်နဲ့ အင်ဂျင်နီယာ Abdel-Rahim El Keib ကို လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ NTC က ရွေးချယ်လိုက်ပါတယ်။ တနင်္လာနေ့မှာ လစ်ဗျားက နေတိုးတပ်ဖွဲ့တွေရဲ့ လုပ်ငန်းတွေရပ်ဖို့ မသတ်မှတ်ခင် နာရီအတော်ကြာကတည်းက NTC ကောင်စီကနေ မဲခွဲဆုံးဖြတ်ချက် ကျခဲ့တာဖြစ်ပါတယ်။
ဒီလိုရွေးချယ်နိုင်ခဲ့တာကို နေတိုးအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ လစ်ဗျားမှာ ၇ လကြာ ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ အကြီးအကဲဟာ ထရစ်ပိုလီမြို့ကို တနင်္လာနေ့က သွားရောက်နေချိန်မှာ အခုလို ပြောဆိုသွားခဲ့တာပါ။
လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီလက်ထဲကနေ အာဏာကို တိုက်ယူခဲ့တဲ့ လစ်ဗျားအသွင်ကူးပြောင်းရေး တပ်ဖွဲ့ကို နေတိုးက ကူညီခွင့်ရခဲ့တဲ့အတွက် ၀မ်းသာတယ်လို့လည်း ပြောပါတယ်။ လစ်ဗျားဟာ အခုနောက်ဆုံးမှာ လွတ်လပ်ခဲ့ပြီမို့ ဒီလိုလွတ်လပ်ရေးရအောင် ပြောင်းလဲနိုင်ခဲ့တဲ့ လစ်ဗျားပြည်သူတွေဟာ ဒေသတွင်း အပြောင်းအလဲကိုပါ ဖြစ်စေတာမို့ ချီးကျူးဂုဏ်ပြုတယ်လို့ဆိုပါတယ်။
နေတိုး အကြီးအကဲဟာ NTC အကြီးအကဲ Mustafa Abdel Jalil အပါအ၀င် လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ထရစ်ပိုလီမြို့ကို ရောက်နေတာပါ။ ဒါဟာ နေတိုး အကြီးအကဲအနေနဲ့ လစ်ဗျားကို ပထမဆုံးသွားရောက်တာ ဖြစ်ပြီး လစ်ဗျား အနာဂတ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ နေတိုးအဖွဲ့ရဲ့ အကူအညီ ပံ့ပိုးနိုင်မှု အတိုင်းအတာကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

ငမိုးရိပ်ချောင်းအတွင်းသွားလာနေသော မိကျောင်းတစ်ကောင်အား ပြန်လည်ဖမ်းဆီးရမိ

w75_26
ငမိုးရိပ်ချောင်းအတွင်းမှ ဖမ်းဆီးရမိသည့်မိကျောင်းအားတွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း သွားနေသော မိကျောင်းတစ်ကောင်အား အောက်တိုဘာလ ၂၈ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါမိကျောင်းကို သာကေတမြို့နယ်၊ ကမာကြည်တံတားအနီး ငမိုးရိပ်ချောင်းအတွင်းတစ်နေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ၁၀ ပေအရွယ်ရှိပြီး မိကျောင်းအမတစ်ကောင်ဖြစ်ကြောင်း သိရှိရသည်။
ယင်းမိကျောင်းကို ဖမ်းဆီးရာ၌ ၀ိုင်းဝန်းကူညီပေးခဲ့သူ ဦးထွန်းဝင်းက ''အဲဒီနေ့က သဲတင်လာတဲ့ သမ္ဗာန်ကို စံပြဈေးဘက်က အောင်သုခအိမ်ယာကို သဲပို့ပြီးပြန်လာတဲ့အချိန်မှာ အဲဒီမိကျောင်းက ရေကိုဆန်ပြီး တက်လာ တယ်။ အဲဒီတော့ သမ္ဗန်မှာပါတဲ့ ကိုတင်မောင်ဝင်းက ကြိုးကွင်းပစ်ပြီးတော့ ဖမ်းခဲ့ပါတယ်။ ပြီးတော့ ဖမ်းမိထားတဲ့မိကျောင်းကြိုးကို သမ္ဗန်နဲ့ချည်ပြီးတော့ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ အောင်မင်္ဂလာ သဲကွင်း ကို ဖမ်းခေါ်သွားပါတယ်။ ကုန်းပေါ်ရောက်တော့ မိကျောင်းက လှုပ်ရှားမှုမရှိတဲ့အတွက်ကြောင့်မို့လို့ ရေနဲ့ပတ်ဖြန်း လိုက်တဲ့အချိန်မှာ ပါးစပ်ဟပြီးတော့ အနားကလူတွေကိုလိုက်ကိုက်တော့ ပါးစပ်ကိုကြိုးနဲ့ ချည်လိုက် ပါတယ်။ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီးတော့ မိကျောင်းမွေးမြူရေးနှင့်လိပ်မျိုးထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့လှေကလည်း အမည်းရောင်လည်းဖြစ်တယ်။ ညဘက်အချိန်ဆိုတော့ လှေနား အထိကပ်လာတဲ့အချိန်မှာ ဖမ်းခဲ့တာပါ'' ဟု ပြောကြားခဲ့သည်။
သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းမင်းက ''ကျွန်တော်နှင့်တခြားအဖွဲ့တွေက အဲဒီမိကျောင်းကို စောင့်ဖမ်းခဲ့တာ(၁၀)ကြိမ်လောက် ရှိပါပြီ။ တွေ့လိုက်တာနဲ့ ပြန်ပြန်ပျောက်သွားခဲ့ပါတယ်။ လူတွေက ငမိုးရိပ် ချောင်းထဲမှာ မိကျောင်းနှစ်ကောင်ရှိတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ဖမ်းဆီးရေးအဖွဲ့တွေကတော့ ဒီမိကျောင်းက ဟိုမှာ ပေါ်လိုက် ဒီမှာပေါ်လိုက် တစ်ကောင်တည်းပါလို့ ပြောပါတယ်။ ထူးခြားတာကတော့ ဖမ်းမိတဲ့ မိကျောင်းက နှာအဖြူရောင်ဖြစ်ပါတယ်။ စောင့်ကြည့်နေတဲ့ အချိန်တုန်းက အဲဒီ မိကျောင်းကအရှည်ခြောက်ပေလောက်ပဲရှိမယ်လို ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်းတော့ ၁၀ ပေလောက်ရှိပါတယ်။ အကယ်၍ နောက်တစ်ကောင် တွေ့ခဲ့ရင်တော့ စောင့်ကြည့်ပြီးတော့ ဖမ်းဆီးသွားပါမယ်။ ဖမ်းဆီးပေးခဲ့တဲ့လူတွေကို ဆုငွေကျပ်တစ်သိန်း ချီးမြှင့်ပေးခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဖမ်းဆီးရမိခဲ့သော မိကျောင်းကို သာကေတမိကျောင်းမွေးမြူရေးနှင့် လိပ်မျိုးထိမ်းသိမ်းရေးစခန်း ကန်အမှတ်(၂)တွင် သီးသန့်တစ်ကောင်တည်းထားရှိပြီး ပြုစုမွေးမြူထားကြောင်း သိရှိရသည်။

အစာငတ်ခံ ဆန္ဒြ့ပသူ နိုင်ငံရေး အကျဉ်းသား ၂ ဦး ဆေးရုံတင်လိုက်ရ

အကျဉ်းထောင် လက်စွဲပါ အကျဉ်းသား ခံစားခွင့်များ ရရှိဖို့ အစာအငတ်ခံ ဆန္ဒပြ တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦးကို ထောင်ဆေးရုံ ပို့လိုက်ကြောင်း သတင်း ရရှိပါတယ်။
(Map: AAPP)
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ နာမည်ဆိုးဖြင့် ကမ္ဘာကျော်သော အင်းစိန်ထောင်ကို အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)
အကျဉ်းသား ခံစားခွင့်တွေ အတွက် အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးထဲက ၂ ဦး ကျန်းမာရေး ချွတ်ယွင်း လာတဲ့အတွက် မနေ့က ထောင်ဆေးရုံကို ပို့လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစု ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ဆဲ ဖြစ်တဲ့အပြင် အစားအသောက် ပို့ဆောင်ခွင့်ပါ ပိတ်ထားတယ်လို့လည်း စနေနေ့က ထောင်ဝင်စာ သွားတွေ့သူ တစ်ဦးက ပြောပါတယ်။ ဆန္ဒပြချိန် ၄၈ နာရီ မပြည့်ခင် အာဏာပိုင်တွေက ရေဖြတ်လိုက်ပြီး တဆက်တည်း ထောင်ဝင်စာ ပိတ်ပင်ခဲ့တာပါ။ ဆန္ဒပြသူတွေရဲ့ တရားမျှတစွာ တောင်းဆိုချက်ကို လိုက်လျောဖို့နဲ့ ပျော့ပျော့ ပြောင်းပြောင်း ကိုင်တွယ် ဖြေရှင်းပေးဖို့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်အဖွဲ့က တောင်းဆိုထား ပါတယ်။ အစာငတ်ခံ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း၊ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ လိုကြောင်း အပြင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေက စာတစ်စောင် ထုတ်ပြန်ပြီး လက်မှတ် ရေးထိုးတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်နေပါတယ်။ အဲဒီလက်မှတ်တွေကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဒီကနေ့ မနက် ဆယ်နာရီက သင်္ဃန်းကျွန်း မြို့ နယ်မှာ ကျင်းပတဲ့ ဗေဒါ အခမဲ့ ပညာရေးကျောင်း စာကြည့်တိုက် ဖွင့်ပွဲ နဲ့  သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။
NLD
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ကျင်းပပြုလုပ်သည့် ဗေဒါ အခမဲ့ပညာရေးကျောင်း စာကြည့်တိုက်ဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စကားပြောဆိုနေစဉ်။
ကျောင်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့ နယ် ၁၆/၃ ရပ်ကွက၊် သုမန လမ်း၊ အမှတ် (၄၅၃) မှာ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ တာဝန်ခံ ဦးစောနိုင်းနိုင်း နဲ့ မြို့နယ်ခေါင်းဆောင်တွေ၊ ဗေဒါကျောင်း ကြီးကြပ်ရေး ကော်မတီဝင်တွေ၊ ဆရာ ဆရာမတွေ တက်ရောက်ခဲ့ကြ ပါတယ်။ ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တယ်ဆိုတာ သိကြလို့ ကျောင်းရှေ့ မှာ လာရောက် ကြိုဆိုကြတဲ့ ပရိသတ် ငါးရာလောက် ရှိပြီး ၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ပရိသတ်ကို ကျောင်းအပေါ်ထပ် ဝရံတာကနေ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။ အခုလို သင်တန်းတွေ ဖွင့်လှစ်ရတာ ပြည်သူတွေ ပညာ တိုးတက် ရရှိပြီး၊ တန်ဖိုးရှိသူတွေ ဖြစ်အောင် ရည်ရွယ်ကြောင်း ဦးဆုံး ရှင်းလင်း ပြောဆိုပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ပြည်မှာ သဘာဝ သယံဇာတတွေထက် ပြည်သူတွေက ပိုပြီး တန်ဖိုးရှိကြောင်း၊ ပြည်သူတွေ ကျန်းမာသန်စွမ်းပြီး ပညာတတ်မှ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလို စွမ်းဆောင်နိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြည့်ဆည်းပေးနေတာ ဖြစ်ကြောင်း နိုင်ငံရေး လုပ်သူတွေ အနေနဲ့ ပြည်သူတွေ အပေါ် တန်ဖိုးထား လေးစားရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရဦးတင်ဦး နဲ့  ဗေဒါကျောင်း ကြီးကြပ်ရေး အဖွဲ့ဝင် ဦးစိုးမြင့်တို့ ကလည်း အမှာစကား ပြောကြားပါတယ်။ သင်တန်း ကြီးကြပ်ရေး ကော်မတီဝင် ဦးကိုကိုမြင့်နဲ့  ကိုမျိုးရန်နောင်သိန်းတို့ ကလည်း သင်တန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားကြပါတယ်။ အဲဒီနောက် နိုင်ငံရေးသိပ္ပံ အပတ်စဉ် (၈) တစ်လခွဲ သင်တန်းဆင်း ၂၆ ယောက်နဲ့ လူမှု အဖွဲ့အစည်းများ ဖွဲ့စည်းပုံ သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်း၁၅ ယောက်၊စုစုပေါင်း၄၁ ယောက်ကိုNLD ခေါင်းဆောင်များနဲ့ ကျောင်းကြီးကြပ်ရေး
ကော်မတီဝင်တွေကသင်တန်းဆင်းလက်မှတ် ပေးအပ်လိုက်ပါတယ်။

သရက်ထောင်တွင်း ထောင်အာဏာပိုင်များ၏ ဖိနှိပ်မူများကို နိုင်ငံရေးအကျဉ်းသားများနှင့် ဆောင်ရှောက်ရေးကွန်ယက်မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့

Torture in Tha Yet Prison

နိုဝင်ဘာ ၁၄ ရက်နေ့ အကျဉ်းသား ၇၅%လွတ်ပေးမ်ာဟု မျှော်လင့်ထားကြောင်း ဦးဇာဂနာ ပြော


၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် အကျဉ်းထောင်အသီးသီးတွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရန် ၇၅ ရာခိုင်နှုန်းခန့် မျှော်လင့်ထားကြောင်း မောင်သူရ (ခေါ်) ဇာဂနာမှ ပြောဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေလွတ်မှာပါ ၇၅ ရာခိုင်နှုန်းလောက်တော့ ကျွန်တော်မျှော်လင့်ထားပါတယ် တကယ်လွတ်လာရင် ၁၀၀ ရာခိုင်နှုန်းပေါ့လေ လာမယ့် နိုဝင်ဘာ၁၄ရက်နေ့ ပြန်လည်လွတ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာသည် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ဆယ့်လေးရက် အကြာတွင် နိုင်ငံရေးသည် အနုပညာနှင့် ဆက်နွယ်နေခြင်းကို ပေါ်လွင်စေရန်အတွက် လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ကျင်းပရခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကားများရုံတင်သောနေ့တွင်လည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ကိုဇာဂနာမှ ဆက်လက်ပြောပြသည်။

“ကျွန်တော်တို့အခု လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်တဲ့လူတွရဲ့ ကားတွကိုရုံတင်တဲ့အခါမှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အဲ့ရုံထဲမှာလာကြည့်ကြမှာလေ။ တစ်ယောက်မှ ထောင်ထဲမှာ ရှိတော့မှာမဟုတ်ဘူး။ အကုန်လွတ်လာပြီ အဲ့အချိန်လောက်ဆို ကျွန်တော်ပြောတာက ဒီပွဲမတိုင်ခင်မှာ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လွတ်လာပြီး လာကြည့်ကြမှာပါ” ဟု ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာက ပြောသည်။

ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာသည် ပေါင်းတည်ထောင်၊ နတ်တလင်း နှင့် ပြည်ထောင် များသို့ သွားရောက်ကာ ယုံကြည်ချက်ဖြင့် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား သွားရောက်၍ အလှူငွေပေးအပ်ခြင်းနှင့် အနုပညာရှင်များမှ ၀ိုင်းဝန်းကူညီသော ထောက်ပံ့သော စာစောင်များနှင့် အ၀တ်အထည်များကို လှူဒါန်းပေးခဲ့ပြီး နိုဝင်ဘာလ တစ်ရက်နေ့တွင်လည်း အခြားသော ထောင်များသို့ သွားရောက် ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

မြတ်လေးငုံဘလော့မှ ကူးယူဖော်ပြသည်။

NLD ပါတီ မှတ်ပုံတင်မတင် အပေါ် ဦးဝင်းတင်နှင့် အင်တာဗျူး



နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရေး/ မတင်ရေးနှင့် ပါတ်သက်၍ ပါတီခေါင်းဆောင်များအတွင်း ဆွေးနွေးညှိနှိုင်းကာ ဤရက်သတ္တပါတ်အတွင်း ဆုံးဖြတ်ချက် ချမည့် သတင်းများ ထွက်ပေါ်လာနေသည်။

NLD အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး/မဝင်ရေးနှင့်ပတ်သက်၍ သဘောထားရပ်တည်ချက်အား ၂ဝဝ၉ ဧပြီ ၂၉ ရက်စွဲဖြင့် ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ အား ထုတ်ပြန်တုန့်ပြန်ခဲ့ဖူးသည်။

ကြေညာစာတမ်းတွင် ‘နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊ ၂ဝဝ၈ အခြေခံ ဥပဒေမှ ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်’ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးထား စဉ်းစားမည်ဟု ပါတီ၏သဘောထားကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁ဝ နိုဝင်္ဘာ
ရွေးကောက်ပွဲအား မဝင်ဘဲ သပိတ်မှောက်ခဲ့ဖူးသည်။

ဤကြေညာစာတမ်းပါ မူများအပေါ်ယခု ဆက်လက်ရည်တည်မှုအခြေအနေနှင့်ပတ်သက်၍ NLD ဗဟို အလုပ်အမှု
ဆောင် အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းတင်အား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။