Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

2/10/2012

ိတိုင်ရီ အလုပ်သမားဆန္ဒပြမှုမပြီးဆုံးသေး

ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားတွေ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
တိုင်ရီဖိနပ် စက်ရုံမှ အလုပ်သမားတွေကို အခြေခံလစာကို အလုပ် တနာရီမှာ ယခင် ရနေကြဖြစ်တဲ့ ၇၅ ကျပ်ကနေ ၈၅ ကျပ်သို့ အချိန်ပိုကြေးကို ၂၁ ကျပ် တိုးမြှင့်ပေးလိုက်ပါတယ်။ အလုပ်သမားတွေကတော့ ဒီကနေ့ တိုးပေးသော လစာအား လက်မခံသောကြောင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့(စနေနေ့)အထိ စက်ရုံအတွင်း ဝင်ရောက် အလုပ်မလုပ်ကြရန် ကြေငြာချက် ထုတ်ပြန်ပါတယ်။ လှိုင်သာယာ စက်မှုဇုံ (၃) မှာ ရှိတဲ့တိုင်ရီဖိနပ်စက်၇ုံမှာ ဆက်လက်ဆန္ဒပြနေကြတဲ့ စက်၇ုံအလုပ်သမားတွေကို စက်ရုံ မန်နေဂျာ ဒေါ်အေးမီလှိုင်မှ လာမယ့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ အလုပ်မဆင်းရင် မိမိသဘောဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်သည်ဆိုတဲ့ အမိန့်ကြော်ငြာစာတွေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကချင်ဒုက္ခသည်များ အတွက် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

ကချင်စစ်ပြေး ဒုက္ခသည်များအတွက် နာမည်ကျော် ကချင်အဆိုတော်များ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ (ဓာတ်ပုံ - Jinghpaw Kasa Blog)
“ရန်ကုန်မှာရှိတဲ့ ကချင်အဆိုတော်တွေ အားလုံးစုပြီး တိုင်ပင်တဲ့အခါမှာ ဒီပွဲလုပ်ချင်တယ်၊ ငါတို့ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီကြမယ်ပေါ့။ အဓိကက လူသားချင်း စာနာတဲ့သဘောပါ။ နောက်ပြီး ကိုယ့်အမျိုးတွေလည်း ဖြစ်နေတော့ ပိုပြီးတော့ လုပ်ဖြစ်သွားတာပေါ့” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ဧရာဝတီသို့ ပြောသည်။
စစ်ပြေးဒုက္ခသည် ၆ သောင်းကျော်ကို ကူညီမည့် ယင်းရန်ပုံငွေဂီတပွဲကို နာမည်ကျော် ကချင်အဆိုတော်များ ဖြစ်သည့် နောနော်၊ L လွန်းဝါ၊ ရေဗက္ကာဝင်း၊ L ဆိုင်းဇီ၊ N ကိုင်ရာ၊ ဒေါင်လွန်း၊ အောင်းလာ၊ အမ်းနော်၊ L ခွန်းရီ၊ K ဂျာနူး၊ ကော့မိုင်နှင့် Blueberry တို့ အပါအ၀င် ကချင်အဆိုတော် ၂၀ ခန့်က မေတ္တာဖြင့် ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ပွဲကို “မနောအလှ ဂီတည” ဟု အမည်ပေးထားပြီး တခြားပြင်ပ အဆိုတော်များ မပါဝင်ဘဲ ကချင် အဆိုတော်များနှင့် Z အဘောက်၊ အွန်ဆိုင်း၊ ဆိုင်းလူစသည့် ကချင်သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ဝင်ကြေးအဖြစ် လက်မှတ်တစောင်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး သီဆိုဖျော်ဖြေမှုအပြင် ကချင်ရိုးရာ အကများလည်း ပါဝင်မည်ဖြစ်သည်။
ဂီတပွဲမှ ရရှိလာသည့် ငွေကြေးများနှင့် လှူဒါန်းပစ္စည်းများ အားလုံးကို အဆိုတော်များကိုယ်တိုင် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကချင်ဒုက္ခသည်များအား ကူညီပေးနေသည့်အဖွဲ့များထံ ပေးအပ်သွားမည်ဟု L လွန်းဝါက ပြောသည်။
“အဓိကက စိတ်ဓာတ်ပိုင်းပေါ့။ သူတို့ရဲ့ အားငယ်ဝမ်းနည်းနေတဲ့ စိတ်တွေကို အားပေးမယ်။ ကျနော်တို့လည်း သူတို့နဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ကျနော်တို့ တတ်နိုင်သလောက် ကူညီရင်း ပြသမယ်”ဟု သူက ပြောသည်။
ပွဲကြော်ငြာပိုစတာတွင် ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ရံပုံငွေဂီတပွဲ ဟု ထည့်သွင်း ကြော်ငြာ သွားမည်ဖြစ်ပြီး မည်သူမဆို ဒုက္ခသည်များအား အလှူငွေဖြစ်စေ၊ အ၀တ်အထည် အသုံးအဆောင်ဖြစ်စေ လှူဒါန်းလာပါက လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“ရှိုးပွဲကရတဲ့ လက်မှတ်ခအပြင် တခြား ဘယ်သူမဆို ပံ့ပိုးကူညီတဲ့ အလှူငွေပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် အကုန်လုံး သွားလှူပေးမှာပါ” ဟု L လွန်းဝါက ဆိုသည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်ကစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ ၆ သောင်းကျော်မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
လတ်တလောတွင် KIO နှင့် အစိုးရကိုယ်စားလှယ်တို့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးသော်လည်း တဖက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။