Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/15/2011

လာဖမ်းရင် လိုက်ဖို့ အဆင်သင့်ဟု ရွှေညဝါ ဆရာတော် မိန့်ကြား



ဦးပညာသီဟ (ရွှေညဝါ ဆရာတော်)
ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ်ရှိ သာဓုပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင် ဆရာတော် ရွှေညဝါ ဆရာတော်ကို ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာ တစ်စောင်ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဒီဇင်ဘာလ
၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပေးပို့လိုက်ကြောင်း  ဆရာတော် နှင့် နီးစပ်သူ တစ်ဦးက ဘားမားဗီဂျေ မီဒီယာအား ပြောကြားခဲ့ပါသည်။
အထက်ပါ ညွှန်ကြားစာနဲ့ ပတ်သက်၍  “မနက်ကတည်းက သင်္ကန်းအပို နှစ်ထည် ထည့်ပြီး စောင့်နေတယ်။ လာဖမ်းရင် တခါတည်း လိုက်သွား မလို့” ဟု ဆရာတော်က အတည်ပြု မိန့်ဆိုခဲ့ပါတယ်။ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ရုံးတွင် ရွှေညဝါ ဆရာတော် တရားဟော ပြောခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၊ နိုဝင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မ ဟာနယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ၊
ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ထို ညွှန်ကြားစာထဲတွင် ရွှေညဝါ ဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃာနာယကပိုင် ကြည့်မြင့်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်မှ ဖယ်ရှားပေးရန်၊ သံဃာအဖွဲ့စည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍
ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့်အပြင် သာဓုကျောင်း တိုက်အတွင်း မည်သည့် သင်တန်းမှ ဖွင့်လှစ်ခွင့် မပြုရန် ပါရှိပါတယ်။ အထက်ပါ ညွှန်ကြားချက်များကို မလိုက်နာပါက သံဃာ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၁ အရအရေးယူသွားမည် ဖြစ်ကြောင်း သိရပါသည်။ မည်သည့် နေ့ရက်တွင် ထွက်ခွာပေးရန် ညွှန်ကြားမှု မပါရှိကြောင်း၊ သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော် ရွှေညဝါ ပညာ့ဗိမာန်သို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကြွရောက်လာရန်အစီအစဉ်ရှိကြောင်း ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

“ဟီလာရီလာတုန်းက ဆရာတော်သွားတွေ့လိုက်လို့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။” ဟု ဆရာတော်၏ အနီးကပ် ကပ္ပိယ တစ်ဦးက သုံးသပ်ပြောဆို ပါတယ်။ ဆရာတော်သည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်က ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများ နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့ပါသည်။
အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ပွဲ အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုများ ဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားကိုလည်း ထိုကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့သည် ရွှေညဝါ ဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာ တော်ကိုလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ အထိ တစ်နှစ်တိတိ တရား
ဟောပြောခွင့်ကို ပိတ်ပင် လိုက်ပါတယ်။
 http://www.burmavjmedia.net မှ ကူယူဖော်ပြသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။