Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

4/23/2012

လူဘောင်သစ်လူငယ်ကွန်ယက်မှ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
RFA
နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံ၏ အင်တာနက်စာမျက်နှာ ဖြစ်ပါသည်။

တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။ “ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။” အခုလို ရွေးချယ်ခံရတာဟာ နှစ်ပေါင်း၅၀ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၅၀ လွန်ကာလများက ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက် နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံအဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီလို့ လည်း သိရပါတယ်။

http://www.rfa.org/burmese/news/iusy-elected-burmese-youth-04222012102827.html မှ ကူးယူ

NLD ပါတီမှ နှုတ်ထွက်စာတင်ရင်းနဲ့ အပြင်းအထန်ဝေဖန်သွားသော. ဦးကျော်ဆန်း

အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးကျော်ဆန်းက ပါတီကနေ နှုတ်ထွက်ကြောင်း NLD ဥက္ကဋ္ဌကို ဇန်န၀ါရီ ၅ ရက်နေ့က ပေးပို့တဲ့စာ ဒီကနေ့ ဧရာဝတီကို ရောက်လာပါတယ်။

ဦးကျော်ဆန်းက ၁၉၉၀ ရွေးကောက်ပွဲမှာ တန့်ဆည်မြို့ မဲဆန္ဒနယ်အမှတ် ၁ မှာ ရွေးကောက်ခံရသူပါ။ နောက်ပိုင်းမှာ သူ့ကို စစ်အစိုးရက အကြိမ်ကြိမ်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။

သူ့ရဲ့ နှုတ်ထွက်စာ စာမျက်နှာ ၄ မှာ ဖော်ပြထားတာက NLD ဟာ တနေ့တခြား "ဗဟိုဦးစီးစနစ် လွန်ကဲလွန်းအားကြီးလာနေ" တယ်၊ "ရေပေါ်ဆီ ဒီမိုကရေစီ အာဏာရှင် လမ်းကြောင်းဘက်ဆီသို့" သွားနေတယ် လို့ ဆိုထားပါတယ်။

အုပ်စုဖွဲ့လာကြတယ်၊ ဒီလို အုပ်စုဖွဲ့သူများရဲ့ အတွေးအခေါ်ကဟာ "အတ္တလွန်ကဲလွန်းသော အဆင့်နိမ့် ခွေးကတက် နိုင်ငံရေး အတွေးအခေါ်မျိုး" လို့ ဆိုထားပါတယ်။

ဦးကျော်ဆန်းက "နှုတ်ထွက်ရခြင်း၏အသေးစိတ်အကြောင်း နှင့် ယုံကြည်မှုကင်းမဲ့ခဲ့ရသည့် ဖြစ်ရပ် ဖြစ်စဉ်များ" ကို အခွင့်အခါသင့်ရင် သီးခြား ရှင်းလင်း တင်ပြမယ်လို့ စာမျက်နှာ ၅ မှာ နိဂုံးချုပ် ရေးထားပါတယ်။

သူ့ရဲ့ ပေးစာကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။

စာမျက်နှာ ၁

စာမျက်နှာ ၂

စာမျက်နှာ ၃
စာမျက်နှာ ၎

စာမျက်နှာ ၅

 သတင်းရယူသည့်နေရာ.
NLD ကို အပြင်းအထန် ဝေဖန်ထားတဲ့ ဦးကျော်ဆန်းရဲ့စာ ~ The Irrawaddy's Blog 

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။