Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

2/13/2012

ဦးအောင်မင်းနှင့်တွေ့ဆုံခြင်းအပေါ် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ထုတ်ပြန်ကြေညာချက်

Letter to Comrades 12-2-12

လူဘောင်သစ်ပါတီရဲ့လူငယ်အဖွဲ့မှခေါင်းဆောင်များရဲ့ စကားအချို့

“ဒီမိုကရေစီထွန်းကားတဲ့၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ရမယ့်တာဝန်ဟာ ကျမတို့ လူငယ်တွေအပေါ်မှာလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်တယ်”ဟု လူ့ဘောင်သစ်လူငယ် ဥက္ကဌ နော်မေဘယ်ထူး မှ လူဘောင်သစ်လူငယ် ဖွဲ့စည်းရေး အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။ လူ့ဘောင်သစ်လူငယ်အဖွဲ့ကို တက်ကြွ လှုပ်ရှားသူ လူငယ်များစုစည်းပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။
လူ့ဘောင်သစ်လူငယ်အဖွဲ့တွင် အဖွဲ့ဝင် (၂၈) ဦး ပါဝင်ပြီး၊ အဖွဲ့ဝင်အားလုံးမှ ၀ိုင်းဝန်းဆွေးနွေးကာ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၁)၊ တွဲဖက်အတွင်းရေးမှူး (၂) တို့ အပါအ၀င် အဖွဲ့ဝင် (၁၁) ဦးပါ အလုပ်အမှုဆောင်ကော်မတီကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ပြီး လုပ်ငန်းကော်မတီ (၅) ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ လူငယ်ဖွဲ့စည်းရေး အခမ်းအနားသို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုဦးဆောင်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။
“ကျမတို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြည်သူအသီးသီးအနေနဲ့ တစ်ဦးချင်းစီမှာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိမယ့် အခြေအနေသစ်တွေကို ဖန်တီးရုန်းကန်ရမယ့် တာဝန်ကိုယ်စီရှိပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ရမယ့်တာဝန်ဟာ ကျမတို့ လူငယ်တွေအပေါ်မှာလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါ့ကြောင့် ကျမတို့ လူ့ဘောင်သစ်လူငယ်တွေအနေနဲ့ ပြည်သူအသီးသီး၊ အမျိုးသားအသီးသီးနဲ့ လက်တွဲပြီး ကျမတို့ရဲ့ အနာဂါတ်ကို ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် ကျမတို့ လှုပ်ရှားရုန်းကန်သွားမှာ ဖြစ်ပါတယ်” လို့ လူ့ဘောင်သစ်လူငယ် ဥက္ကဌ နော်မေဘယ်ထူးက အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားတွင် ပြောကြားသွားခဲ့ပါတယ်။
လူ့ဘောင်သစ်လူငယ် ဒုတိယ ဥက္ကဌ ကိုစိမ်းအောင်ကလည်း “ပြည်သူကို ကိုယ်စားပြုသော၊ လူ့ဘောင်သစ် လူငယ်ကို ကိုယ်စားပြုသော၊ ပါတီကိုကိုယ်စားပြုသော ရဲဘော်ရဲဘက်တစ်ယောက်အဖြစ် ဆက်လက်တည်ရှိ သွားပါမယ် လို့ ပြောကြားသွားခဲ့ပါတယ်။
“လူငယ် အဖွဲ့ဖွံ့ဖြိုးမှ ပါတီလည်း ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ဒါမှလည်း တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်မှာပါ” လို့ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုနေမင်းက ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ချစ်ကြည်သေးစည်းမှုတို့အတွက် ရုန်းကန်လှုပ်ရှား သွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ထို့အပြင် မြန်မာပြည်သူ တစ်ရပ် လုံး အာဏာရှင်တို့၏ ဖိနှိပ်ခြင်း ခံရမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများမှ လွတ်မြောက်ပြီး တန်းတူညီမျှမှုရှိသော ငြိမ်းချမ်းသည့် လူ့ဘောင်သစ် တစ်ရပ် ကို ဖန်တီးတည်ဆောက်ရန် လူ့ဘောင်သစ်လူငယ်အဖွဲ့က ရည်မှန်းချက်ချထားကြောင်းလည်း သိရှိရပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။