Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/01/2011

Aung Way မစ်ရှီဂန်ကပေးတဲ့စာ (၈၈) နိဂုံးပိုင်း-





မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့သာလို့ မာပါစ။ ဥတုရာသီများလည်း သာပါစ။ ဒီလိုအချိန်ဆိုရင်၊ ရန်ကုန်မြို့ြ
ကီးပေါ်မှာ မိုးသားတွေ အုံ့ ဆိုင်းနေလိမ့်မယ်လို့ ကျနော်တွေးကြည့်နေမိတယ်။ ကျနော် နေထိုင်ခဲ့တဲ့ ငမိုးရိပ် ချောင်းကမ်းပါးအပေါ်မှာ၊ အစာရှာထွက်တဲ့ ငှက်ကလေးတွေ၊ ဟို ဒီ ပျံသန်းနေလိမ့်မယ် လို့လည်း စိတ်ကူးကြည့်နေမိတယ်။
ဒီလိုနဲ့စိတ်က နောက်ဆုံး ရွှေတိဂုံဘုရား ခြေတော်ရင်းကို ရောက်သွားတော့တယ် ကိုဒေါင်း…။
အိမ်ဝေးသူရဲ့စိတ်ထဲမှာတော့ စက်တင်ဘာမိုးက မတိတ်တော့ဘူး။ စက်တင်ဘာမိုးရေတွေထဲ၊ ရန်ကုန်နဲ့ တခြားမြို့ ကြီးတွေမှာ သင်္ကန်းရောင်တွေ လွှမ်းခြုံခဲ့တဲ့ ရွှေဝါရောင်နေ့ ရက်တွေဆိုတာ၊ ကျနော်တို့အဖို့ ဘယ်တော့မှမမေ့ကောင်းစရာ အမှတ်တရနေ့ ရက်တွေပါကိုဒေါင်း…။
အခုကတော့၊ အခုရောက်ရှိနေတဲ့ ၂၀၁၁ စက်တင်ဘာကနေ ဟိုးလွန်ခဲ့တဲ့(၄)နှစ်က ၂၀၀၇ စက်တင်ဘာကို ပြန်လည်အောက်မေ့ တသမိတာပါပဲ။ ကဗျာလိုပြောရရင် “စက်တင်ဘာမှ စက်တင်ဘာသို့“ လို့ပဲ ဆိုပါတော့ဗျာ။
ရွှေဝါရောင်တော်လှန်ရေးဟာ ဖြစ်ခဲ့တယ်။ ဗမာပြည်မှာ တကယ်ဖြစ်ခဲ့ပါတယ်။ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ပထမဆုံး အထွေထွေသပိတ်ကြီးကို ၂၀၀၇ စက်တင်ဘာလ (၂၄)ရက်နေ့ မှာ ကျနော်တို့ စတင်လိုက်ကြတယ်။ အဲဒီလို စတင်နိုင်ဖို့ သံဃာတွေဘက်ကရော၊ ကျနော်တို့လူတွေဘက်ကပါ၊ အခက်အခဲတွေ အများကြီးကြားထဲက၊ စွန့် စား ကြိုးပမ်းခဲ့ရတာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအများကြီး ၀ိုင်းဝန်း ခြံရံပေးခဲ့တာပါ။

EPA photo

ကိုဒေါင်းကြီး… န၀တစစ်တပ်အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်၊ စက်တင်ဘာလ(၁၈)ရက်နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေဟာ သံဃတိုက်ပွဲကနေ လူထုတိုက်ပွဲအသွင်ကို တစတစ ကူးပြောင်းလာနေပါပြီ။ အဲဒီအချိန်က ကျနော်တို့ကို ဆက်သွယ် ညွှန်ကြားနေတဲ့ သံဃခေါင်းဆောင် ဘယ်သူဆိုတာလည်း ကျနော်တို့ မသိခဲ့ပါဘူး။
စက်တင်ဘာ(၂၄)ရက်၊ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်၊ ကြေးသွန်းဘုရားမှာ အထွေထွေသပိတ်ကြီး စတော့မှပဲ၊ ရှင်ဥပဂုတ္တရေသိမ်မှာ သီတင်းသုံးနေကြတဲ့ သံဃာ(၇)ပါး ပါဝင်တဲ့ သံဃလှုပ်ရှားမှု ဦးစီးကော်မတီကို ဖူးခဲ့ရတာပါ။

အထွေထွေသပိတ်ကြီးမှာ၊ ကျနော်တို့လူတွေဘက်က လိုက်နာရမယ့် အချက်တွေအနေနဲ့ သံဃာ ခေါင်းဆောင်တွေ ထုတ်ပြန်ထားတာက
(တစ်) သာသနအလံကလွဲလို့ တခြား ဘာအလံမှမထောင်ရ။
(နှစ်) သံဃာ ဆိုင်းဘုတ်ကလွဲရင် တခြား ဆိုင်းဘုတ် ကိုင်ဆောင်ခွင့်မရှိ။
(သုံး) မေတ္တာပို့ဆုတောင်းကလွဲလို့ တခြားဘာကြွေးကြော်သံမှ မကြွေးကြော်ရ-
ဆိုတဲ့ညွှန်ကြားချက်ပါပဲ။
နောက်တခုက… အဲဒီတုန်းက သံဃာခေါင်းဆောင်တွေနဲ့ ကျနော်တို့ တိုင်ပင်သဘောတူခဲ့တာတခုကလည်း၊ အထွေထွေ သပိတ်ကြီးမှာ စီတန်း လမ်းလျှောက်တဲ့အခါ၊ လူထု အဓိကအနေနဲ့ လူတွေက အလယ်ကနေပြီး၊ သံဃာတော်တွေက ဘေးကနေ ၀န်းရံလိုက်ပါဖို့ ဆိုတဲ့ အစီအစဉ်ပါပဲ။
ဒါပေမဲ့ ကိုဒေါင်းရေ… အရာရာဟာစီစဉ်ထားတဲ့အတိုင်း ဖြစ်လာတတ်တာ မဟုတ်လေတော့၊ ပထမဆုံးနေ့ ၊ စက်တင်ာ(၂၄)ရက်နေ့ သံဃာတော်တွေ ဆွမ်းစားပြီးတဲ့အခါ၊ စီတန်းလှည့်လည်ဖို့ တကယ်တန်း တန်းစီကြပြီ ဆိုတဲ့အခါရောက်တော့၊ သိန်းချီနေတဲ့ သံဃာပရိသတ်ကပဲ အလယ်က နေရာယူဖြစ်ပြီး၊ ကျောင်းသား လူငယ်တွေက ဘေးကနေ လက်ချင်းချိတ် ၀န်းရံလိုက်ပါတဲ့ နဂိုပုံစံပဲ ဖြစ်သွားပါတယ်။ သိန်းချီနေတဲ့ လူထုပရိသတ်ကြီးက သံဃာတော်တွေရဲ့ စစ်ကြောင်းနောက်က လိုက်ပါ ချီတက်ခဲ့ကြတာမဟုတ်လား။
အခုအထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပါပဲဗျာ။ ရွှေတိဂုံရားခြေရင်းမှာ သံဃာပင်လယ်၊ လူပင်လယ် ဝေနေခဲ့တယ်။ ရွှေဝါရောင်လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း ရိုက်ခတ်နေခဲ့တယ်။ သံဃာပရိသတ်၊ လူပရိသတ်ကြားမှာ ကျနော်တို့ စာပေနဲ့ အနုပညာရှင်တွေ အများကြီး တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ကြတယ်။ ပြည်သူလူထုက သံဃာတော်တွေရဲ့ ဆွမ်းကွမ်း ဝေယျာဝစ္စ၊ ဆေးဝါးအတွက် သူတို့ရဲ့ချွေးနှဲစာတွေကို ရက်ရက်ရောရော ပေးလှူခဲ့ကြတယ်။
အထွေထွေသပိတ်ကြီး စတင်တဲ့ စက်တင်ဘာ(၂၄)ရက်နေ့ မှာတော့၊ သံဃာတွေကသူတို့ ထုတ်ပြန်ထားတဲ့အမိန့် တခုကို လျှော့ပေးလိုက်ပါတယ်။ အဲဒါက ကျောင်းသားလူငယ်တွေရဲ့ “အကြမ်းမဖက်ရေး အမျိုးသားလှုပ်ရှားမှု“ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကိုင်ဆောင်ခွင့်ပြုလိုက်တာပါပဲ။ ဒီလိုပါပဲ၊ နောက်တနေ့ စက်တင်ဘာ(၂၅)ရက်နေ့ ရောက်တော့လည်း၊ သံဃာတွေက ကျော်ကိုကိုတို့ ၂၀၀၇ ဗကသ အင်အားစုရဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ကို ထောင်ခွင့် ပြုခဲ့ပြန်ပါတယ်။
အထွေထွေ သပိတ်ကြီး နှစ်ရက်စလုံးမှာ၊ နွေးထွေး တက်ကြွတဲ့ အားပေးထောက်ခံမှုတွေ အများကြီး ရခဲ့တာပါ။ တချို့ ကဆိုရင် နိုင်ငံရေးအကြံပြုစာတမ်းတွေတောင် လာပေးခဲ့ကြပါတယ်။ သက်ကြီး ၀ါကြီး နိုင်ငံရေးသမားကြီးတွေက၊ ကျနော်တို့လို ငချွတ်ငတားလေးတွေကို သိကြားဘုရားအထိ လာတွေ့ ပြီး အားပေးခဲ့တာပါ။
စက်တင်ဘာ(၂၅)ရက်နေ့ ဆူးလေဘုရားနဲ့ မြို့ တော်ခန်းမရှေ့ မှာ တွေ့ လိုက်ရတဲ့ သံဃာနဲ့ လူထုပရိသတ်ကြီးဟာ အဆုံးအဖြတ်တခုပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီ လို့တောင် စိတ်ထဲမှာ မျှော်မှန်း အားတက်မိခဲ့တဲ့အထိပါ။
ဒါပေမဲ့၊ ကျနော်တို့ ထင်သလို ဖြစ်မလာခဲ့ဘူး။ စက်တင်ဘာ(၂၆)ရက်နေ့ မှာ ကျနော်တို့စတင် ချေမှုန်းခံခဲ့ရတယ်။
AP photo

အခု ရွှေဝါရောင်တော်လှန်ရေး(၄)နှစ် ပြည့်တဲ့အချိန်မှာ ပြန်ကြည့်လိုက်တော့၊ ကိုယ်တိုင် ပါဝင်ခဲ့တဲ့အထဲက ကျနော်တို့၊ ဆရာမ နှင်းပန်းအိမ်တို့က ပြည်ပကို ထွက်ပြေးခဲ့ကြရတယ်။ သံဃာခေါင်းဆောင် တချို့ လည်း အဝေးရောက်ကုန်တယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတွေ၊ NLD လူငယ်တွေ၊ ကျောင်းသားတွေ ထောင်ထဲမှာ အများကြီး ရှိသေးတယ်။ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ ထောင်ထဲက မလွတ်သေးဘူး။ ကိုကျော်သူ ရုပ်ရှင် မရိုက်ရတော့ဘူး။
ကိုဒေါင်းရေ… ကျနော်တို့ ရှုံးသလား၊ နိုင်သလား၊ အောင်ပွဲကို ဘယ်သူရသွားသလဲ။ သမိုင်းကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ဒီစကားနဲ့ပဲ မစ်ရှီဂန်က ပေးစာကဏ္ဍကို အဆုံးသတ်လိုက်ရပါတယ်ဗျာ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ မြန်မာ့ဒီမိုကရေစီအရေးတော် ပုံအောင်ပါစေ။ ။
အောင်ဝေး
အောက်တိုဘာ1

ဒေါ်အောင်ဆန်းစုကြည်က သိန်းစိန်ရဲ့ခုတုံးလား

ကာတွန်း ဟန်လေးရဲ့ လက်ရာ

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု အမေရိကန်ကြိုဆို

 မေငြိမ်း, 30.အောက်တိုဘာ, 2011. (သောကြာနေ့)

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီမြစ်မကြီးရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်မှု ရှိစေလိမ့်မယ်ဆိုပြီး ပြည်တွင်းက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ ဒါပေမဲ့ မြန်မာအာဏာပိုင်အချို့က ဒီစီမံကိန်းကို ဆက်လုပ်သွားမယ်လို့ ဆိုခဲ့ကြတဲ့အတွက် အဲဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ အစိုးရအဖွဲ့သစ်အပေါ် ပြည်တွင်းရော ပြည်ပက ဖိအားတွေ တိုးလာခဲ့ပါတယ်။
မနေ့ကတော့ မြန်မာသမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာထဲမှာ ဒီ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ်လို့ ဖော်ပြလိုက်တာကြောင့် ဒီအရေးအတွက် ဆောင်ရွက်နေကြတဲ့ လှုပ်ရှားတက်ကြွသူတွေရော ပညာရှင်တွေရော အနုပညာရှင်တွေကပါ ၀မ်းသာ ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ မြန်မာလူထုအကျိုးစီးပွားကို ကြည့်ပြီး ပြောင်းလဲမှုအတွက် နောက်ထပ်  ခြေလှမ်းတွေ လှမ်းဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ အခုလို ဆုံးဖြတ်ချက်ကို အပြုသဘော ခြေလှမ်းတရပ်အဖြစ် သတ်မှတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်အပေါ်မှာ ကြိုဆိုပါတယ်။ ဒီစီမံကိန်းဟာ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီဘူးလို့လည်း သူ့ကြေညာချက်မှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာလူထုရဲ့ စိုးရိမ်ချက်အပေါ် တုံ့ပြန်ပြီး အနိမ့်ဆုံးတော့ အမျိုးသား သင့်မြတ်ရေးဖြစ်လာစေမယ့် မြန်မာအစိုးရရဲ့ ဒီကြိုးပမ်းမှုဟာ သိသာမြင်သာပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက တွက်ဆပါတယ်။”

အခု မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာပြည်မှာ တင်းမာနေတဲ့ ပြဿနာတခုဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါကြောင့်လဲပဲ တိုင်းရင်းသားလူနည်းစုတွေ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အပါအ၀င် မြန်မာလူထု အကျိုးစီးပွားအတွက် နောက်ထပ် အပြုသဘောဆောင်တဲ့ တိုးတက်တဲ့ခြေလှမ်းတွေ လှမ်းသွားဖို့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

NLD ရခိုင် စည်းရုံးရေးတာဝန်ခံ ဘူးသီးတောင်ထောင်ထဲရှိ ကိုဌေးကြွယ်တို့ကို သွားရောက်တွေ့ဆုံ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရခိုင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဒေါ်မညိုအေးသည် ဘူးသီးတောင်ထောင်တွင်း အကျဉ်းချခံထားရသည့် ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်နှင့် အဲလ်ညို (ခေါ်) ကိုထွန်းညို တို့နှစ်ဦးကို ထောင်ဝင်စာ သွားခဲ့သည်ဟု သတင်း ရရှိသည်။


Buthidaung-Prison ကိုဌေးကြွယ်တို့ကို ထားရှိသော ဘူးသီးတောင် အကျဉ်းထောင် (ဓါတ်ပုံ- နိရဉ္စရာ)
ဒေါ်မညိုအေးသည် ယခုအပတ် သောကြာနေ့ နေ့လည် ၃း၀၀ နာရီကျော်အချိန်တွင် စစ်တွေမှ ဘူးသီးတောင်သို့ သင်္ဘောဖြင့် လာရောက်ပြီး အဆိုပါကျောင်းသားနှစ်ဦးကို ထောင်ဝင်စာ လာတွေ့သွားခဲ့ခြင်း ဖြစ်ကြောင်း သူမနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

" ဒေါ်မညိုအေးကို ထောင်အာဏာပိုင်တွေက နာရီဝက် နီးပါးခန့် တွေ့ဆုံခွင့် ပေးပါတယ်။ စားစရာ၊ ဂျာနယ် နှင့် စာအုပ်စာတမ်း အချို့ကိုလည်း ပေးခွင့်ပြုခဲ့ပြုပါတယ်။ ထောင်အမှုထမ်းတွေကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်" ဟု သူက ပြောသည်။

ကိုဌေးကြွယ်နှင့် ကိုထွန်းညိုတို့ နှစ်ဦးမှာ ကျန်းမာရေးကောင်းကြောင်း နှင့် သူတို့ကို ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားများကို ထားသည့် ဘီကလပ် သီးသန့် အကျဉ်းထောင်တွင် ထားကြောင်း ၄င်းထောင်အမှုထမ်း တစ်ဦးကို ကိုးကားပြီး သူက ပြောသည်။

မျက်မြင်များ၏ အဆိုအရ ဒေါ်မညိုအေး သူတို့အား ထောင်ဝင်စာတွေ့ရန် စစ်တွေမှ ဘူးသီးတောင်သို့ လာရောက်စဉ် အက်စ်ဘီ နှင့် မှုခင်းရဲများ လိုက်ပါ စောင့်ကြည့်မူများ ရှိသော်လည်း တစုံတရာ နှောင့်ယှက်မှုများ မရှိခဲ့ကြောင်း သိရသည်။


တာကလူး ပေးပို့သည်။

ဒေါ်စုကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တောင်အာဖရိက ချီးမြှင့်

By ဗွီအိုအေ (မြန်မာဌာန)

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  တောင်အာဖရိကနိုင်ငံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တခု ချီးမြှင့်လိုက်ပါတယ်။ ဒီဆုကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာ့စဘတ်မြို့မှာ အောက်တိုဘာ ၄ ရက်နေ့ကျရင် အခမ်းအနား ကျင်းပပြီး ချီးမြှင့်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အဲဒီဆုကို သွားရောက် လက်ခံယူမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘာကြောင့် ဒီဆုကို သွားပြီးမယူတာလဲ ဆိုတာကိုတော့ ဒေါက်တာစိန်ဝင်းက အခုလိုပြောပါတယ်။
“အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က နိုဘဲလ်ငြိမ်းချမ်းရေးဆုကနေ စလိုက်တာ သူကိုယ်တိုင် ဆုကို မယူဘူးလေ။ သူ့ကိုယ်စား တယောက်ယောက်ကို သွားပြီးတော့ ယူခိုင်းတာပဲ။ ဒီတခါတော့ ကျနော့်ကို ကိုယ်စားလွှဲတယ်။ သူ့ကိုယ်စားပေါ့ သွားယူပါဆိုလို့ ကျနော် သွားယူရတာပေါ့။ ရှင်းရှင်းပြောရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က နိုင်ငံခြားကို ထွက်ချင်လို့ရှိရင် မြန်မာပြည်ကို ပြန် ၀င်နိုင်မ၀င်နိုင် ဆိုတာ မသေချာလို့ပဲ။”
ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံက ဆုချီးမြှင့်တာဟာ စတုတ္ထအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်က ၁၉၉၇ ခုနှစ်မှာ ချီးမြှင့်ခဲ့တာဖြစ်ပြီး နာတယ်လ် ဥပဒေတက္ကသိုလ်က ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုဖြစ်ပါတယ်။ အဲဒီတုန်းက ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ်စ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက် ယူခဲ့ပါတယ်။ ဒုတိယတကြိမ်ကတော့ ၂၀၀၇ ခုနှစ်မှာ Cape Town တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုဖြစ်ပြီး တောင်အာဖရိကနိုင်ငံက နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) က ကိုယ်စား တက်ရောက် လက်ခံယူခဲ့ပါတယ်။ တတိယအကြိမ်ဆုကတော့ ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ချီးမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လှုပ်ရှားမှုတွေအတွက် ပေးအပ်တဲ့ မဟတ္တမဂန္ဒီဆု (MAGI award) ဖြစ်ပါတယ်။

လစ်ဗျားရှိ အကျဉ်းထောင်အနီးတွင် အလောင်း ၁၀၀၀ ကျော်မြှုပ်ထားသည်ကို တွေ့ရှိ


PDF Print
Tuesday, 27 September 2011 20:49
AddThis Social Bookmark Button

b4_26_10
တူးဖော်တွေ့ရှိခဲ့သော အလောင်းများကို တော်လှန်ရေးသမားများက သတင်းထောက်များအား ပြသနေစဉ်

လစ်ဗျားရှိ  အကျဉ်းထောင်တွင် ၁၉၉၆ ခုနှစ်က ဖြစ်ပွားခဲ့သည် အစုလိုက်အပြုံလိုက် သတ်မှုတစ်ခုမှ သေဆုံးခဲ့သည့် ထောင်သား ၁၂၇၀ ၏အလောင်းများကို မြှုပ်ထားသော သင်္ချိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း လစ်ဗျားအသွင်ကူး ပြောင်းရေးအဖွဲ့က ကြေညာခဲ့သည်။ ၁၉၉၆ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ထောင်တွင်းအခြေအနေနှင့်ပတ်သက်၍ တောင်းဆိုရာမှ ယင်းထောင်သားများ အများအပြား အသတ်ခံခဲ့ရပြီး ၎င်းတို့၏အလောင်းများကို အစုလိုက် အပြုံလိုက်မြှုပ်ထားမှုအား ထရီပိုလီရှိ အဘူဆာလင်မ် ထောင်အနီးတွင် တွေ့ရှိခဲ့သည်။ ကဒါဖီအစိုးရလက်ထက်က အသတ်ခံရသူများကို ရှာဖွေရာတွင် ကြီးကြပ်သည့် ကော်မတီမှ ဒါက်တာအီဗရာဟင်မ်အဘူဆာဟီမာက အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဖမ်းမိထားသော ကဒါဖီ အစိုးရတာဝန်ရှိသူများနှင့် မျက်မြင်သက်သေများထံမှ သတင်းများရရှိခဲ့ပြီးနောက် ယင်းမြှုပ်နှံထားသည့်နေရာကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။  အလောင်းများတွင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် နိုင်ငံတကာထံ အကူအညီတောင်းသွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။