တိုင်းပြည်မှာငြိမ်းချမ်းရေးမရှိသ၍ လူတွေရဲ့အသက်တွေက ဆုံးရူံးနေဦးမှာပဲ ဒါကြောင့်ပြည်သူတွေအသက်တွေ မဆုံးရူံးစေရန် ငြိမ်းချမ်းရေးရရှိဖို့ အတွက် အတူတကွ လုပ်ဆောင်ကျစို့...
interested in other thing
Popular Posts
-
မီးလောင်ကျွမ်းနေချိန်တွင်ရိုက်ကူးထားသော ရုပ်သံအပိုင်းအစ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လ...
-
စာအုပ်များရယူရန် ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်) အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ ပိုမိုအားကောင်းလာသော ပြည်သူ...
-
အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။နောက်ပိုင်းအိန္ဒိယလူမျိ...
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်ေ...
-
ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တ...
-
ဆရာလွန်း(ဆရာမှိုင်း)နှင့် နေရှင်နယ်ဦးမြင့်တို့သည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားစဉ်က အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ ဆရာလွန်းကို ဇာတိ...
-
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိ စာ သင်တိုက်မှာ ၉၆၊ ၉၈ ကျောင်းသား...
-
ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြ...
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
10/07/2011
အမျိုးသားဒီချုပ်တွင် သင်တန်းအတွေ့အကြုံနှင့် ညီလာခံ အတွေ့အကြုံများရှင်းပြ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံရေး သိပ္ပံသင်တန်း တက်ရောက်ခဲ့ကျသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လူငယ္နှင့် လူငယ်ကွန်ယက် အဖွဲ့ဝင်များနှင့် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့တွင် ကျင်းပသောလူထုအခြေပြုအဖွဲ့အစည်းများဆိုင်ရာ ဥပဒေနှင့်ပတ်သတ်သော ကမ္ဘာနှီးနှောဖလှယ်ပွဲGlobal Forum on Civil Society Law (2011) Stokholm (Sweden) သို့တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များက သင်တန်းနှင့် ညီလာခံအတွေ့အကြုံများပြန်လည်တင်ပြခြင်းအစီအစဉ်ကို အောက်တိုဘာလ ၆ရက်နေ့ မွန်းလွှဲတစ်နာရီတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟို အခမ်းအနား အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။
နိုင်ငံရေးသိပ္ပံသင်တန်းတက်ရောက်ခဲ့ကျငော လူငယ်(၁၆)ဦးထဲမှ ကိုတင်လှ (ဗဟန်းမြို့နယ် လူငယ်အဖွဲ့ဝင်)၊
မလှိုင်လှိုင်မင်း(အဖွဲ့ချုပ်လူငယ်)၊ကိုရန်လင်းအောင်(ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့က သင်တန်းအတွေ့အကြုံများကို ဦးစွာ ပြန်လည်ရှင်းပြခဲ့ကြသည်။ ထိုနောက် စတော့ဟုမ်း ညီလာခံတက်ရောက်ခဲ့ကျသော မမြမဉ္ဖူ(ရှမ်းပြည်နယ် အဖွဲ့ချုပ်လူငယ်)၊ ဦးသိန်းဟန်(ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်တို့က ညီလာခံအတွေ့အကြုံကို တင်ပြခဲ့ကြသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး ဦးဆောင်သော ဗဟိုလုပ်အမှုဆောင်အဖွဲ့ဝင်များ၊အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များ တက်ရောက်ခဲ့ကြသည်။
ကမ္ဘာ့ထိပ်တန်းအဆင့် ၃၀၀ မှာမပါတဲ့ ဖိလစ်ပိုင် တက္ကသိုလ်များ
စက်တင်ဘာလထဲမှာ လန်ဒန် အခြေစိုက် ပညာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Quacquarelli Symonds က ကမ္ဘာ့ တက္ကသိုလ်များ အဆင့်အတန်းကို ထုတ်ပြန်ခဲ့သည်။ ပြဿနာက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၃၀၀ စာရင်းမှာ ဖိလစ်ပိုင်တက္ကသိုလ် တစ်ခုမှ မချိတ်နိုင်ခြင်းဖြစ်သည်။
အဆိုးဆုံးက ဖိလစ်ပိုင်တက္ကသိုလ်များရဲ့ အဆင့်အတန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေခြင်းပင်။ မနှစ်က ကမ္ဘာ့အဆင့် ၃၁၄ မှာ ရှိခဲ့တဲ့ University of the Philippines က ယခုနှစ် ၃၃၂ နေရာ ရောက်သွားပြီး၊ အဆင့် ၁၈ ဆင့် ထပ်ကျသွားခဲ့သည်။ မနှစ်က အဆင့် ၃၀၇ ရှိတဲ့ Ateneo de Manila University က ယခုနှစ် အဆင့် ၃၆၀ ကို ရောက်သွားသည်။
ဒီနှစ်ထဲ World Economic Forum က ထုတ်ပြန်တဲ့ ဖိလစ်ပိုင်ပညာရေးအခြေအနေကလည်း စိတ်ပျက်စရာ။ စီးပွားရေးဖိုရမ်ထဲပါဝင်တဲ့ အဖွဲ့ဝင် ၁၃၈ နိုင်ငံအနက် ဖိလစ်ပိုင် ပညာရေးအဆင့်တန်းက ၆၈ နေရာမှာသာ ရှိသည်။
အရှေ့တောင်အာရှမှာ ဖိလစ်ပိုင် ပညာရေးစနစ်က စင်္ကာပူ၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ် တို့နောက်မှာသာ ရှိသည်။ ဒါပေမဲ့ ဖိလစ်ပိုင်ပညာရေးက ကမ္ဘောဒီးယား ထက်တော့ သာနေသေးသည်။ (မှတ်ချက်။ မြန်မာနိုင်ငံမှ တက္ကသိုလ် ၁၅၉ ခုကိုတော့ ကမ္ဘာ့တက္ကသိုလ် ၁၀၀၀ ကျော် စာရင်းတွင် ထည့်မတွက်ပါ။ အကြောင်းမှာ သုတေသနလုပ်ငန်းနှင့် သုတေသနရလဒ် မရှိလို့ဖြစ်သည်။ ခေတ်သစ် တက္ကသိုလ်များမှာ အာဂုံဆောင်စနစ်၊ စာမေးပွဲအခြေပြုစနစ်တို့နဲ့ ခွဲထွက်ပြီး၊ သုတေသနကို အထူးပြုမှသာ ကမ္ဘာ့တက္ကသိုလ်စာရင်းထဲ ထည့်သွင်းနိုင်သည်။)
ဖိလစ်ပိုင် ပညာရေးစနစ်က တစ်ခါက အာရှမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာရေးကို အတော်ကြာအောင် ချီးကျုးခံခဲ့ရသည်။ ယခုတော့ ပထမတန်းကို စတက်ခဲ့တဲ့ ကလေး ၁၀၀ အနက် ၁၄ ယောက်သာ တက္ကသိုလ်ကို ရောက်လာသည်။
ဖိလစ်ပိုင် ပညာရေးစနစ် ဆယ်စုနှစ်များစွာ ကျဆင်းလာရတဲ့ အဓိကအကြောင်းက အစိုးရ အဆက်ဆက်က ပညားရေးကဏ္ဍ အသုံးစရိတ် အလုံအလောက် ချပေးမှုမရှိသောကြောင့် ဖြစ်သည်။ အင်္ဂလိပ်စကားပြော အလုပ်သမားကိုသာ အဓိကထားတဲ့ နိုင်ငံအနေနဲ့ ပညာရေးစနစ်ဆိုးရွားလာခြင်းမှာ တိုင်းပြည်စီးပွားရေး အတွက်ပါ ပြဿနာရှိလာသည်။
ကံကောင်းတာက တိုင်းပြည်ရဲ့ ပညာရေးကိစ္စကို အဓိက ဖိလစ်ပိုင် အမျိုးသားရေးပြဿနာအဖြစ် အာဂျင်ဒါ တင်လာကြခြင်းပင်။ လက်ရှိသမ္မတ အကွီနို က ရွေးကောက်ပွဲမှာ ပညာရေးစနစ်မြှင့်တင်ဖို့ ကမ်ပိန်းဆွယ်ခဲ့သည်။ သူက ပညာရေးဌာန အသုံးစရိတ်ကို ၁၅.၂ ရာခိုင်နှုန်းမြှင့်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ် အသုံးစရိတ် ပီဆိုငွေ ၂၀၇.၃ ဘီလီယံ ကနေ ၂၀၁၂ ခုနှစ်အတွက် ပီဆို ၂၃၈.၈ ဘီလီယံ (ဘတ်ငွေ ၁၇၀.၄ ဘီလီယံ) တိုးမြှင့်ပေးခဲ့သည်။
သို့သော် ပညာရေးပြဿနာက ကြီးမားလှသည်။ အစိုးရ မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်း ၄၅,၀၀၀ မှာ စာသင်ခုံ ၂.၅ သန်း လိုအပ်နေသည်။ စာသင်ခန်း ၆၀၀၀ အရေးပေါ် ဆောက်ဖို့ လိုအပ်နေသည်။ လောလောဆယ် စာသင်ချိန်များအတွင်း ကလေးတွေ ကျပ်လွန်းလို့ ကြမ်းပြင်ပေါ်မှာ ထိုင်ကြရသည်။ ဖတ်စာအုပ်တွေ မျှဝေကြည့်နေရသည်။
သမ္မတက သူ့လက်ထက်မှာ ၁၀ နှစ်သင် အခြေခံပညာရေးစနစ်ကို နောက်ထပ် ၂ နှစ် ထပ်တိုးလိုက်ပြီး၊ ၁၂ နှစ် ဖြစ်သွားသည်။ မူလတန်းပညာရေး ၇ နှစ်နှင့် အလယ်တန်းဆင့် (Secondary) ငါးနှစ်ဖြစ်သည်။ နိုင်ငံတကာ ပညာရေးလယ်ဗယ်နဲ့ ညှိဖို့ဖြစ်သည်။
ဒါပေမဲ့ မိဘအများစုက ဆန့်ကျင်လာကြသည်။ နှစ်နှစ်ပိုထားရတဲ့အတွက် ကလေးအတွက် ကုန်စရိတ် ပိုများသည်။ သူတို့သားသမီး အလုပ်အကိုင်ရဖို့ နောက်ထပ် နှစ်နှစ် ပိုကြန့်ကြာသွားသည်။ အခြားဝေဖန်သူတွေ ကလည်း ဆရာအရေအတွက် မလုံလောက်မှု၊ ပြဌာန်းစာအုပ်နဲ့ အခြား သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေကို ထောက်ပြပြီး ပညာရေးစနစ်သစ်ကို ဝေဖန်ကြသည်။
တက္ကသိုလ်တွေကလည်း အစိုးရက မူလတန်းနဲ့ အလယ်တန်း အခြေခံပညာရေးကိုသာ ဂရုစိုက်နေပြီး၊ အဆင့်မြင့် ပညာရေးကို လျစ်လျူရှုထားသည်ဟု ဝေဖန်ကြသည်။ အကွီနို အစိုးရက မနှစ်က တက္ကသိုလ်နဲ့ ကောလိပ် ဘတ်ဂျက်အသုံးစရိတ်ကို လျှော့ချခဲ့သည်။
ဖိလစ်ပိုင်ပညာရေးစနစ်မှာ နောက်ထပ် အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ကျွမ်းကျင်မှု (skills) နဲ့ အလုပ် (jobs) ကို မတွဲစပ်နိုင်ခြင်း ဖြစ်သည်။ အစိုးရကော ဝေဖန်သူတွေပါ နှစ်ဖက်စလုံးက စနစ်တကျ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာမတွေ့နိုင် ဖြစ်နေသည်။ ရလဒ်အဖြစ် ဖိလစ်ပိုင်မှာ အလုပ်လက်မဲ့နှုန်း အရမ်း မြင့်မားနေသည်။
သို့သော် တချို့ကတော့ ဆယ်စုနှစ်များစွာ ဆိုးရွားနေခဲ့တဲ့ တိုင်းပြည်ပညာရေးကို အမျိုးသားရေး ပြဿနာအဖြစ် ရှေ့တန်းတင် ပြောဆိုလာတာ၊ လက်ရှိ အခြေခံပညာရေးကို စနစ်တကျ ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာက ရေရှည်အတွက် အကျိုးရှိနိုင်သည်ဟု အကောင်းမြင်ကြသည်။
ရေတိုကာလမှာတော့ ဖိလစ်ပိုင် တက္ကသိုလ်တွေ ကမ္ဘာ့အဆင့်မှာ မလွှဲမရှောင်သာ ယခုအတိုင်းတည်ရှိနေဦးမည်ပင်ဖြစ်သည်။
တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ
ခင်ဦးသာ
Friday, 07 October 2011 19:03
တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် အစိုးရအဖွဲ့သည် အဂတိလိုက်စားမှု ကိစ္စများနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း၌ သမ္မတ ဦးသိန်းစိန် ၏ ပြင်းထန်စွာ သတိပေးခြင်း ခံရကြောင်း သိရသည်။
တနင်္သာရီတိုင်း အတွင်း ဆန်တင်သွင်းခွင့် ချုပ်ကိုင်ထားမှုနှင့် ပတ်သက်သည့် ဦးခင်ဇော် ၏ အဂတိ လိုက်စားမှုများကို ပြီးခဲ့ သည့် လများအတွင်း ဧရာဝတီက နှစ်ကြိမ်တိုင် ထုတ်ဖော် ရေးသား ခဲ့သည်။
ဦးခင်ဇော်အား ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် စုပေါင်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) သို့ တိုင်ကြားသောကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်သည်ဟု ဒေသခံ လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။
တိုင်းဝန်ကြီးချုပ်သည် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအသုံးပြုကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေပြီး ဒေသခံပြည်သူများ၏ အကျိုးအတွက် လုပ်ဆောင်ခြင်းမရှိ၍ ယင်းသို့တိုင်ကြားခံရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦး က ဆိုသည်။
ဦးခင်ဇော် သည် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ကန့်သတ်ထားကာ ၎င်းနှင့်နီးစပ်သည့် မန္တလေး၊ မြိတ် စသည့် ဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်အများအပြားချပေးခဲ့ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ် ဦး ကလည်း ပြောပြသည်။
တနင်္သာရီတိုင်းအတွင်းသို့ ဆန် တင်သွင်းခွင့်ကို ဦးခင်ဇော်က မန္တလေးအခြေစိုက် အောင်မြင်သူကုမ္ပဏီသို့ တစ်ဦးတည်း လုပ်ပိုင်ခွင့်ပေးခဲ့သည်ဟူသော သက်ဆိုင်ရာသို့ တိုင်ကြားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် ဦးခင်ဇော်သည် ထားဝယ်မြို့ရှိ အစိုးရဧည့်ဂေဟာအား ဟိုတယ်ဆောက်လုပ်ရန်အတွက် သတ္တုတူးဖော်ရေး လုပ် ငန်းများ လုပ်ကိုင်သည့် ကြယ်နီလာ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားမှုနှင့် ထားဝယ်မြို့ အမှတ်၂ အထက်ကျောင်း ၏ ဘော လုံးကွင်းနေရာကို သိမ်းယူ၍ ဟိုတယ်ဆောက်ရန် စီစဉ်မှုများကိုလည်း ဒေသခံများက ကန့်ကွက်ခံထားကြကြောင်း သိရသည်။
ထားဝယ်ဒေသတွင် လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဦးခင်ဇော်နှင့် တွေ့ဆုံဆွေးနွေးလိုပါက အနည်းဆုံး ကျပ် သိန်း ၂၀ နှင့် ညီမျှသော ‘ရွှေ’ ပေးရကြောင်း၊ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများကို လုပ်ပိုင်ခွင့်မပေးဘဲ ဦးခင်ဇော် တဦးတည်း က ချုပ်ကိုင်ထားကြောင်း အထက်ပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က ရှင်းပြသည်။
တိုင်းအဆင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် ဦးဆောင်၍ တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ ၅၃ ရွာ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသော မလေးရှားနိုင်ငံ Petronas ရေနံ ကုမ္ပဏီ၏ ရဲတံခွန် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးခင်ဇော်က ၎င်း၏ အမိန့်ဖြင့် ဇွန်လက ရပ်နားခိုင်းခဲ့ကြောင်း သိရသည်။
“အခုတော့ ဒီလုပ်ငန်းတွေကို ဗဟိုအစိုးရ ရဲ့ ညွန်ကြားချက်နဲ့ ဆက်လုပ်နေကြပြီ”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ထားဝယ် ဒေသခံတဦးက ပြောသည်။
ဦးခင်ဇော်သည်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖြိုးရေးပါတီ ကိုယ်စားပြု၍ မြိတ်ဒေသ မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံခဲ့ရကာ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်မှ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဆက်စပ်သတင်းများ
တိုင်းဝန်ကြီးချုပ် ထိန်းချုပ်၍ တနင်္သာရီတွင် ဆန်ဈေး တက်
တနင်္သာရီတိုင်း ဆန်တင်ပို့မှု ကုမ္ပဏီ ၂ ခု လက်ဝါးကြီးအုပ်ခွင့်ရ

မွန်၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး တ၀ဲလည်လည်
သန်းထိုက်ဦး
Friday, 07 October 2011 18:25
အစိုးရ တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီ (NMSP) မှ ခေါင်းဆောင်တချို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရေးမြို့နယ်တွင် ယမန်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ် အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ NMSP ဘက်မှ ဒု ဗိုလ်မှူးကြီး နိုင်ဟံသာ အပါအ၀င် ကိုယ်စားလှယ် တချို့တို့က ရေးမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၆၁ တပ် စခန်း တနေရာတွင် တွေ့ဆုံခဲ့ကြောင်း NMSP က ပြောသည်။
ယင်း တွေ့ဆုံဆွေးနွေးသည့် ကိစ္စနှင့် ပတ်သက်ပြီး လတ်တလော မသိရသေးကြောင်း NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ ပိန်ခိုင်က ဆိုသည်။
NMSPဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်းကမူ၎င်းတို့ပါတီ၏မူဝါဒကိုအဓိက ဆွေးနွေးမည်ဟုယူဆရကြောင်း
ပြောဆိုသည်။ထိုသို့ တွေ့ဆုံရာတွင်NMSPအနေဖြင့် ပြည်နယ်အစိုးရအဆင့်နှင့်မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေး လိုသည်ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီသည် တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ဖွဲ့စည်းရာတွင် ပါဝင်ထားသည့် အတွက် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ တဖွဲ့ချင်း မဟုတ် ဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။UNFC ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့ ၆ ဖွဲ့တို့ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းဆွေးနွေးရာတွင် မွန်ပြည်သစ်ပါတီကို ဗဟိုအစိုးရ အဆင့်နှင့်သာ တိုက်ရိုက်တွေ့ဆုံရန် ဒေသခံ မွန်တိုင်းရင်းသားခေါင်း ဆောင်များကလည်း ပြောဆိုနေကြသည်။NMSP သည် မကြာသေးမီက ငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းခဲ့ ပြီးနောက် ယခုကဲ့သို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ် သည်။ထိုကော်မတီ ဖွဲ့စည်းရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က နေပြည်တော်သို့ အဆိုပြုခဲ့သော်လည်း ပယ်ချခံရကြောင်း သိရသည်။
ယင်းအဖွဲ့ကို ဦးဆောင်မည့် နိုင်လ၀ီအောင်သည် ယခင်က မွန်ပြည်သစ်ပါတီမှ ဗဟို ကော်မတီဝင်ဟောင်း ဖြစ်သောကြောင့် နေပြည်တော်က မနှစ်သက်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။NMSP သည် ယခင် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ သို့သော် အစိုးရတပ်၏ ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။
တချိန်တည်းတွင် အစိုးရက တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)ကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့သေးသည်။ယင်း ကမ်းလှမ်းချက်ကို DKBA တပ်မဟာ ၅ ကလို့ထူးဘော အဖွဲ့က လက်မခံဘဲပယ်ချလိုက်သည်ဟု အဖွဲ့ ၏ ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး)က ပြောသည်။
၎င်းက“တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးကိုပဲ လက်ခံနိုင်မယ် အခုလို ကရင်အမျိုးသားတွေကြားမှာဖဲ့ထုတ် စည်းရုံးတာကို လက်မခံနိုင်ဘူး၊ DKBA အနေနဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ ၄ ချက်အတိုင်းပဲ ရပ် တည်မယ်”ဟုပြောဆိုသည်။
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့ခေါင်းဆောင်နှင့် သမ္မတ၏ အထူးကိုယ်စားလှယ် ဖြစ်သည့် ဦးအောင်သောင်း၏ စေလွှတ်မှုဖြင့် ယခုရက်ပိုင်းအတွင်းက ဗိုလ်မှူးကြီးစောခင်စိုး(ငြိမ်း)ဦးဆောင်သည့် အဖွဲ့သည် ထိုင်း မြန် မာ နယ်စပ်သို့ ရောက်ရှိလာပြီး DKBA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင်ပါဝင်သူတဦးက“စောခင်စိုးပြောတာက ခင်ဗျားတို့ KNU ကိုသွားမကြည့်နဲ့ သူတို့က ကရင်ပြည်နယ် အစိုးရနဲ့ ဆွေးနွေးနေပြီ၊ KNU ကငြိမ်းချမ်းရေးရရင် အခွင့်အရေးဆယ်ပုံဆိုရင် DKBA ကတပုံပဲရမယ်၊ ဒါကြောင့် အမြန်ဆုံးလုပ်ဖို့လို့ ပြောတယ်။ ကျနော်တို့ကတော့ အဖွဲ့ရဲ့မူအတိုင်းပဲ လက်မခံနိုင်တဲ့ အကြောင်းပြန်ပြောလိုက်တယ်”ဟုဆိုသည်။
စောခင်စိုး ဦးဆောင်သည့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်လည်း ထိုင်းမြန်မာနယ်စပ်တွင် မကြာမီကတွေ့ဆုံခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ အစီစဉ်များကို ချပြခဲ့ကြောင်း သိရသည်။
KNU အဆင့်မြင့်ခေါင်းဆောင်တဦးက“ဒီလူတွေက သဘောထားမမှန်ဘူး၊ DKBA ကိုတမျိုး ပြောတယ်၊ KNU ကိုတမျိုးပြော တယ်၊ ကျနော်တို့ကရင်တွေကို ဖဲ့ထုတ်စည်းရုံးတာပဲ၊ ကျနော်တို့ကတော့ အဖွဲ့ကချမှတ်ထားတဲ့မူအရ ဗဟိုအစိုးရနဲ့ပဲ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်”ဟု ပြောသည်။
လတ်တလောတွင်လည်း အစိုးရတပ်များက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်လျက် ရှိသည်။

ထိုင်းတွင် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားခြင်းကြောင့် လူ ၂၂၀ ကျော်သေဆုံး ဘန်ကောက်တွင်လည်း ရေကြီးမည့်အလားအလာရှိနေ
Thursday, 06 October 2011 03:26
ထိုင်းနိုင်ငံတွင်ဆယ်စုနှစ်များအတွင်းအဆိုးရွားဆုံးရွာသွန်းသည့်မုတ်သုန်မိုးများကြောင့် ရေကြီးမှုများ
ဖြစ်ပွားခဲ့ပြီး သေဆုံးသူ၂၂၄ဦးထိရှိလာကြောင်း၊ရှေးဟောင်းမြို့ဖြစ်သည့်အယုဒ္ဓယမြို့အပါအ၀င် နိုင်ငံ၏
လေးပုံသုံးပုံခန့်တွင် ရေကြီးမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
ပိုမိုဆိုးရွားသည့် မိုးရွာသွန်းမှု ဖြစ်နိုင်သည်ဟု မိုးလေသ၀ခန့်မှန်း သူများက သတိပေးခဲ့သောကြောင့် မြေနိမ့်ဒေသတွင်ရှိသည့် ဘန်ကောက်မြို့လယ်တွင် ရေကြီးမှုများရပ်တန့်အောင် တာဝန်ရှိသူများက အားသွန်ခွန်စိုက် ဆောင်ရွက်နေခဲ့ကြသည်။''အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို အခုချိန်ထိခံနေရတုန်းပါပဲ''ဟု ဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြာခဲ့သည်။
ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ အ နက်ပြည်နယ် ၅၈ ခုတွင် နှစ်လကြာ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ပြည်နယ် ၂၅ ခုမှာ ဆိုးရွားသည့် ရေကြီးမှုများ နှင့်ကြုံတွေ့ခဲ့ရသည်။
ရေကြီးမှုများကြောင့် စီးပွားရေးတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး ဒေါ်လာ ၁ ဒသမ ၆ ဘီလျံထိ ပျက်စီးဆုံးရှုံးနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် University of the Thai Cham- ber of Commerce က ခန့်မှန်းခဲ့သည်။ ရေကြီးမှုကြောင့် လူ ၂ ဒသမ ၆ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စပါးစိုက် လယ်မြေ ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။ ရေကြီးမှုသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ်နေရာဖြစ်သော အယုဒ္ဓယထိ ရောက်ရှိခဲ့သည်။ အယုဒ္ဓယရှိ ထင်ရှားသည့် ဘုရားကျောင်းများထဲမှတစ်ခုဖြစ် သည့် Wat Chaiwatthanarm သို့ ခရီးသွားများ လာရောက်မှုကိုလည်း ပိတ်ထားခဲ့ရသည်။
ဘုရားကျောင်းမြေနေရာတွင် ရေငါးမီတာအထိမြင့်တက်နေကြောင်း အယုဒ္ဓယရှိ ယဉ်ကျေးမှုရုံးမှဥက္ကဋ္ဌ SupojPrommanochက ပြောကြားခဲ့သည်။အခြားဘုရားကျောင်း၁၀ခုတွင်လည်း
ရေကြီးမှုများဖြစ်ပေါ် နေသော်လည်းအယုဒ္ဓယ၏အဓိကကမ္ဘာအမွေအနှစ်ပန်းခြံသို့ ရေမရောက်အောင်
ကာကွယ်သွားနိုင်မည်ဟု တာဝန်ရှိသူများက ယုံကြည်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားမှုရှိသည့် ချင်းမိုင်တွင်လည်း ရေကြီးမှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။
အိန္ဒိယနှင့်အာဖဂန်နစ္စတန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုး
Thursday, 06 October 2011 14:15
ပါကစ္စတန်နိုင်ငံအနေဖြင့် တောင်အာရှဒေသအတွင်း မဟာမိတ်ဖွဲ့မှု အပြောင်းအလဲများ ပြုလုပ်လာချိန်တွင် အိန္ဒိယနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို အောက်တိုဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
'' ပါကစ္စတန်က အမြွှာညီအစ်ကိုပါ။ အိန္ဒိယက မိတ်ဆွေကောင်းတစ်ဦးပါ။ မနေ့က ကျွန်တော်တို့မိတ်ဆွေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ ကျွန်တော်တို့ညီအစ်ကို ကို ထိခိုက်စေမှာမဟုတ်ပါဘူး'' ဟု ကာဇိုင်းက နယူးဒေလီတွင် ပြောကြားခဲ့သည်။
အိန္ဒိယနှင့် လက်မှတ်ရေးထိုးခဲ့သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် အာဖဂန်နစ္စတန်အနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံနှင့် ပထမဆုံးလက်မှတ် ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် သဘောတူညီချက်ဖြစ်သည်။
ထိုသဘောတူညီချက်အရ အိန္ဒိယသည် အာဖဂန် လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်ရာတွင် ကူညီပေးမည်ဖြစ်သည်။ အာဖဂန်နစ္စတန်တွင် အစ္စလာမ် စစ်သွေးကြွများ ပြန်လည်အာဏာရရှိလာမည်ကို စိုးရိမ်နေသည့် အိန္ဒိယအစိုးရက ယင်းနိုင်ငံအပေါ်တွင် သြဇာလွှမ်းမိုးမှု ရရှိနိုင်စေရန်အတွက် အဝေးပြေးလမ်းဖောက်လုပ်ရေးနှင့် အမျိုး သားလွှတ်တော်သစ် အဆောက်အဦး တည်ဆောက်ရန်တို့အတွက် ဒေါ်လာ ၂ဘီလျံ အကူအညီပေးခဲ့သည်။
ပါကစ္စတန် အစိုးရအပေါ်တွင် အမျက်ထွက်နေပြီး ၂၀၁၄ခုနှစ်တွင် အမေရိကန်တပ်များ ရုပ်သိမ်းသွားမည်ကို စိုးရိမ်နေသည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းအနေဖြင့် မိမိနိုင်ငံအား တည်ငြိမ်မှုရရှိအောင် လုပ်ဆောင်ရေးတွင် အိန္ဒိယ၏ ကူညီမှုကို ပိုမိုမျှော်လင့်ထားကြောင်း အိန္ဒိယနိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြောင်း သိရသည်။

မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့်
7 အောက်တိုဘာလ ၂၀၁၁
ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ တရက်ကြာ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရက တနှစ်ကျော်ကြာ ပိတ်ထားခဲ့သော မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ပြန်ဖွင့်ခွင့်ပေးလိမ့်မည်ဟု ထိုင်းစီးပွားရေးသမားများနှင့် ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်နေကြသည်။
မစ္စစ် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ယမန်နေ့တွင် သွားရောက်ခဲ့ပြီး နေပြည်တော်ရှိ သမ္မတရုံး၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေး၊ သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်အထိ ကားလမ်း ဖောက်လုပ်ရေး စသည်တို့ကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် ယခင်ထိုင်းအစိုးရနှင့်စာလျှင် လက်ရှိ ထိုင်းအစိုးရက ပိုမိုကောင်းမွန်သည့် နယ်စပ်စီးပွားရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်မည်ဟု ထိုင်းလုပ်ငန်းရှင်အများစုက မျှော်လင့်နေကြခြင်း ဖြစ်သည်။
“တံတားကိုတော့ ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ၀န်ကြီးချုပ်ကလည်း သွားတာ မကြာသေးတော့ ဘာမှမသိရသေးဘူး” ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone က ဧရာဝတီသို့ ပြောသည်။နယ်စပ်ရှိ ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပေးမည့် သတင်းကောင်းကို မျှော်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။
“ဒီအစိုးရက စီးပွားရေးကို ဦးစားပေးတဲ့အစိုးရ ဖြစ်တယ်။ နောက်ပြီး အစိုးရသစ်ရဲ့မူဝါဒက မြန်မာအစိုးရနဲ့ ဘာအတိုက်အခံမှ မလုပ်ဘူး၊ မြန်မာနဲ့ ဘာပြဿနာမှ ရှိမှာမဟုတ်သလို အရှိခံမှာလည်း မဟုတ်ဘူး။ ဒါကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်ပြန်ဖွင့်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကုန်သည် အများစုက အဆင်ပြေမယ်လို့ ယုံကြည်နေကြတယ်” ဟု ထိုင်းစားသောက်ကုန်လုပ်ငန်းရှင် မစ္စတာ နိုင်ဆူချိုင်းက ပြောသည်။
ပြီးခဲ့သည့်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးကို ကုန်သွယ်မှု ပြုနိုင်လောက်သည့် အခြေအနေရှိမှသာလျှင် ပြန်လည်ဖွင့်ပေးနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ထားလိုက်သည်။
တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါးတလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းကို မြန်မာအာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
ထိုင်းဘက်အခြမ်းမှကမ်းပါးအကာအကွယ်တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး
မြန်မာဘက်ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားကို ဆက်လက်ပိတ်ထားရခြင်း၏ အကြောင်းအရင်းကိုမှု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ယင်းသို့ ပိတ်ထားသောကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် ကုန်သွယ်ကြရာ လစဉ်ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖိုးခန့်ကို မဲဆောက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များအနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အကြီးဆုံးဂိတ်ဖြစ်သည်။ထိုင်းနိုင်ငံစီးပွားရေးကုမ္ပဏီများ၏ လေ့လာချက်အရ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြောင့်ထိုင်းနိုင်ငံ အနေနဲ့ တစ်နေ့လျှင် ဘတ် သန်း(၁၀၀)လောက်နစ်နာဆုံးရူံးမှုရှိကြောင်း ဖော်ပြထားသည်ကိုလဲ တွေ့ရပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်
Wednesday, 05 October 2011 18:42
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို(ဓါတ်ပုံ -Bloomberg News)
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်ပတ်သက်ပြီး တရုတ် အစိုးရသတင်းဌာန ဆင်ဟွာ က တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။
ရပ်ဆိုင်းမည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆက်သွယ်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အထူးပင်အံ့အားသင့်မိကြောင်း လူကျိရှိုက ပြောကြားသွားခဲ့သည်။
အောက်တိုဘာလ ၃ ရက်နေ့တွင်ဆင်ဟွာက စီမံကိန်းရပ်လိုက်ပါက မည်သို့ဖြစ်လာနိုင်သည်ဆိုခြင်းကို မေးမြန်းရာတွင် လူကျိရှို က မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခုရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ် ယွမ်ငွေဖြင့် ချေးငွေသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့်အနေဖြင့် မြန်မာအစိုးရဘက်က မြစ်ဆုံရေအားလျှပ်စစ်စက်ရုံအတွက် ရရှိသောရှယ်ယာများဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွားသက်ရောက်နိုင်ကြောင်း သတိပေးခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မြစ်ဆုံစီမံကိန်းကိုစတင်ခဲ့ပြီး
ဆည်ဧရိယာတွင် နေရာရွှေ့ပြောင်းမှုများ မှာ ပြီးစီးပြီဖြစ်သည်ဟုလျူကဆိုသည်။ပြင်ဆင်မှုများဖြစ်သောလမ်းတည်ဆောက်မှု၊ သောက်သုံးရေ ထောက်ပံ့မှု၊
လျှပ်စစ်ထောက်ပံ့မှု၊ဆက်သွယ်ရေးနှင့်မြေနေရာညှိခြင်းများအပြည့်အ၀စတင်တင်နေပြီဖြစ်ကြောင်း
ပြောကြားခဲ့သည်။လမ်း၊ ရေသန့်စက်ရုံ၊
ဆီသိုလှောင်ရုံတို့မှာ ပုံကြမ်းပေါ်နေပြီဖြစ်ပြီး ပင်မရေလွှဲပြွန်
နှင့်လမ်းလွှဲစနစ်များအတွက် တူးဖော်မှုများ စတင်နေပြီဖြစ်ကြောင်း
ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည်ဟုသတင်းများထွက်
ပေါ်နေသည့်အပေါ် ဆင်ဟွာကမေး မြန်းခဲ့ရာတွင်လည်းဆည်ကြီးမှာ နှစ်
၁၀၀ကျော်ခံမည်ဖြစ်သောကြောင့် မိမိ တို့ နှစ် ၅၀ သုံးပြီးမြန်မာကို လုံး
ဝလွှဲပေးသောအခါ မြန်မာအစိုး ရသည် အမေရိကန်ဒေါ်လာ ဘီလျံ
ဆယ်ချီပြီးပုံမှန်ဝင်ငွေရတော့မည် ဖြစ် ပြီး တိုက်ရိုက်စီးပွားရေးအရ
အကျိုးအမြတ်ရှိမည်မှာလည်း ဒေါ်လာဘီလျံရာချီနေမည်ဖြစ်ကြောင်း လူကျိရှိုက
နောင်အနှစ် ၅၀ ကျော် တွင်မှ အကျိုးအမြတ်ရမည့်အ ကြောင်းကို ပြောသွားခဲ့သည်။
တည်ဆောက်ရေးအမြင့်ဆုံး ရောက်သည့်အချိန်တွင် လုပ်သား
လေးသောင်းမျှ လိုမည်ဖြစ်ပြီး လက်ရှိ တွင်မြန်မာလုပ်သား နှစ်ထောင်အထိ ပင်
အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးထားနိုင်ပြီဖြစ်ကြောင်းလည်း
ပြောကြားသွားခဲ့သည်။မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာခွဲသင့်လို့ဆို
7 အောက်တိုဘာလ 2011
ရွေးကောက်ပွဲဆိုင်ရာဥပဒေများကိုပြင်ဆင်ချက်အချို့ကိုလုပ်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ကြိုဆိုခဲ့ပေ့မယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူးလို့ ထပ်ပြီးပြောကြားခဲ့ပါတယ်။
ပြစ်ဒဏ်ကျခံနေရသူတွေရွေးကောက်ပွဲဝင်နိုင်ဖို့ပိတ်ပင်ထားတာကို ပြင်ဖို့နဲ့အခြေခံဥပဒေကို
ကာကွယ်စောက်ရှောက်ရမယ်ဆိုတဲ့ စကားအသုံးအနှုန်းအစား လေးစားလိုက်နာရမယ်ဆိုတဲ့ စကားအစား လေးစားလိုက်နာရမယ်ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတာ ဖြစ်ပါတယ်။
ဦးဝင်းတင်ကဒီပြောင်းလဲမှုတွေနဲ့ပတ်သတ်ပြီးအန်အယ်ဒီလ်ပါတီထဲမှာတော်တော်ဆွေးနွေးစရာတွေ
ဖြစ်လာနိုင်ပေ့မယ် နောက်ဆုံးမှာတော့သဘောတူလက်ခံနိုင်လိမ့်မယ်လို့သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားတွေဆုံဆွေးနွေးမှုတွေစပြီးနောက်ပိုင်း အခုလိုရွေးကောက်ပွဲ ဥပဒေ ပြောင်းလဲ ပြင်ဆင်ဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ်။
ဒါပေ့မယ် ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်ပြီး သီးခြားခွဲပြီး စဉ်းစားသင့်တယ်လို့ ဦးဝင်းတင်က သူရဲ့ကိုယ်ပိုင် အယူအဆကို ပြောပြခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ယင်လက်ခ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်
Thursday, 06 October 2011 01:21
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်ထရာသည် အောက်တိုဘာ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ တစ်ရက်တာ အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန် မြှင့်တင်ရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် ၀န်ကြီးချုပ်ယင်လပ်ခ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ယင်လက်ခ်သည် တွေ့ဆုံမှုရလဒ်အဖြစ် ထိုင်းဘတ် သန်း(၄၀)တန်ဖိုးရှိသော မိုလေဝသ ဆိုင်ရာ အထောက်အကူပြုပစ္စည်းများကိုလဲ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လက ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် သြဂုတ်လတွင် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့သော ယင်လက်ခ်သည် ဒေသတွင်းနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်လည်ပတ် နေခြင်းဖြစ်သည်။ ယင်လက်ခ်သည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့ကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် အား ချစ်ကြည်ရေးခရီးစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်အားသွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်သော ၁၂နာရီကြာချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် နယ်စပ်စစ်ဆေးရေးစခန်းများ အမြဲတမ်းဖွင့်လှစ်ရေး၊ လူသားရင်းမြစ်များဖွံ့ဖြိုးရေးတွင် ကူညီရေး၊မြဝတီနှင့်ထိုင်းနိုင်ငံကူး တံတားအားတရားဝင်ပြန်ဖွင့်လှစ်ရေး၊ ထားဝယ်ရေနက်စီမံကိန်း ကိစ္စ ဖြစ်မြောက်ရေး၊ တရားမ၀င် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွယ်နေသည့် ပြဿနာများကို ပူးပေါင်းဖြေရှင်းရေးကို ဆွေးနွေးကြမည်ဟု လည်း အစောပိုင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်ယင်လက်ခ်သည်အမျိုးသားဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
နဲ့တော့ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။

ထားဝယ် ရေနက်စီမံကိန်း အတွက် ကျေးရွာ ရွှေ့ပြောင်းပေးရ
2011-10-05
ထားဝယ်ရေနက် ဆိပ်ကမ်းစက်မှုဇုန် စီမံကိန်းမှာ လိုအပ်တဲ့ ရေချို ထောက်ပံ့နိုင်ဖို့  အတွက် ရေနက် ဆိပ်ကမ်းနဲ့ ၉ မိုင်အကွာမှာ ရှိတဲ့ ရေဖြူမြို့ နယ်တွင်းက ကလုံးတာကျေးရွာရဲ့ အောက်ဖက်မှာ ဆည်တခု တည်ဆောက်သွားမယ်လို့  သိရပါတယ်။
ဆည်တည်ဆောက်မှုကြောင့် အိမ်ခြေ တရာကျော်ရှိ ကလုံးတာ ကျေးရွာရေ နစ်မြုပ်မှာမို့  ရွာသူရွာသားတွေဟာ ငါးမိုင်ခန့် ဝေးကွာတဲ့ နေရာကို ပြောင်းရွှေ့ ပေးရမယ်လို့ သိရပါတယ်။ ကျေးရွာ အထက်ဖက်မှာ ဆောက်လုပ်ရင် ရေလွတ်ပြီး ပြောင်းရွှေ့ ပေးစရာ မလိုပေမဲ့ ဆောက်လုပ်ရေး လွယ်ကူစေဖို့ အတွက် ကျေးရွာအောက်ဖက် နေရာကိုပဲ ရွေးချယ်တာလို့ ယူဆရကြောင်း ဒေသခံတဦးက ပြောပါတယ်။ ကလုံးတာရွာဟာ ကျေးရွာလူကြီးတွေက ပညာရှင်တဦးကို အကူအညီတောင်း တိုင်းထွာချက်အရ ကလုံးတာ ကျေးရွာ အထက် ၃ မိုင်ခန့်  အကွာမှာ ဆည် တည်ဆောက်ခဲ့ရင် ကျေးရွာ ရေလွတ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နဲပါးမှာ မှန်ပေမဲ့၊ စက်မှုဇုန်ကို ပေးပို့ တဲ့ ရေပိုက်ကို အလျား ၃ မိုင် ပိုပြီး ဆောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာ အောက်ဖက်မှာ တည်ဆောက်တဲ့ အတွက် ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စောစောက ဒေသခံကပဲ ဆက်ပြောပါတယ်။ ကလုံးတာရွာမှာ ရှိတဲ့ သတ္တုတွင်းကိုလည်း ပိတ်ရမဲ့ အနေအထား ရှိနေပြီး၊ အဲဒီဒေသမှာ ရှားပါးသတ္တ၀ါ ဖြစ်တဲ့ ကြံ့သူတော်လည်း ရှိကြောင်း၊ ရွာအနီးမှာရှိတဲ့ ရေပူစမ်းလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပြီး သစ်ထုတ်လုပ်နေတဲ့ တောကိုလည်း ရေဖုံးလွှမ်းသွားမှာ ဖြစ်တယ်လို့ ဒေသခံက ပြောပြပါတယ်။ ဘူမိဗေဒ တိုင်းထွာချက်များ အရ ကျေးရွာ အပေါ်ပိုင်းရှိ မြေလွှာဟာ ရေစိမ့်မဝင်နိုင်တဲ့ မြေလွှာ ဖြစ်ပြီး၊ ရေလှောင်ဖို့ သင့်တော်တဲ့ မြေသားဖြစ်ပေမဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စက်မှုဇုန် စီမံကိန်း တာဝန်ခံ ITT ခေါ် အီတာလျံ-ထိုင်း ကုမ္ပဏီက ကျေးရွာက တင်ပြတဲ့ နေရာကို လက်မခံဘဲ မူလ သူတို့ ရေးဆွဲထားတဲ့ အတိုင်း ဆက်လက် အကောင်အထည် ဖေါ်နေတယ်လို့ သိရပါတယ်။

(Map: RFA)

ငြိမ်းချမ်းရေး နိုဘယ်ဆုစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် လျာထား
2011-10-06
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။
Nobelprize.org
မနက်ဖြန် ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။ ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အာရပ်ကမ္ဘာ လူထုအုံကြွမှုမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ၊ ရုရှားနိုင်ငံက Memorial ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့၊ ဘာလင်တံတိုင်း ဖြိုချိန်က ဂျာမနီဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Helmut Kohl စသူတွေ ပါဝင်ပါတယ်။ နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ တရုတ် အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်နဲ့ အီရတ်မှာ စစ်တိုက်နေတဲ့ နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ အာရပ်ကမ္ဘာက လူထုအုံကြွမှုမှာ စွမ်းစွမ်းတမံ ပါဝင်သူတွေကို အမည်စာရင်း တင်နိုင်တဲ့ အတွက်၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားရမယ့်လူ မရှားပါးဘဲ ကာလ အတော်ကြာကပဲ လျာထားခံရပေမဲ့ ဆုမရသေးတဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl လည်း ပါရှိပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထပ်ပြီး အမည်စာရင်း တင်တာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုင်ဆိုင်နေတယ်လို့ တချို့က သုံးသပ်ထားပါတယ်။
Subscribe to:
Posts (Atom)