Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/08/2011

NLD ပါတီရဲ့ မဲဆွယ် သီချင်းတစ်ပုဒ်

NLD song by Zarny Win

အကောင်းမြင်ရမယ့်အချိန်ရောက်ပြီလား..... ဦးဝင်းတင်နဲ့ မေးခွန်းများ( မိုးမခ၊ ဒီဇင်ဘာ ၆၊ ၂၀၁၁ )

မေး။    ။နိုဝင်ဘာ လကုန်ပိုင်းမှာ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုယ်တိုင်က မြန်မာပြည်အရေးကို လက်ရှိအစိုးရခေါင်းဆောင်များနဲ့သာမက အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ လူမှုလုပ်ငန်းလုပ်ကိုင်နေသူများ၊ စာနယ်ဇင်းသမားများနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောထားအမြင်တွေ ပြောသွားပါတယ်။ အဓိက ကလင်တန်ပြောဆိုသွားတဲ့ အကြောင်းအရာတွေက ဘာတွေပါလဲ။ 
ဖြေ။     ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ တရားဥပဒေစိုးမိုးရေးနဲ့  လူမှုလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ရေးတို့ကို အကျယ်တ၀င့်ပြောဆို ဆွေးနွေး တိုက်တွန်းသွားပါတယ်။
မေး။    ။ အဲသည်မှာ တချို့က သဘောထားပေးကြတာက လက်ရှိစစ်တပ်ကျောထောက်နောက်ခံရှိတဲ့ မြန်မာအစိုးရဖက်ကနေပြီး ကလင်တန်ကိုယ်တိုင်က အကောင်းတွေမြင်ပြနေတယ်။ ကောင်းတော့မယ်၊ ဖြစ်တော့မယ်၊ လွှတ်တော့မယ်လို့ ကတိတွေတောင် ၀င် ၀င် ပေးနေသလို ဖြစ်နေတယ်လို့ ပြောကြတယ်။ အဲသည်လို တကယ်ပဲ အားရကျေနပ်စရာတွေ တိုးတက်မှုတွေ မြင်နေရပြီလား။
ဖြေ။     ။ မြန်မာ့နိုင်ငံကို  ပထမဦးဆုံး လာရောက်တဲ့ ခရီးစဉ်အတွင်းမှာကို ကလင်တန်ကိုယ်တိုင်က မြန်မာ့နိုင်ငံရေး ပွင့်လင်းလာမှုတွေ၊ လွတ်လပ်လာမှုတွေရဲ့ အလားအလာတွေ ရှိနေပြီလို့ ကတိစကားတွေပေးနေ၊ အခိုင်အမာတွေ ပြောနေတယ်လို့ ဆိုချင်စရာဖြစ်နေတယ်။  လက်ရှိအမြင်မှာတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး၊ အမေရိကန်အစိုးရခေါင်းဆောင်တဦး လာရောက်တာ၊ လွတ်လပ်စွာ ခရီးသွားလာခွင့်ရတာ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းစုံနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်၊ ပြောဆိုထုတ်ဖော်ခွင့်တွေ ရတယ်ဆိုတာက အားရစရာကောင်းတယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် တိုးတက်ဖို့ အကောင်းမြင်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ပြည်တွင်းရှိ ကြယ်ငါးလုံးတပ် မြန်မာလူဘောင်သစ် အပေါ် ကြယ်လေးလုံးတပ် လူဘောင်သစ် ဥက္ကဌ ဦးအောင်မိုးဇော် ပြောကြား


နိုင်ငံရေးပါတီသစ်အဖြစ် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။
မြန်မာ့လူ ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပအခြေစိုက်ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်မှု မရှိဘူးလို့ ပါတီဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။
“ကျနော် အဓိကပြောချင်တာကတော့ ဒီ ဆန္ဒခံယူပွဲမတိုင်ခင်ကတည်းက ကျနော်တို့နဲ့ ဆန့်ကျင်ဘက် သဘောထားတွေ လိုက်ထုတ်ပြီးတော့ အဲဒီမှာ မြန်မာ့လူ့ဘောင်သစ်ဆိုပြီး စလုပ်လာတာပဲ။ အဓိကပြောချင်တာကတော့ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ အဓိက ပါတီအလံကို ခုတုံးလုပ်ပြီးတော့ ဘယ်လိုခေါ်မလဲ နအဖ လမ်းကြောင်းကို တစိုက်မတ်မတ် လုပ်လာတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်၊ ကျနော် အဲဒီလောက်ပဲ ပြောချင်တယ်။”
မြန်မာ့လူ ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ဦးဇင်အောင်နဲ့ အဖွဲ့ဝင် ၁၈ ဦးက လျှောက်ထားခဲ့ပြီး ဥပဒေနဲ့ ညီညွတ်မှုရှိတဲ့အတွက် ပါတီတည်ထောင်ခွင့်ကို ခွင့်ပြုခဲ့တာလို့ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Face To Face အစီအစဉ်မှာ တစ်ချိန်က ဗိုလ်ချုပ်ခင်ညွှန် ကို လုပ်ကြံဖို့ ကြံစည်ခဲ့သူနဲ့ အင်တာဗျုး

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။