Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/10/2011

သီတင်းကျွတ်မှာ နိုင်ငံရေးအကျဉ်းသားများလွတ်မည်ထင်ရ

208080-min_ko_naing
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံရေး အကျဉ်းသားများကိုပြန်လွှတ်ပေးတော့မည်ဟု
ပြောဆိုခဲ့သည့်နောက် နိုင်ငံရေး အကျဉ်းသား မိသားစုတချို့က အကျဉ်းထောင်များသို့ သွားရောက်ကာ စောင့်ဆိုင်းမှုများ ပြုလုပ်မည်ဟု သိရသည်။


ဗုဒ္ဓဘာသာဝင်တို့၏နေထူးနေ့မြတ်ဖြစ်သည့်သီတင်းကျွတ်လပြည့်နေ့တွင် အကျွတ်အလွတ်ပေးနိုင်ကြောင်းပြောဆိုမှုများ ထွက်ပေါ်နေစဉ်မှာပင် ပြီးခဲ့သည့် သောကြာနေ့က နော်ဝေး အသံလွှင့်ဌာန (NRK) ကို သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က အစိုးရအာဏာပိုင်များထံမှ တစုံတရာ ဆက်သွယ်ခြင်း မရှိသေးသော်လည်း လာမည့် အောက်တိုဘာလ ၁၃ ရက် နေ့တွင် ကျိုင်းတုံထောင်သို့ သွားရောက်မည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“တချို့ကလည်း ကိုမင်းကိုနိုင်တို့ ပထမအသုတ်လွတ်မယ်၊ တချို့ကလည်း မလွတ်သေးဘူး ပြောတယ်၊ ဒါပေမယ့် ကျမကတော့ လေယာဉ်လက်မှတ် ၀ယ်ပြီးပြီ။ သဘက်ခါကို သွားမယ်” ဟု ဧရာဝတီသို့ပြောသည်။
ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည့် ကိုမင်းကိုနိုင်သည် လက်ရှိအခြေအနေတွင် အရိုးကျီးပေါင်းတက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံး တုန်ခြင်း စသည့် ရောဂါများကို ခံစားနေရကြောင်း ၎င်း၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ရှင်းပြသည်။

မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ ဆုံဆွေးနွေးရာတွင်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို အထူးဦးစားပေး ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံနေရသည့်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်ကိုလည်း ယခုရက်ပိုင်းအတွင်း ထောင်အာဏာပိုင်များက ဆေးကုသမှုနှင့် ထောင်ဝင်စာ မှတ်တမ်းများ တောင်းယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းတို့ ပြုလုပ်နေကြောင်း မိသားစုဝင်တဦးဖြစ်သူ နိုင်ငံရေးအကျဉ်းဟောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

“ဒီနေ့လား၊ မနက်ဖြန်လား ဆိုပြီး မိသားစုတွေ အားလုံးက မျှော်လင့်နေကြတယ်။ ကိုဌေးကြွယ် ကျန်းမာရေးကတော့ မကောင်းဘူး” ဟု ၎င်းက ဆိုသည်။
အစိုးရသစ်သည် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ထောက်ခံမှုကို ရရှိစေရန်အတွက် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေး မည်ဟု ထင်မြင်ကြောင်း ကိုဖြိုးမင်းသိန်းက ဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျခံနေရသည့် လူရွှင်တော် ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းကမူ “ကိုဇာဂနာ အိမ်ပြန်ရောက်မှပဲ လွတ်တယ်လို့ မှတ်လိုက်တော့မယ်။ လွတ်မယ်ဆိုပြီး ပြောတာတွေများတော့ သိပ်မခံစားတော့ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀  နီးပါး ရှိသည်ဟု ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) က ထုတ်ပြန်ထားသည်။

ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ စုဖွဲ့ထားသည့် ကွန်ရက်ကလည်း ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် နှင့် ရဲဘက်စခန်းများတွင် အကျဉ်းကျနေသော နိုင်ငံရေးသမားများ၏ စာရင်းများကို တိတိကျကျ သိရှိ နိုင်စေရန် အကျဉ်းသား မိသားစုများနှင့် တိုင်ပင်ကာ စာရင်းပြုစုနေကြောင်း၊ ထိုစာရင်းကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း
နိုင်ငံရေးအကျဉ်းသားများ မကြာမီလွှတ်ပေးမည် 

 

NLD မှတ်ပုံတင်ရေး မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ကိစ္စများနှင့် ပတ်သက်ပြီးတစုံတရာဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ATW210oct2
နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၈ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Espen Barth Side နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ဆုံအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

NLD ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် တိကျရေရာစွာ သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်နေတယ်ဆိုတာတွေ ကြားနေလို့ အဲဒီအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြတာပါ။ ဥပဒေတောင်မှ ဘာမှ အတည်မပြုရသေးတာ ဘယ်လို ဆုံးဖြတ်ရမလဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဝန်ကြီးဦးအောင်ကြည်တို့မကြာသေးမီက တွေ့ဆုံစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာမည့် အချိန်ကို စောင့်ဆိုင်းလျက် ရှိကြောင်း၊ ပါတီမှတ်ပုံတင်ရေးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ခြင်း မရှိသေးကြောင်း ပြောခဲ့သည်ဟု သတင်းထောက်များအား တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲဝင်၊ မ၀င်ကိစ္စကိုလည်း မဆုံးဖြတ် ရသေးကြောင်း၊ NLD သည် ပြောင်းလဲလာသော အခြေအနေများပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို အစဉ်တစိုက် တောင်းဆိုခဲ့ပြီးမျှော်လင့် စောင့်စားလျက်ရှိကြောင်း အလေးအနက် ပြောဆိုသွားသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်မှုကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား မပြေလည်မှုများ ရှိခဲ့လျှင် ညှိနှိုင်း၍  ရေရှည်အကျိုးကိုကြည့်ကာသဘောထားကြီးကြီးနှင့် ပြေလည်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်နိုင်ငံ ပြည်သူပြည်သား အချင်းချင်းလည်း တဦးအပေါ်တဦး ကြည်ကြည်လင်လင် ဖြစ်စေချင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံအချင်းချင်း နားလည်မှုရှိစွာဖြင့် သင့်တင့်မှုရှိလျှင် အကောင်းဆုံးဖြစ်ကြောင်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကယခုအချိန်တွင်ခရီးထွက်ရန်မည့်အစီအစဉ်တစုံတရာမရှိသေးကြောင်းလည်း
ပြောသည်။နော်ဝေးနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လာရောက်သည့်ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားများအား မကြာမီ လွှတ်ပေးတော့မည်ဟု ပြောဆိုသွားသည်။

သမ္မတ ဦး(ဗိုလ်)သိန်းစိန်တစ်ယောက် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်.

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာလ ၁၂ ရက် ကနေ ၁၅ ရက်နေ့အထိ အိန္ဒိယ နိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက်မယ်လို့ သိရပါတယ်။
(Photo: AFP / MRTV)
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။

သမ္မတနဲ့အတူ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီး၊ သိပ္ပံနဲ့ နည်းပညာ၊ စိုက်ပျိုးရေး ၀န်ကြီးတွေ အပြင် နယ်စပ် ရေးရာနဲ့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ဌာန ၀န်ကြီးတွေ အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီး (၁၀) ဦး လည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်အရ ဆောက်လုပ်နေတဲ့ ဧရာဝတီမြစ်ဆုံဆည် ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ရပ်ဆိုင်းလိုက်ကြောင်း ဦးသိန်းစိန် ရဲ့ကြေညာချက် ရုတ်တရက် ထွက်လာပြီးတဲ့နောက် တရုတ် အစိုးရဘက်က ဥပဒေကြောင်း အရ ရင်ဆိုင် ဖြေရှင်းမယ်လို့ ဖိအားပေးနေချိန် အတွင်း သမ္မတ ဦးသိန်းစိန် အိန္ဒိယကို သွားရောက်မှာ ဖြစ်တာကြောင့် ပြည်တွင်း ပြည်ပက စိတ်ဝင်စားနေကြ ပါတယ်။ အိန္ဒိယဘက်ကလည်း ဒီတခေါက် မြန်မာ သမ္မတရဲ့ ခရီးစဉ်ကို မဟာဗျူဟာ အရ အထူး အလေးထားတယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်း အိန္ဒိယ သမ္မတ အပါအ၀င် အစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ ဒေသတွင်း လုံခြုံရေး၊ နှစ်နိုင်ငံ ကုန်သွယ် စီးပွားရေးနဲ့ နည်းပညာပိုင်း ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အထူးသဖြင့် သိပ္ပံနဲ့နည်းပညာ ဆိုင်ရာ ကိစ္စတွေနဲ့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် ဖောက်လုပ်မယ့် လမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေမှာ သဘောတူ စာချုပ် လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရှေ့မြောက်ပိုင်း နယ်စပ်ရေးရာ ၀န်ကြီးနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဂါယာကို ဘုရားဖူး နှစ်ရက်ကြာ သွားဖို့ စီစဉ်ထားပါတယ်။

ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပါက ပူးပေါင်းမည်ဟု CRPP ပြော

      ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးကာ တနိုင်ငံလုံး အပစ်ရပ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်ပါက အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ-CRPP က ပြော
နယူးဒေလီ(မဇ္ဈိမ) ကိုအခုလိုပြောပြခဲ့ပါတယ်။
“ဖြစ်ပေါ်တိုးတက်လာတဲ့ အနေအထားပေါ်မှာ တည်ပြီးတော့ အန်ကယ်တို့က ပူးပေါင်းဆောင်ရွက်မှာပါ။ အဲဒါ (ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တာ) တော့ နောက်ဆုံးအဆင့်ပေါ့” ဟု  CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင် မဇ္ဈိမကိုပြောသည်။၁၉၉ဝ ပြည့်နှစ်တွင်ကျင်းပသော ရွေးကောက်ပွဲရလဒ်နှင့်အညီ လွှတ်တော်ခေါ်ရေး ကြိုးပမ်းရန်  ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် CRPP တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသား ၁ဝ ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခဲ့သည်။

CPRR ကော်မတီဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ကလည်း အစိုးရဘက်မှ သိသာထင်ရှားသည့်
ပြောင်းလဲမှုမျိုး ရှိလာလျှင် ပါတီတရားဝင် ရပ်တည်ရန် မှတ်ပုံတင်မည်ဟု ဆိုသည်။

“တကယ်လို့ ပြောင်းလာရင်တော့ မှတ်ပုံတင်တာတို့ ဘာတို့ကတော့ စဉ်းစားရမှာပဲ၊ သူတို့က ပြောင်းမယ်
ပြောင်းမယ်နဲ့ လွှတ်တော်ထဲမှာ အဓိက အချက်တွေ ပြောင်းတာ မတွေ့သေးဘူးဗျ” ဟု ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။အငြင်းပွားနေသည့် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံမှုတို့ကို အစိုးရသစ်၏ တိုးတက်မှု ခြေလှမ်းဟု ရှုမြင်သော်လည်း အမျိုးသားရင်ကြားစေ့ရေး လမ်းစပွင့်မည့် လုပ်ရပ်များ မရှိသေးဟု ဆိုသည်။ရန်ကုန်မြို့ NLD ရုံးချုပ်၌ သောကြာနေ့တွင် ကျင်းပခဲ့သည့်  CRPP ၏ လပတ် အစည်းအဝေးတွင်
ဒေါ်အောင်ဆန်းစုကြည် က သူနှင့် ဦးအောင်ကြည်တို့၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့များကို ရှင်းလင်းပြောဆိုခဲ့ပြီး ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီမှ စတင်ကာ  နှစ်နာရီပြုလုပ်ခဲ့သည့် အစည်းအဝေးသို့  ကော်မတီဝင်များဖြစ်သည့် NLD ပါတီမှ  ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးစိုးဝင်းနှင့် CRPP အတွင်းရေးမှူး
ဦးအေးသာအောင်၊ ပူးကျင့်ရှင့်ထန်တို့ တက်ရောက်ခဲ့သည်။

"နှစ်ပေါင်းများစွာ ညီညီညွတ်ညွတ် ဆောင်ရွက်သလိုပဲ လက်တွဲ လုပ်ဆောင်လာသလိုပဲ နောင်မှာလဲ ဘာလိုကိစ္စပဲဖြစ်ဖြစ် တညီတညွတ်တည်း လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်" ဟု  အစည်အဝေး တက်ရောက်ခဲ့သူ ဦးအေးသာအောင်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေ သည့် ကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် အလုပ်သမာဝန်ကြီး ဦးအောင်ကြည်တို့ စက်တင်ဘာလ ၃ဝရက်နေ့ တတိယအကြိမ် တွေ့ဆုံမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ကြသည်

စာပေ စီစစ်ရေး အဖြတ်အတောက်များ ပိုမိုကြမ်းတမ်းလာ


ဒီမိုကရေစီစနစ်တွင် စာပေစိစစ်ရေး မရှိသင့်ဟု စိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ထုတ်ဖော် ပြောဆိုလိုက် သော်လည်း သတင်းအများစုကို စိစစ်ဖြတ်တောက်နေဆဲ ဖြစ်သည်။
Irrawaddy_Journal















ဂျာနယ်လက်ပွေ့ အရောင်းသမား တဦး (ဓာတ်ပုံ - Uzo / The Irrawaddy)
ဦးတင့်ဆွေက “ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီဖြစ်တဲ့အတွက် ခေတ်နဲ့ လျော်ညီအောင် စာပေစိစစ်ရေးကို မထားရှိ သင့်တော့ဘူးလို့ ထင်မြင်ယူဆပါတယ်” ဟု ပြည်ပအခြေစိုက် RFA သတင်းဌာနကို အောက်တိုဘာ ၈ ရက်နေ့က ပြောဆိုလိုက်သော်လည်း သတင်းဂျာနယ်များတွင် ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု နောက်ဆက်တွဲ သတင်းများ၊ ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒပြသည့်သတင်း၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲသတင်းများ အပါအ၀င် သတင်းအများစု ဖော်ပြခွင့်မပြုဘဲ ဆင်ဆာ ဖြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာ လိုက်ပြီးနောက်ပိုင်း တရုတ်သတင်း မီဒီယာများနှင့် တရုတ်အစိုးရ၏ ရှယ်ယာများ ပါဝင် သော China Power Investment (CPI) ကုမ္ပဏီတို့က မြစ်ဆုံစီမံကိန်း ရပ်တန့်မှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်ပေးရန်နှင့် စီမံကိန်း ရပ်တန့်သဖြင့် ဥပဒေ ကြောင်းအရ ရင်ဆိုင်ရမည်ဆိုသော ပြောဆိုမှုများ၊ မြစ်ဆုံစီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် နိုင်ဆိုသော ရေးသားချက်များ ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် မြန်မာသတင်း မီဒီယာများက ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ဆက်နွှယ်ပြီး တရုတ်သတင်း မီဒီယာများ၏ ပြောဆိုရေးသားမှု များကို ပြန်လည်တုံ့ပြန် ပြောဆိုရန် ရေးသား တင်ပြကြသော်လည်း စာပေစိစစ်ရေးဌာနက ခွင့်ပြုချက် မပေးကြောင်း သိရသည်။

“တရုတ်မီဒီယာ တွေမှာပါတဲ့ မြစ်ဆုံစီမံကိန်း ရပ်တဲ့အပေါ် ဝေဖန်သုံးသပ်မှုကို ပြန်တုံ့ပြန်တဲ့ သတင်းမျိုးတွေ ဖော်ပြခွင့်မရဘူး။ မြစ်ဆုံနဲ့ ပတ်သက်တဲ့ သတင်းတိုင်းကို ဖြုတ်တာတော့ မဟုတ်ဘူး။ ပေးချင်တဲ့ အဓိက Message ဖြုတ်ခံရပြီး ကန့်သတ် ဖော်ပြခွင့် ပြုတာမျိုးတွေလည်း ရှိတယ်” ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း သတင်းများသာမက အစိုးရပိုင် ပြည်မြန်မာကုန်တိုက်ကို လေလံပစ်ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရန် ကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများကို အတင်းအကျပ် ဖယ်ရှားခိုင်းမှုကြောင့် ဆိုင်ခန်းပိုင်ရှင် ၂၀ ကျော်က ဆန္ဒပြသည့် သတင်း၊ ဆန္ဒပြသူ အမျိုးသမီး ၂ ဦးကို ခံဝန်လက်မှတ် ရေးထိုးစေကာ ပြန်လွှတ်ပေးသည့် သတင်းများအား စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက် ခဲ့သည်ဟု သိရသည်။

“ဒီမိုကရေစီစနစ်မှာ စိစစ်ရေးမရှိသင့်ဘူးလို့ ပြောတာကို ကြိုဆိုတယ်။ အပြောကို အလုပ်နဲ့ ညီအောင် ပြပါလို့ ပြောချင်တယ်။ ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းပိုင်ရှင်တွေ ဆန္ဒပြတာက နိုင်ငံရေး သတင်း မဟုတ်ဘူး၊ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဘူး။ ဘာကြောင့် ပယ်တာလဲ၊ ဘာဖြစ်လို့ ဖော်ပြခွင့် မပေးတာလဲ” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက မေးခွန်းထုတ်သည်။

ကချင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် နောက်ဆက်တွဲ မတည်ငြိမ်မှု သတင်းများကိုလည်း ဂျာနယ်များတွင် လုံးဝ မဖော်ပြနိုင်ရန် စာပေစိစစ်ရေးက  ဖြုတ်ပယ်ခဲ့ကြောင်း သိရသည်။

“ကချင်မှာ စစ်ဖြစ်လို့ ကုန်သွယ်ရေး ရပ်တယ်၊ စားသောက်ကုန်တွေ ဈေးတက်တယ်။ လမ်းပန်းဆက်သွယ်ရေး စရိတ် ကြီးတယ်။ ဒါမျိုးသတင်းတွေ ရေးတာပါ။ အဲဒီလို သတင်းမျိုးကိုတောင် စာပေစိစစ်ရေးက ပယ်တယ်။ စစ်ပွဲ ဖြစ်တယ် ဆိုတဲ့ သတင်းမျိုး ဆိုတော့ ဖော်ပြခွင့်ရဖို့ မမျှော်လင့်နဲ့ လို့တောင်ပြောရမလိုပဲ” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်က ဆိုသည်။

စိစစ်ရေး မူဝါဒနှင့်မကိုက်ညီသော သတင်းများ ဖြုတ်ပယ် ခံနေရသည့်အပြင် လွှတ်တော်သို့ သွားရောက် သတင်းယူခဲ့သော သတင်းထောက်များ ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းတပ်ဖွဲ့က အိမ်တိုင်ရာရောက် လိုက်လံ စုံစမ်းပြီး ကိုယ်ရေး ရာဇ၀င် မေးမြန်းမှုများ ရှိနေကြောင်း ပြည်တွင်းသတင်းထောက် တချို့က ပြောသည်။

“ကိုယ်လည်း မသိလိုက်ဘူး၊ အိမ်လာသွားတယ်။ ကိုယ်ရေးရာဇ၀င် ဖောင်ဖြည့်ပေးဖို့ လာပြောတယ်။ တကယ်ဆိုရင် လွှတ်တော် မတက်ခင်ကတည်းက ကိုယ်ရေးအကျဉ်း အပြည့်အစုံ ပေးထားပြီးသား။ ဘာသဘောနဲ့ အိမ်အထိ ရဲက လိုက်လာသလဲ ဆိုတာ မစဉ်းစားတတ်ဘူး” ဟု လွှတ်တော်တက် သတင်းယူခဲ့သော စာနယ်ဇင်းသမားတဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းလွတ်လပ်ခွင့် ပေးလျှင် အကျိုးထက် ဆိုးကျိုးသာ များကြောင်း၊ စာပေ စိစစ်ရေး ဌာနသည် တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် ရပ်တည်နေခြင်းဖြစ်ပြီး ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း၊ အမျိုးသား အကျိုးစီးပွား အခြေခံသော စတုတ္ထမဏ္ဍိုင် ဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးများတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် မရှိသေးသည့်အပြင် သတင်းသမား ၂၀ နီးပါးမှာလည်း ပြည်ပအခြေစိုက် သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟု ဆိုကာ အစိုးရ၏ မတရား ဖမ်းဆီး ထောင်ချခြင်းကို ခံနေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ


စာပေစိစစ်ရေး ဖျက်သိမ်းမယ့်သတင်း စာနယ်ဇင်းသမားတွေကြိုဆို

စာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာမည် ဟု စာပေစိစစ်ရေး ညွှန်မှူးပြော

 

ကာတွန်း ဦးဘဂျမ်း “ရသေကြီး ဦးဖျောက်ဆိတ်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကြိုးပမ်း ကြသူများ”


ပြန်ခေါက်ထားပါ...

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အိတ်ဖွင့်ပေးစာ

Sunday, October 9, 2011 NEWS 8.10.11

GW's ရဲ့လေးနှစ်မြောက်မွေးနေ့နှင့်အတူ GW ရဲ့ လေးနှစ်မြောက်သီချင်းလေး

GW Song in 2007 by Niknayman

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။